Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပြင်ပ မရေရာမှုများကို ထည့်မတွက်လျှင်ပင် ရှီကျင့်ဖျင်သည် ပြည်တွင်း၌ စီးပွားရေးနှေးကွေးမှုအပါအဝင် ဖိအားအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ အစိုးရက စီးပွားရေးတိုးတက်မှု ရည်မှန်းချက်ကို လျှော့ချလိုက်ခြင်းသည် ထိုအခြေအနေကို ဝန်ခံလိုက်ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံသည် စီးပွားရေးတိုးတက်မှု “ငါးရာခိုင်နှုန်း ဝန်းကျင်” ရရေး သတ်မှတ်ခဲ့သော်လည်း ပြည်နယ်စုစုပေါင်း၏ ထက်ဝက်ခန့်သာ ထိုရည်မှန်းချက် ပြည့်မီခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးသွားခြင်းက စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို သိသိသာသာ လျော့ကျသွားစေခြင်း မရှိပေ။ တရုတ်စစ်တပ် (PLA) ခေတ်မီရေးဟူသော ရှီ၏ တွန်းအားပေးမှုအောက်တွင် တိုးလာသည့် ကာကွယ်ရေးအသုံးစရိတ်များကို တိုက်လေယာဉ်၊ လေယာဉ်တင်သင်္ဘော၊ ဒရုန်းနှင့် ရေငုပ်သင်္ဘောများ တိုးချဲ့တည်ဆောက်ရေးတွင် အသုံးပြုလာခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84276

#စီးပွားရေး
#ရည်မှန်းချက်
#တရုတ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6😁3👎2❤1
အီရန်မြို့တော်ရှိ ဆီသိုလှောင်ရာနေရာများကို အစ္စရေးက တိုက်ခိုက်ပြီးနောက်၊ တီဟီရန်မြို့ခံများသည် ထူထပ်သော မီးခိုးတိမ်မည်းကြီးများနှင့်အတူ မိုးမည်းများရွာသွန်းမှုကို ကြုံတွေ့ခဲ့ရကြောင်း စီအန်အန် သတင်းထောက် ဖရက်ဒ် ပလိုက်ဂျန်က သတင်းပေးပို့ခဲ့သည်။

လူဦးရေ ၁၀ သန်းနီးပါး နေထိုင်သည့် တီဟီရန်မြို့တွင် တိုက်ခိုက်မှုများအပြီးတွင် ရေနံများနှင့် ရောနှောနေသည့် မိုးရေများ ရွာသွန်းခဲ့ခြင်းဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/08/84280

#အစ္စရေး
#တီဟီရန်မြို့
#မိုးမည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12🔥1👏1😁1
ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ် ယူနစ်နယ်မြေများကို ဖြတ်သန်းသယ်ဆောင်မည်ဆိုပါက ပြည်ထဲရေး နှင့်လူဝင်မှုကြီးကြပ်ရေးဌာန ဖြတ်သန်းခွင့်လိုအပ်ကြောင်း NUG က ညွှန်ကြားချက်ထုတ်သည်။

ဖြတ်သန်းသယ်ဆောင်မည့် မဟာမိတ်အဖွဲ့အစည်းသည် NUG နှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်း ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုဥက္ကဋ္ဌ (၁) ဦးလွင်ကိုလတ်က မတ်လ ၆ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် လျှို့ဝှက်ညွှန်ကြားစာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ အဖွဲ့အစည်းတွေနဲ့ ကြိုတင်စကားပြောထားတာမရှိတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီစာထုတ်တယ်ဆိုတာ မသိရဘူး။ ဒီစာအတိုင်းဆိုရင် ကချင် ၊ ချင်းနဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့သူတွေကို ခွဲခြားဆက်ဆံတဲ့ပုံစံ သက်ရောက်တာပေါ့” ဟု ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC) ဥက္ကဋ္ဌ ဆလိုင်း ထန်ချွန်းဖေက မဇ္ဈိမကိုပြောသည်။ Read more: https://bur.mizzima.com/2026/03/08/84283
👍14🔥3❤2😁1🍌1
မိုဂျ်တာဘာသည် အီရန်၏ လုံခြုံရေးတပ်ဖွဲ့များအတွင်း သြဇာညောင်းပြီး ဖခင်ဖြစ်သူ၏ လက်အောက်ရှိ ကျယ်ပြန့်သော စီးပွားရေးကွန်ရက်များကို ပိုင်ဆိုင်ထားသည့် ဘာသာရေးဆရာတဦးဖြစ်သည်။

"ဘာသာရေးခေါင်းဆောင်များအဖွဲ့က အယာတိုလာ ဆယက်ဒ် မိုဂျ်တာဘာ ဟိုစိန်နီ ခါမေနီကို အစ္စလာမ္မစ်သမ္မတနိုင်ငံတော်၏ တတိယမြောက် အမြင့်ဆုံးခေါင်းဆောင်အဖြစ် မဲအပြတ်အသတ်ဖြင့် ခန့်အပ်လိုက်သည်" ဟု အီရန်စံတော်ချိန် သန်းခေါင်ယံကျော်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

ထိုရာထူးသည် အီရန်၏ နိုင်ငံတော်ရေးရာကိစ္စရပ်များ အားလုံးအတွက် မိုဂျ်တာဘာအား နောက်ဆုံးအဆင့် ဆုံးဖြတ်ပိုင်ခွင့် အာဏာ အပ်နှင်းလိုက်ခြင်းပင် ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84296

#ခါမေနီ
#အီရန်ဦးသျှောင်
#မိုဂျ်တာဘာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
💩6❤5👎4👍1🔥1
အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ယူအေအီး၊ ဂျော်ဒန်နှင့် ကာတာရှိ ရေဒါ စနစ်များ ကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလနောက်ဆုံးပတ်ဖြစ်သည့်ပဋိပက္ခစတင်ချိန်ကတည်းက အနောက်အာရှရှိ အမေရိကန်၏ တန်ဖိုးကြီးရေဒါနှင့် ကြိုတင်သတိပေးစနစ်များကို အီရန်က ဖျက်ဆီး (သို့မဟုတ်) ပြင်းထန်စွာ ထိခိုက် စေခဲ့ကြောင်း သတင်းများနှင့် ဂြိုဟ်တုဓာတ်ပုံများတွင် ဖော်ပြထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84299

#အမေရိကန်
#အီရန်
#ရေဒါစနစ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8👎3❤1🔥1👏1
ကာအာနီသည် သူ့ပတ်ဝန်းကျင်ရှိ ထိပ်တန်းခေါင်းဆောင်များ သေဆုံးခဲ့ရသည့် လုပ်ကြံသတ်ဖြတ်မှုပေါင်း ကိုးကြိမ်ခန့်မှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ခြင်းကြောင့် "အသက်ကိုးချောင်းနှင့်လူ" ဟု အမည်ပြောင် ရရှိထားသူဖြစ်သည်။

ခါမေနီနှင့် အစိုးရထိပ်တန်းပုဂ္ဂိုလ်များ သေဆုံးစေခဲ့သော လတ်တလောတိုက်ခိုက်မှုများတွင်လည်း ကာအာနီသည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ အတည်မပြုနိုင်သေးသော သတင်းများအရ သူသည် တိုက်ခိုက်မှုမဖြစ်ပွားမီ မိနစ်ပိုင်းအလိုတွင် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်ဟု ဆိုကြသည်။

အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက် (Mossad) ၏ အတွင်းလူ သူလျှိုတဦးက ခါမေနီ၏ ရုပ်အလောင်း ဗီဒီယိုဖိုင်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုထံ ပေးပို့ခဲ့သည်ဟူသော သတင်းများကြောင့် ကောလာဟလများ ပိုကျယ်လောင်လာသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84302

#အစ္စရေးသူလျှို
#အီရန်
#အစ္စမေးလ်ကာအာနီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🤮3🔥1😁1
တောင်တရုတ်ပင်လယ်အတွင်းရှိ ဒုတိယသောမတ်စ်သန္တာကျောက်တန်းရှိ စစ်ဘက်ကင်းစခန်းသို့ ဖိလစ်ပိုင်၏ ရိက္ခာပို့ဆောင်ရေး ကြိုးပမ်းမှုများကို တရုတ်က ကြိုတင်ခန့်မှန်းနိုင်ရန်နှင့် ဟန့်တားပိတ်ဆို့နိုင်ရန်အတွက် လိုအပ်သောထောက်လှမ်းရေးသတင်းများကို သူလျှိုဟု သံသယရှိသူတဦးက ပံ့ပိုးပေးခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေး တာရီယဲလားက သောကြာနေ့တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသားများပါဝင်သော ကွန်ရက်တခုသည် ဖိလစ်ပိုင်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာဝန်ထမ်းများကို "အကြံပေး" အဖြစ် စုဆောင်းကာ နိုင်ငံတော်လျှို့ဝှက်ချက်များကို ရယူရန် ကြိုးပမ်းနေကြောင်း Rappler သတင်းဌာနက ဖော်ပြခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84305

#စစ်ဘက်ကင်းစခန်း
#တရုတ်ပိတ်ဆို့မှု
#ဖိလစ်ပိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10🤮4👎2
"သူဟာ ကျွန်တော်တို့ဆီက သဘောတူညီချက် ရယူရပါလိမ့်မယ်" ဟု သမ္မတက ABC News သို့ ပြောပြီး "ကျွန်တော်တို့ဆီက သဘောတူညီချက် မရရင် သူ ကြာရှည်ခံမှာမဟုတ်ဘူး၊ ကျွန်တော်တို့က ၁၀ နှစ်တခါ အီရန်အစိုးရ အပြောင်းအလဲကို ပြန်ပြန်လုပ်နေရတာမျိုး မဖြစ်စေချင်ဘူး၊ အထူးသဖြင့် ဒီလို အီရန်ကို အရေးယူတာမျိုး လုပ်မှာမဟုတ်တဲ့ ကျွန်တော့်လို သမ္မတမျိုး မရှိတဲ့အခါမျိုးမှာပေါ့" ဟု ဆိုသည်။

"သူတို့က စက္ကူကျား (ခြိမ်းခြောက်ရုံသာတတ်သူ) တွေပါ၊ လွန်ခဲ့တဲ့ တပတ်မှာတော့ သူတို့ဟာ စက္ကူကျား မဟုတ်တော့ဘူးဆိုတာ ကျွန်တော် ပြောရဲတယ်၊ သူတို့က တိုက်ခိုက်တော့မှာ၊ သူတို့ရဲ့ အစီအစဉ်က အရှေ့အလယ်ပိုင်းဒေသတခုလုံးကို တိုက်ခိုက်ပြီး သိမ်းပိုက်ဖို့ပဲ" ဟု သူက ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84308

#အီရန်အစိုးရ
#စက္ကူကျား
#ဦးသျှောင်သစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥2❤1👏1🥴1
"ကျွန်တော်တို့ရဲ့ ခေါင်းဆောင်နဲ့ ပြည်သူတွေရဲ့ သွေးကြွေးအတွက် မဆုတ်မနစ် ကလဲ့စားချေသွားမှာပါ၊ ထရမ့် တန်ဖိုးပေးဆပ်ကို ပေးဆပ်ရပါလိမ့်မယ်" ဟု ခါမေနီ၏ လူယုံလက်ထောက်ဖြစ်သူ လာရီဂျာနီက X လူမှုကွန်ရက်၌ ပို့စ်တင်ရေးသည်။

ထရမ့်က ထို ခြိမ်းခြောက်မှုများကို မျက်ကွယ်ပြုပြီး လာရီဂျာနီကို သိပင် မသိကြောင်း ပြောသည်။

"သူ ဘာတွေပြောနေတာလဲ၊ သူက ဘယ်သူလဲဆိုတာ ကျွန်တော် မသိဘူး၊ စိတ်လည်းမဝင်စားဘူး" ဟု သူက CBS News သို့ ပြောပြီး လာရီဂျာနီက "ရှုံးပြီးသားသူ" ပဲဟု ဖြည့်စွက်ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84312

#ခြိမ်းခြောက်မှုများ
#ထိပ်တန်းလက်ထောက်
#ခါမေနီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7🔥4😁2❤1
ဒေသတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းနှင့် အာရပ်နိုင်ငံများအပေါ် အီရန်၏ တိုက်ခိုက်မှုများကို ဆွေးနွေးရန် ကျင်းပသည့် အာရပ်နိုင်ငံများအဖွဲ့ချုပ်၏ ဝန်ကြီးအဆင့် အထူးအစည်းအဝေးတွင် အက်ဘ်ဒယ်လာတီက လက်ရှိခြိမ်းခြောက်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ပူးတွဲအာရပ်ပူးပေါင်းဆောင်ရွက်ရေး မူဘောင်များကို အသက်သွင်းရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

အီရန်၏ ကျူးကျော်တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ပင်လယ်ကွေ့နိုင်ငံများ၊ ဂျော်ဒန်နှင့် အီရတ်တို့နှင့်အတူ အီဂျစ်နိုင်ငံက တသားတည်းရှိနေကြောင်း အက်ဘ်ဒယ်လာတီက ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုတိုက်ခိုက်မှုများနှင့် ဆင်ခြေပေးကာကွယ်ပြောဆိုမှုမှန်သမျှကို အီဂျစ်အနေဖြင့် လုံးဝလက်မခံဘဲ ပြတ်ပြတ်သားသား ရှုတ်ချသည်ဟု ဆိုသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84317

#စစ်ရေးတင်းမာမှု
#ပူးတွဲအာရပ်တပ်ဖွဲ့
#ကျူးကျော်တိုက်ခိုက်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥3❤1😁1
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုရန်နှင့် အရှေ့အလယ်ပိုင်းစစ်ပွဲကို ကန့်ကွက်ရှုတ်ချရန်အတွက် တနင်္ဂနွေနေ့က ကမ္ဘာတဝန်းရှိ မြို့ကြီးများတွင် သောင်းနှင့် ချီသော လူများက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး၊ ဗင်နီဇွဲလားနိုင်ငံ ကာရာကပ်စ်မြို့တို့အပြင် ပြင်သစ်၊ စပိန်၊ တူရကီနှင့် အခြားဥရောပနိုင်ငံများရှိ မြို့ကြီးများတွင်လည်း အမျိုးသမီးအခွင့်အရေးများအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84322

#အမျိုးသမီးအခွင့်အရေး
#အရှေ့အလယ်ပိုင်းစစ်ပွဲ
#ဆန္ဒပြသူများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤3🤮2👎1😁1
ကျူးဘားဆီ ရေနံတင်သွင်းမှုကို အမေရိကန်က ရေတပ်ဖြင့် တားဆီးပိတ်ဆို့ထားပြီး မက္ကဆီကိုကဲ့သို့သော နိုင်ငံများကိုလည်း ဆိုးသွမ်းသောအစိုးရများထံ ရေနံ မပို့ရန် သတိပေးထားသည်။

အနောက်အုပ်စု အင်အားကြီးနိုင်ငံများ ပူးပေါင်းအဖွဲ့တဖွဲ့က Ural Price Cap (ရေနံစျေးနှုန်း သတ်မှတ်ချက်) စနစ်ကို ကျင့်သုံးနေပြီး၊ ပြီးခဲ့သည့်လက ရေနံ တစည်လျှင် အမေရိကန်ဒေါ်လာ ၄၄ ဒေါ်လာဝန်းကျင်အထိ လျှော့ချခဲ့သည်။ ယူရယ်လ်တောင်တန်းကို အစွဲပြုမှည့်ခေါ်ထားသော အဆိုပါ စျေးနှုန်းသတ်မှတ်ချက်မှာ ရုရှား၏ရေနံကို စျေးကွက်ပေါက်စျေးထက် လျော့နည်းနေစေရန် ရည်ရွယ်သည်။

တရုတ်က ပိတ်ဆို့အရေးယူခံရသော ရေနံများ ရယူရေးအတွက် အီရန်ကို အလွန်အမင်းမှီခိုနေရပြီး ရုရှားမှာမူ ယူကရိန်းစစ်ပွဲ ဆက်လက်ဆင်နွှဲရန် လိုအပ်သော ငွေကြေးစီးဆင်းမှုကို ထိခိုက်စေနိုင်သည့် ဘဏ္ဍာရေးကျပ်တည်းမှုများနှင့် ထပ်မံကြုံတွေ့ရနိုင်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84326

#အရိပ်သင်္ဘောများ
#အီရန်
#ရုရှားစစ်စရိတ်
#တရုတ်ရေနံသွေးကြော
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥3❤1
ဖုန်းပွတ်ရင်း အိမ်သာထဲတွင် အချိန် ပိုကြာမြင့်စွာ ကုန်ဆုံးလေ့ရှိပြီး သတင်းများ သို့မဟုတ် လူမှုကွန်ရက်များကို အာရုံရောက်နေတတ်သောကြောင့် စအိုတဝိုက်ရှိ တစ်ရှူးများအပေါ် ဖိအားပိုမို များလာစေနိုင်ကြောင်း အမေရိကန် Beth Israel Deaconess ဆေးဘက်ဆိုင်ရာစင်တာမှ ချက်သန်ရမ်ပရာဆက်ဒ် ဦးဆောင်သော သုတေသနတွင် တွေ့ရှိချက်ကို PLOS One သိပ္ပံဂျာနယ်၌ ဖော်ပြသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ယခင် သုတေသနများက ကောက်ချက်ချထားသည့် ဝမ်းသွားစဉ် ညှစ်ခြင်းနှင့် လိပ်ခေါင်းရောဂါ ဖြစ်နိုင်ခြေအကြား ဆက်စပ်မှု ရှိသည်ဆိုခြင်းကို ယခု သုတေသနတွင် မတွေ့ရှိခြင်းဘဲ ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84329

#ဖုန်းသုံးခြင်း
#လိပ်ခေါင်းရောဂါ
#အိမ်သာတက်ချိန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤1🔥1
မြန်မာသံအမတ် မီးလောင်မှုကြုံခဲ့ရသည့် ဂျပန်ရောက် လုပ်သားများနှင့် တွေ့ဆုံ၊ နိုင်ငံရေးလုပ်ချင်ရင် မြန်မာပြည်ပြန်ဟု ပြောသွား

ကီရာ

မဇ္ဈိမ။ ။ ဂျပန်နိုင်ငံ ၊ မြန်မာသံရုံး ယာယီတာဝန်ခံ သံအမတ်ကြီး ဦးကျော်ထွန်းက မီးလောင်မှုကြုံတွေ့ခဲ့ရသည့် ဂျပန်ရောက် မြန်မာလုပ်သားများနှင့် တွေ့ဆုံစဥ် နိုင်ငံရေးလုပ်လိုသူများ မြန်မာပြည်ပြန်ဟု ပြောသွားကြောင်း သိရသည်။

ဂျပန် အီဘာရခီပြည်နယ်၌ မီးလောင်မှုဖြစ်ပွားရာမှာ မြန်မာလုပ်သားများ၏ နိုင်ငံကူးလက်မှတ်များ ပျောက်ဆုံး၊ ပျက်စီးသွား၍ ပြန်လည်ထုတ်ပေးရန် မတ်လ ၅ ရက် ညနေပိုင်းက လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မဇ္ဈိမက ကြည့်ရှု့ခဲ့ရသည့် ရုပ်သံဖိုင်တွင်“မင်းတို့ အဲ့လိုအဖွဲ့အစည်းထဲကို ရောက်မသွားဖို့ မှာချင်တယ်။ မင်းတို့ကိုယ်တိုင်ရဲ့ အတွေးအခေါ်ပဲလိုတာ။ မင်းတို့ဒီကိုရောက်လာတဲ့ ရည်ရွယ်ချက်က နိုင်ငံရေးလုပ်ဖို့လား၊ ငွေရှာဖို့လား။ ကိုယ့်ရည်မှန်းချက်ကို မပျောက်စေနဲ့။ နိုင်ငံရေးလုပ်ချင်ရင် မြန်မာပြည်ပြန်ပြီးတော့ နိုင်ငံရေးသွားလုပ် ”ဟု ဦးကျော်ထွန်းက ပြောသည်။

ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံ မည်သည့်နိုင်ငံရောက်နေပါစေ နိုင်ငံရေးစိတ်မဝင်စားဘဲ မိမိ စီးပွားရေး…
👎8🤮5❤2👏2
ယခုသီတင်းပတ်အစောပိုင်းက တရုတ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ဓာတုပစ္စည်းသိုလှောင်ရာ ဆိပ်ကမ်းတခုမှ အီရန်ကုန်တင်သင်္ဘောနှစ်စင်း ထွက်ခွာသွားခဲ့သည်။ အဆိုပါသင်္ဘောများသည် အီရန်သို့ ဦးတည်မောင်းနှင်နေခဲ့ကြောင်းသင်္ဘောခြေရာခံအချက်အလက်များနှင့် ဂြိုဟ်တုဓာတ်ပုံများကို ကိုးကား၍ Washington Post သတင်းစာက ဖော်ပြသည်။

ယင်းသင်္ဘောနှစ်စင်းသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ သင်္ဘောလိုင်း (IRISL) က စီမံခန့်ခွဲလုပ်ကိုင်သည့် သင်္ဘောများဖြစ်သည်ဟု သိရသည်။ ယင်းနိုင်ငံပိုင်သင်္ဘောလိုင်းသည် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုခြင်းကို ခံထားရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84336

#ဒုံးကျည်လောင်စာကုန်ကြမ်းများ
#တရုတ်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7👎5❤1💩1