Mizzima
✔
48K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
👍9😁2❤1
👍5🔥3😢1
အရှေ့အလယ်ပိုင်းဒေသတလွှား အီရန် ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များသည် တီဟီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး၊ အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်များအပေါ် တိုက်ခိုက်မှုများ ဆက်လုပ်နေကြသည်။

သို့သော်ငြား အဆိုပါအဖွဲ့များသည် ယခုအချိန်အထိ အလုံးစုံ ထိပ်တိုက်ရင်ဆိုင် မီးကုန်ယမ်းကုန်စစ်ပွဲမျိုး ဖြစ်မလာအောင် ထိန်းသိမ်းထားကြသည်ဟု အကဲခတ်များနှင့် ဒေသတွင်း တာဝန်ရှိသူများက ပြောသည်။

ယင်းကဲ့သို့ အတိုင်းအတာတခုအထိ ထိန်းထိန်းသိမ်းသိမ်းရှိနေခြင်းအရ ၁၂ ရက်ကြာလာပြီဖြစ်သောစစ်ပွဲက ပိုပြီးအရှိန်ပြင်းထန်လာပါက အသုံးပြုရန်အတွက် ထိုလက်နက်ကိုင်အဖွဲ့များကို တီဟီရန်က မဟာဗျူဟာမြောက် အရန်အင်အားအဖြစ် ရှုမြင်ထားပုံရသည်ဟု ညွှန်ပြနေသည်။ သို့သော် တဖက်တွင်လည်း ယင်းသည် အီရန်၏ ကွပ်ကဲမှုနှင့် ထိန်းချုပ်မှု စနစ်များ အက်ကွဲပျက်ပြားနေပြီဆိုသည့် လက္ခဏာတရပ်လည်း ဖြစ်နိုင်သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ဒေသတွင်း
#လက်ဝေခံ
#အဖွဲ့များ
#အမေရိကန်
#အစ္စရေး
#အလုံးစုံစစ်ပွဲ
#မဖြစ်အောင်
#ချုပ်တည်းထား…
❤8👍7🔥2😁1
https://www.youtube.com/watch?v=wcsLPJfxsiQ
မတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
👍7❤1🤮1
https://www.youtube.com/watch?v=FJXpPe9df30
မတ်လ ၁၁ ရက် ၊ ည ၇ နာရီ ၊ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်
👍7😍2😁1
၁၉၅၉ ခုနှစ် တိဗက်အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် မတ်လ ၇ ရက်က ထိုင်ဝမ်၊ တိုင်ပေမြို့တွင် ပြုလုပ်သည့် နှစ်စဉ်ချီတက်ပွဲတခု၌ လူ ၃၀၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြပြီး တရုတ်၏ "အာဏာရှင်ဆန်သော အုပ်ချုပ်မှုချဲ့ထွင်ခြင်းက တနေရာတည်းတွင် ရပ်နေမည်မဟုတ်" ဟု ချီတက်ပွဲစီစဉ်သူများက သတိပေးသည်။

"တိဗက်သမိုင်းကြောင်းက ကမ္ဘာကြီးအတွက်၊ အထူးသဖြင့် ထိုင်ဝမ်အတွက် သတိပေးချက်တခုပဲ ဖြစ်တယ်" ဟု ဒလိုင်းလားမား၏ တိဗက်ဘာသာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကယ်လ်ဆန်း ဂီယဲလ်ဆန် ဘာဝါ က မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်း ချီတက်ပွဲမစခင် ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တိဗက်
#အရေးတော်ပုံ
#အထိမ်းအမှတ်
#ချီတက်ပွဲ
#တိုင်ပေတွင်
#တရုတ်
#ခြိမ်းခြောက်မှုအပေါ်
#သတိပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👏8👍5❤1🔥1
အိုလီဆေး ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာနိုင်တယ်လို့ ဘိုင်ယန်နည်းပြ ကွန်ပနီ ပြော

AFP

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့် ကွန်ပနီက မိုက်ကယ် အိုလီဆေး ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တယောက် ဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အတ္တလန်တာကို ၆-၁ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာ ပြင်သစ်လက်ရွေးစင် အိုလီဆေးက နှစ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အိုလီဆေးဟာ ကွင်းအနှံ့ ခြေစွမ်းပြကစားခဲ့သလို ပွဲကစားချိန် ၆၄ မိနစ်မှာ သူ့ရဲ့ ဒုတိယမြောက်ဂိုးနဲ့ အသင်းအတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူခဲ့ချိန်မှာတော့ အိမ်ရှင်အတ္တလန်တာ ပရိသတ်တွေရဲ့ လက်ခုပ်သံကိုတောင် ရရှိခဲ့ပါတယ်။

“သူ့မှာရှိတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက သူ့ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက် ဖြစ်လာဖို့ အခွင့်အရေး ပေးနေတာပါ” လို့ ကွန်ပနီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ကစားသမားချင်းတော့ ကျွန်တော် မနှိုင်းလိုပါဘူး၊ သူတို့က တယောက်နဲ့တယောက် လုံးဝမတူလို့ပါ။ ဒါပေမဲ့ စိတ်ဓာတ်ပိုင်းကို ပြောရရင်တော့ ကျွန်တော် ကီဗင် ဒီဘရိုင်းနားနဲ့ အတူ ကစားခဲ့တုန်းက သူ လူငယ်ဘဝကနေ ကမ္ဘာကျော် စူပါစတားတယောက် ဖြစ်လာတာကို…
❤11👍3🔥1
မြန်မာစစ်ဘေးရှောင်များခိုလှုံနေသည့် မီဇိုရမ်တွင် ၆ လအတွင်း ကုဋေ ၃၀၀ ကျော်ဖိုး မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

ပါခွီး

မဇ္ဈိမ ။ ။ မြန်မာနိုင်ငံသား စစ်ဘေးရှောင်များ ခိုလုံလျက်ရှိသည် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၌ ခြောက်လအတွင်း ရူပီးကုဋေ ၃၁၇ ကျော်တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ကျင်းပနေဆဲဖြစ်သည့် မီဇိုရမ်ပြည်နယ် လွှတ်တော်ဘတ်ဂျက်အစည်းအဝေးတွင် မေးခွန်းများဖြေကြားရာ၌ ပြည်ထဲရေးဝန်ကြီး ကေ - ဆပ်ဒန်ငါ က ယနေ့ (မတ်လ ၁၁ရက်)တွင် ပြောဆိုခြင်း ဖြစ်သည်။

“ ၂၀၂၅ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ယနေ့ (မတ် ၁၁ရက်)အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးဖြစ်သော အော်ပရေးရှင်းယေရိခေါ( Opeation Jericho) က ကာလတန်ဖိုး ကုဋေ ၃၁၇ ဒသမ ၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရခဲ့ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အော်ပရေးရှင်းယေရိခေါ အမည်ဖြင့် ရဲတပ်ဖွဲ့ ၊ အာသံရိုင်ဖယ်စစ် တပ် ၊ယစ်မျိုးနှင့် မူးယစ်ဆေးဝါးဌာနနှင့် လူငယ်အဖွဲ့အစည်းများပူးပေါင်း၍ ၂၀၂၅ စက်တင်ဘာလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ယင်းမှ ၂၀၂၆ ခုနှစ်မတ်လ…
👍11🔥2❤1👎1😁1
https://www.youtube.com/watch?v=3bM3XcvAK9s
မတ်လ ၁၂ ရက်နေ့ ကြာသာပတေးနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်
👍7😁1🤮1
မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် ပရိတ်သတ်အမျိုးသမီးကို ကိုယ်ထိလက်ရောက်ကျူးလွန်

ကီရာ

မဇ္ဈိမ ။ ။ ရန်ကုန်တိုင်း သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်က ပွဲလာရောက်ကြည့်ရှုသည့် ပရိတ်သတ်အမျိုးသမီးတဦးကို ပွဲကြည့်စင်ပေါ်တက်၍ ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ်နှင့် နီးစပ်သူများထံမှ မဇ္ဈိမ စုံစမ်းသိရသည်။

ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပထမပိုင်းပွဲစဉ် ပြီးဆုံးချိန်တွင် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပွဲကြည့်စင်မှ ပရိသတ်တဦးက ရန်ကုန်ယူနိုက်တက်အသင်းမှ ယှဉ်ပြိုင်ကစားနေသည့် မောင်မောင်လွင်ကို အော်ဟစ်ပြောဆိုနေခဲ့ရာမှ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်သို့ ပြေးတက်သွားပြီး အဆိုပါအမျိုးသမီးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် Live ထုတ်လွှင့်မှုတွင်လည်း ”ဘာလုပ်တာလဲ၊ ငါ့ကိုလာမလုပ်နဲ့နော် ဘောလုံးသမားဖြစ်ပြီးတော့ လူပါးလာမဝနဲ့ ဒီမှာငါ့ကို လာလုပ်နေတယ်။ ပါးကို လာထိုးတယ်၊…
💩14❤2🤬2👎1🤣1
https://www.youtube.com/watch?v=lV3gDLQpFE8
မျက်ရည်ထဲက ပွင့်လာတဲ့ ပန်းတပွင့်
👍7🔥1
https://www.youtube.com/watch?v=dnlGpbvhc68
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
👍6🔥1
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်ကြောင်း ဝန်ကြီး ဆို

Reuters

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း အားကစားဝန်ကြီး အာမက် ဒွန်ယာမာလီ က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း အီရန်ဦးသျှောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ရပြီး ဒေသတွင်း ပဋိပက္ခတွေ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

“ဒီလို အကျင့်ပျက်ခြစားတဲ့ အစိုးရက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အတွက် ဘယ်လိုအခြေအနေမျိုးမှာမှ ကမ္ဘာ့ဖလားကို ကျွန်တော်တို့ ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး” လို့ ဝန်ကြီးက နိုင်ငံပိုင်ရုပ်သံကို ပြောကြားခဲ့ပါတယ်။

၄၈ သင်း ပါဝင်မယ့် အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ကလေးတွေ (ကစားသမားတွေ) ဟာ လုံခြုံမှုမရှိသလို၊ အခြေခံအားဖြင့်လည်း ပါဝင်ယှဉ်ပြိုင်ဖို့ အခြေအနေမျိုး ရှိမနေပါဘူး။”လို့ ဒွန်ယာမာလီက…
👍8😁7❤1
https://www.youtube.com/watch?v=1eEfK6VELKY
ဒီတပတ်ရဲ့ My india အစီအစဉ် | 12 March 2026
👍4🔥3
👍4🔥1
👍4🔥1
👍3🔥1
👍3🔥1