Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ည ၁၁ နာရီဝန်းကျင်တွင် ရဲအရာရှိများက ၎င်း၏ ဘေးတွဲကို ရပ်တန့်ခိုင်းရာ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံအထောက်အထား မပါရှိသည့်အပြင် စက်သုံးဆီများ အပြည့်ထည့်ထားသည့် ပုံးများကိုပါ တွေ့ရှိခြင်း ဖြစ်သည်။

"စစ်ဆေးမေးမြန်းတဲ့ ဒီ ဒီဇယ်ဆီတွေကို မြန်မာဘက် သယ်ဆောင်ဖို့ဆိုတာကို အဲဒီလူ ကိုယ်တိုင်က ဝန်ခံတယ်" ဟု ရဲတပ်ဖွဲ့က ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/10/84538

#ဆီမှောင်ခို
#ထိုင်း
#မြန်မာနိုင်ငံသား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥3❤1
"ဒီနေ့ကစပြီး အစိုးရဝန်ထမ်းတွေဟာ အိမ်ကနေပဲ အလုပ်လုပ်ရမယ်လို့ ဝန်ကြီးချုပ်က အမိန့်ပေးထားပါတယ်" ဟု ပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပီရီဆီဝပ်တာနာက သတင်းထောက်များကို ပြောကြားခဲ့ပြီး ပြည်သူကို တိုက်ရိုက်ဝန်ဆောင်မှုပေးရမည့် အရာရှိများအတွက် ခြွင်းချက်ထားရှိမည်ဟု ဆိုသည်။

အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သော ထိုင်းတွင် အရန်ဆီ ၉၅ ရက်စာခန့်သာ ကျန်ရှိတော့ပြီး အမေရိကန်၊ ဩစတြေးလျနှင့် တောင်အာဖရိကနိုင်ငံတို့မှ သဘာဝဓာတ်ငွေ့ရည် (LNG) အရင်းအမြစ်သစ်များ ရရှိရန် ကြိုးပမ်းနေကြောင်း စွမ်းအင်ဝန်ကြီး အတ်တာပိုလ် ရပ်ပီဘွန်းက ပြောသည်။

"အခြေအနေတွေ ပိုမိုဆိုးရွားလာမယ်ဆိုရင် အစိုးရအနေနဲ့ ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကြော်ငြာမီးဆိုင်းဘုတ်တွေကို မှိန်ထားဖို့နဲ့ စက်သုံးဆီဆိုင်တွေကို ည ၁၀ နာရီမှာ ပိတ်ခိုင်းဖို့အပါအဝင် မဖြစ်မနေလိုက်နာရမယ့် အစီအမံတွေကို စဉ်းစားသွားနိုင်ပါတယ်" ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/10/84541

#အစိုးရဝန်ထမ်းများ
#ထိုင်း
#စွမ်းအင်ချွေတာရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14🔥3❤2
👍3🔥1
👍3🔥1
👍3🔥1
👍4🔥1
👍4🔥1
❤4🔥1
👍2🥰1
👍5
🥰2🔥1
အီရန်လုံခြုံရေးဆိုင်ရာ အကြီးအကဲ အလီလာရီဂျာနီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အင်္ဂါနေ့တွင် လူမှုကွန်ရက်စာမျက်နှာတွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။

"ခင်ဗျားထက် ပိုမိုကြီးကျယ်သူတဲ့ လူတွေတောင် အီရန်ကို မဖျက်ဆီးနိုင်ခဲ့ဘူး။ ခင်ဗျားကိုယ်ခင်ဗျားသာ သတိထား၊ အမြစ်ပြတ်ချေမှုန်းခံရမယ်" ဟုလာရီဂျာနီက X လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

ယင်းမတိုင်မီက သမ္မတ ထရမ့်က အီရန်နှင့် ဦးသျှောင်အသစ်ဖြစ်သူ မိုဂျတာဘာ ခါမေနီတို့အပေါ် ခြိမ်းခြောက်သည့် မှတ်ချက်များ ပြုလုပ်ခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/11/84545

#ထရမ့်
#အီရန်
#သတိပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤7🔥3🤣3🥴1🫡1
အီရန်က ပြန်လည်ခုခံတိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း စစ်ပွဲမစတင်မီ အမေရိကန်စစ်တပ်က ခန့်မှန်းတွက်ချက်ထားသည်ထက် ပိုမိုအင်အားတောင့်တင်းခြင်း (သို့မဟုတ်) ပိုမိုခက်ခက်ခဲခဲရင်ဆိုင်ရ ခြင်းမျိုးမရှိကြောင်း အမေရိကန်ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးက အင်္ဂါနေ့တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

တချိန်တည်းမှာပင် ပင်တဂွန်စစ်ဌာနချုပ်က ၁၀ ရက်မြောက်ရှိလာပြီဖြစ်သော ယင်းပဋိပက္ခအား ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများကို ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#အီရန်
#အင်အားမတောင့်တင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12🔥3😁3❤1
၁၀ ရက်တာ ကြာမြင့်လာပြီဖြစ်သည့် အီရန်နှင့် စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၅၀ ခန့်အထိ ဒဏ်ရာရရှိထားကြောင်း ယင်းကိစ္စကို သိရှိသူ သတင်းရင်းမြစ်နှစ်ဦးက မတ်လ ၁၀ ရက်တွင် ရိုက်တာကို ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက် သတင်းထုတ်ဖော်မှုမှာ ယခင်က ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ ယင်းထိခိုက်ဒဏ်ရာရမှု အရေအတွက်နှင့်ပတ်သက်ပြီး ရိုက်တာ၏ သတင်းထုတ်ဖော်မှု မတိုင်မီ ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်တပ်ဖွဲ့ဝင် ရှစ်ဦးသာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်ဟု ထုတ်ပြန်ထားခဲ့သည်။

ရိုက်တာ၏ သတင်းဖော်ပြချက် ထွက်ပေါ်ပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ချက်တခု ထုတ်ပြန်ရာတွင် ဒဏ်ရာရရှိသူ ၁၄၀ ခန့် ရှိနိုင်ကြောင်း ခန့်မှန်းပြီး ၎င်းတို့အနက် အများစုသည် အသေးစား ဒဏ်ရာတို့သာ ဖြစ်ကြောင်း ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#အီရန်
#ဒဏ်ရာရရှိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥4😱1