Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အီရန်က "ခြွင်းချက်မရှိ လက်နက်ချခြင်း" မရှိပါက ဆွေးနွေးပွဲများပြုလုပ်ရန် အကြောင်းမရှိကြောင်း သောကြာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

စစ်ပွဲ၏ သတ္တမမြောက်နေ့တွင် အီရန်က အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများအပေါ် လက်တုံ့ပြန်တိုက် ခိုက်မှုများ ထပ်မံပြုလုပ်လာရာ အစ္စရေးစစ်လေယာဉ်များက ဘေရွတ်နှင့် တဟီရန်မြို့များကို အပြင်း အထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/07/84136

#လက်ဘနွန်
#အစ္စရေး
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9
စက်သုံးဆီရှားပါးမှုကြောင့် လူမှုကူညီရေးကိစ္စများ ရိုက်ခတ်မှုရှိလာ

ဂျူချန်း

မဇ္ဈိမ။ ။ စက်သုံးဆီ ရှားပါးလပ်မှုကြောင့် လူမှုကူညီရေးကိစ္စများတွင်လည်း ရိုက်ခတ်မှုရှိလာကြောင်း လူမှုကူညီရေးသမားများနှင့် စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ကရင်နီတွင် စက်သုံးဆီ ရှားပါးနေပြီး စစ်ဘေးရှောင်များကို ကူညီရန် သွားရေးလာရေးခက်ခဲနေပြီး ဆီကို တတ်နိုင်သမျှ ချွေတာနေရပြီဖြစ်ကြောင်းစစ်ရှောင်အရေးလုပ်ကိုင်နေသူများက ပြောသည်။

“စစ်ရှောင်သွားဖို့ မလွယ်တော့ဘူး။ ဆီကို တော်တော်ချွေတာနေရတယ်။ ဒါတောင် ဆီကိုတန်းစီလို့ရနေသေးတဲ့ချိန်မို့။ ဆီလုံးဝပြတ်သွားပြီဆိုရင်တော့ ဘယ်လိုဆက်လုပ်ရမှန်း မသိတော့ဘူးဗျာ။ အရင်တုန်းကနဲ့မတူဘူးဒီတခေါက်က။ ဘယ်လောက်ထိတောင့်ခံနိုင်မလဲမသိဘူးပေါ့နော်” ဟု ကရင်နီစစ်ဘေးရှောင်ကူညီနေသူတဦးက ပြောသည်။

ကရင်နီတွင် ရေရှားပါးမှုလည်းရှိနေပြီး ယခင်က ၈၀,၀၀၀ ကျပ်ပေးဝယ်သုံးရသည့် ရေကားတစီးသည် လက်ရှိတွင် ကျပ် ၁၀၀,၀၀၀ ရှိလာပြီး ယခင်က ၆၀,၀၀၀ကျပ်ပေးဝယ်ရသည့် ရေကားတစီးသည် လက်ရှိတွင် ၈၅,၀၀၀ ကျပ်ဖြစ်လာကြောင်း သိရသည်။

ထို့ပြင် ကရင်နီရှိ ဆေးရုံဆေးခန်းများတွင် အောက်ဆီဂျင်အသုံးပြုရသည့် လူနာများသည် မီးစက်များဖြင့်…
❤5😢3👍2🔥1
အီရန်အစ္စလာမ္မစ်တော်လှန်ရေးတပ်ဖွဲ့တပ်မှူး ကာဆမ် ဆိုလေမာနီကို အမေရိကန်စစ်တပ်က လုပ်ကြံခဲ့ မှုအတွက် လက်စားချေသည့်အနေဖြင့် သမ္မတ ဒေါ်နယ်ထရမ့် (သို့မဟုတ်) အမေရိကန်အရာရှိကြီးများ ကို လုပ်ကြံရန် ကြံစည်မှုဖြင့် အီရန်နှင့် ဆက်နွှယ်မှုရှိသည်ဟု ယူဆရသော ပါကစ္စတန်အမျိုးသားတဦး အား အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု အစိုးရရှေ့နေများက သောကြာနေ့က ပြောကြားလိုက်သည်။

ဘရွတ်ကလင်း ဖက်ဒရယ်တရားရုံးတွင် စစ်ဆေးခဲ့သည့် ထွက်ဆိုချက်များအရ အာဆစ်ဖ် ရာဇာ မာချန့် သည် အမေရိကန်နိုင်ငံရေးသမား (သို့မဟုတ်) အစိုးရအရာရှိတဦးကို လုပ်ကြံရန် ကြေးစားလူသတ်သမားငှားရမ်းရန် ကြိုးပမ်းခဲ့ကြောင်း အစိုးရရှေ့နေများက သက်သေပြနိုင်ခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84141

#အီရန်
#ပူးပေါင်းပြီး
#ထရမ့်
#အမေရိကန်
#အရာရှိများ
#လုပ်ကြံရန်
#ကြံစည်မှု
#ပါကစ္စတန်အမျိုးသား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
1👍12❤3
“ကျွန်တော်တို့ဟာ အမေရိကန်ရဲ့ အကြီးဆုံး စစ်လက်နက် ကုမ္ပဏီတွေနဲ့ လက်နက် ထုတ်လုပ်မှုနဲ့ ထုတ် လုပ်မှု အစီအစဉ်တွေအကြောင်း ဆွေးနွေးခဲ့တဲ့ အစည်းအဝေးဟာ တော်တော်လေး ကောင်းမွန်ပြီး အခုလေးတင် ပြီးဆုံးပါတယ်” ဟု ထရမ့်က Truth Social လူမှုမီဒီယာ၌ ပို့စ်တင်သည်။

“ကျွန်တော်တို့က အမြန်ဆုံး ဖြစ်နိုင်သမျှ အမြင့်ဆုံး ပမာဏကို ရောက်ရှိချင်တဲ့အတွက် သူတို့က ‘Exquisite Class’ လက်နက်တွေကို လေးဆတိုး ထုတ်လုပ်ပေးဖို့ သဘောတူခဲ့ကြပါတယ်၊ ထုတ်လုပ်ရေးအတွက် ပြင်ဆင်တိုးချဲ့မှုတွေက အစည်းအဝေးမတိုင်ခင် သုံးလကတည်းက စတင်ခဲ့တာ ဖြစ်တယ်၊ အဲဒီ လက်နက်တွေ အများအပြား ထုတ်လုပ်ဖို့အတွက် စက်ရုံတွေက အခုဆိုရင် စတင် လည်ပတ်နေပြီ” ဟု ၎င်းက ဆိုသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84144

#စစ်လက်နက်
#ကုမ္ပဏီများ
#အဆင့်မြင့်
#လက်နက်ထုတ်လုပ်မှု
#တိုးမြှင့်မည်
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍7❤2👏1
ဖမ်းဆီးခံရသည့် ရဲဘော်များအရေး MOD စစ်ရုံးချုပ်နှင့် တိုက်ရိုက်ဆွေးနွေးနေဟု SRA ဆို

ပါခွီး

မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ်(၁) စစ်ဒေသမှ ဖမ်းဆီးထားသည့် ရဲဘော်များအတွက် ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်နှင့် တိုက်ရိုက်ဆွေးနွေးနေကြောင်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်သူတဦးဖြစ်သူ မောင်ဆောင်းခ က ၎င်း၏ လူမှုကွန်ရက်တွင်ရေးသည်။

“ကျနော်တို့ SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးနေပါတယ်၊ သူတို့ဘက်က အကောင်းဆုံးဖြေရှင်းပေးပါ့မယ်လို့ ပြောထားတဲ့အတွက် စောင့်နေဆဲဖြစ်ပါတယ်” ဟု ၎င်းက ယနေ့ (မတ်လ ၇ရက်) နေလယ်ပိုင်းတွင်ရေးသားထားခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) အဖွဲ့ဝင်ဖြစ်သော တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA) မှ ဦးစီးခေါင်းဆောင်ဖြစ်သော ကိုဇီးကွက်အပါဝင် ရဲဘော် ငါးဦးသည် အမှတ်(၁)စစ်ဒေသအတွင်း မတ်လ ၆ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးနေခြင်းဖြစ်သည်။

“ဖြေရှင်းလိုတဲ့ ဆန္ဒကိုယ်စီရှိရင် ပြဿနာတွေကပြေလည်နိုင်ပါတယ်၊ ကျနော်တို့ SRA ဖွဲ့စည်းပြီးကတည်းက အဖွဲ့ပေါင်းစုံရဲ့…
👍8😁2❤1
ဟစ်ဇ်ဘိုလာနှင့် ဟူသီတို့နှင့် ဆက်နွှယ်နေသည့် ပုဂ္ဂိုလ်များ အပါအဝင် နိုင်ငံခြား အထူး ဧည့်သည်တော်များသည် သမ္မတဟောင်း အီဗရာဟင် ရာအီစီ၏ ဈာပနအချိန်တုန်းက တီဟီရန်မြို့၌ ဟားမတ်စ်ခေါင်း ဆောင် အစ္စမေးလ် ဟာနီယေး လုပ်ကြံခံခဲ့ရ၍ တက်ရောက်ရန် စိုးရိမ်ကြောင်း ပြောဆိုကြသည်ဟု သတင်းများ ထွက်နေသည်။

အချို့သော ဘာသာရေးခေါင်းဆောင်များက ခေါင်းဆောင်ဟောင်းကို မမြှုပ်နှံရသေးမီ ဆက်ခံသူ အမည်ကို ထုတ်ပြန်ခြင်းက မသင့်တော်ကြောင်း ငြင်းဆိုကြသည်။ အခြား သူများကမူ ယခုနှစ် အစောပိုင်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားထားသော်လည်း၊ ယခု ဈာပန အခမ်း အနားအတွင်း လူထုအများရှေ့ မှောက် ခေါင်းဆောင်သစ်ကို ကြေညာခြင်းက ညီညွတ်မှုနှင့် တရားဝင်မှုကို ပိုမို ဖော်ဆောင်နိုင်လိမ့်မည်ဟု တင်ပြကြသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84150

#ခါမေနီ
#ဈာပန
#မလုပ်ပေးနိုင်လဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
🔥7👏1
တရုတ်ဝန်ကြီးချုပ် လီချန်းက ကာကွယ်ရေးအသုံးစရိတ် ခုနစ် ရာခိုင်နှုန်း တိုးမြှင့်ကြောင်း ပေကျင်းမြို့ရှိ Great Hall ပြည်သူ့ခန်းမဆောင်ကြီး၏ စင်မြင့်ထက်တွင် ကြေညာခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်နှင့် ပတ်သက်၍ ပြင်းထန်သော စကားလုံးများကို သုံးနှုန်းခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် "အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းရည်များ တိုးတက်အောင် အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်" ဟု ကတိပြုခဲ့သလို၊ ထိုင်ဝမ်ရှိ "ခွဲထွက်ရေး လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်" ဟု လီချန်းက ပြောကြားခဲ့ပြီး ပြီးခဲ့သည့်နှစ်က အသုံးပြုခဲ့သည့် "ဆန့်ကျင်သွားမည်" ဆိုသော ကတိစကားထက် ပိုမိုပြင်းထန်သည့် အသုံးအနှုန်းဖြစ်သည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84153

#အီရန်စစ်ပွဲ
#အမေရိကန်စစ်တပ်
#အာရုံပြောင်း
#ထိုင်ဝမ်
#ကယ်တင်ရာရောက်နိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍5❤2👎2🔥2🥰2
😢7❤1👎1
😭4👎1
😢4😭1
😢4👎1😭1
စစ်မြေပြင်တွင် အီရန်က အောင်ပွဲရနေသည့်ဟန် ဖန်တီးထားသော သတင်းမှားများကို အီရန်နိုင်ငံပိုင် မီဒီယာများက ပိုမိုဖြန့်ဝေလာကြသည်။ ထိုသို့ဖော်ပြရာတွင် ယခင်ကပုံဟောင်းများနှင့် ပြုပြင်ဖန်တီးထား သည့် ပုံရိပ်များကို အသုံးပြုကာ အောင်ပွဲရနေသကဲ့သို့ လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း အစီ ရင်ခံစာ က ဖော်ပြထားသည်။

တချိန်တည်းမှာပင် အီလွန်မတ်၏ X လူမှုကွန်ရက်ပေါ်တွင် ပဋိပက္ခနှင့်ပတ်သက်သော မှားယွင်းလှည့် ဖျားသည့် အကြောင်းအရာများ ပျံ့နှံ့နေကြောင်း Wired မဂ္ဂဇင်း ၏ စုံစမ်းစစ်ဆေးမှုက ဖော်ပြခဲ့သည်။

ယင်းတို့တွင် AI ဖြင့် ပြုပြင်ထားသော ပုံရိပ်များနှင့် တိုက်ခိုက်မှုအတိုင်းအတာကို ချဲ့ကားထားသည့် ရေး သားချက်များပါဝင်ပြီး ဒုံးကျည်များ ကျရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ပို့စ်ပေါင်း ရာနှင့်ချီ ထွက်ပေါ် လာတတ်ကြောင်း ဖော်ပြခဲ့သည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84162

#အမေရိကန်
#ပဋိပက္ခ
#ပြင်းထန်နေချိန်
#အီရန်
#နိုင်ငံပိုင်မီဒီယာများ
#သတင်းမှား
#ဖြန့်ဝေမှုများ
#အားကောင်းလာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
🔥3😁3👍2❤1👏1
စီးပွားရေးတိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရန် မျှော်မှန်းဟု စစ်ခေါင်းဆောင်ဆို

001

မဇ္ဈိမ။ ။ လာမည့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိရန်မျှော်မှန်းထားကြောင်း အာဏာသိမ်း စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(မတ် ၆) က ပြောသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (မတ် ၇) ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်မည့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၀၀ ကျော် ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

“နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် စုစုပေါင်းပြည်တွင်းထုတ်ကုန်အမှန်တကယ်တိုးတက်ရေးက အဓိက အရေးပါသည့် လုပ်ဆောင်ချက်ရလဒ်ဖြစ်ကြောင်း၊ ထို့ပြင် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးနှင့်…
💩9👎2❤1
ရခိုင်ပြည်နယ်၊စစ်တွေမြို့အနီး အာရက္ခတပ်တော်(AA) ၏ထိုးစစ်ကြောင့် စစ်အုပ်စု၏ရေတပ်အထိုင်စခန်းများက လေးဘက်လေးလံ တန်ပြန်ပစ်ခတ်နေပြီး ယနေ့ (မတ်လ ၇ ရက်) နံနက်ပိုင်းတွင် မြို့ပေါ်ရှိ စစ်တွေပြည်သူ့ဆေးရုံကြီး ဆေးသိုလှောင်ခန်းကို လက်နက်ကြီးထိမှန်ခဲ့ရာ ယင်းသည် စစ်အုပ်စုက ပစ်ခတ်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း မြို့ခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

မြို့တော်စစ်တွေအနီးရှိ ရွှေမင်းဂံဆိပ်ကမ်းကို ယမန်နေ့ ည ၈ နာရီကျော်တွင် AA က မော်တော်ဘုတ်ဖြင့်လာရောက် အလစ်အငိုက်ဝင်တိုက်ပြီးနောက် ယမန်နေ့ညပိုင်းကစ၍ ယနေ့တွင် အပြန်အလှန်ပစ်ခတ်မှုများ ပိုမိုပြင်းထန်လာကြောင်း စစ်တွေသတင်းအရင်းမြစ်က မဇ္ဈိမသို့ပြောသည်။ Read more: https://bur.mizzima.com/2026/03/07/84169
👍6👏5🥴3❤1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၇ မတ် ၂၀၂၆ )

စက်သုံးဆီ ရှားပါးလပ်မှုကြောင့် လူမှုကူညီရေးကိစ္စများတွင်လည်း ရိုက်ခတ်မှုရှိလာကြောင်း လူမှုကူညီရေးသမားများနှင့် စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စက်သုံးဆီရှားပါးမှု
#လူမှုကူညီရေးကိစ္စ
#ကရင်နီ
#ကချင်
#အရှေ့အလယ်ပိုင်းစစ်ပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
------------------------------------------
👍7❤2🤮1
ညောင်လေးပင်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွား

YT

မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား မတ်လ ၅ ရက်က စ၍ ယနေ့ ( မတ်လ ၇ ရက် ) အထိ တိုက်ပွဲ သုံးရက်ဆက်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ပိန်းဇလုပ်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ ထွက်လာသည့် စစ်ကြောင်းသည် မြို့နှင့် သုံးမိုင်ကျော် အကွာ ရေတွင်းကုန်း၊ ကျောင်းကုန်း နှင့် ကံကလေး စသည့် ရွာများဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးပူးပေါင်းတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့နဲ့ဆို သုံးရက်လောက်ရှိပြီ။ ညောင်လေးပင်၊ ပိန်းဇလုပ် (၂၆၄) တည့်တည့်က ကံကလေး၊ ရေတွင်းကုန်း၊ ကျောင်းကုန်းမှာ အခုဖြစ်နေတာနော်” ဟု မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

ထိုတိုက်ပွဲများအတွင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဘက်မှ ရဲဘော်သုံးဦး ကျဆုံးကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံ ရဲဘော်ဖြိုးမောင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ထိုသုံးရက်အတွင်း စစ်ကော်မရှင်တပ်က ရေတွင်းကုန်းရွာနှင့် ကျောင်းကုန်းရွာက အရပ်သားအချို့…
👍10❤3🔥2🥰1
ဓါတ်ပုံ - ဖားကန့်၊ တာမခံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုများ။ ထိုလေကြောင်းတိုက် ခိုက်ခံရမှုအတွင်း အမျိုးသမီးတဦးသေဆုံးကာ သုံးနှစ်အရွယ် ကလေးငယ်တဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ (CJ)
👎4🔥3🤬2😭1