Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယခုနှစ်တွင် စင်ပေါ်တွင် ကပြဖျော်ဖြေခဲ့ကြသည့် "အလိုအလျောက်စနစ်သုံး စက်ရုပ်များ" ၏ ပြကွက်မှာ မမျှော် လင့်ဘဲ အကြီးအကျယ် နာမည်ပျက်ခဲ့သည်။ နောက်ဆုံးပေါ် AI နည်းပညာကို အံ့မခန်း ပြသခြင်းဖြစ်သည်ဟု ကြော်ငြာခဲ့သော်လည်း အမှန်တကယ်တွင်မူ နည်းပညာမြင့် ရုပ်သေးပွဲတခုထက် မပိုခဲ့ပေ။

အွန်လိုင်းတွင် ပျံ့နှံ့လာသော ဗီဒီယိုများက အမှန်တရားကို ဖော်ပြခဲ့သည်။ စက်ရုပ်တိုင်း၏ နောက်ကွယ် တွင် လူကိုယ်တိုင် အဝေးထိန်းစနစ်ဖြင့် အရိပ်ရုပ်သေးပွဲမှ ရုပ်သေးများကဲ့သို့ ထိန်းချုပ်နေခြင်းသာ ဖြစ်သည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84187

#တရုတ်
#အစိုးရ
#မအောင်မြင်သည့်
#စက်ရုပ်
#ဖျော်ဖြေရေး
#ဝါဒဖြန့်ချိပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁8🔥3❤1👍1
အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများ တပတ်ကြာ ပြုလုပ်ပြီးနောက် အစ္စရေးစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီယဲလ် ဇာမာနှင့် အမေရိကန် ဗဟိုကွပ်ကဲရေးစစ်ဌာနချုပ် (CENTCOM) အကြီး အကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရတ် ကူးလ်ပါး နှစ်ဦးစလုံးက အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို "နောက်တဆင့်"သို့ တက်လှမ်းတော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့ (မတ်လ ၅ ရက်)တွင် ပြောကြားခဲ့ကြသည်။

ပထမအဆင့်တွင် အစ္စရေးနှင့် အမေရိကန်တို့သည် အဓိကအားဖြင့် အီရန်အစိုးရပစ်မှတ်များနှင့် လက်နက်ပစ်လွှတ်နိုင်စွမ်းကို လျှော့ချရန်သာ အာရုံစိုက်ခဲ့ကြသည်။ အထူးသဖြင့် ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဒုံးကျည်များကို အပြင်းအထန် ရှာဖွေကာ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။

ယခုအခါ ပစ်မှတ်အသစ် ထောင်ပေါင်းများစွာ ထပ်မံပါဝင်လာပြီး ၎င်းမှာ အီရန်၏ စစ်လက်နက်ထုတ် လုပ်ငန်းများပင်ဖြစ်သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပစ်မှတ်အသစ်
#ထောင်ပေါင်းများစွာ
#အီရန်စစ်ပွဲ
#ဆက်ဖြစ်လာနိုင်လဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍14👏2❤1👎1🥴1
“အီရန်ရဲ့ တိုက်ခိုက်တာ ခံခဲ့ရတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကျွန်တော့် ကိုယ်စားရော၊ အီရန်နိုင်ငံကိုယ် စားရော တောင်းပန်ရမှာ ဖြစ်ပါတယ်၊ အဲဒီ နိုင်ငံတွေကနေ အီရန်ကို စတင် တိုက်ခိုက်တာမျိုး မရှိဘူးဆိုရင် အိမ်နီးချင်းနိုင်ငံတွေကို ထပ်ပြီး မတိုက်ခိုက်ဖို့နဲ့ ဒုံးကျည်တွေ မပစ်ခတ်ဖို့ ကြားဖြတ် ဦးဆောင်မှုကောင်စီက မနေ့က သဘောတူခဲ့ပါတယ်” ဟု ပီဇက်ရှ်ကီယန်က ပြောသည်။

သို့သော် အီရန်က “လက်နက်ချမည်မဟုတ်” ကြောင်း ပီဇက်ရှ်ကီယန်က အခိုင်အမာ ပြောပြီး “ရန်သူတွေဟာ အီရန်ပြည်သူတွေ လက်နက်ချမလားဆိုပြီး မျှော်လင့်ချက်ကို သူတို့ရဲ့ သင်္ချိုင်းထဲအထိ ယူသွားကြရလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84193

#တိုက်ခိုက်ခဲ့
#အိမ်နီးချင်း
#နိုင်ငံများကို
#စိတ်မကောင်းပါ
#အီရန်သမ္မတ
#အကန့်အသတ်
#တောင်းပန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍13🔥4❤1😁1
မြန်မာပြည်တွင်းစစ်မှာ ၂၀၂၆ ခုနှစ်တွင် ငါးနှစ်အတွင်းဝင်ရောက်လာခဲ့ပြီဖြစ်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် အလွန်အမင်း လိုအပ်နေကြောင်း ဖိလစ်ပိုင်က အလေးထား ပြောကြားလိုက်သည်။

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ အဆိုးရွားဆုံး ထိခိုက်ခံစားနေရပြီး၊ ပြင်းထန်လာသော တိုက်ပွဲများကြောင့် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများမှာ ဆေးရုံဆေးခန်းများသို့ မသွားရောက်နိုင်တော့သဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အဟန့်အတား ဖြစ်စေခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/07/84197

#လူသားချင်းစာနာမှု
#ကုလလုံခြုံရေးကောင်စီ
#ဖိလစ်ပိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤11👍4🤮1
ယူကရိန်းစစ်ပွဲသည် သံတမန်ရေးရာ ကြိုးပမ်းမှုများရှိနေသော်လည်း အရှေ့အလယ်ပိုင်းတွင် အလားတူ ပဋိပက္ခများဖြစ်ပွားနေခြင်းကြောင့် မကြာမီကာလအတွင်း အဆုံးသတ်နိုင်ခြေမရှိသေးကြောင်း လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတဦးက သုံးသပ်ပြောကြားလိုက်သည်။

ယူကရိန်းက စစ်ပွဲအတွင်း မဟာဗျူဟာမြောက် အသာစီးရမှုများကို တည်ဆောက်ထားနိုင်ခဲ့သဖြင့် ရုရှားနှင့် ဆွေးနွေးရာတွင် အလျော့ပေးမည့် အလားအလာမရှိကြောင်း ကမ္ဘာ့လုံခြုံရေးဆိုင်ရာ မဟာမိတ်အဖွဲ့ကို တည်ထောင်သူ ဂျော့ရှ်ရှဝါ ဘာဂင်က TVP World သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84205

#ယူကရိန်းစစ်ပွဲ
#ရုရှား
#ကျွမ်းကျင်သူ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍17❤1🥴1
အီရန်တွင် ဖြစ်ပွားနေသော အမေရိကန်-အစ္စရေးစစ်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း စနေနေ့တွင် ဂျာမနီက အတိအလင်း ငြင်းဆန်လိုက်သည်။

"စည်းမျဉ်းစည်းကမ်းတွေ မရှိတော့ဘဲ၊ အင်အားကြီးသူကသာ အနိုင်ယူစတမ်းဆိုတဲ့ ကမ္ဘာမျိုးနဲ့ ပိုတူ လာနေပါပြီ။ ဒီလိုကမ္ဘာမျိုးမှာ ကျွန်တော်တို့ မနေထိုင်ချင်ပါဘူး" ဟု ၎င်းက သတိပေးခဲ့ပြီး စစ်ပွဲသည် နိုင်ငံတကာဥပဒေနှင့် အညီ တရားဝင်မှုရှိမရှိအပေါ်တွင်လည်း များစွာသံသယဖြစ်မိကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84208

#အမေရိကန်
#အစ္စရေး
#ဂျာမနီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13🤣3🔥1
အလျား ၁၄၆ ပေရှိသော B-1 Lancer ဗုံးကြဲလေယာဉ်တစင်းသည် သောကြာနေ့ (မတ်လ ၆ ရက်) ညနေပိုင်းတွင် ဂလောက်စတာရှိုင်း (Gloucestershire) ရှိ RAF Fairford စစ်အခြေစိုက်စခန်းသို့ ဆိုက်ရောက်ခဲ့ပြီး စနေနေ့ (မတ်လ ၇ ရက်) နံနက်ပိုင်းတွင် နောက်ထပ် သုံးစင်း ထပ်မံရောက်ရှိလာခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာသည် အမေရိကန်အား ဗြိတိန်အခြေစိုက်စခန်းများမှနေ၍ အီရန်ဒုံးကျည်များကို "ခုခံကာကွယ်" တိုက်ခိုက်ရန် ခွင့်ပြုပေးခဲ့သည်။ ဒုဝန်ကြီးချုပ် ဒေးဗစ်လမ်မီက အရှေ့အလယ်ပိုင်းရှိ ဗြိတိန်၏ အကျိုးစီးပွားများကို တိုက်ခိုက်ရန် အသုံးပြုနေသည့် အီရန်ဒုံးကျည်စခန်းများကို ဗြိတိန်တော်ဝင်လေတပ် (RAF) ဂျက်လေယာဉ်များက ဥပဒေကြောင်းအရ တိုက်ခိုက်နိုင်ကြောင်း အရိပ်အမြွက် ပြောထားသည်။

ဆိုက်ပရပ်စ်ကျွန်းရှိ ဗြိတိန်အခြေစိုက်စခန်းတခု ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအပေါ် ဗြိတိန်၏ တုံ့ပြန်မှု နှေးကွေးခြင်းနှင့် ပတ်သက်၍ မဟာမိတ်များ၏ ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ စစ်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84211

#အမေရိကန်
#ဗုံးကြဲလေယာဉ်
#ဗ…
👍18❤4🥴2👏1
ရုရှားတပ်ဖွဲ့များက ယူကရိန်း မြို့များရှိ စွမ်းအင်အခြေခံအဆောက်အအုံများနှင့် လူနေအိမ်ရာများကို ပစ်မှတ်ထားပြီး Shahed အမျိုးအစား ဒရုန်းများဖြင့် နေ့စဉ်နီးပါး လွှတ်တင်တိုက်ခိုက်နေသကဲ့သို့ အဆိုပါ ဒရုန်းများကို ရှေ့တန်းစစ်မျက်နှာ တိုက်ပွဲများတွင်လည်း အသုံးပြုလျက် ရှိသည်။

"ဒရုန်းထိန်းချုပ်ရေးစခန်းများ၊ အမြောက်တပ်စခန်းများနှင့် ရန်သူ့အင်အားစုများကို စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခြင်းက ရန်သူ၏ တပ်ရင်းများကို စီမံခန့်ခွဲနိုင်စွမ်း၊ တိုက်ခိုက်နိုင်စွမ်းနှင့် ထိုးစစ်ဆင်ရန် ပြင်ဆင်မှုများကို အားနည်းသွားစေ‌ကြောင်း" ဟု ယူကရိန်းစစ်တပ်က ပြောခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84217

#ဒရုန်းသိုလှောင်ရုံ
#ရုရှား
#ယူကရိန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🥴5❤4👍4
"အဂတိလိုက်စားမှုတွေ ပုန်းအောင်းနေဖို့ နေရာမရှိစေရဘူး" ဟု ရှီကျင့်ဖျင်က ပြောပြီး "အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဆက်လက် အရှိန်မြှင့် လုပ်ဆောင်သွားရမယ်" ဟု ဆိုသည်။

ယခုနှစ်အတွက် စီးပွားရေး ရည်မှန်းချက်ကို ထုတ်ပြန်ခဲ့သည့် နိုင်ငံ၏ အမြင့်ဆုံး နိုင်ငံရေး အဖွဲ့အစည်းများ နှစ်ပတ်လည် အစည်းအဝေးများ ကျင်းပနေစဉ်အတွင်း ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခြင်းလည်း ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84220

#စစ်တပ်
#နိုင်ငံရေးသစ္စာ
#ရှီကျင့်ဖျင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁10👍5🥴5🔥3👎1
မကြာမီ တိုက်ခိုက်ခံရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း အီရန်ရေတပ် စစ်သင်္ဘော၏ တပ်မှူးက သင်္ဘောသားများအား Dena သင်္ဘောပေါ်မှ စွန့်ခွာခွင့် မပြုခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆက်လက် ဆိုသည်။

သင်္ဘောသားအချို့က တပ်မှူးနှင့် အခြေအတင် အငြင်းပွားခဲ့ကြပြီး အသက်ရှင်ကျန်ရစ်သည့် သင်္ဘောသား ၃၂ ဦးမှာ အသက်ကယ်လှေများဖြင့် လွတ်မြောက်အောင် ကြိုးပမ်းနိုင်ခဲ့သူများသာ အများစုဖြစ်သည်ဟု အဆိုပါ သင်္ဘောသား၏ ဖခင်ဖြစ်သူက ပြောကြောင်း သတင်းရင်းမြစ်အရ သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84223

#အမေရိကန်
#အီရန်စစ်သင်္ဘော
#ရေတပ်သား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9😁2❤1🥴1
"အီရန်ဟာ အရှေ့အလယ်ပိုင်းရဲ့ 'လူမိုက်' မဟုတ်တော့ဘူး၊ အဲဒီအစား သူတို့ဟာ 'အရှေ့အလယ်ပိုင်းရဲ့ အရှုံးသမား' ဖြစ်သွားပြီ၊ သူတို့ လက်နက်ချတဲ့အထိ၊ ဒါမှမဟုတ် ပိုပြီ းဖြစ်နိုင်တာကတော့ လုံးဝ ပြိုလဲသွားတဲ့အထိ ဆယ်စုနှစ်များစွာကြာအောင် ဒီအတိုင်း ဖြစ်နေလိမ့်မယ်" ဟု ထရမ့်က ဆိုသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်က စစ်ပွဲ၏ "အကြီးမားဆုံး ဗုံးကြဲ စစ်ဆင်ရေးကြီး" လာရန် ရှိသေးကြောင်း သောကြာနေ့ ရုပ်သံအင်တာဗျူးတရပ်တွင် ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84226

#တိုက်ခိုက်မှုကြီး
#အီရန်
#အရှေ့အလယ်ပိုင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤11👍8😁1🥴1
ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်းသည် မတ်လတွင် ဒေါ်လာ ၈၀ ဝန်းကျင်နှင့် ဒုတိယသုံးလပတ်တွင် ဒေါ်လာ ၇၀ အထက်တွင် ရှိနေမည်ဟု တွက်ချက်ထားသော်လည်း ယခုအခါ ထိုခန့်မှန်းချက်ထက် ပိုမိုမြင့်တက်လာဖွယ်ရှိသည်ဟု ဆိုသည်။

"ဟော်မုဇ်ရေလက်ကြားက ရေနံတင်ပို့မှုတွေ မတ်လ တလလုံးဆက်ပြီး ရပ်တန့်နေမယ်ဆိုရင် ရေနံဈေးနှုန်းတွေ၊ အထူးသဖြင့် ဆီဈေးနှုန်းတွေဟာ ၂၀၀၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်က အမြင့်ဆုံးစံချိန်တွေကိုတောင် ကျော်လွန်သွားနိုင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်" ဟု Goldman Sachs ဘဏ်က ပြောသည်။

လက်ရှိတွင် ဟော်မုဇ်ရေလက်ကြားမှ တရက်လျှင် ပျမ်းမျှရေနံစီးဆင်းမှုမှာ ၉၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားကြောင်း Goldman Sachs က ခန့်မှန်းထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84230

#ဟော်မုဇ်ရေလက်ကြား
#ရေနံဈေး
#Goldman_Sachs
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11❤3🥴3
မဇ္ဈိမ။ ။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်း၏ နောက်ဆုံးကာကင်းစခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ်အပြင်းအထန် တိုက်ခိုက်ကာ ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းအရင်းမြစ်များက ဆိုသည်။

နတ်ရေကန်ဗျူဟာကုန်း မကျစေရေး ထိုသို့ အပြင်းအထန် ပစ်ကူပေးနေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း AA တပ်ဖွဲ့ဘက်မှ အကျအဆုံးရှိသော်လည်း စစ်ရေးအရ အသာစီးရနေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

“ကိုယ့်ဘက်ကအကျအဆုံးရှိသလို အောင်ပွဲလည်းရှိပါတယ်။ ခွာစစ်ဆင်နိုင်မယ့် လမ်းက ကာကင်းကို AA က သိမ်းပိုက်လိုက်လို့ စစ်ကူပေးတာ၊ ခွာစစ် ဆုတ်တာ လုပ်ဖို့ စကစက ခက်ခဲနေလို့ တန်ပြန်ရအောင် ကြိုးစားမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ လေကြောင်း ပစ်ခတ်မှုတွေ နေ့စဥ် လုပ်လာပါတယ်။ မနေ့က အမ်းမြို့နယ်၊ တလိုင်းတောင် ရွာအနီးကိုလည်း လေကြောင်းက ဂျက်ဖိုက်တာနဲ့ လာပစ်ခတ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နတ်ရေကန်ရိုး၏ အောက်ဘက်၌ စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုးနေ၍ Read more: https://bur.mizzima.com/2026/03/08/84233
👍15❤2🤣2👎1