Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထီးချိုင့်နယ်ကို စစ်ကော်မရှင်တပ်က ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ၈ ဦးထက်မနည်းသေဆုံး

MTO

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်ဖွဲ့ က သုံးရက်ဆက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ရှစ်ဦးထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည့် မတ်လ ၈ ရက် ၉ရက် နှင့် ၁၀ရက်နေ့ များတွင် ထီးချိုင့်နယ်အတွင်းရှိ ကျေးရွာ လေးရွာ အထိကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Tigyaing Revolution အဖွဲ့ က သတင်းထုတ်ပြန်သည်။

မတ်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ဟုမ္မလင်း မှ တက်လာသည့် ဂျက်ဖိုက်တာလေယာဉ်ဖြင့် အလယ်တောရွာ တိုက်နယ်ဆေးပေးခန်းအနီးကို ဗုံးသီး နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ နှစ်ဦး ထိခိုက်ခဲ့သည်။

အလားတူ မတ်လ ၉ ရက်နေ့ နေ့လယ် ၂ နာရီ ၁၄ မိနစ်အချိန်တွင် အောင်သာကုန်းရွာအနီး ဗုံး နှစ်လုံးကြဲချသွားပြီး ညနေ ၄နာရီ ၃၀မိနစ်အချိန်တွင် တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာ နှစ်စီးဖြင့် စပ်စားရွာနှင့် နီတာရွာအနီး နေရာများကို ဗုံး လေးကြိမ်အထိ ကြဲချတိုက်ခိုက်ခဲ့ရာ…
🤬7❤4👎2😁1
ယခုနည်းဥပဒေသစ်များသည် အိန္ဒိယနှင့်ကုန်းမြေချင်းဆက်စပ်နေသည့်နိုင်ငံအားလုံးမှ ရင်းနှီးမြှုပ်နှံမှုအားလုံး အကျုံးဝင်မည်ဖြစ်သည်။

ယခုနည်းဥပဒေသစ်များအရ နိုင်ငံခြားပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းအထိသာရှိပြီး “ထိန်းချုပ်လွှမ်းမိုးနိုင်ခြင်းမရှိ” သည့် ကုမ္ပဏီများသည် အစိုးရ၏ကြိုတင်ခွင့်ပြုချက်တောင်းခံစရာမလိုဘဲ ရင်းနှီးမြှုပ်နှံခွင့်ရကြမည်ဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/11/84569

#တရုတ်
#အိန္ဒိယ
#ရင်းနှီးမြှုပ်နှံမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤣5❤3👎2🔥1
ထိုဒေသအတွင်းရှိ “ဟက်ဇ်ဘိုလာအဖွဲ့၏အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများစတင်နေပြီ” ဟု အစ္စ ရေးစစ်တပ်ကကြေညာချက်ထုတ်ပြန်ပြောကြားသည်။

လူပေါင်း ၇၅၉,၃၀၀ ဦးမှာ နေရပ်စွန့်ခွာခဲ့သူများအဖြစ် မှတ်ပုံတင်ထားပြီးဖြစ်သည်ဟု လက်ဘနွန်အာဏာပိုင် များကပြောသည်။ ထိုအထဲမှ ၁၂၂,၆၀၀ ဦးမှာ ခိုလှုံရာစခန်းများတွင်နေထိုင်နေကြသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဘေရွတ်မြို့
#အစ္စရေး
#တိုက်ခိုက်မှုသစ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7🔥4❤1
တော်လှန်ရေးအင်အားစုအချင်းချင်း လက်နက်ဖြင့်ဖြေရှင်းနေမှုများ ရပ်တန့်ပြီး ‘တပ်ပေါင်းစု’ အမြန်ဆုံးဖွဲ့ရန် အဖွဲ့ ၄၀ ကျော် တောင်းဆို

မောင်ခက်နွေ

မဇ္ဈိမ ။ ။ နွေဦးတော်လှန်ရေး ရေချိန်မြင့်တက်လာချိန်တွင် တော်လှန်ရေးအင်အားစုအချင်းချင်းကြား ဖြစ်ပေါ်လာသည့် ပဋိပက္ခများကို လက်နက်ဖြင့် မဖြေရှင်းကြဘဲ နိုင်ငံရေးအရ တန်းတူညီမျှမှုရှိသော ‘တပ်ပေါင်းစု’ တရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် အရပ်ဘက်နှင့် တော်လှန်ရေးအဖွဲ့အစည်း ၄၅ ဖွဲ့က ပူးတွဲထုတ်ပြန် တောင်းဆိုလိုက်သည်။

ယမန်နေ့(မတ်လ ၁၀) တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး ဟူသော ဘုံရည်မှန်းချက်ထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ကာ မဟာမိတ်အချင်းချင်း ရန်သူသဖွယ် သဘောထားလာကြခြင်း၊ ပြည်သူလူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်လာခြင်း စသည့် ရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်များ ပိုမိုများပြားလာသည့်အပေါ် ယခုလို ပြင်းပြင်းထန်ထန် သတိပေးရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မဟာမိတ်ကို အားပြု၊ ကြားနေကို စည်းရုံး၊ ရန်သူကို တိုက်” ဆိုသည့် အခြေခံသဘောတရားနှင့် ဆန့်ကျင်ကာ အချင်းချင်း စစ်ရေးအရ တိုက်ခိုက်မှုများ၊…
👍14🤣2❤1
အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကိုခံနေရသည့် ပါရှန်းပင်လယ်ကွေ့နိုင်ငံများကို သြစတြေးလျက စစ်ဘက်ဆိုင်ရာအကူအညီများ ပေးအပ်သွားမည်ဖြစ်သည်။

ဒေသတွင်း ကာကွယ်စောင့်ရှောက်ရန်အတွက် ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် E-7A Wedgetail ကင်းထောက် လေယာဉ်တစင်းကို အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်က ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/11/84576

#အီရန်
#ပင်လယ်ကွေ့နိုင်ငံများ
#ဩစတြေးလျ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍13🔥4
အာဏာသိမ်းစစ်တပ်၏ ပုလဲလုပ်ငန်း၌ ပါဝင်ပတ်သက်နေသည့် ကနေဒါနိုင်ငံသား မိသားစု ၄ ဦးကို အရေးယူရန် JFM တိုင်ကြား

မောင်ခက်နွေ

မဇ္ဈိမ။ ။ အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော ကနေဒါနိုင်ငံသား မိသားစု လေးဦးကို အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူပေးရန် Justice For Myanmar (JFM) က ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) ထံ တိုင်ချက်ဖွင့်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

ယမန်နေ့(မတ် ၁၀ ရက်) ညပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပြီး ထိုတိုင်ကြားခံရမှုထဲ အဓိက ပါဝင်နေသူများမှာ Belpearl ကုမ္ပဏီကွန်ရက်ကို ပိုင်ဆိုင်သည့် Pierre Hajjar ၊ Marie Rose Jarmakli Hajjar ၊ Sarkis Hajjar နဲ့ Michael Pierre Hajjar တို့ ဖြစ်သည်။ ၎င်းတို့ဟာ ကနေဒါအစိုးရ၏ ပိတ်ဆို့အရေးယူမှုကို ဂရုမစိုက်ဘဲ မြန်မာစစ်တပ်နှင့် အကျိုးတူ စီးပွားရေး ဆက်လုပ်နေခြင်းဖြစ်ကြောင်း JFM ၏ ထုတ်ပြန်ချက်အရ သိရသည်။

Belpearl Myanmar ဟာ တနင်္သာရီတိုင်းက ရွှေကျွန်း (Russel Island) တွင် အာဏာသိမ်းစစ်တပ်ပိုင် မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) နှင့် စာချုပ်ချုပ်ပြီး လုပ်ကိုင်နေခြင်းဖြစ်သည်။…
👍8❤4🤣2
ရွေးကောက်ပွဲရှုံးသည့် ပါတီများ အခွင့်အလမ်းကို ထိရောက်စွာ အသုံးမချနိုင်ဟု စစ်ခေါင်းဆောင် အပြစ်တင်

001

မဇ္ဈိမ။ ။ စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သည့် ပါတီများအနေဖြင့် အခွင့်အလမ်းများကို ထိရောက်စွာ အသုံးချနိုင်မှုမရှိခဲ့ကြောင်း စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (မတ် ၁၀) ရက်က ပြောသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (မတ် ၁၁) ထုတ် စစ်ကော်မရှင် ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

“အချို့ပါတီများအနေဖြင့် ပေးထားသည့် အခွင့်အလမ်းများကို ထိရောက်စွာ အသုံးချနိုင်မှု မရှိခဲ့သည်ကို တွေ့ရှိရပြီး ပြည်သူများနှင့် ပိုမိုထိတွေ့သည့်ပါတီများမှ ပြည်သူ့ထောက်ခံမဲများ ပိုမိုရရှိခဲ့သည်ကို တွေ့ရကြောင်း” ဟု စစ်ခေါင်းဆောင်က ပြောသည်။

စစ်ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ကို ၂၀၂၃ ခုနှစ်တွင် စတင်ခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီး ပါတီများအနေဖြင့် ပြင်ဆင်ချိန်…
🤣11🖕5🔥1😁1💩1
https://www.youtube.com/watch?v=DP3M0FpqtZg
မိုင်းထောင် သင်္ဘော ၁၆ စီးကို ဖျက်ဆီးလိုက်ကြောင်း အမေရိကန် ပြော (ရုပ်သံ)
👍7🥴2
https://www.youtube.com/watch?v=LLdQLyp-5Yk
မိုင်းထောင် သင်္ဘော ၁၆ စီးကို ဖျက်ဆီးလိုက်ကြောင်း အမေရိကန် ပြော (ရုပ်သံ)
👍8🥴1🤣1
အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်မှာ အမှားတွေလုပ်မိတဲ့ စပါးဂိုးသမားကို ဒီဂီယာ အားပေးစကားဆို

Goal

အက်သလက်တီကိုမက်ဒရစ်ကို ၅-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ အင်္ဂါနေ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာ အမှားနှစ်ကြိမ်ပြုလုပ်ခဲ့တာကြောင့် ပွဲချိန် ၁၇ မိနစ်မှာတင် လူစားလဲခံခဲ့ရတဲ့ တော့တင်ဟမ်ဟော့စပါးဂိုးသမား အန်တိုနင် ကင်စကီးကို ယူနိုက်တက်ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာက နှစ်သိမ့်အားပေးခဲ့ပါတယ်။

စပါးအသင်းဟာ ဒီရာသီမှာ ကင်စကီးကို အီတလီဂိုးသမား ဂူဂလီယဲလ်မို ဗီကာရီယိုရဲ့ရဲ့ အရန်အဖြစ်သာ ထားရှိတာဖြစ်ပေမဲ့ အက်သလက်တီကိုနဲ့ချန်ပီယံလိဂ်ပွဲမှာတော့ နည်းပြ အီဂေါ တူဒေါက အသက် ၂၂ အရွယ် ချက်ဂိုးသမားလေးကို ပွဲထွက်အသုံးပြုခဲ့တာပါ။

ကင်စကီးဟာ ဒီပွဲမှာ မထင်မှတ်ဘဲ ပွဲထွက်ခွင့်ရရှိလာခဲ့တာဖြစ်သလို ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရတာဖြစ်ပါတယ်။

စပါးတို့ ပွဲချိန် ၁၅ မိနစ်အတွင်း အက်သလက်တီကိုကို သုံးဂိုးခွင့်ပြုခဲ့ရပြီး နှစ်ဂိုးက ကင်စကီးရဲ့အမှားတွေကနေ ပေးခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ နည်းပြ တူဒေါဟာ ပွဲချိန် ၁၇ မိနစ်မှာ ကင်စကီးကို ဗီကာရီယိုနဲ့ အစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကွင်းထဲကနေ ထွက်ခွာချိန်မှာ…
👍5❤1🔥1
သရုပ်ဆောင် မင်းအုပ်စိုးကို လက်နက်ပုဒ်မဖြင့် အမှုဖွင့်

ရောင်နီ

မဇ္ဈိမ။ ။အာဏာသိမ်းစစ်ကော်မရှင်တပ်အား ထောက်ခံသူအဖြစ် ကြွေးကြော်ထားသည့် သရုပ်ဆောင်မင်းအုပ်စိုးကို တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကော်မရှင်က ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဒလ - တွံတေး ကားလမ်းမပေါ်ရှိ ဘုရားငုတ်တို X-Ray ပူးပေါင်းစစ်ဆေးရေးဂိတ်ကို သရုပ်ဆောင် မင်းအုပ်စိုးက ၎င်းကိုယ်တိုင် မောင်းနှင်လာသည့် မော်တော်ယာဉ်ဖြင့် ဖြတ်သန်းစဉ် မတ်လ ၉ ရက်နေ့ နံနက် ၁၀ ဝန်းကျင်
အချိန်၌ ဖမ်းဆီးခံရခြင်းဟု ဆိုသည်။

“ ဒလကနေ တွံတေးလာတဲ့ လမ်းက စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတဲ့အချိန် သေနတ်တွေ့လို့ ဖမ်းဆီးခံထားရတာပါ။ လက်ရှိတွံတေးရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်ဆိုပြီး သိရပါတယ်” ဟု တွံတေး ဒေသတွင်း သတင်းရင်းမြစ်က ယနေ့ (မတ်လ ၁၁ ရက်)မွန်းလွဲပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တွံတေးမြို့ကို သွားရောက်ရန် ဒလ-တွံတေးကားလမ်းမပေါ်ရှိ ဘုရားငုတ်တိုစစ်ဆေးရေးဂိတ်သို့ အောင်နိုင်ထွန်း (ခေါ်) မင်းအုပ်စိုး မောင်းနှင်လာသည့်…
👍7👏4🔥2
အမ်းမြိုနယ် ဒါးလက်ချောင်းဒေသ လေကြောင်းတိုက်ခိုက်ခံရမှု စစ်သုံ့ပန်း ၁၀၀ ကျော်သေဆုံး

MTO

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းဒေသရှိ အာရက္ခတပ်တော် (AA)၏ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းမှ ဗုံကြဲတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်ခဲ့ရာ စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရသွားကြောင်း အာရက္ခတပ်တော် (AA )က ယနေ့ (မတ်လ ၁၁ ရက်)တွင် သတင်းထုတ်ပြန်သည်။

စစ်ကော်မရှင်တပ်ဖွဲ့သည့် မတ်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အချိန်ထိ ဂျက်ဖိုက်တာ လေးစီးနှင့် Y-12 လေးစီးတို့ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို အဆက်မပြတ်လုပ်ဆောင်ခဲ့ကြောင်း အာရက္ခတပ်တော် (AA )က ထုတ်ပြန်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများထဲတွင် ပြစ်ဒဏ်ချမှတ်ခံထားရသည့် အရပ်သားတချို့လည်း ပါဝင်ကြောင်း AA က ဆိုသည်။

သုံးနာရီခွဲအထိ ကြာမြင့်သည့် ယခုလေကြောင်းတိုက်ခိုက်မှုသည် စစ်သုံ့ပန်းအဖြစ်ထားရှိထားသည် စစ်ကော်မရှင်တပ်ဖွဲ့ ဝင် အများဆုံးသေဆုံးခဲ့သည့် ဖြစ်စဉ်တခုဖြစ်ပြီး စစ်ဘက်အရာရှိကြီးများလည်း ပွဲချင်းပြ…
❤6👍5🔥4👎1😁1
တရုတ်၏ စီးပွားရေး တိုးတက်မှုအပေါ် လွတ်လပ်သော အဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအရ အစစ် အမှန်ကိန်း ဂဏန်းမှာ အစိုးရထုတ်ပြန်သော ကိန်းဂဏန်း စာရင်းဇယားများထက် များစွာနိမ့်ကျနိုင်ကြောင်း အမေရိကန်အခြေ စိုက် Stanford စင်တာမှ အကြီးတန်း သုတေသနပညာရှင် ဟူချန်းဂန်းက သတိပေးသည်။

"စီးပွားရေး ဆက်တိုက်ကျဆင်းနေတာရယ်၊ ဖိအားတွေ တိုးများလာတာကြောင့် သူတို့အနေနဲ့ ဂျီဒီပီ တရားဝင် ခန့်မှန်းချက်ကို လျှော့ချလိုက်ရတာ ဖြစ်တယ်" ဟု ၎င်းက ဆိုသည်။

မျက်နှာစုံညီ အစည်းအဝေးများကို မတ် ၁၂ ရက်တွင် အပြီးသတ်ရန် စီစဉ်ထားပြီး ထိုနေ့တွင် အမျိုးသားပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များက အစိုးရ၏ အသုံးစရိတ်၊ စီးပွားရေး ပန်းတိုင်များနှင့် ဥပဒေပြုရေး အစီအစဉ်များကို မဲခွဲအတည်ပြုကြမည်ဖြစ်သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မျက်နှာစုံညီ
#အစည်းအဝေး
#နည်းပညာသစ်
#ပြည်တွင်း
#ဝယ်လိုအားအပေါ်
#တရုတ်
#ရှေးရှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👎6❤2🤣2👍1