Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း စစ်အုပ်စု ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၆၁၃ မှုကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ထံသို့ ပေးပို့ထားကြောင်း NUG နှင့် NUCC တို့က ပူးတွဲထုတ်ပြန်သည်။

ယနေ့ (မတ်လ ၈ ရက် )တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန (MOSLHA) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ဂျန်ဒါမူဝါဒ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-GP) တို့က ယနေ့ ပူးတွဲထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်အုပ်စု၏ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ် ခံရမှု အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်နေရကြောင်း သိရသည်။ Read more: https://bur.mizzima.com/2026/03/08/84240
👍11🥴2🔥1😁1
မဇ္ဈိမ ။ ။ ချင်းပြည်နယ် ၊ ဖလမ်းမြိုနယ် ၊ စင်မ်ဇောလ်(Simzawl)ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) သတင်းရင်းမြစ်ထံက သိရသည်။

စင်မ်ဇောလ်ကျေးရွာအတွင်းသို့ မတ်လ ၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကော်မရှင်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်နေရာမှ နေအိမ်ရှိပစ္စည်းများပြန်လည်သယ်ယူရန် ခေတ္တပြန်လာသည့် အသက် ၁၄ နှစ်အရွယ်ဗန်ထရမ်းနွန်ထန်း နေရာတွင်သေဆုံးပြီး ၎င်း၏ အဖော်နှစ်ဦး ဒဏ်ရာရှိခဲ့သည်။

ယင်းရွာ၌ပင် စစ်ကော်မရှင်လေကြောင်းမှ မတ်လ ၆ ရက် နံနက် ၃ နာရီ ၁၆ မိနစ်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၆၄ နှစ်အရွယ်ရှိ နူးကင်မ်နွမ်မ် သေဆုံးခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ Read more: https://bur.mizzima.com/2026/03/08/84243
🤬6❤2👎2😁1😭1
🔥7
🔥9❤1👎1😁1😱1
🔥7👎3😁1😱1
U.S. Agency for Global Media (USAGM) ကို ပြီးခဲ့သည့်နှစ်က ကယ်ရီလိတ်ခ် အချိန်အတော်ကြာ ဦးဆောင်ခဲ့မှုသည် ဖက်ဒရယ်ဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ်တရားသူကြီးတဦးက ပြီးခဲ့သည့် စနေနေ့ (မတ်လ ၇) ရက်တွင် ဆုံးဖြတ်ခဲ့ပြီး Voice of America (VOA) ဌာနခွဲတွင် ဝန်ထမ်းအင်အားလျှော့ချခြင်းနှင့် လုပ်ငန်းလည်ပတ်မှုအများအပြားကို ရပ်ဆိုင်းခြင်း စသည့် သူမလုပ်ဆောင်ခဲ့သော ဆောင်ရွက်ချက်များစွာကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလက စီအီးအိုဟောင်း အမန်ဒါဘန်းနတ် နုတ်ထွက်သွားချိန်တွင် လိတ်ခ်သည် USAGM ဝန်ထမ်းမဟုတ်ခြင်း၊ အခြားဖက်ဒရယ်ရာထူးတခုခုအတွက် အထက်လွှတ်တော်၏ အတည်ပြုချက် ရရှိထားသူ မဟုတ်ခြင်းတို့ကြောင့် သူမသည် ခေတ္တစီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းမပြည့်မီကြောင်း တရားသူကြီးက ထောက်ပြခဲ့သည်။ လစ်လပ်ရာထူးများဆိုင်ရာ အက်ဥပဒေအရ လစ်လပ်နေသော ရာထူးနေရာတွင် တရားဝင် တာဝန်ထမ်းဆောင်ခြင်း မရှိသူ၏ ဆောင်ရွက်ချက်မှန်သမျှသည် "အကျိုးသက်ရောက်မှု မရှိစေရ" ဟု တရားသူကြီး လမ်ဘာ့သ်က ဆုံးဖြတ်ခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84259

#VOA
👍13❤2😁1🤮1
အမေရိကန်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရေးပါသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် ဆိုင်ဘာရာဇဝတ်မှု၊ လိမ်လည်မှုနှင့် အမြတ်ထုတ်သည့် အစီအစဉ်များကို တိုက်ဖျက် ရေးအတွက် သမ္မတထရမ့်က မတ်လ ၆ရက်တွင် သမ္မတအမိန့်တရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန် လိုက်သည်။

၂၀၂၄ ခုနှစ်တွင် အမေရိကန် စားသုံးသူများသည် ဆိုင်ဘာနည်းပညာသုံး လိမ်လည်မှုများကြောင့် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း အစီရင်ခံထားပြီး သက်ကြီးရွယ်အိုများသည် ပျမ်းမျှအားဖြင့် အများဆုံး ဆုံးရှုံးခဲ့ကြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84262

#ထရမ့်
#ဆိုင်ဘာရာဇဝတ်မှု
#လိမ်လည်အမြတ်ထုတ်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤9👍7🥴1
အမေရိကန်အနေဖြင့် မြေပြင်စစ်ဆင်ရေး စတင်မည်ဆိုပါက အင်အားအလုံးအရင်းဖြင့် မဟုတ်ဘဲ အထူးစစ်ဆင်ရေးတပ်ဖွဲ့ငယ်များဖြင့်သာ ဝင်ရောက်စီးနင်းမည်ဖြစ်ကြောင်း အရာရှိများက ပြောသည်။

အီရန်နိုင်ငံအတွင်းမှ ယူရေနီယံများကို ထုတ်ယူရန် သို့မဟုတ် ထိုနေရာတွင်ပင် အာနိသင်လျော့ပါးသွားအောင်ပြုလုပ်ရန် စသည့် နည်းလမ်းနှစ်မျိုး တင်ပြထားသည်ဟု အမေရိကန်အရာရှိတဦးက ဆိုသည်။

အီရန်အစိုးရသည် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ ၄၅၀ ကီလိုဂရမ်ခန့်ကို ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းရပြီး ယင်းပမာဏသည် သီတင်းပတ်အနည်းငယ်အတွင်း နျူကလီးယားဗုံး ၁၁ လုံးအထိ ထုတ်လုပ်ရန် လုံလောက်သော ပမာဏဖြစ်သည်ဟု Axios သတင်းက ဖော်ပြခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84269

#အီရန်
#ယူရေနီယံသိုလှောင်ရုံများ
#အမေရိကန်
#အစ္စရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11❤3🥴2👏1
အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း စစ်အုပ်စု ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၆၁၃ မှုကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ထံသို့ ပေးပို့ထားကြောင်း NUG နှင့် NUCC တို့က ပူးတွဲထုတ်ပြန်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84272

#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥1
ပြင်ပ မရေရာမှုများကို ထည့်မတွက်လျှင်ပင် ရှီကျင့်ဖျင်သည် ပြည်တွင်း၌ စီးပွားရေးနှေးကွေးမှုအပါအဝင် ဖိအားအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ အစိုးရက စီးပွားရေးတိုးတက်မှု ရည်မှန်းချက်ကို လျှော့ချလိုက်ခြင်းသည် ထိုအခြေအနေကို ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံသည် စီးပွားရေးတိုးတက်မှု “ငါးရာခိုင်နှုန်း ဝန်းကျင်” ရရေး သတ်မှတ်ခဲ့သော်လည်း ပြည်နယ်စုစုပေါင်း၏ ထက်ဝက်ခန့်သာ ထိုရည်မှန်းချက် ပြည့်မီခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးသွားခြင်းက စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို သိသိသာသာ လျော့ကျသွားစေခြင်း မရှိပေ။ တရုတ်စစ်တပ် (PLA) ခေတ်မီရေးဟူသော ရှီ၏ တွန်းအားပေးမှုအောက်တွင် တိုးလာသည့် ကာကွယ်ရေးအသုံးစရိတ်များကို တိုက်လေယာဉ်၊ လေယာဉ်တင်သင်္ဘော၊ ဒရုန်းနှင့် ရေငုပ်သင်္ဘောများ တိုးချဲ့တည်ဆောက်ရေးတွင် အသုံးပြုလာခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84276

#စီးပွားရေး
#ရည်မှန်းချက်
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6😁3👎2❤1
အီရန်မြို့တော်ရှိ ဆီသိုလှောင်ရာနေရာများကို အစ္စရေးက တိုက်ခိုက်ပြီးနောက်၊ တီဟီရန်မြို့ခံများသည် ထူထပ်သော မီးခိုးတိမ်မည်းကြီးများနှင့်အတူ မိုးမည်းများရွာသွန်းမှုကို ကြုံတွေ့ခဲ့ရကြောင်း စီအန်အန် သတင်းထောက် ဖရက်ဒ် ပလိုက်ဂျန်က သတင်းပေးပို့ခဲ့သည်။

လူဦးရေ ၁၀ သန်းနီးပါး နေထိုင်သည့် တီဟီရန်မြို့တွင် တိုက်ခိုက်မှုများအပြီးတွင် ရေနံများနှင့် ရောနှောနေသည့် မိုးရေများ ရွာသွန်းခဲ့ခြင်းဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84280

#အစ္စရေး
#တီဟီရန်မြို့
#မိုးမည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12🔥1👏1😁1