Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တရုတ်၏ စီးပွားရေး တိုးတက်မှုအပေါ် လွတ်လပ်သော အဖွဲ့အစည်းများ၏ ခန့်မှန်းချက်များအရ အစစ် အမှန်ကိန်း ဂဏန်းမှာ အစိုးရထုတ်ပြန်သော ကိန်းဂဏန်း စာရင်းဇယားများထက် များစွာနိမ့်ကျနိုင်ကြောင်း အမေရိကန်အခြေ စိုက် Stanford စင်တာမှ အကြီးတန်း သုတေသနပညာရှင် ဟူချန်းဂန်းက သတိပေးသည်။

"စီးပွားရေး ဆက်တိုက်ကျဆင်းနေတာရယ်၊ ဖိအားတွေ တိုးများလာတာကြောင့် သူတို့အနေနဲ့ ဂျီဒီပီ တရားဝင် ခန့်မှန်းချက်ကို လျှော့ချလိုက်ရတာ ဖြစ်တယ်" ဟု ၎င်းက ဆိုသည်။

မျက်နှာစုံညီ အစည်းအဝေးများကို မတ် ၁၂ ရက်တွင် အပြီးသတ်ရန် စီစဉ်ထားပြီး ထိုနေ့တွင် အမျိုးသားပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များက အစိုးရ၏ အသုံးစရိတ်၊ စီးပွားရေး ပန်းတိုင်များနှင့် ဥပဒေပြုရေး အစီအစဉ်များကို မဲခွဲအတည်ပြုကြမည်ဖြစ်သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မျက်နှာစုံညီ
#အစည်းအဝေး
#နည်းပညာသစ်
#ပြည်တွင်း
#ဝယ်လိုအားအပေါ်
#တရုတ်
#ရှေးရှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👎6❤2🤣2👍1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၁ မတ် ၂၀၂၆ )

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းအား စစ်ကော်မရှင်မှ တိုက် လေယာဉ်များဖြင့် ဗုံးကြဲခဲ့ရာ အရာရှိကြီးများ အပါအဝင် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိကာ အရပ်သားအကျဥ်းသားအချို့ လည်း သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခတပ်တော် (AA)က ယနေ့ ထုတ်ပြန်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဂျက်ဖိုက်တာ
#စစ်ကော်မရှင်
#အမ်းမြိုနယ်
#ဒါးလက်ချောင်းဒေသ
#လေကြောင်းတိုက်ခိုက်
#စစ်သုံ့ပန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-------------------------------------------
👍7🔥2🥴2
ထိုင်းသင်္ဘောမှာ တိုက်ခိုက်ခံရပြီး မီးလောင်သော်လည်း မီးငြှိမ်းသတ်နိုင်ခဲ့ကာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိကြောင်း ဗြိတိန်ရေကြောင်းကုန်သွယ်မှု စစ်ဆင်ရေးအဖွဲ့ (UKMTO) က နောက်ပိုင်း ထုတ်ပြန်သည်။ မရှိမဖြစ် လိုအပ်သည့် သင်္ဘောသားအချို့ကမူ သင်္ဘောပေါ် ဆက်ရှိနေသည်။

ကမ္ဘာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်းခန့် ကူးလူးနေရာ အဓိက ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းသွားလာမှုများက ဖေဖော်ဝါရီ ၂၈ ရက် အီရန်ပဋိပက္ခ စတင်ချိန်မှစကာ သိသိသာသာ လျော့ကျသွားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်း
#အလံတင်
#သင်္ဘော
#ဟော်မုဇ်ရေလက်ကြား
#တိုက်ခိုက်ခံရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍10🔥3
မိုဂျ်တာဘာ ခါမေနီသည် အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် လုပ်ကြံခံခဲ့ရသည့် ဖခင် အယာတိုလာ အလီ ခါမေနီ၏နေရာတွင် ဆက်ခံခဲ့ပြီး သုံးရက်အကြာအထိ ၎င်းကို ရုပ်သံများတွင်သော်လည်းကောင်း၊ လူမြင်ကွင်းတွင် သော်လည်း ကောင်း မတွေ့ရသေးသလို စာဖြင့်ရေးသားထုတ်ပြန်သည့် ထုတ်ပြန်ချက်မျိုးလည်း မရှိသေးပေ။

အကြောင်းရင်းတခုမှာ ဆက်သွယ်ပြောဆိုမှုတခုခုက ၎င်းရှိနေသည့် နေရာကို သိရှိသွားစေနိုင်ပြီး အန္တရာယ် ကျရောက်လာနိုင်ခြေအပေါ် စိုးရိမ်ပူပန်ခြင်းကြောင့် ဖြစ်သည်ဟု အမည်မဖော်လိုသည့် အီရန်အရာရှိသုံးဦးက ပြောသည်။

သို့သော် နောက်ထပ် အကြောင်းအချက်တချက်ကတော့ အသက် ၅၆ နှစ်ရှိ မိုဂျ်တာဘာ ခါမေနီသည် အစ္စရေးနှင့် အမေရိကန်တို့က အီရန်အပေါ် တိုက်ခိုက်မှု စတင်သည့်နေ့ကတည်းက ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ခေါင်းဆောင်သစ်
#စစ်ပွဲအစောပိုင်း
#ကာလအတွင်း
#ဒဏ်ရာရခဲ့
#အစ္စရေး
#အရာရှိများပြော
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍9🔥2😁2❤1
ယခုအပတ်အတွင်း ထွက်ပေါ်လာသော အဆိုပါသတင်းကြောင့် ဂျပန်နှင့်အတူ အမေရိကန်၏ အရေးအကြီးဆုံး အရှေ့အာရှမဟာမိတ်ဖြစ်သည့် တောင်ကိုရီးယားအပေါ် ဒေါ်နယ်ထရမ့်၏ လုံခြုံရေးကတိ ကဝတ်နှင့် ပတ်သက်ပြီး သံသယများ ဖြစ်ပေါ်စေသည်။ ထို့ပြင် နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားက ၎င်း၏ အိမ်နီးချင်း တောင်ကိုရီးယားအပေါ် ပိုမိုဖိအားများ တိုးမြှင့်ပေးလာနိုင်သည်ဟူသော သတိပေးမှုများလည်း ရှိနေသည်။

အမေရိကန်၏ အမြောက်တပ်ဖွဲ့များနှင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို ယခုကဲ့သို့ ပြောင်း ရွှေ့တပ်ဖြန့်ခြင်းအား တောင်ကိုရီးယားအနေဖြင့် ကန့်ကွက်ကြောင်း လီဂျေမြောင်က ပြောရင်း "ဒါဟာ မြောက်ကိုရီးယားကို ဟန့်တားရေး ကျွန်တော်တို့ရဲ့ မဟာဗျူဟာကို ဆိုးဆိုးရွားရွား အဟန့်အတား ဖြစ်စေမလားလို့ မေးရင်တော့ မဖြစ်စေဘူးလို့ ကျွန်တော် အသေအချာ ပြောနိုင်ပါတယ်" ဟု အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#ဒုံးကာစနစ်များ
#အရှေ့အလယ်ပိုင်း
#ရွှေ့ပြောင်း
#တောင်ကိုရီးယား
#စိုးရိမ်ပူပန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍8🔥3
ယင်းမာပင်ရဲမေအမှု တပ်ရင်းမှူးအပါအဝင် သံသယရှိသူများကို NUG ထိန်းသိမ်း၊ အမှုမှန်ဖော်ထုတ်ပေးမည်ဟု ကတိပြု

မောင်ခက်နွေ

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲမေတဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါတပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး အမှုမှန်ပေါ်ပေါက်ရေး အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု NUG က ယနေ့ (မတ်လ ၁၁ ရက်) တွင် ကတိပြု ထုတ်ပြန်လိုက်သည်။

ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းမှ အမျိုးသမီးရဲမေသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက တပ်ရင်း၏ ခွင့်ပြုချက်မပါဘဲ အလှူခံသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရစဉ်အတွင်း အဓမ္မပြုကျင့်ခံရခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခံရခြင်းတို့အား သုံးရက်ဆက်တိုက် ကြုံတွေ့ခဲ့ရကြောင်း အွန်လိုင်းပေါ် သတင်းများပျံ့နှံလာခဲ့သည်။

သို့သော် ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဖြစ်စဉ်အား လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် မပျံ့နှံ့မီကပင် ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အမှုမှန်ပေါ်ပေါက်ရေးအတွက်…
👍14❤1🤮1
👍9😁2❤1
👍5🔥3😢1
အရှေ့အလယ်ပိုင်းဒေသတလွှား အီရန် ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များသည် တီဟီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး၊ အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်များအပေါ် တိုက်ခိုက်မှုများ ဆက်လုပ်နေကြသည်။

သို့သော်ငြား အဆိုပါအဖွဲ့များသည် ယခုအချိန်အထိ အလုံးစုံ ထိပ်တိုက်ရင်ဆိုင် မီးကုန်ယမ်းကုန်စစ်ပွဲမျိုး ဖြစ်မလာအောင် ထိန်းသိမ်းထားကြသည်ဟု အကဲခတ်များနှင့် ဒေသတွင်း တာဝန်ရှိသူများက ပြောသည်။

ယင်းကဲ့သို့ အတိုင်းအတာတခုအထိ ထိန်းထိန်းသိမ်းသိမ်းရှိနေခြင်းအရ ၁၂ ရက်ကြာလာပြီဖြစ်သောစစ်ပွဲက ပိုပြီးအရှိန်ပြင်းထန်လာပါက အသုံးပြုရန်အတွက် ထိုလက်နက်ကိုင်အဖွဲ့များကို တီဟီရန်က မဟာဗျူဟာမြောက် အရန်အင်အားအဖြစ် ရှုမြင်ထားပုံရသည်ဟု ညွှန်ပြနေသည်။ သို့သော် တဖက်တွင်လည်း ယင်းသည် အီရန်၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှု စနစ်များ အက်ကွဲပျက်ပြားနေပြီဆိုသည့် လက္ခဏာတရပ်လည်း ဖြစ်နိုင်သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ဒေသတွင်း
#လက်ဝေခံ
#အဖွဲ့များ
#အမေရိကန်
#အစ္စရေး
#အလုံးစုံစစ်ပွဲ
#မဖြစ်အောင်
#ချုပ်တည်းထား…
❤8👍7🔥2😁1
၁၉၅၉ ခုနှစ် တိဗက်အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် မတ်လ ၇ ရက်က ထိုင်ဝမ်၊ တိုင်ပေမြို့တွင် ပြုလုပ်သည့် နှစ်စဉ်ချီတက်ပွဲတခု၌ လူ ၃၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြပြီး တရုတ်၏ "အာဏာရှင်ဆန်သော အုပ်ချုပ်မှုချဲ့ထွင်ခြင်းက တနေရာတည်းတွင် ရပ်နေမည်မဟုတ်" ဟု ချီတက်ပွဲစီစဉ်သူများက သတိပေးသည်။

"တိဗက်သမိုင်းကြောင်းက ကမ္ဘာကြီးအတွက်၊ အထူးသဖြင့် ထိုင်ဝမ်အတွက် သတိပေးချက်တခုပဲ ဖြစ်တယ်" ဟု ဒလိုင်းလားမား၏ တိဗက်ဘာသာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကယ်လ်ဆန်း ဂီယဲလ်ဆန် ဘာဝါ က မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်း ချီတက်ပွဲမစခင် ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တိဗက်
#အရေးတော်ပုံ
#အထိမ်းအမှတ်
#ချီတက်ပွဲ
#တိုင်ပေတွင်
#တရုတ်
#ခြိမ်းခြောက်မှုအပေါ်
#သတိပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👏8👍5❤1🔥1
အိုလီဆေး ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာနိုင်တယ်လို့ ဘိုင်ယန်နည်းပြ ကွန်ပနီ ပြော

AFP

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့် ကွန်ပနီက မိုက်ကယ် အိုလီဆေး ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက် ဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အတ္တလန်တာကို ၆-၁ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာ ပြင်သစ်လက်ရွေးစင် အိုလီဆေးက နှစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အိုလီဆေးဟာ ကွင်းအနှံ့ ခြေစွမ်းပြကစားခဲ့သလို ပွဲကစားချိန် ၆၄ မိနစ်မှာ သူ့ရဲ့ ဒုတိယမြောက်ဂိုးနဲ့ အသင်းအတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူခဲ့ချိန်မှာတော့ အိမ်ရှင်အတ္တလန်တာ ပရိသတ်တွေရဲ့ လက်ခုပ်သံကိုတောင် ရရှိခဲ့ပါတယ်။

“သူ့မှာရှိတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက သူ့ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက် ဖြစ်လာဖို့ အခွင့်အရေး ပေးနေတာပါ” လို့ ကွန်ပနီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ကစားသမားချင်းတော့ ကျွန်တော် မနှိုင်းလိုပါဘူး၊ သူတို့က တယောက်နဲ့တယောက် လုံးဝမတူလို့ပါ။ ဒါပေမဲ့ စိတ်ဓာတ်ပိုင်းကို ပြောရရင်တော့ ကျွန်တော် ကီဗင် ဒီဘရိုင်းနားနဲ့ အတူ ကစားခဲ့တုန်းက သူ လူငယ်ဘဝကနေ ကမ္ဘာကျော် စူပါစတားတယောက် ဖြစ်လာတာကို…
❤11👍3🔥1