Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တရုတ်နိုင်ငံ၏ စားသုံးသူ ကုန်စျေးနှုန်းဖောင်းပွမှုသည် ဖေဖော်ဝါရီလတွင် သုံးနှစ်အတွင်း အမြန်ဆုံးနှုန်းဖြင့် မြင့်တက်ခဲ့ပြီး စက်ရုံထွက်ကုန်စျေးနှုန်းများ ကျဆင်းမှုမှာတော့ လျော့နည်းသွားကြောင်း မတ်လ ၉ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များက ပြသနေသည်။

ငွေကြေးဖောင်းပွမှုကို တိုင်းတာသည့် အဓိကအညွှန်းကိန်းဖြစ်သော စားသုံးသူစျေးနှုန်းအညွှန်းကိန်း (CPI) သည် ဇန်နဝါရီလတွင် ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလတွင် ယခင်နှစ် အလားတူကာလထက် ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယင်းမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဌာန (NBS) အရ သိရသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/10/84518

#တရုတ်
#စားသုံးသူစျေးနှုန်း
#ဖောင်းပွမှု
#အမြင့်ဆုံးသို့ရောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👏7🔥2👍1
ကနေဒါနိုင်ငံသား ဒါရိုက်တာများပါဝင်သည့် ကုမ္ပဏီတခုသည် မြန်မာနိုင်ငံရှိ လူသတ်ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်အုပ်စုနှင့် တိုက်ရိုက်ဆက်နွှယ်နေသော နိုင်ငံပိုင်လုပ်ငန်းတခုနှင့် ပူးပေါင်းကာ အကျိုးအမြတ်များစွာရရှိနေသည့် ပုလဲမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေကြောင်း ကော်ပိုရေးရှင်းနှင့် အစိုးရမှတ်တမ်းများအရ သိရသည်ဟု CBC News တွင် ဖော်ပြထားသည်။

Belpearl ကုမ္ပဏီသည် တိုရွန်တို၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂျပန်နှင့် မြန်မာနိုင်ငံတို့တွင် မှတ်ပုံတင်ထားသော ဆက်စပ်လုပ်ငန်းများ ကွန်ရက်မှတဆင့် လည်ပတ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုလုပ် ငန်းများအနက် တခုဖြစ်သော Belpearl Myanmar သည် မြန်မာနိုင်ငံရှိ ကပ်လျက်နေရာနှစ်ခုတွင် ပုလဲမွေးမြူရေးစခန်းတခုကို လုပ်ကိုင်လျက်ရှိသည်။

"ဒီပုလဲတွေကို 'သွေးစွန်းနေတဲ့ ပုလဲတွေ' လို့ ခေါ်ဆိုဖို့အတွက် လုံလောက်တဲ့ အထောက်အထားတွေ အခိုင်အမာ ရှိနေပါတယ်" ဟု Justice for Myanmar (JFM) အဖွဲ့ကို ကိုယ်စားပြုသည့် ဥပဒေကုမ္ပဏီ McMillan LLP မှ ဝီလျံ ပယ်လရင်က ပြောသည်။

Read more: https://bur.mizzima.com/2026/03/10/84524
👍9🖕5❤2🔥1😁1
အီရန်ဦးသျှောင် အယာတိုလာ အလီခါမေနီ သေဆုံးမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဟစ်ဇ်ဘိုလာ အဖွဲ့က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်၊ မတ်လ ၂ ရက်တွင် လက်ဘနွန်အစိုးရက ဟစ်ဇ်ဘိုလာ ၏ စစ်ရေးလှုပ်ရှားမှုအားလုံးကို ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။

ဟစ်ဇ်ဘိုလာ၏ တိုက်ခိုက်မှုများသည် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကို လက်ဘနွန်နှင့် ပဋိပက္ခ ဖြစ်ပွားစေရန် ကြိုးပမ်းမှုဖြစ်ကြောင်း သမ္မတက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/10/84531

#အစ္စရေး
#အပစ်အခတ်ရပ်ပြီး
#ဟစ်ဇ်ဘိုလာ
#လက်နက်ဖြုတ်သိမ်းမည်
#လက်ဘနွန်
#သမ္မတ
#ကတိပြု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍17❤1🔥1😁1
ည ၁၁ နာရီဝန်းကျင်တွင် ရဲအရာရှိများက ၎င်း၏ ဘေးတွဲကို ရပ်တန့်ခိုင်းရာ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံအထောက်အထား မပါရှိသည့်အပြင် စက်သုံးဆီများ အပြည့်ထည့်ထားသည့် ပုံးများကိုပါ တွေ့ရှိခြင်း ဖြစ်သည်။

"စစ်ဆေးမေးမြန်းတဲ့ ဒီ ဒီဇယ်ဆီတွေကို မြန်မာဘက် သယ်ဆောင်ဖို့ဆိုတာကို အဲဒီလူ ကိုယ်တိုင်က ဝန်ခံတယ်" ဟု ရဲတပ်ဖွဲ့က ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/10/84538

#ဆီမှောင်ခို
#ထိုင်း
#မြန်မာနိုင်ငံသား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥3❤1
"ဒီနေ့ကစပြီး အစိုးရဝန်ထမ်းတွေဟာ အိမ်ကနေပဲ အလုပ်လုပ်ရမယ်လို့ ဝန်ကြီးချုပ်က အမိန့်ပေးထားပါတယ်" ဟု ပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပီရီဆီဝပ်တာနာက သတင်းထောက်များကို ပြောကြားခဲ့ပြီး ပြည်သူကို တိုက်ရိုက်ဝန်ဆောင်မှုပေးရမည့် အရာရှိများအတွက် ခြွင်းချက်ထားရှိမည်ဟု ဆိုသည်။

အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သော ထိုင်းတွင် အရန်ဆီ ၉၅ ရက်စာခန့်သာ ကျန်ရှိတော့ပြီး အမေရိကန်၊ ဩစတြေးလျနှင့် တောင်အာဖရိကနိုင်ငံတို့မှ သဘာဝဓာတ်ငွေ့ရည် (LNG) အရင်းအမြစ်သစ်များ ရရှိရန် ကြိုးပမ်းနေကြောင်း စွမ်းအင်ဝန်ကြီး အတ်တာပိုလ် ရပ်ပီဘွန်းက ပြောသည်။

"အခြေအနေတွေ ပိုမိုဆိုးရွားလာမယ်ဆိုရင် အစိုးရအနေနဲ့ ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကြော်ငြာမီးဆိုင်းဘုတ်တွေကို မှိန်ထားဖို့နဲ့ စက်သုံးဆီဆိုင်တွေကို ည ၁၀ နာရီမှာ ပိတ်ခိုင်းဖို့အပါအဝင် မဖြစ်မနေလိုက်နာရမယ့် အစီအမံတွေကို စဉ်းစားသွားနိုင်ပါတယ်" ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/10/84541

#အစိုးရဝန်ထမ်းများ
#ထိုင်း
#စွမ်းအင်ချွေတာရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14🔥3❤2
👍3🔥1