Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ခါမေနီက အီရန်၏ အဓိက တော်လှန်ရေး အစောင့်တပ်နှင့် နီးစပ်သူဖြစ်ပြီး ၎င်း၏ ဖခင် အယာတိုလာ အလီ ခါမေနီထက်ပင် ပို၍ အလျှော့ မပေးတတ်သူအဖြစ် လူသိများသည်။

ခါမေနီက “လက်စားချေမယ့် မှတ်တမ်း” ကို ပြုစုထားကြောင်း နိုင်ငံပိုင်ရုပ်သံတဆင့် ဖတ်ကြားစေသည့် ထုတ်ပြန်ချက်တွင် ဆိုထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#သန္နိဌာန်
#အီရန်ဦးသျှောင်
#လူထုထုတ်ပြန်ချက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁11❤2🔥2🤣2
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် ကျရောက်သော (၆၇) ကြိမ်မြောက် တိဘက်အရေးတော်ပုံနေ့အထိမ်း အမှတ်အဖြစ် တရုတ်ဆိုင်ရာနိုင်ငံတကာလွှတ်တော်အမတ်များမဟာမိတ်အဖွဲ့ (IPAC) ၏ ပူးတွဲဥက္ကဋ္ဌနှင့် လေဘာပါတီအမတ် ဒီဘိုရာ အိုနေးလ်က ဩစတြေးလျအထက်လွှတ်တော်သို့ တိဘက်အရေးဆိုင်ရာ ပါတီစုံသဘောတူညီချက်တရပ်ကို အဆိုတင်သွင်းလိုက်သည်။

ယင်းအဆိုပြုချက်တွင် တိဘက်လူ့အခွင့်အရေးအခြေအနေများ၊ တိဘက်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ လက္ခဏာရပ်များကို အကာအကွယ်ပေးရေးတို့နှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ် ပူပန်မှုများ မြင့်တက်လာခြင်းကို အလေးပေးဖော်ပြထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်ဖိနှိပ်မှု
#ဒလိုင်းလားမား
#ဩစတြေးလျ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10🔥3❤1
"လူထုရဲ့ ဆန္ဒကတော့ ထိရောက်ပြီး နောင်တရစေမယ့် ခုခံကာကွယ်မှုကို ဆက်လက်လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်" ဟု မိုဂျ်တာဘာ၏ ထုတ်ပြန်ချက်ဟု ယူဆရသော စာတွင် ဖော်ပြထားသည်။

"ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားကို ဆက်ပိတ်ဆို့သွားမှာဖြစ်ပါတတယ်။ ရန်သူတွေ အတွေ့အကြုံ သိပ်မရှိတဲ့ အလွန်အမင်း ထိခိုက်လွယ်မယ့် အခြားစစ်မျက်နှာသစ်တွေ ဖွင့်လှစ်ဖို့အတွက်လည်း လေ့လာမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ စစ်ရေးအခြေအနေ ဆက်ရှိနေမယ်ဆိုရင် အကျိုးစီးပွားတွေကို ကြည့်ပြီး အဲ့ဒီစစ်မျက်နှာတွေကို စဖွင့်လှစ်သွားမှာပါ" ဟု ရေးသားထားသည်။

မိုဂျ်တာဘာ ခါမေနီ၏ ထုတ်ပြန်ချက်ဟု ယူဆရသော စာတွင် ပင်လယ်ကွေ့အတွင်းရှိ အမေရိကန် အခြေစိုက်စခန်းများကို အီရန်အနေဖြင့် ဆက်လက် ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါနိုင်ငံများအားလည်း "ရှင်းရှင်းလင်းလင်း သတိပေးထားပြီး" ဖြစ်ကြောင်း ဖော်ပြထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဟော်မုဇ်ရေလက်ကြား
#မိုဂျ်တာဘာ
#သက်သေ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥6❤4😁3🤣2👎1
တိုက်ခိုက်ခံရသည့် ကုမ္ပဏီမှာ မီချီဂန်အခြေစိုက် Stryker ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နေသည့် လုပ်ငန်းကြီးတခုဖြစ်သည်။

အီရန်သည် ရန်သူနိုင်ငံများ၏ ကွန်ပျူတာကွန်ရက်များမှ အချက်အလက်အားလုံးကို ဖျက်ဆီးပစ်သည့် "Wiper" ခေါ် ဆိုက်ဘာတိုက်ခိုက်မှုမျိုးကို လုပ်ဆောင်ခဲ့ဖူးသည့် သမိုင်းကြောင်းများရှိသည်။

Stryker ဝန်ထမ်းတဦး၏ အဆိုအရ ဝန်ထမ်းများ၏ လုပ်ငန်းသုံးဖုန်းများအားလုံး အလုပ်မလုပ်တော့ဘဲ ရပ်တန့်သွားခဲ့ရာ လုပ်ငန်းလည်ပတ်မှုနှင့် ဆက်သွယ်ရေးများပါ ပြတ်တောက်သွားခဲ့ရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စစ်ပွဲ
#အီရန်
#အမေရိကန်ကုမ္ပဏီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9❤4👎3🔥1
နော်ဝေးနိုင်ငံတွင် အော်စလိုမြို့ရှိ အမေရိကန်သံရုံး၌ တနင်္ဂနွေနေ့က ပျက်စီးမှု အနည်းအကျဉ်းသာ ရှိခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အီရတ်နွယ်ဖွား နော်ဝေးညီအစ်ကို သုံးဦးကို “အကြမ်းဖက်ဗုံးခွဲမှု” သံသယဖြင့် ဖမ်းဆီးထားပြီး၊ ၎င်းတို့က “အစိုးရအဖွဲ့အစည်းတရပ်ရပ်၏ အမိန့်” ကို နာခံခဲ့ခြင်း ရှိမရှိ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်။

ထို ဖြစ်ရပ်ဖြစ်ပွားပြီးနောက် အမေရိကန်သံရုံး၏ Google Maps စာမျက်နှာတွင် အမေရိကန်-အစ္စရေးတို့၏ အီရန်ကို ပထမဆုံးနေ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည့် ရှီယိုက် မွတ်စလင်တို့၏ ဘာသာရေးခေါင်းဆောင် အီရန်ဦးသျှောင်ဟောင်း အယာတိုလာ အလီ ခါမေနီ၏ ဗီဒီယိုဖိုင်တခု တင်လာသည်ကို တွေ့ရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အကြမ်းဖက်တိုက်ခိုက်မှုများ
#အီရန်
#အရှေ့အလယ်ပိုင်းစစ်ပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥4❤3
“ကောင်းပြီ၊ တကယ်လို့ သူတို့သာ အဲဒီလို လုပ်ခဲ့ရင် နာရီဝက်တောင် မခြားဘူး ဒေသတခုလုံး မှောင်အတိကျသွားစေမယ်” ဟု လာရီဂျာနီက ရေးပြီး၊ ထိုသို့ လျှပ်စစ် ပြတ်တောက်သွားခြင်းကြောင့် “ဘေးလွတ်ရာ ထွက်ပြေးနေကြသော” အမေရိကန်စစ်သားများကို လိုက်လံတိုက်ခိုက်ရန် အခြေအနေများ ဖန်တီးလာမည်ဟုလည်း ဖြည့်စွက်ဆိုသည်။

“ကျွန်တော်တို့ အီရန်နဲ့ တခြား နေရာတွေက လျှပ်စစ်ကွန်ရက်တွေကို တိုက်ခိုက်နိုင်တယ်၊ အဲဒီလို လုပ်လိုက်ရင် သူတို့နိုင်ငံကို ပြန်လည် တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ဖြစ်သွားမယ်။ ဒါမျိုးတော့ ကျွန်တော်တို့ မလိုလားပါဘူး၊ သူတို့ရဲ့ လျှပ်စစ်စွမ်းဆောင်ရည်ကို ကျွန်တော်တို့ တနာရီအတွင်း ဖြိုဖျက်နိုင်ပြီး အဲဒါကို ပြန်တည်ဆောက်ဖို့ဆို နှစ်အစိတ်လောက် ကြာလိမ့်မယ်၊ ဒါကြောင့် အကောင်းဆုံးကတော့ ကျွန်တော်တို့ အဲဒီလိုလုပ်မှာ မဟုတ်ဘူး” ဟု ထရမ့်က ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အမေရိကန်
#လျှပ်စစ်ကွန်ရက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤7🤣4👍3🔥1
“ဒိန်းမတ်နိုင်ငံသားတွေအနေနဲ့ ကျေးဇူးပြု၍၊ ကျေးဇူးပြု၍၊ ကျေးဇူးပြု၍ လုပ်ပေးစေလိုတာကတော့ မသုံးဘဲနေလို့ရတဲ့ စွမ်းအင်သုံးတာမျိုးတွေ မလုပ်ကြပါနဲ့၊ ကားမောင်းဖို့ တကယ်ကို မလိုအပ်ဘူးဆိုရင် မမောင်းကြပါနဲ့” ဟု ၎င်းက ပြည်တွင်း ရုပ်သံလွှင့်ဌာန DR နှင့် အင်တာဗျူးတွင် ပြောခြင်း ဖြစ်သည်။

အကယ်၍ ဒိန်းမတ်အနေဖြင့် မကြာမီကာလအတွင်း စွမ်းအင်ကို ချွေတာနိုင်မည်ဆိုပါက အစိုးရနှင့် ပြည်သူ နှစ်ရပ်လုံးအတွက် ခံစားရမည့် ကောင်းကျိုးနှစ်ခု ရှိကြောင်းလည်း ၎င်းက ဆိုသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရေနံဈေး
#ဒိန်းမတ်အစိုးရ
#ပြည်သူများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥4❤1👎1
“ဒါကတိုက်ဆိုင်လို့ဖြစ်သွားတာပါ။ ဒီနေရာတွေကိုတိုက်တာက ကမ္ဘောဒီးယားတပ်ဖွဲ့တွေက စစ်အခြေစိုက် စခန်းတွေအဖြစ်သုံးနေလို့တိုက်ခဲ့တာ” ဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဆူရာဆန့်ကွန်ဆီရီ (Surasant Kongsiri) ကခရီးစဉ်တွင်လိုက်ပါလာသည့် သတင်းထောက်များကိုပြောသည်။

မေလမတိုင်မီ ငွေလိမ်လုပ်ငန်းများကိုအမြစ်ပြတ်အောင်နှိမ်နင်းပါမည်ဟု ကတိပြုထားသော ကမ္ဘောဒီးယား သည် ငွေလိမ်လုပ်ငန်းများပျံ့နှံ့မှုကို နိုင်ငံတကာအထောက်အပံ့ရယူကာ တိုက်ခိုက်သင့်သည်ဟု ထိုင်းလေတပ် မှ ပရာပတ်စ်ဆွန်ချိုင်ဒီး (Prapas Sornchaidee) ကပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကမ္ဘောဒီးယား
#ကာစီနိုရုံ
#ထိုင်းစစ်တပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥6👍5
မကွေး ကြားကာလအစိုးရအဖွဲ့ ဝန်ကြီး ၂ ဦးနေရာ ကန့်ကွက်မှုရှိနေ၍ အတည်မပြုနိုင်သေး

မောင်ခက်နွေ

မဇ္ဈိမ ။ ။ မကွေးဖက်ဒရယ်ယူနစ်၏ ကြားကာလအစိုးရအဖွဲ့ဝင် ဝန်ကြီး ခုနစ်ဦးနှင့် ရှေ့နေချုပ်ကို မတ်လ ၁၂ ရက်တွင်ကျင်းပသည့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် (၁၁) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခန့်အပ်ခဲ့သည်။ သို့သော် ဝန်ကြီးဌာန နှစ်ခုအတွက်ကိုမူ ကန့်ကွက်မှုတွေရှိနေ၍ အတည်မပြုနိုင်သေးကြောင်း သိရသည်။

အစိုးရအဖွဲ့ဝင်စာရင်းကို မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ လူသားချင်းစာနာထောက်ထားရေး (သို့မဟုတ်) လူ့အခွင့်အရေး ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့အတွက် တင်သွင်းသည့် ဝန်ကြီးလောင်းနှစ်ဦး နှင့်ပတ်သက်၍ လွှတ်တော်ဘက်သို့ ကန့်ကွက်စာ ရောက်ရှိလာ၍ ဆိုင်းငံ့ထားရကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က "ဒီဝန်ကြီးနှစ်ပါး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြားကာလ အစီအမံ ဥပဒေ ပုဒ်မ ၆၃ အရပေါ့လေ ။ လွှတ်တော်က လွှတ်တော် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဆိုတော့ ဟို…
❤9👍6🔥2
အမေရိကန်စစ်တပ်သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း အီရန်အပေါ် ဆက်လက်ဗုံးကြဲတိုက်ခိုက်နေစဉ် မြေပြင်၌ ရပ်နားထားသော လေယာဉ်များကို တိုက်ခိုက်သည့် ဗီဒီယိုမှတ်တမ်းကို အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်သည်။

"အီရန်အစိုးရဟာ သူတို့ရဲ့ ဝေဟင်လေကြောင်း လုပ်နိုင်စွမ်းတွေကို တနေ့ထက်တနေ့ ဆုံးရှုံးနေရပါပြီ" ဟု CENTCOM က မတ်လ ၁၁ ရက် အိတ်စ် လူမှုမီဒီယာ ပို့စ်တခုတွင် ရေးသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဖျက်ဆီး
#အီရန်စစ်လေယာဉ်များ
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥2
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ လေဆိပ်ကြီးတွင် အထုပ်အပိုးများအတွင်း ပုရွက်ဆိတ်အရှင် အကောင်ရေ ၂,၂၀၀ ကျော်ကို မှောင်ခိုသယ်ရန်ကြိုးပမ်းသည့် တရုတ်နိုင်ငံသားတဦး ဖမ်းဆီးခံခဲ့ရသည်။ ပုရွက်ဆိတ်များ၏ ရှုပ်ထွေးသော နေထိုင်မှုပုံစံကို စိတ်ဝင်တစား လေ့လာလိုသူများအတွက် ပုရွက်ဆိတ်များကို မှောင်ခိုကူး ရောင်းဝယ်နေကြခြင်းဖြစ်သည်။

ကျန်း၏ အထုပ်အပိုးများကို စစ်ဆေးရာတွင် ပုရွက်ဆိတ်ပေါင်း ၂,၂၃၈ ကောင်ကို တွေ့ရှိခဲ့ကြသည်။ ၁,၉၄၈ ကောင်ကို ဖန်ပြွန်ချောင်းများအတွင်း ထည့်ထားပြီး ကျန်အကောင်များကို "တစ်ရှူးစက္ကူ" လိပ် သုံးလိပ်အတွင်း ထည့်သွင်းသယ်ဆောင်လာခြင်း ဖြစ်သည်။

ကျန်းသည် ကင်ညာနိုင်ငံသို့ ရောက်ရှိနေသည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ပုရွက်ဆိတ်များ ရှာပေးသည့် ကြံရာပါ သုံး ဦးရှိကြောင်းလည်း ထွက်ဆိုထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကင်ညာလေဆိပ်
#ပုရွက်ဆိတ်ဘုရင်မ
#မှောင်ခို
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9😱2🔥1
အစ္စရေးအနေဖြင့် အီရန်ကို တိုက်ခိုက်ချိန်တွင် အီရန်အစိုးရအပြောင်းအလဲ ဖြစ်စေရန်အတွက် လက်တွေ့ကျသည့် အစီအစဉ် မရှိခဲ့ဟု အစ္စရေး လုံခြုံရေးသတင်းရင်းမြစ်များက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူထုအုံကြွမှု ဖြစ်လာနိုင်သည် ဆိုသည့် မျှော်လင့်ချက်က ခိုင်မာသည့် ထောက်လှမ်းရေးအချက်အလက်တို့အပေါ် အခြေမခံဘဲ ဖြစ်ချင်သည်ကို တွေးတောသည့် စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ခဲ့သည်ဟုလည်း ၎င်းတို့က ဆိုသည်။

အီရန်သည် အယာတိုလာ အလီခါမေနီ လုပ်ကြံခံရမှုနှင့်အတူ သီတင်းပတ်နှစ်ပတ်နီးပါးကြာ ဗုံးကြဲတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ကုန်ကျစရိတ် ပိုမိုများပြားလာသည့် စစ်ပွဲကို အဆုံးသတ်ရန် လူသိရှင်ကြား စဉ်းစားနေပြီ ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အစိုးရ
#အီရန်
#အစ္စရေးလုံခြုံရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥5❤1
👎5🔥2
👎7🔥2😱1
ပရိသတ်အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မောင်မောင်လွင် ၆ လ ပွဲပယ်နှင့်
ဒဏ်ကြေး ကျပ်သိန်း ၃,၀၀၀,၀၀၀ ချမှတ်ခံရ

ကီရာ

မဇ္ဈိမ ။ ။ အမျိုးသမီးပရိတ်သတ်တဦးကို ပွဲကြည့်စင်ပေါ်တက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကို ဒဏ်ကြေးငွေ ကျပ်သိန်း ၃,၀၀၀,၀၀၀ နှင့် ပွဲကစားခွင့် ခြောက်လပိတ်လိုက်ကြောင်း မြန်မာနေရှင်နယ်လိဂ် (MNL) က ယနေ့ (မတ်လ ၁၃ ရက်) တွင် ထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်မှာ သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ပွဲစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းပွဲကစားချိန်ပြီးဆုံးချိန်၌ ပွဲကြည့်စင်ပေါ်မှ အမျိုးသမီးပရိသတ်တဦးက မောင်မောင်လွင်အား လူမျိုးရေးဆိုင်ရာ နှိမ်ချသည့် အသုံးအနှုန်းများဖြင့် အော်ဟစ်ပြောဆိုခဲ့ရာမှ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်သို့ ပြေးတက်သွားပြီး အဆိုပါအမျိုးသမီးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် MNL I & II League 2025-26 Regulations စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၄) နှင့် (၁၈) တို့အရ မတ်လ ၁၁ ရက်နေ့မှ စတင်၍ ခြောက်လအထိ ကစားခွင့်နှင့်…
👍9🤣2❤1👎1
ကမ္ဘာ့အာရုံစိုက်မှုတို့က အရှေ့အလယ်ပိုင်းစစ်ပွဲဆီ ရောက်နေပြီး အကူအညီများလည်း ထပ်မံလျော့ နည်းလာနေချိန်တွင် မြန်မာနိုင်ငံ၏ ပိုမိုဆိုးရွားလာနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတို့က "ပို၍ပင် ဆိုးရွားသွားနိုင်သည့်" ဘေးရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်ကျွမ်းကျင်သူက သတိပေးသည်။

မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်အကြာ အာဏာသိမ်းစစ်အုပ်စုသည် အရပ်သားများကို မရပ်မနား ဆက်လက်တိုက်ခိုက်နေပြီး အသည်းအသန်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း ပိတ်ဆို့နှောင့်ယှက်လျက် ရှိကြောင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန်အန်ဒရူးက ယခုသီတင်းပတ်အတွင်း AFP နှင့် အင်တာဗျူးတခုတွင် ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အရှေ့အလယ်ပိုင်း
#စစ်ပွဲကြောင့်
#မြန်မာအကျပ်အတည်း
#ပိုမိုနက်ရှိုင်းသွား
#ကုလကျွမ်းကျင်သူ
#သတိပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍13❤2🤮1
တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၂၀ နီးပါးဖြင့် ပစ်ခတ်တိုက်ခိုက်ဟုဆို

ပါခွီး

မဇ္ဈိမ ။ ။ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar(BWM) အဖွဲ့ တာဝန်ရှိသူက ဆိုသည်။ တောင်ငူမြို့လေတပ်နှင့် လေယာဥ်ဆီသိုလှောင်ကန်ကို မတ်လ၁၂ရက် ည၁၁နာရီ ၈မိနစ်အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သူတို့ အငိုက်မိသွားပုံပဲဗျ ။ တောက်လျောက်စစ်ကြောင်းတွေ ထိုးနေတဲ့ကြားက ရအောင်ပစ်လိုက်လို့ “ဟု BWM တာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။

နေရာသုံးနေရာမှ ရှော့တိုက်ဒုံးခြောက်လုံးစီဖြင့် ပစ်ခတ်ခဲ့ရာ ၁၃လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ရဲဘော်များလုံခြုံရာသို့ရောက်ပြီဖြစ်ကြောင်းနှင့် ပစ်ခတ်မှုကြောင့် စစ်ကော်မရှင်များဘက်မှ ထိခိုက်မှုများရှိသည်ဟု ကနဦး သိရသော်လည်း အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း၎င်းက ဆိုသည်။

တိုက်ခိုက်မှုအပြီး စစ်ကော်မရှင်တပ်မှ လက်နက်ကြီးခြောက်လုံးအပါအဝင် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ ပစ်ခတ်မှုအပြီး နောက်တနေ့ နံနက်အစောပိုင်းတွင်…
❤12👍7🍾2
တရုတ်တွင် အလုပ်ရှာပေးမည်ဆိုကာ လူ ၅၀ ကျော်ကို အွန်လိုင်းမှ ငွေလိမ်လည်

ဓာတု

မဇ္ဈိမ။ ။ သူဌေးနောက်လိုက်ဟုဆိုသူက တရုတ်နိုင်ငံတွင် အလုပ်ပေးမည် အကြောင်းပြ၍ တဦးလျှင် ကျပ် ၅၀၀,၀၀၀ ဝန်းကျင်စီ တောင်းယူလိမ်လည်သွားကြောင်း လိမ်လည်ခံရသူများနှင့် နီးစပ်သူများထံက သိရသည်။

ဖော်လိုဝါ ၅,၀၀၀ ဝန်းကျင်ရှိသည့် Hein Htet အမည်ရှိ တစ်တော့ (Tik Tok) အကောင့်မှတဆင့် လူဦးရေ ၅၀ ကျော်ကို လစာ ကျပ်သိန်း ဆယ်ချီရမည်ဟု မက်လုံးပေးကာ လိမ်လည်သွားခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် တာချီလိတ်၊ မူဆယ်၊ လောက်ကိုင်နှင့် ‘ဝ’ပြည်နယ် စသည့် မြန်မာ-တရုတ်နယ်စပ်ဘက်သို့ လိမ်လည်ခံရသူများကို လာရောက်ခိုင်းပြီး ထိုသို့ အရောက်တွင် အဆက်အသွယ်ဖြတ်သွားခြင်းဖြစ်ကြောင်း လိမ်လည်ခံရသူများနှင့်နီးစပ်သည့် သာစည်မြို့နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကမဇ္ဈိမသို့ပြောသည်။

“အွန်လိုင်းကနေ K pay နဲ့ စာအုပ်လုပ် ဘာညာဆိုပြီး တောင်းခိုင်းတယ် ။ နှစ်ရက် ၊ သုံးရက်နေရင် စာအုပ်ရပြီနော်။ ဘယ်နားကိုလာကြိုရမှာလဲဆိုပြီးရောက်လာရင် ဖုန်းစက်ပိတ်ပြီးမကိုင်တော့ဘူး။ တချို့ကျဆက်လိုက်ရင် လားရှိုးရောက်နေလို့ပါ ဘာညာ အပြင်မှာချိန်းရင် အတွေ့မခံဘူး။…
👎6❤5🔥3🤬1
‘အသက်ဘေးလုံခြုံရေး’အတွက် အမေရိကန်ကို မလာဖို့ အီရန်ကမ္ဘာ့ဖလားအသင်းကို ထရန့် သတိပေး

NBC News

သမ္မတ ဒေါ်နယ်ထရန့်က လာမယ့် ဇွန်လအတွင်း ကျင်းပမယ့် ကမ္ဘာဖလားပြိုင်ပွဲအတွက် အမေရိကန်မြေကို အီရန်ဘောလုံးအသင်း လာရောက်ယှဉ်ပြိုင်ပါက အသင်းသားတွေရဲ့ လုံခြုံရေးကို အာမမခံနိုင်ကြောင်း ကြာသပတေးနေ့မှာ အကြံပြုခဲ့ပါတယ်။

“အီရန်အမျိုးသားဘောလုံးအသင်းကို ကမ္ဘာ့ဖလားမှာ ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက်ဆိုရင် အဲဒီနေရာမှာ ရှိနေဖို့က မသင့်တော်ဘူးလို့ ကျွန်တော် တကယ်ပဲ ယုံကြည်ပါတယ်။”လို့ သူက Truth Social မှာ ရေးသားခဲ့ပါတယ်။

အီရန်အသင်းဟာ ဇွန်လမှာ အမေရိကန်မြေပေါ်မှာ အဖွင့်အုပ်စုပွဲစဉ် သုံးပွဲကစားဖို့ စီစဉ်ထားပြီး၊ လော့စ်အိန်ဂျလိစ်မြို့မှာ နယူးဇီလန်၊ ဘယ်လ်ဂျီယံတို့နဲ့လည်းကောင်း၊ ဆီယက်တဲလ်မြို့မှာ အီဂျစ်အသင်းနဲ့လည်းကောင်း ယှဉ်ပြိုင်ရမှာပါ။

ဒါပေမဲ့ နိုင်ငံ့ဦးသျှောင် အယာတိုလာ အလီ ခါမေနီနဲ့ နဲ့ အခြားအဆင့်မြင့်အရာရှိတွေ အသတ်ခံခဲ့ရတဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲကြောင့် အီရန်အသင်း ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ကြောင်း အီရန်အားကစားဝန်ကြီး အာမက် ဒွန်ယာမာလီက…
👍5😁1