https://www.youtube.com/watch?v=CO_YEOfhpug
Fact Check : အစ္စရေးက အိုမန်ကို စစ်ကြေညာတယ်ဆိုတဲ့ သတင်းအမှား

YouTube

Zee Tee
မဇ္ဈိမ။ ။ အစ္စရေးနိုင်ငံကနေ အိုမန်ဆူလတန်နိုင်ငံကို စစ်ကြေညာခဲ့တယ်၊ အပြတ်ချေမှုန်းမယ်လို့ ကြေငြာတယ် ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။
Myanmar Now 2026 ဆိုတဲ့အကောင့်ကနေ ဖေ့စ်ဘုတ်ဂရုတခုမှာ ဖေဖော်ဝါရီ ၂၈ရက်မှာ "အစ္စရေးက အိုမန်နိုင်ငံပေါ်…

👍11🥴2
U.S. Agency for Global Media (USAGM) ကို ပြီးခဲ့သည့်နှစ်က ကယ်ရီလိတ်ခ် အချိန်အတော်ကြာ ဦးဆောင်ခဲ့မှုသည် ဖက်ဒရယ်ဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ်တရားသူကြီးတဦးက ပြီးခဲ့သည့် စနေနေ့ (မတ်လ ၇) ရက်တွင် ဆုံးဖြတ်ခဲ့ပြီး Voice of America (VOA) ဌာနခွဲတွင် ဝန်ထမ်းအင်အားလျှော့ချခြင်းနှင့် လုပ်ငန်းလည်ပတ်မှုအများအပြားကို ရပ်ဆိုင်းခြင်း စသည့် သူမလုပ်ဆောင်ခဲ့သော ဆောင်ရွက်ချက်များစွာကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလက စီအီးအိုဟောင်း အမန်ဒါဘန်းနတ် နုတ်ထွက်သွားချိန်တွင် လိတ်ခ်သည် USAGM ဝန်ထမ်းမဟုတ်ခြင်း၊ အခြားဖက်ဒရယ်ရာထူးတခုခုအတွက် အထက်လွှတ်တော်၏ အတည်ပြုချက် ရရှိထားသူ မဟုတ်ခြင်းတို့ကြောင့် သူမသည် ခေတ္တစီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းမပြည့်မီကြောင်း တရားသူကြီးက ထောက်ပြခဲ့သည်။ လစ်လပ်ရာထူးများဆိုင်ရာ အက်ဥပဒေအရ လစ်လပ်နေသော ရာထူးနေရာတွင် တရားဝင် တာဝန်ထမ်းဆောင်ခြင်း မရှိသူ၏ ဆောင်ရွက်ချက်မှန်သမျှသည် "အကျိုးသက်ရောက်မှု မရှိစေရ" ဟု တရားသူကြီး လမ်ဘာ့သ်က ဆုံးဖြတ်ခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84259
#VOA

👍13❤2😁1🤮1
အမေရိကန်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရေးပါသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် ဆိုင်ဘာရာဇဝတ်မှု၊ လိမ်လည်မှုနှင့် အမြတ်ထုတ်သည့် အစီအစဉ်များကို တိုက်ဖျက် ရေးအတွက် သမ္မတထရမ့်က မတ်လ ၆ရက်တွင် သမ္မတအမိန့်တရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန် လိုက်သည်။
၂၀၂၄ ခုနှစ်တွင် အမေရိကန် စားသုံးသူများသည် ဆိုင်ဘာနည်းပညာသုံး လိမ်လည်မှုများကြောင့် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း အစီရင်ခံထားပြီး သက်ကြီးရွယ်အိုများသည် ပျမ်းမျှအားဖြင့် အများဆုံး ဆုံးရှုံးခဲ့ကြသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84262
#ထရမ့်
#ဆိုင်ဘာရာဇဝတ်မှု
#လိမ်လည်အမြတ်ထုတ်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

❤9👍7🥴1
အမေရိကန်အနေဖြင့် မြေပြင်စစ်ဆင်ရေး စတင်မည်ဆိုပါက အင်အားအလုံးအရင်းဖြင့် မဟုတ်ဘဲ အထူးစစ်ဆင်ရေးတပ်ဖွဲ့ငယ်များဖြင့်သာ ဝင်ရောက်စီးနင်းမည်ဖြစ်ကြောင်း အရာရှိများက ပြောသည်။
အီရန်နိုင်ငံအတွင်းမှ ယူရေနီယံများကို ထုတ်ယူရန် သို့မဟုတ် ထိုနေရာတွင်ပင် အာနိသင်လျော့ပါးသွားအောင်ပြုလုပ်ရန် စသည့် နည်းလမ်းနှစ်မျိုး တင်ပြထားသည်ဟု အမေရိကန်အရာရှိတဦးက ဆိုသည်။
အီရန်အစိုးရသည် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယံ ၄၅၀ ကီလိုဂရမ်ခန့်ကို ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းရပြီး ယင်းပမာဏသည် သီတင်းပတ်အနည်းငယ်အတွင်း နျူကလီးယားဗုံး ၁၁ လုံးအထိ ထုတ်လုပ်ရန် လုံလောက်သော ပမာဏဖြစ်သည်ဟု Axios သတင်းက ဖော်ပြခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84269
#အီရန်
#ယူရေနီယံသိုလှောင်ရုံများ
#အမေရိကန်
#အစ္စရေး

👍11❤3🥴2👏1
https://www.youtube.com/watch?v=JYIBzfTiFa0
ကနီမြို့နယ် သားရှင်ပြု အလှူကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရ

ရုပ်သံ- စစ်ကော်မရှင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရစဥ်။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်၊ နတ်လာပို့ကျေးရွာ သားရှင်ပြုအလှူကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကော်မရှင်တပ်စစ်ကြောင်း မတ်လ ၇ ရက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ (ULF)…
👍6🔥6❤1😁1
https://www.youtube.com/watch?v=0XlQDlrqibk
Iran can fight for six months at current pace: IRGC spokesman

Iran's Revolutionary Guards says the country's forces can fight an "intense war" for six months, with spokesman Ali Mohammad Naini saying more advanced missiles, those built in the past ten years, haven't been used.
--------------------------------------…
--------------------------------------…
🥴4🤣3❤1🔥1
အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း စစ်အုပ်စု ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၆၁၃ မှုကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ထံသို့ ပေးပို့ထားကြောင်း NUG နှင့် NUCC တို့က ပူးတွဲထုတ်ပြန်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84272
#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84272
#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥1
https://www.youtube.com/watch?v=qQ4DDgAnupA
မတ်လ ၈ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

ဒီကနေ့နားဆင်ရမယ့်အစီအစဉ်တွေကတော့ ..... ညောင်လေးပင်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားတဲ့ သတင်းနဲ့အတူ ကနီနယ်တွင် သားရှင်ပြုအလှူပွဲ ဒရုန်းတိုက်ခိုက်ခံရပြီး မောင်ရင်လောင်း ၂ဦးအပါ ၇ ဦးသေဆုံးတဲ့ သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်းက ထူးခြား နို…
👍7🔥2😁1
ပြင်ပ မရေရာမှုများကို ထည့်မတွက်လျှင်ပင် ရှီကျင့်ဖျင်သည် ပြည်တွင်း၌ စီးပွားရေးနှေးကွေးမှုအပါအဝင် ဖိအားအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ အစိုးရက စီးပွားရေးတိုးတက်မှု ရည်မှန်းချက်ကို လျှော့ချလိုက်ခြင်းသည် ထိုအခြေအနေကို ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံသည် စီးပွားရေးတိုးတက်မှု “ငါးရာခိုင်နှုန်း ဝန်းကျင်” ရရေး သတ်မှတ်ခဲ့သော်လည်း ပြည်နယ်စုစုပေါင်း၏ ထက်ဝက်ခန့်သာ ထိုရည်မှန်းချက် ပြည့်မီခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးသွားခြင်းက စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို သိသိသာသာ လျော့ကျသွားစေခြင်း မရှိပေ။ တရုတ်စစ်တပ် (PLA) ခေတ်မီရေးဟူသော ရှီ၏ တွန်းအားပေးမှုအောက်တွင် တိုးလာသည့် ကာကွယ်ရေးအသုံးစရိတ်များကို တိုက်လေယာဉ်၊ လေယာဉ်တင်သင်္ဘော၊ ဒရုန်းနှင့် ရေငုပ်သင်္ဘောများ တိုးချဲ့တည်ဆောက်ရေးတွင် အသုံးပြုလာခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84276
#စီးပွားရေး
#ရည်မှန်းချက်
#တရုတ်

👍6😁3👎2❤1
အီရန်မြို့တော်ရှိ ဆီသိုလှောင်ရာနေရာများကို အစ္စရေးက တိုက်ခိုက်ပြီးနောက်၊ တီဟီရန်မြို့ခံများသည် ထူထပ်သော မီးခိုးတိမ်မည်းကြီးများနှင့်အတူ မိုးမည်းများရွာသွန်းမှုကို ကြုံတွေ့ခဲ့ရကြောင်း စီအန်အန် သတင်းထောက် ဖရက်ဒ် ပလိုက်ဂျန်က သတင်းပေးပို့ခဲ့သည်။
လူဦးရေ ၁၀ သန်းနီးပါး နေထိုင်သည့် တီဟီရန်မြို့တွင် တိုက်ခိုက်မှုများအပြီးတွင် ရေနံများနှင့် ရောနှောနေသည့် မိုးရေများ ရွာသွန်းခဲ့ခြင်းဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84280
#အစ္စရေး
#တီဟီရန်မြို့
#မိုးမည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
လူဦးရေ ၁၀ သန်းနီးပါး နေထိုင်သည့် တီဟီရန်မြို့တွင် တိုက်ခိုက်မှုများအပြီးတွင် ရေနံများနှင့် ရောနှောနေသည့် မိုးရေများ ရွာသွန်းခဲ့ခြင်းဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84280
#အစ္စရေး
#တီဟီရန်မြို့
#မိုးမည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12🔥1👏1😁1
ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ် ယူနစ်နယ်မြေများကို ဖြတ်သန်းသယ်ဆောင်မည်ဆိုပါက ပြည်ထဲရေး နှင့်လူဝင်မှုကြီးကြပ်ရေးဌာန ဖြတ်သန်းခွင့်လိုအပ်ကြောင်း NUG က ညွှန်ကြားချက်ထုတ်သည်။
ဖြတ်သန်းသယ်ဆောင်မည့် မဟာမိတ်အဖွဲ့အစည်းသည် NUG နှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်း ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုဥက္ကဋ္ဌ (၁) ဦးလွင်ကိုလတ်က မတ်လ ၆ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် လျှို့ဝှက်ညွှန်ကြားစာတွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ အဖွဲ့အစည်းတွေနဲ့ ကြိုတင်စကားပြောထားတာမရှိတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီစာထုတ်တယ်ဆိုတာ မသိရဘူး။ ဒီစာအတိုင်းဆိုရင် ကချင် ၊ ချင်းနဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့သူတွေကို ခွဲခြားဆက်ဆံတဲ့ပုံစံ သက်ရောက်တာပေါ့” ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC) ဥက္ကဋ္ဌ ဆလိုင်း ထန်ချွန်းဖေက မဇ္ဈိမကိုပြောသည်။ Read more: https://bur.mizzima.com/2026/03/08/84283

👍14🔥3❤2😁1🍌1
https://www.youtube.com/watch?v=iuBCWWG8az0
ခွဲခြားမှုကင်းစင်တဲ့ ညီမျှခြင်း
ခွဲခြားမှုကင်းစင်တဲ့ ညီမျှခြင်း
YouTube
ခွဲခြားမှုကင်းစင်တဲ့ ညီမျှခြင်း
LGBTQI+ တယောက်ဖြစ်ခြင်းဟာ မိသားစုနဲ့ လူပတ်ဝန်းကျင်အတွင်း မနားလည်မှုတွေ၊ ဝေဖန်မှုတွေကို ရင်ဆိုင်ရခြင်းလည်း ဖြစ်ပါတယ်။
ဒါပေမယ့် —ကိုယ့်အမှန်တရားကို မလွှတ်ချချင်တဲ့ သတ္တိနဲ့သူတို့ဟာ ကိုယ့်နေရာကို ကိုယ်တည်ဆောက်နေကြပါတယ်။ 💛
တို့တွေရဲ့ အတူတကွပံ့ပိုးမှုတွေက သူတို့အတွက်…

🤮5❤2👍2
https://www.youtube.com/watch?v=-vmfjyRO-eU
သူမပုံပြင်၊ သူမအားအင် နှင့် အမျိုးသမီးများနေ့

ပြည်တွင်းစစ်ဟာ အမျိုးသမီးတွေရဲ့ ဘ၀တွေကို တစစီဖြိုလဲခဲ့တယ်။
ဒါပေမဲ့ ဆရာမ Evelyn Soe ဟာ အားအင် အပြည့်နဲ့ သန်မာနေဆဲ ပါပဲတဲ့
#givetogain
#herstoryherstrength
#သူမပုံပြင်၊သူမအားအင်
#internationalwomen’sday
#HappyInternationalWomen’sDay
#feministhubmyanmar
#…

❤7👍3🤮1
https://www.youtube.com/watch?v=xZC5cp9zdBE
မီးမီးရဲ့ပုံပြင်နှင့်အတူ သင့်ရဲ့ခွန်အားကို အသံဖြစ်အောင်ပြောပြပါ

မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေနေတွကြားမှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေနေရတဲ့ လူငယ်တွေအတွက် မီးမီး က သူ့ပုံပြင်လေးနဲ့ ခွန်အားပေးချင်ပါတယ်တဲ့။
"အတူတကွပံ့ပိုးလို့ ညီမျှမှုကို ရယူစို့"
မတ်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်တဲ့ ဒီ Campaign အစီအစဥ်လေး မှာ သင်လည်း ပါဝင်နိုင်ပါတယ်။…

❤3👍3🤮2
https://www.youtube.com/watch?v=VgJTcKTzXWs
မတ်လ ၉ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

ဒီကနေ့နားဆင်ရမယ့်အစီအစဉ်တွေကတော့ .... ဘားအံမှာ လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီမရောင်းပေးတော့တဲ့ သတင်းနဲ့အတူ နတ်ရေကန်၏ နောက်ဆုံးကာကင်းစခန်းကို AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ် အပြင်းအထန် ပစ်ကူတဲ့ သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့…
👍12😁2❤1
မိုဂျ်တာဘာသည် အီရန်၏ လုံခြုံရေးတပ်ဖွဲ့များအတွင်း သြဇာညောင်းပြီး ဖခင်ဖြစ်သူ၏ လက်အောက်ရှိ ကျယ်ပြန့်သော စီးပွားရေးကွန်ရက်များကို ပိုင်ဆိုင်ထားသည့် ဘာသာရေးဆရာတဦးဖြစ်သည်။
"ဘာသာရေးခေါင်းဆောင်များအဖွဲ့က အယာတိုလာ ဆယက်ဒ် မိုဂျ်တာဘာ ဟိုစိန်နီ ခါမေနီကို အစ္စလာမ္မစ်သမ္မတနိုင်ငံတော်၏ တတိယမြောက် အမြင့်ဆုံးခေါင်းဆောင်အဖြစ် မဲအပြတ်အသတ်ဖြင့် ခန့်အပ်လိုက်သည်" ဟု အီရန်စံတော်ချိန် သန်းခေါင်ယံကျော်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။
ထိုရာထူးသည် အီရန်၏ နိုင်ငံတော်ရေးရာကိစ္စရပ်များ အားလုံးအတွက် မိုဂျ်တာဘာအား နောက်ဆုံးအဆင့် ဆုံးဖြတ်ပိုင်ခွင့် အာဏာ အပ်နှင်းလိုက်ခြင်းပင် ဖြစ်သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84296
#ခါမေနီ
#အီရန်ဦးသျှောင်
#မိုဂျ်တာဘာ

💩6❤5👎4👍1🔥1
အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ယူအေအီး၊ ဂျော်ဒန်နှင့် ကာတာရှိ ရေဒါ စနစ်များ ကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီလနောက်ဆုံးပတ်ဖြစ်သည့်ပဋိပက္ခစတင်ချိန်ကတည်းက အနောက်အာရှရှိ အမေရိကန်၏ တန်ဖိုးကြီးရေဒါနှင့် ကြိုတင်သတိပေးစနစ်များကို အီရန်က ဖျက်ဆီး (သို့မဟုတ်) ပြင်းထန်စွာ ထိခိုက် စေခဲ့ကြောင်း သတင်းများနှင့် ဂြိုဟ်တုဓာတ်ပုံများတွင် ဖော်ပြထားသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84299
#အမေရိကန်
#အီရန်
#ရေဒါစနစ်များ

👍8👎3❤1🔥1👏1
ကာအာနီသည် သူ့ပတ်ဝန်းကျင်ရှိ ထိပ်တန်းခေါင်းဆောင်များ သေဆုံးခဲ့ရသည့် လုပ်ကြံသတ်ဖြတ်မှုပေါင်း ကိုးကြိမ်ခန့်မှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ခြင်းကြောင့် "အသက်ကိုးချောင်းနှင့်လူ" ဟု အမည်ပြောင် ရရှိထားသူဖြစ်သည်။
ခါမေနီနှင့် အစိုးရထိပ်တန်းပုဂ္ဂိုလ်များ သေဆုံးစေခဲ့သော လတ်တလောတိုက်ခိုက်မှုများတွင်လည်း ကာအာနီသည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ အတည်မပြုနိုင်သေးသော သတင်းများအရ သူသည် တိုက်ခိုက်မှုမဖြစ်ပွားမီ မိနစ်ပိုင်းအလိုတွင် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်ဟု ဆိုကြသည်။
အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက် (Mossad) ၏ အတွင်းလူ သူလျှိုတဦးက ခါမေနီ၏ ရုပ်အလောင်း ဗီဒီယိုဖိုင်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုထံ ပေးပို့ခဲ့သည်ဟူသော သတင်းများကြောင့် ကောလာဟလများ ပိုကျယ်လောင်လာသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84302
#အစ္စရေးသူလျှို
#အီရန်
#အစ္စမေးလ်ကာအာနီ

👍11🤮3🔥1😁1
တောင်တရုတ်ပင်လယ်အတွင်းရှိ ဒုတိယသောမတ်စ်သန္တာကျောက်တန်းရှိ စစ်ဘက်ကင်းစခန်းသို့ ဖိလစ်ပိုင်၏ ရိက္ခာပို့ဆောင်ရေး ကြိုးပမ်းမှုများကို တရုတ်က ကြိုတင်ခန့်မှန်းနိုင်ရန်နှင့် ဟန့်တားပိတ်ဆို့နိုင်ရန်အတွက် လိုအပ်သောထောက်လှမ်းရေးသတင်းများကို သူလျှိုဟု သံသယရှိသူတဦးက ပံ့ပိုးပေးခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေး တာရီယဲလားက သောကြာနေ့တွင် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံသားများပါဝင်သော ကွန်ရက်တခုသည် ဖိလစ်ပိုင်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာဝန်ထမ်းများကို "အကြံပေး" အဖြစ် စုဆောင်းကာ နိုင်ငံတော်လျှို့ဝှက်ချက်များကို ရယူရန် ကြိုးပမ်းနေကြောင်း Rappler သတင်းဌာနက ဖော်ပြခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84305
#စစ်ဘက်ကင်းစခန်း
#တရုတ်ပိတ်ဆို့မှု
#ဖိလစ်ပိုင်

👍10🤮4👎2
"သူဟာ ကျွန်တော်တို့ဆီက သဘောတူညီချက် ရယူရပါလိမ့်မယ်" ဟု သမ္မတက ABC News သို့ ပြောပြီး "ကျွန်တော်တို့ဆီက သဘောတူညီချက် မရရင် သူ ကြာရှည်ခံမှာမဟုတ်ဘူး၊ ကျွန်တော်တို့က ၁၀ နှစ်တခါ အီရန်အစိုးရ အပြောင်းအလဲကို ပြန်ပြန်လုပ်နေရတာမျိုး မဖြစ်စေချင်ဘူး၊ အထူးသဖြင့် ဒီလို အီရန်ကို အရေးယူတာမျိုး လုပ်မှာမဟုတ်တဲ့ ကျွန်တော့်လို သမ္မတမျိုး မရှိတဲ့အခါမျိုးမှာပေါ့" ဟု ဆိုသည်။
"သူတို့က စက္ကူကျား (ခြိမ်းခြောက်ရုံသာတတ်သူ) တွေပါ၊ လွန်ခဲ့တဲ့ တပတ်မှာတော့ သူတို့ဟာ စက္ကူကျား မဟုတ်တော့ဘူးဆိုတာ ကျွန်တော် ပြောရဲတယ်၊ သူတို့က တိုက်ခိုက်တော့မှာ၊ သူတို့ရဲ့ အစီအစဉ်က အရှေ့အလယ်ပိုင်းဒေသတခုလုံးကို တိုက်ခိုက်ပြီး သိမ်းပိုက်ဖို့ပဲ" ဟု သူက ပြောသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84308
#အီရန်အစိုးရ
#စက္ကူကျား
#ဦးသျှောင်သစ်

👍8🔥2❤1👏1🥴1