Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
‘အသက်ဘေးလုံခြုံရေး’အတွက် အမေရိကန်ကို မလာဖို့ အီရန်ကမ္ဘာ့ဖလားအသင်းကို ထရန့် သတိပေး

NBC News

သမ္မတ ဒေါ်နယ်ထရန့်က လာမယ့် ဇွန်လအတွင်း ကျင်းပမယ့် ကမ္ဘာဖလားပြိုင်ပွဲအတွက် အမေရိကန်မြေကို အီရန်ဘောလုံးအသင်း လာရောက်ယှဉ်ပြိုင်ပါက အသင်းသားတွေရဲ့ လုံခြုံရေးကို အာမမခံနိုင်ကြောင်း ကြာသပတေးနေ့မှာ အကြံပြုခဲ့ပါတယ်။

“အီရန်အမျိုးသားဘောလုံးအသင်းကို ကမ္ဘာ့ဖလားမှာ ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက်ဆိုရင် အဲဒီနေရာမှာ ရှိနေဖို့က မသင့်တော်ဘူးလို့ ကျွန်တော် တကယ်ပဲ ယုံကြည်ပါတယ်။”လို့ သူက Truth Social မှာ ရေးသားခဲ့ပါတယ်။

အီရန်အသင်းဟာ ဇွန်လမှာ အမေရိကန်မြေပေါ်မှာ အဖွင့်အုပ်စုပွဲစဉ် သုံးပွဲကစားဖို့ စီစဉ်ထားပြီး၊ လော့စ်အိန်ဂျလိစ်မြို့မှာ နယူးဇီလန်၊ ဘယ်လ်ဂျီယံတို့နဲ့လည်းကောင်း၊ ဆီယက်တဲလ်မြို့မှာ အီဂျစ်အသင်းနဲ့လည်းကောင်း ယှဉ်ပြိုင်ရမှာပါ။

ဒါပေမဲ့ နိုင်ငံ့ဦးသျှောင် အယာတိုလာ အလီ ခါမေနီနဲ့ နဲ့ အခြားအဆင့်မြင့်အရာရှိတွေ အသတ်ခံခဲ့ရတဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲကြောင့် အီရန်အသင်း ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ကြောင်း အီရန်အားကစားဝန်ကြီး အာမက် ဒွန်ယာမာလီက…
👍5😁1
ပရိသတ်အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မောင်မောင်လွင် ၆ လ ပွဲပယ်နှင့် ဒဏ်ကြေး သိန်း ၃၀ ချမှတ်ခံရ

ကီရာ

မဇ္ဈိမ ။ ။ အမျိုးသမီးပရိတ်သတ်တဦးကို ပွဲကြည့်စင်ပေါ်တက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကို ဒဏ်ကြေးငွေ သိန်း ၃၀ နှင့် ပွဲကစားခွင့် ခြောက်လပိတ်လိုက်ကြောင်း မြန်မာနေရှင်နယ်လိဂ် (MNL) က ယနေ့ (မတ်လ ၁၃ ရက်) တွင် ထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်မှာ သန်လျင် သီဟဒီပကွင်း၌ မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ပွဲစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းပွဲကစားချိန်ပြီးဆုံးချိန်၌ ပွဲကြည့်စင်ပေါ်မှ အမျိုးသမီးပရိသတ်တဦးက မောင်မောင်လွင်အား လူမျိုးရေးဆိုင်ရာ နှိမ်ချသည့် အသုံးအနှုန်းများဖြင့် အော်ဟစ်ပြောဆိုခဲ့ရာမှ မောင်မောင်လွင်က ပွဲကြည့်စင်ပေါ်သို့ ပြေးတက်သွားပြီး အဆိုပါအမျိုးသမီးအား ထိုးကြိတ်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် MNL I & II League 2025-26 Regulations စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၄) နှင့် (၁၈) တို့အရ မတ်လ ၁၁ ရက်နေ့မှ စတင်၍ ခြောက်လအထိ ကစားခွင့်နှင့် ဘောလုံးဆိုင်ရာ…
👍6🤣2
သို့သော် အမေရိကန်သမ္မတ ထရမ့်ကမူ အီရန်၏ “မိစ္ဆာအင်ပါယာ” ကိုအနိုင်တိုက်ရေးမှာ ရေနံစိမ်းဈေးတက်တာထက်ပိုအရေးကြီးသည်ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

AFP နှင့်ပြုလုပ်ခဲ့သောတွေ့ဆုံမေးမြန်းခန်းတခုတွင် အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး မဂျစ်တပ်ခ်ရာဗန်ချီ (Majid Takht-Ravanchi) က တဟီရန် သည် “မိမိကိုယ်ကိုကာကွယ်ရေး” အတွက်သာလုပ်ဆောင်နေခြင်း ဖြစ်ပြီး နောက်ထပ်အီရန်အပေါ် စစ် “မပြုရန်” သေချာစေလိုသည်ဟု ပြောဆိုခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဆော်ဒီကဒရုန်းများ
#အီရန်
#ရေနံအရင်းအမြစ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🤣1
ကမ္ဘာ့အာရုံစိုက်မှုတို့က အရှေ့အလယ်ပိုင်းစစ်ပွဲဆီ ရောက်နေပြီး အကူအညီများလည်း ထပ်မံလျော့ နည်းလာနေချိန်တွင် မြန်မာနိုင်ငံ၏ ပိုမိုဆိုးရွားလာနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတို့က "ပို၍ပင် ဆိုးရွားသွားနိုင်သည့်" ဘေးရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်ကျွမ်းကျင်သူက သတိပေးသည်။

မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်အကြာ အာဏာသိမ်းစစ်အုပ်စုသည် အရပ်သားများကို မရပ်မနား ဆက်လက်တိုက်ခိုက်နေပြီး အသည်းအသန်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း ပိတ်ဆို့နှောင့်ယှက်လျက် ရှိကြောင်း မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန်အန်ဒရူးက ယခုသီတင်းပတ်အတွင်း AFP နှင့် အင်တာဗျူးတခုတွင် ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အရှေ့အလယ်ပိုင်း
#စစ်ပွဲကြောင့်
#မြန်မာအကျပ်အတည်း
#ပိုမိုနက်ရှိုင်းသွား
#ကုလကျွမ်းကျင်သူ
#သတိပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍11😢1🤮1
ICRC ထံ အခက်အခဲတင်ပြမှုကြောင့် ရိုက်နှက်ခံရသည့် သာယာဝတီထောင်က နိုင်ကျဉ်း ဆေးကုခွင့်မရ

ရောင်နီ

မဇ္ဈိမ။ ။ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC)ထံ အကျဉ်းသားများ၏ အခက်အခဲ တင်ပြခဲ့မှုကြောင့် ရိုက်နှက်ခံရသည့် နိုင်ငံရေးအကျဉ်းသား ဆေးကုသခွင့်မရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ (မတ်လ ၁၃ ရက်) တွင် သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း၊ သာယာဝတီဗဟိုအကျဉ်းထောင်တွင် ဖေဖော်ဝါရီလ ၇ ရက် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ကိုမျိုးကျော်ထက် (ခေါ်) သိုးသိုးသည် တပတ်ခန့်ကြာသည့် ယနေ့ အထိ ဆေးကုသခွင့်မရကြောင်း သိရသည်။ ထို့ပြင် ပြင်ပလူများနှင့် တွေ့ဆုံခွင့်မရဘဲ တိုက်ပိတ်ထားကြောင်း PPNM က သတင်းထုတ်ပြန်ထားသည်။

“လက်ရှိအထိတော့ ဆေးဝါးကုသခွင့်မရဘူး။ ဖူးယောင်ဒဏ်ရာနဲ့ ပေါက်ပြဲဒဏ်ရာတွေရတယ်လို့ သိထားရတယ်။ ဆေးရုံမှာ ဆေးဝါးကုသခွင့်မပေးတဲ့အပြင် တိုက်ပိတ်ထားတဲ့အတွက် ရိုက်နှက်ခံရသူရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအရ စိုးရိမ်စရာရှိပါတယ်” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ကိုမျိုးထက်အောင်တွင် မျက်နှာတခြမ်းလုံး ဖူးယောင်ညိုမဲဒဏ်ရာ နှင့် နားအတွင်းမှ…
👎5🤬3❤2
မြိတ်လေတပ်စခန်းဌာနချုပ်ကို တော်လှန်ရေးတပ်များ ဒရုန်းဖြင့် တိုက်ခိုက်

YT

မဇ္ဈိမ။ ။ တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးတပ်များနှင့် အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများသို့ ဦးတည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည့် စစ်ကော်မရှင်တပ်၏ မြိတ်လေတပ်စခန်းဌာနချုပ်အား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ယမန်နေ့ (မတ်လ ၁၂ ရက်) ည ၈ နာရီကျော်မှစ၍ မတ်လ ၁၃ ရက် နံနက် ၁ နာရီဝန်းကျင်အထိ မြိတ်မြို့ပြင်ရှိ မြိတ်လေတပ်စခန်းဌာနချုပ်အား တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက ဒရုန်းများဖြင့် ဗုံးလေးကြိမ် ကြဲချတိုက်ခိုက်ခြင်းဟု သိရသည်။

“ တညတည်းနဲ့ လေးကြိမ်တိတိချတယ်။ လေတပ်ထဲအထိ ထိခိုက်မှုရှိတယ် အပျက်အစီးရှိတယ်။ မြို့ခံတွေပြောတာက လေတပ်အနီးအနားဝန်ကျင်က အိမ်တွေပါ တုန်ခါသွားတယ်၊ အသံလည်း အကျယ်ကြီးပဲလို့သိရတယ်။ တညလုံး ဒရုန်းချတယ်။ ည ၈နာရီကနေ ည ၁ နာရီကျော်အထိပေါ့” ဟု တနင်္သာရီတိုင်း တော်လှန်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ထိုတိုက်ခိုက်ခံရမှုကြောင့် မြိတ်လေတပ်အတွင်း ထိခိုက် ပျက်စီးမှုများ ရှိကြောင်း သတင်းရင်းမြစ်က ပြောသော်လည်း…
❤16👍4🤣1
👎6👍2🔥1🤣1
🔥6🤣4
🤬5❤3⚡3👎1
👍5❤1🔥1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၃ မတ် ၂၀၂၆ )

မကွေးဖက်ဒရယ်ယူနစ်၏ ကြားကာလအစိုးရအဖွဲ့ဝင် ဝန်ကြီး ခုနစ်ဦးနှင့် ရှေ့နေချုပ်ကို မတ်လ ၁၂ ရက်တွင်ကျင်းပသည့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် (၁၁) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခန့်အပ်ခဲ့သည်။ သို့သော် ဝန်ကြီးဌာန နှစ်ခုအတွက်ကိုမူ ကန့်ကွက်မှုတွေရှိနေ၍ အတည်မပြု နိုင်သေးကြောင်း သိရသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဝန်ကြီးဌာန
#ကန့်ကွက်
#ကြားကားလအစိုးရအဖွဲ့
#မကွေးဖက်ဒရယ်
#ယူနစ်_လွှတ်တော်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-------------------------------------------
❤4👍2🤮2