Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆော်ဒီအာရေဗျနိုင်ငံရှိ Prince Sultan လေတပ်အခြေစိုက်စခန်း မြေပြင်၌ ရပ်နားထားသော အမေရိကန်လေတပ်မှ ဆီဖြည့်လေယာဉ် ငါး စင်း ဒုံးကျည်ထိမှန်ပျက်စီးခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦးကို ကိုးကား၍ Wall Street Journal (WSJ) က သောကြာနေ့ (မတ်လ ၁၃ ရက်) တွင် ဖော်ပြသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အီရန်က ဆော်ဒီအခြေစိုက်စခန်းအား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအတွင်း အဆိုပါလေယာဉ်များ ထိမှန်ခဲ့ခြင်းဖြစ်ပြီး လုံးဝပျက်စီးသွားခြင်းမျိုးမဟုတ်ဘဲ ပြုပြင်မှုများ ပြုလုပ်နေရကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသူမရှိကြောင်း WSJ က ဆိုသည်။

Epic Fury စစ်ဆင်ရေးစတင်ကတည်းက အမေရိကန်လေတပ်မှ ဆီဖြည့်လေယာဉ် အနည်းဆုံး ခုနစ်စင်း ပျက်စီး သို့မဟုတ် လုံးဝဖျက်ဆီးခံခဲ့ရကြောင်း WSJ ၏ သတင်းတွင် ဖော်ပြထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဆော်ဒီ
#အီရန်ဒုံးကျည်
#အမေရိကန်လေတပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤5🔥4👍1👎1
တီဟီရန်မြို့လယ်ရှိ ဖာဒေါစီရင်ပြင်အနီးတွင် မွန်းတည့်ချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထိုနေရာ သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော အယ်လ်ကွက်စ်နေ့ ချီတက်ပွဲအတွက် လူပေါင်းသောင်းနှင့်ချီ၍ စုဝေးနေ ကြသည့်နေရာဖြစ်ပြီး၊ စုဝေးသူများက "အစ္စရေးနှင့် အမေရိကန် ကျဆုံးပါစေ" ဟု ကြွေးကြော်ခဲ့ကြ သည်။

လက်ဘနွန်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအုပ်စုက အစ္စရေးမြောက်ပိုင်းနှင့် လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များထံသို့ ဒုံးကျည်များစွာဖြင့် ပစ်ခတ်ခဲ့ရာ အစ္စရေးမြောက် ပိုင်းတွင် လူ ၆၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူအားလုံးနီးပါးမှာ အသက်အန္တရယ် မစိုးရိမ်ရပေ။

တိုက်ပွဲများစတင်ကတည်းက လက်ဘနွန်တွင် လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ပြီး၊ လူဦးရေ ၈၀၀,၀၀၀ နီးပါးမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီးရုံးက ဆိုသည်။

အီရန်တွင် လူပေါင်း ၁,၃၀၀ ကျော် သေဆုံးခဲ့ပြီး၊ အစ္စရေးတွင် ၁၂ ဦး သေဆုံးခဲ့ကြောင်း အီရန်အာဏာပိုင် များက ထုတ်ပြန်ခဲ့သည်။ အမေရိကန်က အနည်းဆုံး စစ်သည် ၁၁ ဦး ကျဆုံးကာ ရှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့်…
👍6😁4
👎3
👎3
😢4
ဓာတ်ပုံ - ဖလမ်းမြို့ ၊ လုံပီးရပ်ကွက်ကို စစ်ကော်မရှင်တပ်က တိုက်လေယာဥ်ဖြင့် ယမန်နေ့ (မတ်လ၁၃ရက်) နံနက် ၁၁နာရီကျော် အချိန်က ဗုံးကြဲခဲ့ရာ (အသက်၂၅နှစ်) ဗိုလ်ကြီးဉာဏ်လင်းအောင် ကျဆုံးခဲ့သည်။
😢5👎3
ဓာတ်ပုံ - ဖလမ်းမြို့ ၊ လုံပီးရပ်ကွက်ကို စစ်ကော်မရှင်တပ်က တိုက်လေယာဥ်ဖြင့် ယမန်နေ့ (မတ်လ၁၃ရက်) နံနက် ၁၁နာရီကျော် အချိန်က ဗုံးကြဲခဲ့ရာ (အသက်၁၈နှစ်) ဒုတပ်ကြပ် မမန်ဒိတ်နွယ် ကျဆုံးခဲ့သည်။
😢8👎1
ဓာတ်ပုံ - ဖလမ်းမြို့ ၊ လုံပီးရပ်ကွက်ကို စစ်ကော်မရှင်တပ်က တိုက်လေယာဥ်ဖြင့် ယမန်နေ့ (မတ်လ၁၃ရက်) နံနက် ၁၁နာရီကျော် အချိန်က ဗုံးကြဲခဲ့ရာ အသက် (၂၄နှစ်) ရှိ ရဲဘော် ရှန်းဗျက် ကျဆုံးခဲ့ခြင်းဖြစ်သည်။
😢7👎1
ပြီးခဲ့သည့် ဇန်နဝါရီက ဗင်နီဇွဲလားအပေါ် လုပ်ဆောင်ခဲ့သော တိုက်ခိုက်မှုနှင့်အတူ ယခုလအတွင်း အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုက တရုတ်၏ သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ဗျူဟာအပေါ် ထိုးနှက်ချက်တခု ဖြစ်စေခဲ့သည်။

ပေကျင်းသည် အဆိုပါနိုင်ငံနှစ်နိုင်ငံစလုံးနှင့် သံတမန်ရေး၊ စွမ်းအင်၊ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများအထိ ပါဝင်သော ဘက်စုံဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်ထားသည်။

သို့သော် ယခုအခါတွင် အမေရိကန်က တရုတ်၏ အဆိုပါ မိတ်ဖက်နိုင်ငံများကို တိုက်ခိုက်မှု လုပ်ဆောင်ခြင်းအပြင် (ဟောင်ကောင်အခြေစိုက် တရုတ်ကုမ္ပဏီတခုက ထိန်းချုပ်ထားသော ပနားမားတူးမြောင်းရှိ ဆိပ်ကမ်းနှစ်ခုကဲ့သို့) တရုတ်၏ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများကိုပါ ပစ်မှတ်ထားလာခြင်းကြောင့် ပေကျင်းအစိုးရအနေဖြင့် အမေရိကန်၏ ရန်သူတော်များနှင့် မဟာဗျူဟာမြောက် မိတ်ဖွဲ့ခဲ့သော ယင်း၏ မဟာဗျူဟာက မိမိ၏ အကျိုးစီးပွားအချို့ကို ထိခိုက်စေရန် ခြိမ်းခြောက်နေကြောင်းကို သတိပြုမိလာသည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/14/84917

#တရုတ်
#အမေရိကန်
#နိုင်ငံရေးဗျူဟာအားနည်းချက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6👎1🔥1🤣1
ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်၊ ဗီယက်နမ်နှင့် ဥရောပအချို့ဒေသများတွင် "ပုရွက်ဆိတ်မွေးမြူခြင်း" ဝါသနာက အလွန် ခေတ်စားလာခဲ့သည်။ ဝါသနာရှင်များက မှန်လုံအိမ်အတွင်း မွေးမြူထားသော ပုရွက်ဆိတ်အသိုက်အမြုံများကို ကြည့်ရှုခြင်းဖြင့် စိတ်အပန်းဖြေမှုကို ရယူကြသည်။ သို့ရာတွင် ပုရွတ်ဆိတ် လိုအပ်ချက် မြင့်မားလာ၍ ကျင့်ဝတ်နှင့်အညီ ရှာဖွေမှုထက် ကျော်လွန်လာတော့သည်။ ပုရွက်ဆိတ်ဘုရင်မများ၏ တန်ဖိုးက ကင်ညာ ဒေသတွင်း တန်ဖိုးနှင့် နှိုင်းယှဉ်ပါက မိုးနှင့်မြေလို ကွာခြားသည်။ ကင်ညာ ကျေးလက်ဒေသများ၌ ပုရွက်ဆိတ်ဘုရင်မတကောင်ကို ရှီလင် ရာဂဏန်းမျှဖြင့် ရနိုင်သော်လည်း နိုင်ငံရပ်ခြားရှိ မှောင်ခိုဈေးကွက်သို့ ရောက်ရှိသွားပါက တကောင်လျှင် ဒေါ်လာ ရာပေါင်းများစွာအထိ ဈေးပေါက်သည်။

ပုရွတ်ဆိတ် ကုန်သွယ်မှု၏ အစိုးရိမ်ရဆုံးအချက်မှာ ကျူးကျော်မျိုးစိတ်များ အခြေချလာနိုင်သည့် အန္တရာယ်ဖြစ်သည်။ Messor cephalotes ပုရွတ်ဆိတ်မျိုးစိတ်များသည် အာဖရိကအရှေ့ပိုင်း၏ ဒေသရင်း မျိုးစိတ်ဖြစ်ပြီး သဘာဝရန်သူများနှင့် ပြိုင်ဘက်များကြားတွင် ထိန်းညှိပြီး ရှင်သန်လာခဲ့ကြသည်။ အကယ်၍ ၎င်းတို့က အခြား ပတ်ဝန်းကျင်သစ်သို့ ရောက်ရှိသွားပါက သဘာဝရန်သူများ…
👍8❤1🔥1
အီရန်ရေနံကွန်ရက်အတွက် အရေးပါသော ခါ့ဂ်ကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာနေရာများကို အမေရိကန်က ဖျက်ဆီးခဲ့ကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ ဖြတ်သန်းသွားလာမှုကို အီရန်က ဆက်လက်နှောင့်ယှက်နေပါက ရေနံအခြေခံအဆောက်အအုံများမှာ နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင် ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။

အီရန်ရေနံလုပ်ငန်း၏ အဓိကဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်းပေါ်ရှိ ပစ်မှတ်များကို အမေရိကန်တပ်ဖွဲ့များ က သောကြာနေ့တွင် "အပြင်းအထန် တိုက်ခိုက်" ခဲ့ကြောင်း သမ္မတ ထရမ့်က ပြောကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ခါ့ဂ်ကျွန်း
#စစ်ဘက်ဆိုင်ရာ
#နေရာများကို
#ဗုံးကြဲ
#ရေနံအခြေခံ
#အဆောက်အအုံများ
#ထရမ့်
#ခြိမ်းခြောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍7😁3❤2
အမေရိကန်-အစ္စရေး လေကြောင်းစစ်ဆင်ရေးသည် အီရန်နိုင်ငံတဝန်းရှိ နေရာပေါင်းထောင်ချီကို တိုက်ခိုက်ခဲ့ပြီး အများစုမှာ စစ်တပ်နှင့် တော်လှန်ရေးအစောင့်တပ်ဖွဲ့တို့နှင့် သက်ဆိုင်သည့် နေရာများဖြစ်သည်။ ဆေးရုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် လူနေအိမ်များအပါအဝင် အရပ်သားအဆောက်အအုံပေါင်း ထောင်နှင့်ချီ၍ ပျက်စီးခဲ့ကြောင်း အီရန် လခြမ်းနီအသင်းက ပြောသည်။ အီရန်အစိုးရသည် သေဆုံးသူဦးရေ ၁,၂၀၀ ကျော်ရှိသည်ဆိုသောစာရင်းနောက်ပိုင်း ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။

ရေနံသိုလှောင်ရုံများ ဗုံးကြဲခံရပြီးနောက် တွေ့ရသည့် အခြေအနေကို "ကမ္ဘာပျက်ကိန်းဆိုက်နေသည့် မြင်ကွင်း" ဟု အသက် ၃၃ နှစ်အရွယ် အင်ဂျင်နီယာတဦးက ပြောသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ ပထမဆုံးတိုက်ခိုက်မှုများ စတင်ကတည်းက အင်တာနက်လိုင်းများကို လုံးဝနီးပါး ဖြတ်တောက်ထားသဖြင့် အီရန်ပြည်သူများသည် စစ်ပွဲသတင်းများကို နားစွင့်ရန် အခက်တွေ့နေကြသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တီဟီရန်
#လေကြောင်းရန်
#အချက်ပေး
#ဥဩသံမရှိ
#ဗုံးကြဲတိုက်ခိုက်ခံရ
#မြို့ခံများ
#ဆက်သွယ်ရေး
#ပြတ်တောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews…
👎3🔥2
မြဝတီမြို့နယ်တွင် စစ်ရှောင်စခန်းကို အသေခံဒရုန်းဖြင့် စစ်ကော်မရှင်တပ် တိုက်ခိုက်၍ လူသေဆုံးထိခိုက်မှုရှိ

ဟန်ထူးဇော်

မဇ္ဈိမ ။ ။ ကရင်ပြည်နယ် မြဝတီတောင်ဖက်ခြမ်း ဖလူးလေးကျေးရွာအနီး မြန်မာ-ထိုင်းနယ်စပ် သောင်းရင်းမြစ်ဘေးရှိ စစ်ဘေးရှောင်များ နေထိုင်သည့် စခန်းတခုကို ယနေ့ (မတ်လ၁၄ရက်) နံနက်တွင် စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ လူသေဆုံးထိခိုက်မှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဖလူးလေးကျေးရွာအနီးရှိ ပလောတပို့ (မြန်မာဘက်ခြမ်း ) စစ်ရှောင်စခန်းသည် ယနေ့ နံနက် ၁၁နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ကာမီကာဇေ အသေခံဒရုန်း နှစ်စီးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး၊ ယင်း တိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင် ပြည်သူ တဦး သေဆုံးကာ တဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကာမီကာဇေနဲ့ လာလုပ်သွားတာ၊ တဦးသေတယ်၊ တဦးထိတယ်”ဟု ပလောတပို့စစ်ရှောင်စခန်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

အဆိုပါ စစ်ရှောင်စခန်းသည် ၂၀၂၅ခုနှစ် ဩဂုတ်လပိုင်းတွင် ဒုတိယအကြိမ် ပြန်လည်ဖွင့်ထားသည့် စခန်းဖြစ်ပြီး လူဦးရေ ၃,၀၀၀ နီးပါး ယာယီခိုလှုံနေကြောင်း ပလောတပို့စစ်ရှောင်စခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ယင်းစစ်ရှောင်စခန်းနှင့်…
🔥5👍2👎1🤬1
စစ်ရာဇဝတ်မှုတရားခံများအား နိုင်ငံအစိုးရအဖြစ် အသိအမှတ်မပြုသင့်ဟု NUG ဆို

YT

မဇ္ဈိမ။ ။ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများအား ကျူးလွန်နေသည့် တရားခံများအား နိုင်ငံတော်၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသင့်ကြောင်း အမျိုုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ယနေ့ (မတ်လ ၁၄ ရက်)နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ညောင်လေးပင်မြို့နယ်အတွင်း အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုသည် ၂၀၂၆ ခုနှစ် အစောပိုင်း၌ ကျင်းပပြီးစီးသည့် အတုအယောင်ရွေးကောက်ပွဲမှတဆင့် တရားမဝင် လွှတ်တော်ခေါ်တော့မည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ယူနီဖောင်းပြောင်းထားသည့် အသွင်ပြောင်း အစုအဖွဲ့တခုအား အစိုးရ အမည်တပ်ပြီး နိုင်ငံတကာ၌ တရားဝင်မှု ရနိုင်ရေး ကြိုးပမ်းလာမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

ထိုစစ်အုပ်စုသည် ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် စစ်ရာဇဝတ်မှုများ၏ တရားခံများ ဖြစ်ကြောင်း ဆို သည်။

“ မကြာခင်ဖြစ်လာမယ့် တရားမဝင်…
👍10🤮3❤1
လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည် ညောင်လေးပင်၌ စစ်ရေး ဆက်လက်တင်းမာ ၊ အရပ်သားများ လုံခြုံ ရေးအတွက် ဆောင်ရွက်နေဟု NUG ပြော

YT

မဇ္ဈိမ။ ။ စစ်ကော်မရှင်တပ်ဖွဲ့က လူ ၂၈ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ကျောင်းကုန်း၊ ရေတွင်းကုန်းနှင့် ခရုကုန်းရွာတို့တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဆက်လက်တပ်ဆိုင်ထားဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံက သိရသည်။

ယနေ့ (မတ်လ ၁၄ ရက်)နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ညောင်လေးပင်မြို့နယ်အတွင်း အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ အမေးကို မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ စစ်ရေးအခြေအနေကတော့ နှစ်ဖက်ဆိုင်ထားတဲ့ ပူပြင်းတဲ့ အခြေအနေလို့ပဲ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကစ၍ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများသို့…
👍10🔥3❤1