Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အရှေ့အလယ်ပိုင်းပဋိပက္ခသည် ဒုတိယသီတင်းပတ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သော်လည်း ပါရှန်းပင်လယ်ကွေ့မြောက်ပိုင်းတွင် တည်ရှိပြီး မဟာဗျူဟာအရ အရေးပါသော အီရန်၏ ခါ့ဂ်ကျွန်းကို အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များက ယခုအချိန်အထိ တိုက်ခိုက်ခြင်းမပြုသေးပေ။

အီရန်ကမ်းရိုးတန်းမှ ၁၅ မိုင်ခန့်အကွာတွင် တည်ရှိသော ယင်းကျွန်းသည် အီရန်ရေနံလုပ်ငန်း၏ အဓိကဗဟိုချက်ဖြစ်သည်။

စီးပွားရေးအရ အလွန်အရေးပါလှသဖြင့် ခါ့ဂ်ကျွန်းသည် စစ်ရေးအရ တိုက်ခိုက်ခံရနိုင်ခြေ အလွန်များပြားသော်လည်း ယင်းကျွန်းကို သိမ်းပိုက်ရန်မှာ မြေပြင်ထိုးစစ်လိုအပ်မည်ဖြစ်သဖြင့် အမေရိကန်က ဝန်လေးနေပုံရကြောင်း လေ့လာသူများက သုံးသပ်နေသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84400

#အီရန်
#ရေနံအသက်သွေးကြော
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥3❤1😱1
နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားရပြီး လေကြောင်းရော၊ ရေကြောင်းဖြင့်ပါ တိုက်ခိုက်နေချိန် စွမ်းရည် ထက်မြက်၍ အင်အားတောင့်တင်းသော ရေတပ်ထူထောင်ထားရှိရန်လိုအပ်သည်ဟု ယမန်နေ့တွင် သန်လျင်တပ်နယ် ရေတပ်သင်္ဘောကျင်းဌာနချုပ်ရှိ တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲ အခမ်းအနား၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ပါက လိုအပ်သည့်ဝန်ဆောင်မှုများ လက်လှမ်းမီရရှိနိုင်ရေးအတွက် Helpline ဖုန်း ၁၅၆၆ ကို ၂၄ နာရီ သတင်းပို့တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ကပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84403

#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#ရေတပ်သင်္ဘောကျင်းဌာနချုပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍4❤3😁2
မီးလောင်မှုကြုံခဲ့ရသည့် ဂျပန်ရောက် လုပ်သားများနှင့် မြန်မာသံအမတ် တွေ့ဆုံ၊ နိုင်ငံရေးလုပ်ချင်ရင် မြန်မာပြည်ပြန်ဟု ပြောသွား

ကီရာ

မဇ္ဈိမ။ ။ ဂျပန်နိုင်ငံ ၊ မြန်မာသံရုံး ယာယီတာဝန်ခံ သံအမတ်ကြီး ဦးကျော်ထွန်းက မီးလောင်မှုကြုံတွေ့ခဲ့ရသည့် ဂျပန်ရောက် မြန်မာလုပ်သားများနှင့် တွေ့ဆုံစဥ် နိုင်ငံရေးလုပ်လိုသူများ မြန်မာပြည်ပြန်ဟု ပြောသွားကြောင်း သိရသည်။

ဂျပန် အီဘာရခီပြည်နယ်၌ မီးလောင်မှုဖြစ်ပွားရာမှာ မြန်မာလုပ်သားများ၏ နိုင်ငံကူးလက်မှတ်များ ပျောက်ဆုံး၊ ပျက်စီးသွား၍ ပြန်လည်ထုတ်ပေးရန် မတ်လ ၅ ရက် ညနေပိုင်းက လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မဇ္ဈိမက ကြည့်ရှု့ခဲ့ရသည့် ရုပ်သံဖိုင်တွင်“မင်းတို့ အဲ့လိုအဖွဲ့အစည်းထဲကို ရောက်မသွားဖို့ မှာချင်တယ်။ မင်းတို့ကိုယ်တိုင်ရဲ့ အတွေးအခေါ်ပဲလိုတာ။ မင်းတို့ဒီကိုရောက်လာတဲ့ ရည်ရွယ်ချက်က နိုင်ငံရေးလုပ်ဖို့လား၊ ငွေရှာဖို့လား။ ကိုယ့်ရည်မှန်းချက်ကို မပျောက်စေနဲ့။ နိုင်ငံရေးလုပ်ချင်ရင် မြန်မာပြည်ပြန်ပြီးတော့ နိုင်ငံရေးသွားလုပ် ”ဟု ဦးကျော်ထွန်းက ပြောသည်။

ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံ မည်သည့်နိုင်ငံရောက်နေပါစေ နိုင်ငံရေးစိတ်မဝင်စားဘဲ မိမိ စီးပွားရေး…
🤬8❤4💩2👎1🍌1
လူထုခေါင်းဆောင်မပါဘဲ နိုင်ငံအနာဂတ် တည်ဆောက်၍မရဟု CRPH ဥက္ကဋ္ဌ ပြော

ဇာမဏီလင်းမောင်

မဇ္ဈိမ။ ။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့ မပါဝင်ဘဲ နိုင်ငံ၏ အနာဂတ်ခရီးကို ဖော်ဆောင်ရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ယနေ့တွင် ပြတ်ပြတ်သားသား ပြောကြားလိုက်သည်။

ယနေ့ (မတ်လ ၉) နံနက်ပိုင်းက ကျင်းပသည့် (၁၁) ကြိမ်မြောက် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် အစည်းအဝေးတွင် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ၂၀၂၀ ရွေးကောက်ပွဲမှ ရရှိထားသည့် ပြည်သူ့ကိုယ်စားပြုမှုသည် မည်သည့်နည်းနှင့်မျှ ချေဖျက်၍မရကြောင်း အစပျိုးပြောဆိုခဲ့ပြီး စစ်ကော်မရှင်၏ လုပ်ရပ်များမှာ အာဏာတည်မြဲရေးအတွက် ဒီမိုကရေစီမျက်နှာဖုံးစွပ်ကာ အတုအယောင်များဖြင့် လှည့်ဖြားနေခြင်းသာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

အထူးသဖြင့် စစ်ကော်မရှင်၏ရွေးကောက်ပွဲသည် တရားဝင်ကိုယ်စားပြုမှု လုံးဝရရှိနိုင်မည်မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများကလည်း ငြင်းဆိုထာ…
👍15❤3🤮1
အီရန်က နောက်ဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ပေးပို့မှု သုံးကြိမ်စလုံးသည် ရန်ကုန်မြို့အနီး သီလဝါဆိပ်ကမ်းရှိ ယခင်က Puma ခေါ် Myan Oil Terminal လေယာဉ်ဆီသိုလှောင်ရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း အတွင်းသိတဦးက Nikkei Asia သို့ ပြောသည်။

Nikkei မှ မြင်တွေ့ခဲ့ရသော ဆိပ်ကမ်းဆိုင်ရာ မှတ်တမ်းများအရ ကုန်တင်သင်္ဘော MV Reef က ထိုဆီများကို အီရတ်မှ စတင် တင်ဆောင်လာသည်ဟု လိမ်ထားသည်။ MV Reef သည် လောင်စာဆီ မက်ထရစ်တန်ပေါင်း ၁၈,၃၇၆ တန် (စည်ပေါင်း ၁၄၆,၀၀၀ ခန့်) ကို သယ်ယူပို့ဆောင်နိုင်သည်။

"သူတို့ လေယာဉ်ဆီ ပမာဏအတော်များများ တင်သွင်းထားတယ်။ ပုံမှန်ထက်တောင် ပိုများတယ်။ သူတို့က ဒီအခြေအနေအတွက် အဆင်သင့်ပြင်ထားတာပါ" ဟု အတွင်းသိက ဆိုသည်။

အီရန်သည် ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ စစ်ဘက်သုံး ဒရုန်းများကိုလည်း ထောက်ပံ့ပေးနေခဲ့ပြီး ပြီးခဲ့သည့် သုံးနှစ်လုံးလုံး ပြည်တွင်း၌ ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုရန် ယူရီးယားဓာတ်မြေသြဇာများကိုလည်း ပေးပို့ခဲ့သည်။ Read more: https://bur.mizzima.com/2026/03/09/84419
❤8👍4👎1🔥1
ထိုင်းတွင် တခြားသူများအတွက် အခကြေးငွေယူကာ ဖုန်းဆင်းမ်ကတ် မှတ်ပုံတင်ပေးခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကို မပြုလုပ်ရန် အစိုးရက သတိပေးချက် ထုတ်ပြန်လိုက်သည်။

ရာဇဝတ်မှုရည်ရွယ်ချက်များအတွက် ယင်းသို့လုပ်ဆောင်သူများသည် ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ် ဘတ် ၃၀၀,၀၀၀ အထိဖြစ်စေ ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84422

#ဆင်းမ်ကတ်မှတ်ပုံတင်
#ထိုင်း
#ဆိုက်ဘာရာဇဝတ်မှုနှိမ်နင်းရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥2❤1
👍2🤮1