Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
၂၀၂၀ ပြည့်နှစ်က မိုင်ကိုးနို့စ် (Mykonos) ကျွန်းမှာ ဖြစ်ပျက်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို ဂရိနိုင်ငံ တရားလွှတ်တော်ချုပ်က ဗုဒ္ဓဟူးနေ့မှာ ဆိုင်းငံ့ထောင်ဒဏ် ၁၅ လ ချမှတ်လိုက်ပါတယ်။

မက်ဂွိုင်းယားအနေနဲ့ အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို ထပ်မံအယူခံဝင်ဖို့ ရည်ရွယ်ထားတယ်လို့ Press Association (PA) က ဖော်ပြထားပါတယ်။ ဒီဆိုင်းငံ့ပြစ်ဒဏ်ဟာ ၂၀၂၀ ခုနှစ်က ကနဦး ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၂၁ လကို လျှော့ပေါ့ထားတာလည်း ဖြစ်ပါတယ်။

အထက်တရားရုံးကို အယူခံဝင်ဖို့ ဆုံးဖြတ်လိုက်တာဟာ အခုထွက်ပေါ်လာတဲ့ စီရင်ချက်သစ်ကို ပယ်ဖျက်ပြီးသား ဖြစ်သွားစေမှာပါ။ ဒါဟာ ၂၀၂၀ ခုနှစ်တုန်းက ပထမအကြိမ် ပြစ်ဒဏ်အပေါ် မက်ဂွိုင်းယား အယူခံဝင်ခဲ့စဉ်ကအတိုင်းပဲ ဖြစ်ပါတယ်။ Read more: https://bur.mizzima.com/2026/03/05/83879
👍6❤1
👍4
👍3
👍2
👍2
👍2
👍2
👍2
👍2
👍2
👍2
👍2
👍2🥰1
❤2🥰1
လူမျိုးအလိုက် ကြည့်မည်ဆိုလျှင် တရုတ်တို့၏ ဝယ်ယူမှုက လျော့ကျသွားသော်လည်း အကြီးဆုံး ဝယ်လက် အုပ်စုအဖြစ် ဆက် ရှိနေသည်။

မြန်မာနိုင်ငံသားများ၏ ဝယ်ယူမှုမှာ အခန်းပေါင်း ၁,၉၆၈ ဖြင့် ဒုတိယနေရာတွင် ရပ်တည်ပြီး ယခင်နှစ်ထက် ၄၁ ဒသမ ၈ ရာခိုင်နှုန်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းဖြစ်သည်။

အခြားသော အဓိက ဈေးကွက်များမှာ ထိုင်ဝမ်၊ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အိန္ဒိယနှင့် စင်ကာပူတို့ ဖြစ်ကြသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/05/83857

#ကွန်ဒိုဝယ်ယူမှု
#နိုင်ငံခြားသားများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥1
အီရန်က မဟာဗျူဟာ အမှား ကျူးလွန်ဟု CIA ညွှန်ကြားရေးမှူးဟောင်း ပြော

Iran Intel

အီရန်က တိုက်ခိုက်မှုများကို အမေရိကန်နှင့် အစ္စရေး ပစ်မှတ်များအပြင် ပါရှန်းပင်လယ်ကွေ့နိုင်ငံများအထိ ချဲ့ထွင်ခြင်းဖြင့် မဟာဗျူဟာမြောက် အမှားတခုကို ကျူးလွန်မိပြီး စစ်ပွဲအတွင်း အခြား နိုင်ငံများကို ပို၍ ဆွဲသွင်းလိုက်ရာ ရောက်ကြောင်း CIA ညွှန်ကြားရေးမှူးဟောင်း ဒေးဗစ် ပီထရေးရက်စ်က တနင်္လာနေ့တွင် Iran International နှင့် အင်တာဗျူး၌ ပြောသည်။

"ဒါဟာ အီရန်ဘက်က ကြီးမားတဲ့ အတွက်အချက်မှားယွင်းမှုလို့ ကျွန်တော် ထင်တယ်" ဟု ပီထရေးရက်စ်က '24 with Fardad Farahzad' အစီအစဉ်တွင် ပြောသည်။ တိုက်ရိုက် ပါဝင်မပတ်သက်အောင် ရှောင်ရှားနေကြသည့် အာရပ်နိုင်ငံများကို တိုက်ခိုက်ခြင်းက ထို နိုင်ငံများကို ဒေသတွင်း ကာကွယ်ရေး လုပ်ငန်းစဉ်များ၌ ပိုမို တိုက်ရိုက် ပါဝင်လာအောင် တွန်းအားပေးသလို ဖြစ်စေကြောင်း ၎င်းက ဆိုသည်။

အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များက အီရန်၏ လက်တုံ့ပြန်နိုင်စွမ်းကို "သိသိသာသာ ယုတ်လျော့စေခဲ့ပြီ" ဟု ပီထရေးရက်စ်က ပြောသော်လည်း ပြီးခဲ့သည့် ၁၂ နာရီမှ ၂၄ နာရီအတွင်း တိုက်ခိုက်မှု အရှိန် လျော့သွားခြင်းမှာ ရေရှည်အပြောင်းအလဲတခု…
👍13❤2
အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) နှင့် စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးရန် အီရန်ထောက် လှမ်းရေးဝန်ကြီးဌာနမှ အရာရှိများက လမ်းဖွင့်ထားကြောင်း ကမ်းလှမ်းလာသည်ဟု၊ ယင်းကိစ္စနှင့် နီးစပ်သည့် အရာရှိများကို ကိုးကားပြီး နယူးယောက်တိုင်းမ်က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြလိုက်သည်။

အမည်မဖော်လိုသည့် နိုင်ငံတခု၏ ထောက်လှမ်းရေးအဖွဲ့မှတဆင့် ယင်းသို့ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း အရှေ့အလယ်ပိုင်းနှင့် အနောက်နိုင်ငံတနိုင်ငံမှ အမည်မဖော်လိုသူ တာဝန်ရှိသူများကို ကိုးကား၍ NYT က ဖော်ပြခဲ့သည်။

ယင်းသတင်းသည် "စစ်ပွဲကာလအတွင်း လုပ်ကြံဖန်တီးထားသည့် လိမ်လည်မှုနှင့် စိတ်ဓာတ်စစ်ဆင်ရေး သာဖြစ်သည်" ဟု ဆိုကာ အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ငြင်းဆိုကြောင်း အီရန်၏ Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။ Read more: https://bur.mizzima.com/2026/03/05/83861
👍12❤3🔥2
အီရန်ဝေဟင်ကို စိုးမိုးထားသော်လည်း ‘တိုက်ခိုက်မှုအားလုံးကို မတားဆီးနိုင်’ဟု အမေရိကန် ကာကွယ် ရေးဝန်ကြီး ပြော

AP

အမေရိကန်၏ စစ်ရေးသာလွန်မှုကြောင့် အီရန်၏ ဝေဟင်ပိုင်နက်ကို လျင်မြန်စွာ စိုးမိုးလာနိုင်သော် လည်း၊ အီရန်၏ လေကြောင်းတိုက်ခိုက်မှုအချို့က ပစ်မှတ်များကို ထိမှန်နိုင်သေးကြောင်း ကာကွယ်ရေး ဝန်ကြီး ပိဟက်ဆက်က ဗုဒ္ဓဟူးနေ့တွင် ဝန်ခံပြောကြားလိုက်သည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် ဒေသတွင်းစစ်ပွဲ ကျယ်ပြန့်လာချိန် တွင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် မဟာမိတ်များကို အကာအကွယ်ပေးရန် လေကြောင်းရန် ကာကွယ်ရေးစနစ်များအတွက် "ငွေကြေးနှင့် ရင်းမြစ်များ" ကို အကန့်အသတ်မရှိ အသုံးပြုထားကြောင်း ကာကွယ်ရေးဝန်ကြီး ဟက်ဆက်က ပန်တဂွန်စစ်ဌာနချုပ်တွင် သတင်းထောက် များကို ပြောကြားခဲ့သည်။

"ဒါက အရာအားလုံးကို တားဆီးနိုင်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က စစ်ဆင်ရေးမစတင်ခင်ကတည်းက အကောင်းဆုံးခုခံကာကွယ်မှုနဲ့ တပ်ဖွဲ့ဝင်တွေကို အကာအကွယ်ပေးဖို့ အမြင့်ဆုံး ပြင်ဆင်ထားခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ဒေသတွင်းရှိ ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကြောင့်…
👍17❤1