Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
F-35 တိုက်လေယာဉ် အမျိုးအစားက လူလိုက်ပါသော လေယာဉ်တစင်းကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ပစ်ချနိုင်ခြင်းပဲ ဖြစ်သည်။

ထို့အပြင် အစ္စရေးလေတပ်အတွက် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဝေဟင်ပေါ်၌ လူမောင်းလေယာဉ်နှင့် လေယာဉ်ချင်း တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/04/83847

#တီဟီရန်မြို့
#ရုရှား
#အီရန်ဂျက်လေယာဉ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13❤1
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်မှ အရာရှိ တဦးအပါအဝင်သုံးဦးသေဆုံးကာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တဦးကျဆုံးခဲ့ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းမှ တက်လာသော စစ်ကြောင်းကို ဖလမ်းမြို့နယ် လှန်ဇောလ်( Hlan Zawl) ကျေးရွာအနီးတွင် ယမန်နေ့ (မတ်လ၃ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးမှုရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“စစ်တပ်ဖက်က ဗိုလ်တဦးနဲ့အပါဝင် သုံးဦးသေ ၊ လေးဦးထက်မနည်းဒဏ်ရာရပါတယ်၊ ကျနော်တို့ ဖက်ကတော့ ရဲဘော်တဦးကျဆုံးပါတယ်၊ တိုက်ပွဲက ဒီနေ့မှာလည်းဆက်ဖြစ်နေတယ်” ဟု ဖလမ်းမြို့ နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တာဝန်ရှိသူတဦး က မဇ္ဈိမကို ပြောသည်။ Read more: https://bur.mizzima.com/2026/03/04/83853
❤10👍8
၂၀၂၀ ပြည့်နှစ်က မိုင်ကိုးနို့စ် (Mykonos) ကျွန်းမှာ ဖြစ်ပျက်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို ဂရိနိုင်ငံ တရားလွှတ်တော်ချုပ်က ဗုဒ္ဓဟူးနေ့မှာ ဆိုင်းငံ့ထောင်ဒဏ် ၁၅ လ ချမှတ်လိုက်ပါတယ်။

မက်ဂွိုင်းယားအနေနဲ့ အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို ထပ်မံအယူခံဝင်ဖို့ ရည်ရွယ်ထားတယ်လို့ Press Association (PA) က ဖော်ပြထားပါတယ်။ ဒီဆိုင်းငံ့ပြစ်ဒဏ်ဟာ ၂၀၂၀ ခုနှစ်က ကနဦး ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၂၁ လကို လျှော့ပေါ့ထားတာလည်း ဖြစ်ပါတယ်။

အထက်တရားရုံးကို အယူခံဝင်ဖို့ ဆုံးဖြတ်လိုက်တာဟာ အခုထွက်ပေါ်လာတဲ့ စီရင်ချက်သစ်ကို ပယ်ဖျက်ပြီးသား ဖြစ်သွားစေမှာပါ။ ဒါဟာ ၂၀၂၀ ခုနှစ်တုန်းက ပထမအကြိမ် ပြစ်ဒဏ်အပေါ် မက်ဂွိုင်းယား အယူခံဝင်ခဲ့စဉ်ကအတိုင်းပဲ ဖြစ်ပါတယ်။ Read more: https://bur.mizzima.com/2026/03/05/83879
👍6❤1
👍4
👍3
👍2
👍2
👍2
👍2
👍2
👍2
👍2
👍2
👍2
👍2🥰1