Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“အီရန်အရေးနဲ့ ပတ်သက်ပြီး တရုတ်က သိသိသာသာ လေသံ လျှော့ထားတာမို့ အပြန်အလှန်အနေနဲ့ ထိုင်ဝမ်နဲ့ ကုန်သွယ်ရေးလိုမျိုး တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ပိုပြီး တိုက်ရိုက်ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ အလျှော့အတင်း လုပ်ဖို့ တောင်းဆိုလာနိုင်တယ်” ဟု လန်ဒန်အခြေစိုက် Chatham House မူဝါဒရေးရာ သုတေသနအဖွဲ့မှ အာမတ်အဘော့ဒိုရှ်က ပြောသည်။

၂၀၂၄ ဒီဇင်ဘာလက ဘာရှာအယ်လ်အာဆတ် အစိုးရ ပြုတ်ကျပြီးနောက် ဒေသတွင်း မဟာမိတ် ဆီးရီးယားကို ဆုံးရှုံးခဲ့ရသကဲ့သို့ပင် အီရန်အစိုးရ ပြိုလဲသွားပါက အရှေ့အလယ်ပိုင်းတွင် နောက်ထပ် ခြေကုပ်စခန်းတခု ဆုံးရှုံးရမည်ကို ရုရှားက စိုးရိမ်လိမ့်မည်ပဲ ဖြစ်သည်။

♦️ ဆောင်းပါး ပြည့်အစုံ - https://bur.mizzima.com/2026/03/04/83806

#မဟာမိတ်
#ရုရှား
#တရုတ်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍8💩2❤1👎1
ဓါတ်ပုံ - စစ်ကော်မရှင်တပ်ဖွဲ့ ၏ မီးရှို့ဖျက်စီးခြင်းကို ခံလိုက်ရသည့်စိတ္တိန်းတောင်ရွာနှင့်မြောက်ရွာများရှိ နေအိမ်များကို တွေ့ရစဉ်။ (ကျောက်ပန်းတောင်းလူငယ်ကွန်ယက်)
🤬5👎4
ဓါတ်ပုံ - စစ်ကော်မရှင်တပ်ဖွဲ့ ၏ မီးရှို့ဖျက်စီးခြင်းကို ခံလိုက်ရသည့်စိတ္တိန်းတောင်ရွာနှင့်မြောက်ရွာများရှိ နေအိမ်များကို တွေ့ရစဉ်။ (ကျောက်ပန်းတောင်းလူငယ်ကွန်ယက်)
👎4🤬4❤1
ဓါတ်ပုံ - စစ်ကော်မရှင်တပ်ဖွဲ့ ၏ မီးရှို့ဖျက်စီးခြင်းကို ခံလိုက်ရသည့်စိတ္တိန်းတောင်ရွာနှင့်မြောက်ရွာများရှိ နေအိမ်များကို တွေ့ရစဉ်။ (ကျောက်ပန်းတောင်းလူငယ်ကွန်ယက်)
👎4🤬4

🤬4👎3

🤬5👎3
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၄ မတ် ၂၀၂၆ )

အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်အတွင်း ဒေသတွင်းရောက်ရှိနေသော မြန်မာ နိုင်ငံသားများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မတ်လ ၂ ရက်နေ့တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဌာနက ယနေ့ (မတ် ၄ ရက်) တွင် ထုတ် ပြန်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83818

#အရှေ့အလယ်ပိုင်း
#စစ်မီးကြား
#မြန်မာများ
#NUG
#နိုင်ငံခြားရေးဝန်ကြီး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
------------------------------------------
❤5👍4
သီရိလင်္ကာကမ်းလွန်တွင် အီရန်စစ်သင်္ဘောအား ရေငုပ်သင်္ဘောတစင်းက တိုက်ခိုက်လိုက်သဖြင့် လူ ၁၀၀ ကျော် ပျောက်ဆုံးနေကြောင်း သတင်းများက ဆိုသည်။

သီရိလင်္ကာ ရေပိုင်နက်အပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်ကြောင့် အနည်းဆုံး လူ ၁၀၁ ဦး ပျောက်ဆုံးနေပြီး၊ ၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သီရိလင်္ကာ ရေတပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83821

#သီရိလင်္ကာ
#ကမ်းလွန်
#အီရန်စစ်သင်္ဘော
#တိုက်ခိုက်ခံရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍10👏3
အီရန်နိုင်ငံ၏ နောက်ထပ် အမြင့်ဆုံးခေါင်းဆောင်အဖြစ် မည်သူ့ကိုပင် ရွေးချယ်စေကာမူ ထိုသူသည် မိမိတို့ 'ရှင်း လင်းဖယ်ရှားမည့် ပစ်မှတ်' ဖြစ်လိမ့်မည် ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က မတ်လ ၄ ရက်တွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။

"အစ္စရေးနိုင်ငံကို ဖျက်ဆီးမည့်၊ အမေရိကန်၊ လွတ်လပ်သော ကမ္ဘာနှင့် ဒေသတွင်းနိုင်ငံများကို ခြိမ်း ခြောက်မည့်၊ အီရန်ပြည်သူများကို ဖိနှိပ်မည့် အစီအစဉ်ကို ဆက်လက်ဦးဆောင်စေရန် အီရန်အကြမ်း ဖက်အစိုးရက ခန့်အပ်သည့် ခေါင်းဆောင်တိုင်းက မိမိတို့ 'ရှင်းလင်းဖယ်ရှားမည့် ပစ်မှတ်' ဖြစ်လာလိမ့်မည်" ဟု မစ္စတာ ကာ့ဇ်က အိတ်စ် လူမှုမီဒီယာတွင် ရေးသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83824

#အီရန်
#အမြင့်ဆုံး
#ခေါင်းဆောင်သစ်
#ရွေးချယ်ခံရသူ
#မည်သူမဆို
#ရှင်းလင်းသွားမည်
#အစ္စရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍9👏4❤1🔥1
မဇ္ဈိမ။ ။ မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက် “စက်သုံးဆီ ပြတ်လပ်စရာအကြောင်းမရှိ”ဟု စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (မတ် ၄) ရက်တွင် သတင်းထောက်များကို ပေးပို့သည့် အသံဖိုင်တွင် ပြောထားသည်။

လက်ရှိ မြန်မာတွင် ဓါတ်ဆီ ဂါလံ သန်း ၆၀ ၊ ဒီဇယ်ဆီ သန်း ၇၀ နီးပါး ရှိပြီး၊ စုပုံထားပြီးဖြစ်သည့်အတွက် အရန်ဆီအနေဖြင့် နောက်ထပ်ရက် ၄၀ စာရှိကြောင်း ၎င်းက ပြောသည်။

ထို့ပြင် လက်ရှိ ဆီမချရသေးဘဲ ဆိပ်ကမ်းတွင်ကပ်ထားသည့် သင်္ဘောနှစ်စီးရှိသည့်အပြင် ဝယ်ယူထားပြီးသား စက်သုံးဆီများအား တင်ဆောင်ပြီးလာနေသည့် နောက်ထပ် သင်္ဘော ၁၄ စီးလည်း ရှိသည်ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံကဆီတင်ပို့မှုပိတ်သိမ်းခြင်းနှင့်ပတ်သက်ပြီး ကောလာဟလထုတ်လွှင့်ခြင်းများရှိကြောင်း၊ စစ်ကော်မရှင်အနေဖြင့် အရှေ့တောင်အာရှတွင် စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့မှ ဆီတင်သွင်းနေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်းပြောသည်။ Read more: https://bur.mizzima.com/2026/03/04/83827
😁13👏2👎1🔥1🤣1
မော်လ်တာနိုင်ငံအနီးတွင် ရုရှားအလံတင်သင်္ဘောတစင်းမီးလောင်ကျွမ်းခဲ့ကြောင်း အစောပိုင်းသတင်း များထွက်ပေါ်ခဲ့ပြီးနောက်၊ သဘာဝဓာတ်ငွေ့ရည်(LNG)များ သယ်ဆောင်လာသည့် ရုရှားသင်္ဘောသည် မြေထဲပင်လယ်တွင် ယူကရိန်းရေတပ်ဒရုန်း၏ တိုက်ခိုက်မှုခံခဲ့ရကြောင်း ရုရှားပို့ဆောင်ရေးဝန်ကြီး ဌာနက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်သည်။

ယင်းတိုက်ခိုက်မှုသည် အင်္ဂါနေ့တွင် ဥရောပသမဂ္ဂအဖွဲ့ဝင် မော်လ်တာနိုင်ငံ၏ ရေပိုင်နက်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Arctic Metagaz အမည်ရှိ သဘာဝဓာတ်ငွေ့ရည်များ သယ်ဆောင်လာသည့် ယင်းသင်္ဘောကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83833

#ရုရှား
#LNG_သင်္ဘော
#ယူကရိန်း
#ရေတပ်ဒရုန်း
#တိုက်ခိုက်ခံရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍12❤3
အီရန်နိုင်ငံအနောက်ပိုင်းရှိ လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန် သင့်၊ မသင့်နှင့် တိုက်ခိုက်မည့်နည်းလမ်းများနှင့်ပတ်သက်ပြီး အီရန်ကာ့ဒ် လက်နက်ကိုင်အဖွဲ့များသည် မကြာသေးမီရက်ပိုင်းက အမေရိကန်နှင့် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း အဆိုပါကိစ္စရပ်ကို သိရှိသည့် သတင်းရင်းမြစ် သုံးခုက ပြော သည်။

အီရတ်-ကာ့ဒ်ဒစ္စတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အီရန်-အီရတ် နယ်စပ်တွင် အခြေစိုက်ထားသော အီရန်-ကာ့ဒ် မဟာမိတ်အဖွဲ့များသည် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို ဗုံးများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်နေစဉ်အတွင်း အီရန်စစ်တပ် အင်အားချည့်နဲ့သွားစေရန် ရည်ရွယ်၍ အဆိုပါတိုက်ခိုက်မှုအတွက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83836

#အီရန်
#စစ်ဆင်ရေး
#ဆောင်ရွက်နိုင်ခြေအပေါ်
#အမေရိကန်
#ကာ့ဒ်
#လက်နက်ကိုင်အဖွဲ့များ
#ဆွေးနွေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍12❤2
"အစ္စရေးက စစ်ဆင်တော့မယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်၊ အဲဒီအခါကျရင် အမေရိကန်တပ်ဖွဲ့တွေပါ လက် တုံ့ပြန် တိုက်ခိုက်ခံရနိုင်တယ်၊ သူတို့ (အီရန်) ဘက်က အဲဒီလို တိုက်ခိုက်မလာခင် ကျွန်တော်တို့ဘက်က ကြိုပြီး လက်ဦးမှုယူ မတိုက်ခိုက်ဘူးဆိုရင် ကျွန်တော်တို့ဘက်မှာ အသေ အပျောက် ပိုများလိမ့်မယ်ဆိုတာကို သိနေလို့ပါ" ဟု ရူဘီယိုက ဆိုသည်။

ဂျာမနီဝန်ကြီးချုပ် ဖရွိုက်ဒရစ် မာ့ဇ်နှင့် အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ထရမ့်က "ကျွန်တော်ကိုယ်တိုင်ကပဲ သူတို့ (အစ္စရေး) တိုက်ခိုက်ဖြစ်အောင် တွန်းပို့သလို ဖြစ်သွားနိုင်တယ်၊ ဒီ အရူးတွေ (အီရန်) နဲ့ ကျွန်တော်တို့ ညှိနှိုင်းနေခဲ့တာပဲ၊ သူတို့ဘက်က အရင်တိုက်တော့မယ်လို့ ကျွန်တော် ယူဆမိတယ်။ ကျွန်တော်တို့သာ အရင် စမလုပ်ရင် သူတို့က အရင်တိုက်မှာ၊ အဲဒါကို ကျွန်တော် အခိုင်အမာ ခံစားမိတယ်" ဟု သတင်းထောက်များအား ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83839

#အီရန်စစ်ပွဲထဲ
#အမေရိကန်
#ဝင်ပါရခြင်း
#ထရမ့်
#ရူဘီယို
#အမြီးအမောက်
#မတည့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍12❤4