Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
👍3🔥2
👍3🔥2
ဖလမ်းမြို့နယ်၌ ၄ လတာ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား ၂၀၀ ကျော်သေ၊ ချင်းတပ်ဖွဲ့ဝင် ၄၀ ကျော် ကျဆုံးဟုဆို

ပါခွီး

မဇ္ဈိမ ။ ။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ လေးလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်မှ သေဆုံးသူ ၂၀၀ ကျော်၊ ဒဏ်ရာရသူ ၂၅၀ ကျော် ၊ ဖမ်းဆီးခံရသူ ၄၀ ကျော်ရှိကြောင်း နှင့် ချင်းပူးပေါင်းတပ်ဘက်မှ ၄၂ ဦး ကျဆုံးကြောင်း ချင်းရေးရာအဖွဲ့ (ICA )က သတင်းထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ၏ အချက်အလက်များအရဖြစ်သည်ဟု ICA က မတ်လ ၉ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သေဆုံးထိခိုက်မှု ဒေတာအချက်အလက်တွေကို ဒီတိုက်ပွဲမှာပါဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ တာဝန် ရှိသူတွေရဲ့ အစီရင်ခံတာတွေက ယူပြီး တခြားအချက်လက်တွေကတော့ ကျွန်တော်တို့ မြေပြင်သတင်းကို အဓိကယူပြီး စိစစ်အတည်ပြုတာပါ” ဟု ICA သတင်းပြန်ကြားရေးတာဝန်ခံ ဆလိုင်းဗန်ဆွီးစံ က မဇ္ဈိမကိုပြောသည်။

ထိုကာလအတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂,၅၀၀ ကျော်လုပ်ခဲ့ကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား…
👍10🥴2
အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းက မိုဂျ်တာဘာကို "ဒဏ်ရာရစစ်ပြန်" ဟု သုံးနှုန်းခေါ်ဆိုခဲ့သည့်အတွက် မိုဂျ်တာဘာသည် လက်ရှိဖြစ်ပွားနေသော စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ပုံရကြောင်း Iran International သတင်းဌာနက ဖော်ပြခဲ့သည်။

မိုဂျ်တာဘာသည် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ကာ စိတ်ပညာနှင့် စိတ်ပိုင်းစိစစ်လေ့လာမှုဆိုင်ရာ အထူးပြုသင်တန်းများကို တက်ရောက်ပြီးစီးထားသူဖြစ်ကြောင်း၊ ခေတ်မီနည်းပညာများ၊ စစ်ဘက်ဆိုင်ရာ သိပ္ပံပညာရပ်များနှင့် လုံခြုံရေးကိစ္စရပ်များကို သိရှိနားလည်သည့်အပြင် နိုင်ငံရေးမူဝါဒများနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကိုပါ နှံ့စပ်သူဖြစ်ကြောင်း အီရန်အစိုးရ ရုပ်သံလိုင်းက ကြေညာခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပစ်မှတ်ထား
#တိုက်ခိုက်မှုများ
#မိုဂျ်တာဘာခါမေနီ
#ဒဏ်ရာရရှိထားဟ
#အစ္စရေး
#ယူဆ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
🤣7👍3👏2🔥1
ဒီမိုကရေစီနည်းကျ အုပ်ချုပ်သော ထိုင်ဝမ်ကို မိမိ၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားသည့် တရုတ်က ထိုင်ဝမ်ခေါင်းဆောင်များ၏ မည်သည့် ပြည်ပခရီးစဉ်ကိုမဆို ပုံမှန်အားဖြင့် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသော်လည်း၊ ယခု ဝန်ကြီးချုပ် ချိုကို ပစ်မှတ်ထားရာတွင်မူ ထူးထူးခြားခြား ပြင်းထန်သော စကားလုံးများကို အသုံးပြုခဲ့သည်။

"ခင်ဗျားတို့ ပြောတဲ့လူဟာ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေ ရှိထားတာပါ၊ သူဟာ မသမာတဲ့နည်းနဲ့ ခိုးကြောင်ခိုးဝှက်လုပ်ဆောင်ပြီး လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့ လှည့်ကွက်လေးတွေနဲ့ ရန်စမှုတွေ လုပ်ဖို့ ဂျပန်ကို သွားတာဖြစ်တယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါ်ကျားကွမ်က ပေကျင်းတွင် သတင်းထောက်များကို ပြောသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/10/84504

#ထိုင်ဝမ်
#ဝန်ကြီးချုပ်
#ဘေ့စ်ဘောပွဲ
#ဂျပန်
#ခရီးစဉ်
#တရုတ်
#ပြစ်တင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
🔥7👍2😁1💩1
https://www.youtube.com/watch?v=2Eh82-yBEuI
မတ်လ ၁၀ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ စျေးနှုန်းများ
👍3🔥3
ယူကေ၏ အထူးဆန်းဆုံး ပြိုင်ပွဲများအနက် တခုဖြစ်သည့် ဇနီးထမ်းပြေးပွဲ၌ ဖင်လန်နိုင်ငံမှ စုံတွဲတတွဲက အနိုင်ရရှိသွားသည်။

၁၇ ကြိမ်မြောက်အဖြစ် ကျင်းပသည့် ယူကေဇနီးထမ်းပြေးပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် လူအများအပြားသည် ဆိုးရွားသည့် ရာသီဥတုကို အံတုပြီး ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/10/84509
👍10🔥1
👍6🔥1
👍5❤4🔥1
👍5💔2❤1🔥1
စိတ်ဖိစီးမှုများသော မိဘများသည် အသင့်စား အစားအစာ (Fast Food) များကို ပိုစားကြပြီး ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုအလေ့အထများ ရှိတတ်ကြောင်း ယခင်သုတေသနများတွင် တွေ့ရှိရသည်။ ထိုရွေးချယ်မှုများက ကလေးများ၏ အပြုအမူနှင့် အစားအစာ နှစ်သက်မှုများအပေါ် သက်ရောက်မှုရှိနိုင်သည်။

မိဘများ စိတ်ဖိစီးမှုဒဏ်ပိနေသောအခါ မိသားစု၏ နေ့စဉ်လုပ်ဆောင်နေကျ အလေ့အထများ ပျက် ပြားသွားနိုင်ပြီး၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများကို ပိုရွေးချယ်လာကာ ကလေးပြုစုပျိုး ထောင်မှုဆိုင်ရာ ကောင်း မွန်သောအပြုအမူများလည်း လျော့နည်းသွားနိုင်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မိဘများ
#စိတ်ဖိစီးခြင်း
#ကလေးများ
#အဝလွန်
#အကြောင်းရင်းဖြစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍7❤1🔥1
https://www.youtube.com/watch?v=e6rgDOgCGSU
အီရန်သည် တိုက်ခိုက်မှုများဖြင့် “ကမ္ဘာကြီးကို ဓားစာခံလုပ်ရန် ကြိုးစားနေ” ဟု ရူဘီယို ပြော
👍7🔥3
https://www.youtube.com/watch?v=gPJhDUGh8Hs
အီရန်သည် တိုက်ခိုက်မှုများဖြင့် “ကမ္ဘာကြီးကို ဓားစာခံလုပ်ရန် ကြိုးစားနေ” ဟု ရူဘီယို ပြော
👍7🔥3
https://www.youtube.com/watch?v=zVxedDr2-e4
မတ်လ ၁၀ ရက် ၊ ည ၇ နာရီ ၊ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်
👍7🍌3
တရုတ်နိုင်ငံ၏ စားသုံးသူ ကုန်စျေးနှုန်းဖောင်းပွမှုသည် ဖေဖော်ဝါရီလတွင် သုံးနှစ်အတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့ပြီး စက်ရုံထွက်ကုန်စျေးနှုန်းများ ကျဆင်းမှုမှာတော့ လျော့နည်းသွားကြောင်း မတ်လ ၉ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များက ပြသနေသည်။

ငွေကြေးဖောင်းပွမှုကို တိုင်းတာသည့် အဓိကအညွှန်းကိန်းဖြစ်သော စားသုံးသူစျေးနှုန်းအညွှန်းကိန်း (CPI) သည် ဇန်နဝါရီလတွင် ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလတွင် ယခင်နှစ် အလားတူကာလထက် ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယင်းမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဌာန (NBS) အရ သိရသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/10/84518

#တရုတ်
#စားသုံးသူစျေးနှုန်း
#ဖောင်းပွမှု
#အမြင့်ဆုံးသို့ရောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👏7🔥2👍1
https://www.youtube.com/watch?v=RLB3cixyI70
မတ်လ ၁၀ ရက်နေ့ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
🍌5👏4