Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ယူအေအီး၊ ဂျော်ဒန်နှင့် ကာတာရှိ ရေဒါ စနစ်များ ကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလနောက်ဆုံးပတ်ဖြစ်သည့်ပဋိပက္ခစတင်ချိန်ကတည်းက အနောက်အာရှရှိ အမေရိကန်၏ တန်ဖိုးကြီးရေဒါနှင့် ကြိုတင်သတိပေးစနစ်များကို အီရန်က ဖျက်ဆီး (သို့မဟုတ်) ပြင်းထန်စွာ ထိခိုက် စေခဲ့ကြောင်း သတင်းများနှင့် ဂြိုဟ်တုဓာတ်ပုံများတွင် ဖော်ပြထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84299

#အမေရိကန်
#အီရန်
#ရေဒါစနစ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8👎3❤1🔥1👏1
ကာအာနီသည် သူ့ပတ်ဝန်းကျင်ရှိ ထိပ်တန်းခေါင်းဆောင်များ သေဆုံးခဲ့ရသည့် လုပ်ကြံသတ်ဖြတ်မှုပေါင်း ကိုးကြိမ်ခန့်မှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ခြင်းကြောင့် "အသက်ကိုးချောင်းနှင့်လူ" ဟု အမည်ပြောင် ရရှိထားသူဖြစ်သည်။

ခါမေနီနှင့် အစိုးရထိပ်တန်းပုဂ္ဂိုလ်များ သေဆုံးစေခဲ့သော လတ်တလောတိုက်ခိုက်မှုများတွင်လည်း ကာအာနီသည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ အတည်မပြုနိုင်သေးသော သတင်းများအရ သူသည် တိုက်ခိုက်မှုမဖြစ်ပွားမီ မိနစ်ပိုင်းအလိုတွင် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်ဟု ဆိုကြသည်။

အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက် (Mossad) ၏ အတွင်းလူ သူလျှိုတဦးက ခါမေနီ၏ ရုပ်အလောင်း ဗီဒီယိုဖိုင်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုထံ ပေးပို့ခဲ့သည်ဟူသော သတင်းများကြောင့် ကောလာဟလများ ပိုကျယ်လောင်လာသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84302

#အစ္စရေးသူလျှို
#အီရန်
#အစ္စမေးလ်ကာအာနီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🤮3🔥1😁1
တောင်တရုတ်ပင်လယ်အတွင်းရှိ ဒုတိယသောမတ်စ်သန္တာကျောက်တန်းရှိ စစ်ဘက်ကင်းစခန်းသို့ ဖိလစ်ပိုင်၏ ရိက္ခာပို့ဆောင်ရေး ကြိုးပမ်းမှုများကို တရုတ်က ကြိုတင်ခန့်မှန်းနိုင်ရန်နှင့် ဟန့်တားပိတ်ဆို့နိုင်ရန်အတွက် လိုအပ်သောထောက်လှမ်းရေးသတင်းများကို သူလျှိုဟု သံသယရှိသူတဦးက ပံ့ပိုးပေးခဲ့ခြင်းဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေး တာရီယဲလားက သောကြာနေ့တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံသားများပါဝင်သော ကွန်ရက်တခုသည် ဖိလစ်ပိုင်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာဝန်ထမ်းများကို "အကြံပေး" အဖြစ် စုဆောင်းကာ နိုင်ငံတော်လျှို့ဝှက်ချက်များကို ရယူရန် ကြိုးပမ်းနေကြောင်း Rappler သတင်းဌာနက ဖော်ပြခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84305

#စစ်ဘက်ကင်းစခန်း
#တရုတ်ပိတ်ဆို့မှု
#ဖိလစ်ပိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10🤮4👎2
"သူဟာ ကျွန်တော်တို့ဆီက သဘောတူညီချက် ရယူရပါလိမ့်မယ်" ဟု သမ္မတက ABC News သို့ ပြောပြီး "ကျွန်တော်တို့ဆီက သဘောတူညီချက် မရရင် သူ ကြာရှည်ခံမှာမဟုတ်ဘူး၊ ကျွန်တော်တို့က ၁၀ နှစ်တခါ အီရန်အစိုးရ အပြောင်းအလဲကို ပြန်ပြန်လုပ်နေရတာမျိုး မဖြစ်စေချင်ဘူး၊ အထူးသဖြင့် ဒီလို အီရန်ကို အရေးယူတာမျိုး လုပ်မှာမဟုတ်တဲ့ ကျွန်တော့်လို သမ္မတမျိုး မရှိတဲ့အခါမျိုးမှာပေါ့" ဟု ဆိုသည်။

"သူတို့က စက္ကူကျား (ခြိမ်းခြောက်ရုံသာတတ်သူ) တွေပါ၊ လွန်ခဲ့တဲ့ တပတ်မှာတော့ သူတို့ဟာ စက္ကူကျား မဟုတ်တော့ဘူးဆိုတာ ကျွန်တော် ပြောရဲတယ်၊ သူတို့က တိုက်ခိုက်တော့မှာ၊ သူတို့ရဲ့ အစီအစဉ်က အရှေ့အလယ်ပိုင်းဒေသတခုလုံးကို တိုက်ခိုက်ပြီး သိမ်းပိုက်ဖို့ပဲ" ဟု သူက ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84308

#အီရန်အစိုးရ
#စက္ကူကျား
#ဦးသျှောင်သစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥2❤1👏1🥴1
"ကျွန်တော်တို့ရဲ့ ခေါင်းဆောင်နဲ့ ပြည်သူတွေရဲ့ သွေးကြွေးအတွက် မဆုတ်မနစ် ကလဲ့စားချေသွားမှာပါ၊ ထရမ့် တန်ဖိုးပေးဆပ်ကို ပေးဆပ်ရပါလိမ့်မယ်" ဟု ခါမေနီ၏ လူယုံလက်ထောက်ဖြစ်သူ လာရီဂျာနီက X လူမှုကွန်ရက်၌ ပို့စ်တင်ရေးသည်။

ထရမ့်က ထို ခြိမ်းခြောက်မှုများကို မျက်ကွယ်ပြုပြီး လာရီဂျာနီကို သိပင် မသိကြောင်း ပြောသည်။

"သူ ဘာတွေပြောနေတာလဲ၊ သူက ဘယ်သူလဲဆိုတာ ကျွန်တော် မသိဘူး၊ စိတ်လည်းမဝင်စားဘူး" ဟု သူက CBS News သို့ ပြောပြီး လာရီဂျာနီက "ရှုံးပြီးသားသူ" ပဲဟု ဖြည့်စွက်ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84312

#ခြိမ်းခြောက်မှုများ
#ထိပ်တန်းလက်ထောက်
#ခါမေနီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7🔥4😁2❤1
ဒေသတွင်း စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းနှင့် အာရပ်နိုင်ငံများအပေါ် အီရန်၏ တိုက်ခိုက်မှုများကို ဆွေးနွေးရန် ကျင်းပသည့် အာရပ်နိုင်ငံများအဖွဲ့ချုပ်၏ ဝန်ကြီးအဆင့် အထူးအစည်းအဝေးတွင် အက်ဘ်ဒယ်လာတီက လက်ရှိခြိမ်းခြောက်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ပူးတွဲအာရပ်ပူးပေါင်းဆောင်ရွက်ရေး မူဘောင်များကို အသက်သွင်းရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

အီရန်၏ ကျူးကျော်တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ပင်လယ်ကွေ့နိုင်ငံများ၊ ဂျော်ဒန်နှင့် အီရတ်တို့နှင့်အတူ အီဂျစ်နိုင်ငံက တသားတည်းရှိနေကြောင်း အက်ဘ်ဒယ်လာတီက ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုတိုက်ခိုက်မှုများနှင့် ဆင်ခြေပေးကာကွယ်ပြောဆိုမှုမှန်သမျှကို အီဂျစ်အနေဖြင့် လုံးဝလက်မခံဘဲ ပြတ်ပြတ်သားသား ရှုတ်ချသည်ဟု ဆိုသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84317

#စစ်ရေးတင်းမာမှု
#ပူးတွဲအာရပ်တပ်ဖွဲ့
#ကျူးကျော်တိုက်ခိုက်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥3❤1😁1
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုရန်နှင့် အရှေ့အလယ်ပိုင်းစစ်ပွဲကို ကန့်ကွက်ရှုတ်ချရန်အတွက် တနင်္ဂနွေနေ့က ကမ္ဘာတဝန်းရှိ မြို့ကြီးများတွင် သောင်းနှင့် ချီသော လူများက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး၊ ဗင်နီဇွဲလားနိုင်ငံ ကာရာကပ်စ်မြို့တို့အပြင် ပြင်သစ်၊ စပိန်၊ တူရကီနှင့် အခြားဥရောပနိုင်ငံများရှိ မြို့ကြီးများတွင်လည်း အမျိုးသမီးအခွင့်အရေးများအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84322

#အမျိုးသမီးအခွင့်အရေး
#အရှေ့အလယ်ပိုင်းစစ်ပွဲ
#ဆန္ဒပြသူများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤3🤮2👎1😁1
ကျူးဘားဆီ ရေနံတင်သွင်းမှုကို အမေရိကန်က ရေတပ်ဖြင့် တားဆီးပိတ်ဆို့ထားပြီး မက္ကဆီကိုကဲ့သို့သော နိုင်ငံများကိုလည်း ဆိုးသွမ်းသောအစိုးရများထံ ရေနံ မပို့ရန် သတိပေးထားသည်။

အနောက်အုပ်စု အင်အားကြီးနိုင်ငံများ ပူးပေါင်းအဖွဲ့တဖွဲ့က Ural Price Cap (ရေနံစျေးနှုန်း သတ်မှတ်ချက်) စနစ်ကို ကျင့်သုံးနေပြီး၊ ပြီးခဲ့သည့်လက ရေနံ တစည်လျှင် အမေရိကန်ဒေါ်လာ ၄၄ ဒေါ်လာဝန်းကျင်အထိ လျှော့ချခဲ့သည်။ ယူရယ်လ်တောင်တန်းကို အစွဲပြုမှည့်ခေါ်ထားသော အဆိုပါ စျေးနှုန်းသတ်မှတ်ချက်မှာ ရုရှား၏ရေနံကို စျေးကွက်ပေါက်စျေးထက် လျော့နည်းနေစေရန် ရည်ရွယ်သည်။

တရုတ်က ပိတ်ဆို့အရေးယူခံရသော ရေနံများ ရယူရေးအတွက် အီရန်ကို အလွန်အမင်းမှီခိုနေရပြီး ရုရှားမှာမူ ယူကရိန်းစစ်ပွဲ ဆက်လက်ဆင်နွှဲရန် လိုအပ်သော ငွေကြေးစီးဆင်းမှုကို ထိခိုက်စေနိုင်သည့် ဘဏ္ဍာရေးကျပ်တည်းမှုများနှင့် ထပ်မံကြုံတွေ့ရနိုင်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84326

#အရိပ်သင်္ဘောများ
#အီရန်
#ရုရှားစစ်စရိတ်
#တရုတ်ရေနံသွေးကြော
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥3❤1
ဖုန်းပွတ်ရင်း အိမ်သာထဲတွင် အချိန် ပိုကြာမြင့်စွာ ကုန်ဆုံးလေ့ရှိပြီး သတင်းများ သို့မဟုတ် လူမှုကွန်ရက်များကို အာရုံရောက်နေတတ်သောကြောင့် စအိုတဝိုက်ရှိ တစ်ရှူးများအပေါ် ဖိအားပိုမို များလာစေနိုင်ကြောင်း အမေရိကန် Beth Israel Deaconess ဆေးဘက်ဆိုင်ရာစင်တာမှ ချက်သန်ရမ်ပရာဆက်ဒ် ဦးဆောင်သော သုတေသနတွင် တွေ့ရှိချက်ကို PLOS One သိပ္ပံဂျာနယ်၌ ဖော်ပြသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ယခင် သုတေသနများက ကောက်ချက်ချထားသည့် ဝမ်းသွားစဉ် ညှစ်ခြင်းနှင့် လိပ်ခေါင်းရောဂါ ဖြစ်နိုင်ခြေအကြား ဆက်စပ်မှု ရှိသည်ဆိုခြင်းကို ယခု သုတေသနတွင် မတွေ့ရှိခြင်းဘဲ ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84329

#ဖုန်းသုံးခြင်း
#လိပ်ခေါင်းရောဂါ
#အိမ်သာတက်ချိန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤1🔥1
မြန်မာသံအမတ် မီးလောင်မှုကြုံခဲ့ရသည့် ဂျပန်ရောက် လုပ်သားများနှင့် တွေ့ဆုံ၊ နိုင်ငံရေးလုပ်ချင်ရင် မြန်မာပြည်ပြန်ဟု ပြောသွား

ကီရာ

မဇ္ဈိမ။ ။ ဂျပန်နိုင်ငံ ၊ မြန်မာသံရုံး ယာယီတာဝန်ခံ သံအမတ်ကြီး ဦးကျော်ထွန်းက မီးလောင်မှုကြုံတွေ့ခဲ့ရသည့် ဂျပန်ရောက် မြန်မာလုပ်သားများနှင့် တွေ့ဆုံစဥ် နိုင်ငံရေးလုပ်လိုသူများ မြန်မာပြည်ပြန်ဟု ပြောသွားကြောင်း သိရသည်။

ဂျပန် အီဘာရခီပြည်နယ်၌ မီးလောင်မှုဖြစ်ပွားရာမှာ မြန်မာလုပ်သားများ၏ နိုင်ငံကူးလက်မှတ်များ ပျောက်ဆုံး၊ ပျက်စီးသွား၍ ပြန်လည်ထုတ်ပေးရန် မတ်လ ၅ ရက် ညနေပိုင်းက လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မဇ္ဈိမက ကြည့်ရှု့ခဲ့ရသည့် ရုပ်သံဖိုင်တွင်“မင်းတို့ အဲ့လိုအဖွဲ့အစည်းထဲကို ရောက်မသွားဖို့ မှာချင်တယ်။ မင်းတို့ကိုယ်တိုင်ရဲ့ အတွေးအခေါ်ပဲလိုတာ။ မင်းတို့ဒီကိုရောက်လာတဲ့ ရည်ရွယ်ချက်က နိုင်ငံရေးလုပ်ဖို့လား၊ ငွေရှာဖို့လား။ ကိုယ့်ရည်မှန်းချက်ကို မပျောက်စေနဲ့။ နိုင်ငံရေးလုပ်ချင်ရင် မြန်မာပြည်ပြန်ပြီးတော့ နိုင်ငံရေးသွားလုပ် ”ဟု ဦးကျော်ထွန်းက ပြောသည်။

ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံ မည်သည့်နိုင်ငံရောက်နေပါစေ နိုင်ငံရေးစိတ်မဝင်စားဘဲ မိမိ စီးပွားရေး…
👎8🤮5❤2👏2
ယခုသီတင်းပတ်အစောပိုင်းက တရုတ်နိုင်ငံအရှေ့တောင်ပိုင်းရှိ ဓာတုပစ္စည်းသိုလှောင်ရာ ဆိပ်ကမ်းတခုမှ အီရန်ကုန်တင်သင်္ဘောနှစ်စင်း ထွက်ခွာသွားခဲ့သည်။ အဆိုပါသင်္ဘောများသည် အီရန်သို့ ဦးတည်မောင်းနှင်နေခဲ့ကြောင်းသင်္ဘောခြေရာခံအချက်အလက်များနှင့် ဂြိုဟ်တုဓာတ်ပုံများကို ကိုးကား၍ Washington Post သတင်းစာက ဖော်ပြသည်။

ယင်းသင်္ဘောနှစ်စင်းသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ သင်္ဘောလိုင်း (IRISL) က စီမံခန့်ခွဲလုပ်ကိုင်သည့် သင်္ဘောများဖြစ်သည်ဟု သိရသည်။ ယင်းနိုင်ငံပိုင်သင်္ဘောလိုင်းသည် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုခြင်းကို ခံထားရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84336

#ဒုံးကျည်လောင်စာကုန်ကြမ်းများ
#တရုတ်
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7👎5❤1💩1
ဒေသတွင်းမှလာသောသတင်းများသည် “ဆက်လက်ပြီးအလွန်တုန်လှုပ်ချောက်ချားစေပါသည်” ဟု အမေရိကန်ဖွား ပုပ်ရဟန်းမင်းကြီးက Angelus ဆုတောင်းပွဲအဆုံးတွင် ပြောကြားသွားခဲ့သည်။

အီရန်သို့ မြေပြင်တပ်ဖွဲ့များမစေလွှတ်ပါဟု မပြောနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ငြင်းဆန်လိုက်သော်လည်း စစ်ပွဲသည် အလျင်အမြန်ပင်တိုးတက်မှုရှိနေသည်ဟု သူက အခိုင်အမာ ဆက်လက်ပြောကြားနေသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84339

#ပုပ်ရဟန်းမင်းကြီး
#အရှေ့အလယ်ပိုင်း
#ဆုတောင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤4🤮3😁2🥰1
စစ်ကောင်စီ(စစ်ကော်မရှင်)ဟာ စစ်မြေပြင်မှာ အရှုံးတွေ ဆက်တိုက်ကြုံနေရပြီး နိုင်ငံတကာမှာလည်း အထီးကျန်ဖြစ်နေတော့ အခုဆိုရင် အမေရိကန် (Washington) ကို "ငွေနဲ့ပေါက်ပြီး" ပြန်ဝင်ဆံ့ဖို့ ကြိုးစားနေပြန်ပါပြီ။ ရှားပါးမြေဓာတ်သတ္တု (Rare Earth) တွေပေးမယ်လို့ မျှားတာတွေ၊ "ရွေးကောက်ပွဲလုပ်ပေးတော့မယ်" ဆိုပြီး ဟန်ပြတာတွေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam Centers) တွေကိုပဲ နှိမ်နင်းပြနေသလိုလိုနဲ့ နိုင်ငံတကာကို မျက်လှည့်ပြနေတာ ဖြစ်ပါတယ်။ ဒီလို စစ်ကောင်စီ(စစ်ကော်မရှင်)ရဲ့ ပုံရိပ်ကို အကောင်းပြန်ဖြစ်လာအောင် အမေရိကန်လွှတ်တော်အမတ်တွေဆီ သွားရောက်စည်းရုံးပေးတဲ့ လော်ဘီကုမ္ပဏီ (Lobbyists) တွေနဲ့ စီးပွားရေးသမားတချို့ကလည်း ဝိုင်းကူနေကြပါတယ်။

ဒါပေမဲ့ အမေရိကန်အစိုးရဆီက မကြာသေးခင်က ထွက်ပေါ်လာတဲ့ မူဝါဒအသစ် လေးခုဟာ မြန်မာဒိုင်အက်စပိုရာ (Myanmar Diaspora) တွေ လက်ထဲကို စစ်ကောင်စီရဲ့ ပုံရိပ်အသစ်ဖော်ထုတ်ဖို့ကြိုးစားနေမှုကို ဖြိုခွင်းနိုင်မယ့် အားကောင်းတဲ့ ကိရိယာတွေ… Read more: https://bur.mizzima.com/2026/03/09/84343
👍10❤2🥴2😁1
ဓါတ်ပုံ - ချောက်-ဆိပ်ဖြူ လမ်းပိုင်းတွင် မတ်လ ၁ ရက်နေ့ တွင် ရှောင်တခင်စစ်ဆေးမှု ပြုလုပ်နေစဉ် ဖမ်းဆီးရမိသည့် စစ်ကော်မရှင်တပ်မှ ဗိုလ်ကြီး နှင့် နောက်လိုက်တဦး အားတွေ့ ရစဉ် (ဧရာဒေါင်းအဖွဲ့ ပေးပို့)
👍10❤1😁1🥴1
ဓါတ်ပုံ - ချောက်-ဆိပ်ဖြူ လမ်းပိုင်းတွင် မတ်လ ၁ ရက်နေ့ တွင် ရှောင်တခင်စစ်ဆေးမှု ပြုလုပ်နေစဉ် ဖမ်းဆီးရမိသည့် စစ်ကော်မရှင်တပ်မှ ဗိုလ်ကြီး နှင့် နောက်လိုက်တဦး အားတွေ့ ရစဉ် (ဧရာဒေါင်းအဖွဲ့ ပေးပို့)
👍5💩4😁1🥴1
ဓါတ်ပုံ - ချောက်-ဆိပ်ဖြူ လမ်းပိုင်းတွင် မတ်လ ၁ ရက်နေ့ တွင် ရှောင်တခင်စစ်ဆေးမှု ပြုလုပ်နေစဉ် ဖမ်းဆီးရမိသည့် စစ်ကော်မရှင်တပ်မှ ဗိုလ်ကြီး နှင့် နောက်လိုက်တဦး အားတွေ့ ရစဉ် (ဧရာဒေါင်းအဖွဲ့ ပေးပို့)
💩7👍3😁1🥴1
ကမ္ဘာ့လက်နက်တင်သွင်းမှု၏ ၃၃ ရာခိုင်နှုန်းမှာ ဥရောပကဖြစ်ပြီး လွန်ခဲ့သော ငါးနှစ်တာကာလနှင့်ယှဉ်လျှင် ၂၁၀ ရာခိုင်နှုန်းတက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ကမ္ဘာ့အကြီးဆုံးလက်နက်တင်သွင်းသည့်နိုင်ငံ သုံးနိုင်ငံမှာ အရှေ့အလယ်ပိုင်းဒေသမှဖြစ်ပြီး စုစုပေါင်းတင်သွင်းမှု၏ ထက်ဝက်ကျော်ဖြစ်သော ၅၄ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84351

#ဥရောပဝယ်လိုအား
#ကမ္ဘာ့လက်နက်တင်ပို့မှု
#မြင့်တက်လာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎6🔥2❤1👍1
ပီယက်ထရို မီလီလိုနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ သုတေသီများသည် ကမ္ဘာတဝန်းရှိ တံတားပေါင်း ၇၄၄ စင်းကို အကဲဖြတ်ခဲ့ကြရာ မြောက်အမေရိကရှိ တံတားများသည် ယေဘုယျအားဖြင့် အဆိုးရွားဆုံး အခြေအနေတွင်ရှိနေပြီး အာဖရိကရှိ တံတားများက ဒုတိယလိုက်နေသည်။ ဂြိုဟ်တုများကို အသုံးပြု၍ တံတားတည်ငြိမ်မှုကို ခြေရာခံရန်နှင့် ရှေ့ပြေးသတိပေးလက္ခဏာများကို စောစီးစွာရှာဖွေနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံစောင့်ကြည့်ရေး မဟာဗျူဟာသစ်ဖော်ဆောင်ရန်ကိုလည်း သုတေသနအဖွဲ့က အဆိုပြုခဲ့သည်။

မြောက်အမေရိကတွင် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း တံတားများ အရှိန်အဟုန်ဖြင့် တည်ဆောက်ခဲ့ခြင်းကြောင့် အများစုမှာ ယခုအခါ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး သက်တမ်းကုန်ရန် နီးကပ် သို့မဟုတ် ကျော်လွန်နေပြီ ဖြစ်သည်။
Read more: https://bur.mizzima.com/2026/03/09/84354
👍9🔥1
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကြီးဆေးခန်းတခု၌ အလှပြုပြင်ခွဲစိတ်မှုခံယူသည့် စီးပွားရေးလုပ်ငန်းရှင်အမျိုးသားတဦး နောက်ဆက်တွဲ ကြုံရသည့်အခြေအနေနှင့်ပတ်သက်ပြီး လူနာမိသားစုနှင့် ဆေးခန်းအကြား ပြောဆိုချက်များ ကွဲလွဲလျက် ရှိသည်။

ဆေးခန်း၌ အလှပြုပြင်ခွဲစိတ်မှုအပြီး လူနာဖြစ်သူသည် ရက်အတော်ကြာ သတိမေ့မြောနေသည်ဟု ဆိုရင်း ယင်းလူနာ၏ မိသားစုက စားသုံးသူ (သုံးစွဲသူ) အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဖေ့ဘွတ်ခ်စာမျက်နှာတခုမှတဆင့် အကူအညီ တောင်းခံထားသည်။

မိသားစု၏ အဆိုအရ ခွဲစိတ်မှုအပြီး နောက်ဆက်တွဲ ပြုစုကုသစရိတ်များက ယခုအခါ ဘတ် ၂,၀၀၀,၀၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်ဟု သိရသည်။

တဖက်တွင် ခွဲစိတ်မှုက မျှော်လင့်ထားသည့်အတိုင်း အောင်မြင်ခဲ့ကြောင်း၊ သို့သော် လူနာသည် မေ့ဆေးနှင့်ပတ်သက်ပြီး တွေ့ရခဲသော တုံ့ပြန်မှုတခု ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်ရှိတွင် လူနာသည် သတိရနေပြီး အခြေအနေ တည်ငြိမ်ကြောင်း ဆေးခန်းဘက်က ပြောသည်ဟု သိရသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84357

#ဘန်ကောက်
#အလှပြုပြင်ခွဲစိတ်မှု
#နောက်ဆက်တွဲပြဿနာများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍5🔥2❤1
စုံ၊မ ပြဿနာကြောင့် ကျောင်းကြိုပို့မည့် မိဘများ အခက်တွေ့

ဂျူချန်း

မဇ္ဈိမ။ ။ စစ်ကော်မရှင်၏ စက်သုံးဆီခြွေတာရေးအတွက် အသစ်ထုတ်ပြန်ထားသည့် စုံ၊မ နေ့ရက်အလိုက် ကား၊ ဆိုင်ကယ်များထွက်ရန် ညွှန်ကြားချက်စတင်ပြီးနောက် ကလေးများအား ကျောင်းကြိုပို့လုပ်ရန် အခက်တွေ့နေကြောင်း ကျောင်းသားမိဘများက ပြောသည်။

စစ်ကော်မရှင်၏ စုံ၊မ နေ့ရက်အလိုက် ကား၊ဆိုင်ကယ်များထွက်ရန် ညွှန်ကြားချက်သည် မတ်လ ၇ ရက် စနေနေ့ တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ (မတ်လ ၉ ရက်) တနင်္လာနေ့သည် ကျောင်းဖွင့်ရက်ဖြစ်သဖြင့် ကျောင်းကြိုပို့လုပ်သည့် မိဘများအနေဖြင့် အခက်အခဲအချို့ ကြုံလာခြင်းဖြစ်သည်။

“လူကနေတာမြို့ပြင်မှာ။ သွားဖို့လာဖို့ကမလွယ်ဘူး။ အိုးဝေ နဲ့ပို့ရင် တခေါက်ကို ၂၀,၀၀၀ ရှိတယ်။ အဲ့ဒါတောင် သူများက စောင့်ပေးမှာမဟုတ်ဘူး။ ဘက်ထရီဘီးဝယ်ပြီး ပို့ရမလားမသိဘူး” ဟု မူကြိုကလေးကျောင်းသားမိဘတဦးက ပြောသည်။

စစ်ကော်မရှင်က စက်သုံးဆီခြွေတာရန်အတွက် လျှပ်စစ်ကား နှင့် လျှပ်စစ်ဆိုင်ကယ်များ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ တက္ကစီများ၊ စက်သုံးဆီသယ်ယာဉ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်၊…
🔥9👍3👎1