Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဓာတ်ပုံ - ကိုနာရတ် (Konarak) ရေတပ်အခြေစိုက်စခန်းဝင်းအတွင်းရှိ ပျက်စီး ပြိုကျနေသော အခြေခံအဆောက်အအုံများကို မြင်တွေ့ရစဉ်။
👍8
ဓာတ်ပုံ - ဘာရိန်းနိုင်ငံရှိ လူနေအဆောက်အအုံတခု ပျက်စီးမှုကို တွေ့ရစဉ်။
👍8❤1
ဓာတ်ပုံ - Shajareh Tayyebeh စာသင်ကျောင်းအား ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့နှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်နေ့တို့တွင် ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံနှိုင်းယှဉ်ချက်များအရ ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံများ ပျက်စီးနေသည်ကို တွေ့ရစဉ်။
👍6
ဓာတ်ပုံ - ကိုနာရတ် (Konarak) ဒရုန်းသိုလှောင်ရေးစခန်းတခု ပျက်စီးနေပုံ။
👍6
ဓာတ်ပုံ - ကာမန်ရှား (Kermanshah) ဒုံးကျည်စခန်းအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရိုက်ကူးထားသည့် မြင်ကွင်းနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ရရှိသော ပုံရိပ်သစ်များနှင့် နှိုင်းယှဉ်ပြသထားပုံ။
👍5
ဓာတ်ပုံ - ကာမန်ရှား (Kermanshah) ဒုံးကျည်စခန်းအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရိုက်ကူးထားသည့် မြင်ကွင်းနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ရရှိသော ပုံရိပ်သစ်များနှင့် နှိုင်းယှဉ်ပြသထားပုံ။
👍5
ဓာတ်ပုံ - ကိုနာရတ် လေဆိပ်ကို အရပ်ဘက်လေဆိပ်အဖြစ်ရော စစ်ဘက်လေကြောင်းစစ်ဆင်ရေးများကို ပံ့ပိုးပေးသည့် အခြေစိုက်စခန်းအဖြစ်ပါ အသုံးပြုသည်။
👍7
ဝေဟင်ပိုင်နက်များ စနေနေ့ကတည်းက ပိတ်ထားသဖြင့် လေကြောင်း ခရီးစဉ်ပေါင်း ၂၀,၀၀၀ ကျော် ရပ်နားထားရ၍ ကမ္ဘာတဝန်း လူပေါင်း ၁,၀၀၀,၀၀၀ ကျော်မှာ ခရီးတထောက်တွင် သောင်တင်နေကြသည်။

"ဒါဟာ လေကြောင်းကဏ္ဍကို နုန်းထဲ ဆွဲနှစ်ထားသလို အကျပ်အတည်းဆိုက်ရတဲ့ အခြေအနေကို ရောက်နေပြီ" ဟု လေကြောင်းအမှုဆောင်ဟောင်း ဟန်နရီဟတ်တီဗက်ဒ်က ဆိုသည်။

"အမေရိကန်က လေပိုင်နက်ပိတ်ရခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်မှုကြီး နောက်ပိုင်းမှာ အဆိုးရွားဆုံးနဲ့ အရှုပ်ထွေးဆုံး ဖြစ်ရပ်ပဲ" ဟု ဟတ်တီဗက်ဒ်က ယခု သီတင်းပတ်ကို ရည်ညွှန်းပြီး ခရီးသွားလာမှုအပေါ် ယခုလောက်အထိ ကာလရှည်ကြာပြီး ကျယ်ပြန့်စွာ ထိခိုက်စေသည့် ဖြစ်ရပ်မျိုး တခါမျှ မကြုံဖူးကြောင်းလည်း ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲ
#ကမ္ဘာ့ခရီးသွားလုပ်ငန်း
#ခြိမ်းခြောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
👍8❤1
ဗန်းမော်တွင် ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ရွှေကူတွင် အရေးပေါ်ဆင်းသက်

ဂျူချန်း

မဇ္ဈိမ။ ။ တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ မီးခိုးအူထွက်ပြီးနောက် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သတင်းရင်းမြစ်နှင့် KIA ထံက သိရသည်။

“ပုစဥ်း (ရဟတ်ယာဥ်) ထိတာတော့ဟုတ်တယ်။ ရွှေကူဘက်ကို။ ပျက်ကျတာတော့မဟုတ်ဘူး” ဟု သတင်းရင်းမြစ်တဦးက ပြောသည်။

ရဟတ်ယာဉ်ပစ်ခတ်ခံရသည့် သတင်းနှင့်ပတ်သက်၍ အတည်မပြုနိုင်သေးသော်လည်း ဗန်းမော်မြို့တိုက်ပွဲ၌ ဒဏ်ရာရနေသည့် ဗိုလ်မှူးအဆင့်ရှိသူ တပ်ရင်းမှူးတဦးကို လာရောက်ခေါ်ဆောင်သည့် ရဟတ်ယာဉ်ကို ပစ်ခတ်ရာတွင် မီးခိုးများထွက်လာပြီးနောက် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဗန်းမော်မှာ ဗိုလ်မှူးအဆင့်ရှိတဲ့တယောက်ထိခိုက်သွားလို့ အဲ့ဒီဗိုလ်မှူးကိုကယ်ဖို့လာတဲ့ ရဟတ်ယာဉ်လို့ပြောတယ်။ အဲ့ဒီရဟတ်ယာဉ်ကို ပြန်ပစ်တော့ မီးခိုးနဲ့ပျံထွက်သွားတယ်။ ရွှေကူနားမှာ အဲ့ဒီရဟတ်ယာဉ်ပြန်ဆင်းသွားတယ်ဆိုတဲ့ သတင်းပဲတွေ့ပါတယ်။ ကျွန်တော်တို့ အတည်မပြုနိုင်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက…
❤16👍4😁1