Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"အစ္စရေးက စစ်ဆင်တော့မယ်ဆိုတာ ကျွန်တော်တို့ သိထားတယ်၊ အဲဒီအခါကျရင် အမေရိကန်တပ်ဖွဲ့တွေပါ လက် တုံ့ပြန် တိုက်ခိုက်ခံရနိုင်တယ်၊ သူတို့ (အီရန်) ဘက်က အဲဒီလို တိုက်ခိုက်မလာခင် ကျွန်တော်တို့ဘက်က ကြိုပြီး လက်ဦးမှုယူ မတိုက်ခိုက်ဘူးဆိုရင် ကျွန်တော်တို့ဘက်မှာ အသေ အပျောက် ပိုများလိမ့်မယ်ဆိုတာကို သိနေလို့ပါ" ဟု ရူဘီယိုက ဆိုသည်။

ဂျာမနီဝန်ကြီးချုပ် ဖရွိုက်ဒရစ် မာ့ဇ်နှင့် အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ထရမ့်က "ကျွန်တော်ကိုယ်တိုင်ကပဲ သူတို့ (အစ္စရေး) တိုက်ခိုက်ဖြစ်အောင် တွန်းပို့သလို ဖြစ်သွားနိုင်တယ်၊ ဒီ အရူးတွေ (အီရန်) နဲ့ ကျွန်တော်တို့ ညှိနှိုင်းနေခဲ့တာပဲ၊ သူတို့ဘက်က အရင်တိုက်တော့မယ်လို့ ကျွန်တော် ယူဆမိတယ်။ ကျွန်တော်တို့သာ အရင် စမလုပ်ရင် သူတို့က အရင်တိုက်မှာ၊ အဲဒါကို ကျွန်တော် အခိုင်အမာ ခံစားမိတယ်" ဟု သတင်းထောက်များအား ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83839

#အီရန်စစ်ပွဲထဲ
#အမေရိကန်
#ဝင်ပါရခြင်း
#ထရမ့်
#ရူဘီယို
#အမြီးအမောက်
#မတည့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍12❤4
လူပေါင်း ၅၀၀,၀၀၀ နီးပါး ပါဝင်သော UK Biobank ၏ လေ့လာမှုတရပ်တွင် ၁၂ နှစ်တာ ကာလအတွင်း အထီး ကျန်ခြင်း၊ လူမှုပတ်ဝန်းကျင်နှင့် ကင်းကွာခြင်းတို့နှင့် နှလုံးအားနည်းမှုတို့အကြား ဆက်နွှယ်မှုကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။ အထီးကျန်ခြင်းနှင့် လူမှုပတ်ဝန်းကျင်နှင့်ကင်းကွာခြင်း နှစ်မျိုးစလုံးသည် နှလုံးအားနည်းခြင်းကြောင့် ဆေးရုံတက်ရခြင်း သို့မဟုတ် သေဆုံးနိုင်ခြေကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်စေကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

နှလုံးရောဂါသည် ကျန်းမာရေး ပြဿနာများစွာနှင့် ဆက်စပ်နေသဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံကို ကျင့်သုံးခြင်းဖြင့် ထိုပြဿနာ အများစုကို ဖြေရှင်းနိုင်သည်။

၎င်းတို့တွင် ကိုယ်လက်လှုပ်ရှားမှု လုံလောက်စွာ ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှုကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် အိပ်ရေးဝဝ အိပ်စက်ခြင်းတို့ ပါဝင်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/04/83842

#အထီးကျန်ခြင်း
#နှလုံးအားနည်းနိုင်ခြေ
#မြင့်တက်စေကြောင်း
#လေ့လာတွေ့ရှိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍12❤5
F-35 တိုက်လေယာဉ် အမျိုးအစားက လူလိုက်ပါသော လေယာဉ်တစင်းကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ပစ်ချနိုင်ခြင်းပဲ ဖြစ်သည်။

ထို့အပြင် အစ္စရေးလေတပ်အတွက် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဝေဟင်ပေါ်၌ လူမောင်းလေယာဉ်နှင့် လေယာဉ်ချင်း တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83847

#တီဟီရန်မြို့
#ရုရှား
#အီရန်ဂျက်လေယာဉ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13❤1
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်မှ အရာရှိ တဦးအပါအဝင်သုံးဦးသေဆုံးကာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တဦးကျဆုံးခဲ့ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းမှ တက်လာသော စစ်ကြောင်းကို ဖလမ်းမြို့နယ် လှန်ဇောလ်( Hlan Zawl) ကျေးရွာအနီးတွင် ယမန်နေ့ (မတ်လ၃ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“စစ်တပ်ဖက်က ဗိုလ်တဦးနဲ့အပါဝင် သုံးဦးသေ ၊ လေးဦးထက်မနည်းဒဏ်ရာရပါတယ်၊ ကျနော်တို့ ဖက်ကတော့ ရဲဘော်တဦးကျဆုံးပါတယ်၊ တိုက်ပွဲက ဒီနေ့မှာလည်းဆက်ဖြစ်နေတယ်” ဟု ဖလမ်းမြို့ နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တာဝန်ရှိသူတဦး က မဇ္ဈိမကို ပြောသည်။ Read more: https://bur.mizzima.com/2026/03/04/83853
❤10👍8
၂၀၂၀ ပြည့်နှစ်က မိုင်ကိုးနို့စ် (Mykonos) ကျွန်းမှာ ဖြစ်ပျက်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို ဂရိနိုင်ငံ တရားလွှတ်တော်ချုပ်က ဗုဒ္ဓဟူးနေ့မှာ ဆိုင်းငံ့ထောင်ဒဏ် ၁၅ လ ချမှတ်လိုက်ပါတယ်။

မက်ဂွိုင်းယားအနေနဲ့ အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို ထပ်မံအယူခံဝင်ဖို့ ရည်ရွယ်ထားတယ်လို့ Press Association (PA) က ဖော်ပြထားပါတယ်။ ဒီဆိုင်းငံ့ပြစ်ဒဏ်ဟာ ၂၀၂၀ ခုနှစ်က ကနဦး ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၂၁ လကို လျှော့ပေါ့ထားတာလည်း ဖြစ်ပါတယ်။

အထက်တရားရုံးကို အယူခံဝင်ဖို့ ဆုံးဖြတ်လိုက်တာဟာ အခုထွက်ပေါ်လာတဲ့ စီရင်ချက်သစ်ကို ပယ်ဖျက်ပြီးသား ဖြစ်သွားစေမှာပါ။ ဒါဟာ ၂၀၂၀ ခုနှစ်တုန်းက ပထမအကြိမ် ပြစ်ဒဏ်အပေါ် မက်ဂွိုင်းယား အယူခံဝင်ခဲ့စဉ်ကအတိုင်းပဲ ဖြစ်ပါတယ်။ Read more: https://bur.mizzima.com/2026/03/05/83879
👍6❤1
👍4
👍3
👍2
👍2
👍2
👍2
👍2