Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၆ မတ် ၂၀၂၆ )

စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင် က မတ်လ ၄ ရက်တွင် ထုတ်ဖော်ပြောဆိုထားသော်လည်း မြန်မာပြည်အောက်ပိုင်း မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များတွင် စက်သုံးဆီ ပြတ်လုနီးပါးနှင့်အတူ အလူးအလဲ အခက်အခဲများ နှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စက်သုံးဆီ
#စစ်ကော်မရှင်
#အရှေ့အလယ်ပိုင်း
#အီရန်
#အမေရိကန်
#တောင်ပိုင်းဒေသများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
--------------------------------------------
❤6👍2🔥2
မတ်လ ၁ ရက်တွင် ပင်လယ်ကွေ့ရှိ ယူအက်စ်အက်စ် အေဘရာဟမ်လင်ကွန်းသင်္ဘောကို အီရန်က ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြောကြားပြီးနောက်၊ ယင်းဗီဒီယိုဖိုင်သည် မြန်မာ၊ ပြင်သစ်၊ စပိန်နှင့် အာရပ်ဘာသာ စကားများဖြင့် Facebook နှင့် Instagram တို့တွင် ပျံ့နှံ့နေခဲ့သည်။

အေဘရာဟမ်လင်ကွန်း သင်္ဘောမှာ ထိမှန်ခြင်းမရှိခဲ့ကြောင်းနှင့် ပစ်ခတ်လိုက်သော ဒုံးကျည်များ သည် သင်္ဘောအနီးအနားသို့ပင် ရောက်ရှိခဲ့ခြင်းမရှိကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က X လူမှုကွန်ရက်မှတဆင့် ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

လက်ရှိ ပျံ့နှံ့နေသော ရုပ်သံဖိုင်မှာ ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်းသင်္ဘောကို အီရန်ဒုံးကျည်များထိမှန်နေသည့် ပုံရိပ်မဟုတ်ပေ။ ဂူဂဲလ်တွင် ယင်းရုပ်သံပါ အဓိကပုံရိပ်များကို ရှာဖွေကြည့်ရာ ယင်းရုပ်သံဖိုင်သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်ကတည်းက Facebook ပေါ်တွင် ရှိနေခဲ့ပြီးဖြစ်ကြောင်း တွေ့ရသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#လေယာဉ်တင်သင်္ဘော
#အီရန်တိုက်ခိုက်ခဲ့
#သတင်းမှား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
👍9❤1