Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်မီးကြောင့် မတ်လ ၆ ရက်တွင် ရေနံဈေးနှုန်းမှာ ၂၀၂၂ ခုနှစ် နောက်ပိုင်းအမြင့်ဆုံးအဖြစ် တစည်လျှင် အမေရိကန်ဒေါ်လာ ၉၀ အထိ ထိုးတက်သွားခဲ့ရာ ထိုင်းစီးပွား ရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ထို့ပြင် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ထောက်ပံ့မှုအပေါ် ခြိမ်းခြောက်မှုများ ရှိနေသည့်အတွက် ထိုင်း ဂျီဒီပီခန့်မှန်းချက်ကို ထိုင်းအစိုးရ၏ စီးပွားရေးသုတေသနအဖွဲ့ဖြစ်သော အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု ကောင်စီ (NESDC) က လျှော့ချလိုက်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်းစီးပွားရေးအား
#အရှိန်မြင့်တက်လာမှု
#အီရန်စစ်ပွဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥5❤2
လွန်ခဲ့သော ၂၅ နှစ်ခန့်က ဖခင်အား သူ၏ မွေးရပ်မြေဖြစ်သော မန္တလေးမြို့သို့ ပြန်လည်ခေါ်ဆောင်သွား ရန် ကျွန်တော်ဆန္ဒပြင်းပြခဲ့ဖူးသည်။ ကျွန်တော့်အဖွားကိုလည်း (နောင်တွင် စစ်အစိုးရက နိုင်ငံအမည် အား မြန်မာ၊ မြို့အမည်အား ရန်ကုန်ဟု မပြောင်းလဲမီက) ရန်ကုန်မြို့တွင်ပင် မွေးဖွားခဲ့သည်။

ကျွန်တော့်အဘိုးမှာ ဗြိတိသျှစစ်အရာရှိတဦးဖြစ်ပြီး ဂျပန်လေတပ်က ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်နေ သည့် ၁၉၄၂ ခုနှစ်တွင် မန္တလေးမြို့တွင် တာဝန်ကျခဲ့သူ ဖြစ်သည်။

တိုက်လေယာဉ်များ၏ ပစ်ခတ်မှုကြောင့် ဧရာဝတီမြစ်အတွင်း နစ်မြုပ်လုနီးပါးဖြစ်နေစဉ် မိခင်နှင့် မောင်နှမများကို ကယ်တင်ခဲ့ပုံနှင့် တောနက်ကြီးထဲမှ ဘေးကင်းရာသို့ လမ်းလျှောက်ထွက်ခွာခဲ့ပုံ စသည့် ဖခင်ဖြစ်သူ၏ ငယ်ဘဝစွန့်စားခန်းများကို နားထောင်ခဲ့ရခြင်းကပင် သူ့ကို ဇာတိမြေသို့ ပြန်လည် ခေါ်ဆောင်ပြီး အတွေ့အကြုံများအား အတူတကွခံ စားလိုစိတ် ဖြစ်ပေါ် စေခဲ့ခြင်းဖြစ်ပါသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စွန့်စားခဲ့ကြသူများ
#ဆရာဝန်များ
#မြန်မာ့ပြည်တွင်းစစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤13👍10🔥1
❤5👍2🔥1
❤7🔥1
❤6🔥1
❤4🔥1
❤4🔥1
❤4🔥1
❤4🔥1
❤4🔥1
❤6🔥1
“လောလောဆယ်တော့ သမ္မတဟာ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုပဲ တမင်ပစ်မှတ်ထားခဲ့တာပါ” ဟု မိုက်ဝက်ဇ်က CNN တွင် ပြောသည်။ “သူတို့ရဲ့ စွမ်းအင်ကဏ္ဍကို ဖြိုချချင်တယ်ဆိုရင်လည်း အဲဒီရွေးချယ်မှုကို သူ (ထရမ့်) ခေါင်းထဲမှာ ရှိလိမ့်မယ်လို့ ကျွန်တော် ထင်တယ်” ဟု ၎င်းက ဆိုသည်။

ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ကူညီရန် ထရမ့် တောင်းဆို**ထရမ့်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများအား စောင့်ကြပ်ရန် နိုင်ငံစုံမဟာမိတ်အဖွဲ့ ဖွဲ့စည်းရေးကို မကြာမီ ကြေညာဖွယ်ရှိသည်။ သမ္မတက "တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ယူကေနဲ့ တခြား နိုင်ငံတွေအနေနဲ့ ဒီ ဒေသကို စစ်သင်္ဘောတွေ စေလွှတ်ကြမယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်း၏ Truth Social တွင် ရေးခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ရေနံဗဟိုချက်
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥3❤2
လူဦးရေ ၆ ဒသမ ၄ သန်းသာရှိပြီး ပင်လယ် ထွက်ပေါက်မရှိသော ပါရာဂွေးသည် တောင်အမေရိကတွင် ထိုင်ဝမ်၏ နောက်ဆုံး သံခင်းတမန်ခင်း မဟာမိတ် ဖြစ်သည်။ ထိုင်ဝမ်ကို အသိအမှတ်ပြုထားဆဲ ကမ္ဘာ့နိုင်ငံ ၁၂ နိုင်ငံထဲမှ တနိုင်ငံဖြစ်သည့် ပါရာဂွေးကသာ တရုတ်ဆီ ဘက်ပြောင်းသွားပါက ထိုင်ဝမ်ကို အထီးကျန်ဖြစ်အောင် လုပ်ဆောင်နေသော တရုတ်အတွက် အထိမ်းအမှတ်ဖြစ်မည့် အောင်ပွဲတရပ်ကို ရရှိသွားလိမ့်မည်ဖြစ်သည်။

တရုတ်၏ ကြိုးပမ်းမှုများက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လိုပင် ဧရာမအင်အားကြီးနိုင်ငံ ဖြစ်လာရေးကို သန္နိဋ္ဌာန်ချထားပြီး လက်တင်အမေရိကဒေသတွင် ၎င်း၏ သြဇာအာဏာကို ပိုမို ခိုင်မာအောင် တည်ဆောက်လိုသည့် ရည်ရွယ်ချက်ကို ပြသနေခြင်းလည်း ဖြစ်သည်။

ပါရာဂွေးအပေါ် တရတ်၏ ချဉ်းကပ်မှုမှာ ဒေသတွင်း တွေ့မြင်နေကြ လမ်းကြောင်းဟောင်အတိုင်းပင် ဖြစ်သည်။ ပနားမား၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အယ်လ်ဆာဗေဒို၊ နီကာရာဂွာနှင့် လတ်တလောတွင် ဟွန်ဒူးရပ်စ်နိုင်ငံများက တရုတ်၏ ကာလရှည် စည်းရုံးမှုနှင့် ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ ကတိကဝတ်များတွင် ပျော်ဝင်ကာ နောက်ဆုံး၌ တရုတ်ကို အသိအမှတ်ပြုကြတော့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။…
❤5👎3🔥2👍1🤬1
အီရန်ဦးသျှောင်အသစ် မိုဂျ်တာဘာ ခါမေနီက ၎င်း၏ ကျန်းမာရေးအခြေအနေ၊ ပျောက်ဆုံးနေမှုနှင့် ပတ်သက်သည့် သံသယများကင်းစင်သွားစေရန် ပြီးခဲ့သည့် သီတင်းပတ်က ပထမဆုံးအကြိမ် တုံ့ပြန် ဆောင်ရွက်ခဲ့သော်လည်း များစွာ မထိရောက်ခဲ့ပေ။

အသက် ၅၆ နှစ်အရွယ်ရှိ လျှို့ဝှက်လှသည့် ဘာသာရေးခေါင်းဆောင်ကို စစ်ပွဲစတင်ကတည်းက မတွေ့ရ သေးသလို၊ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖခင်ဖြစ်သူ၏ အရိုက်အရာကို ဆက်ခံမည့် အီရန်ခေါင်းဆောင် သစ်အဖြစ် တင်မြှောက်ပြီးနောက်တွင်လည်း လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ထိုနေ့တွင် ၎င်းက မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ကြေညာခဲ့ သော်လည်း နာရီပေါင်းများစွာ ကြာသည်အထိ ပေါ်ထွက်မလာခဲ့သဖြင့် ၎င်းမှာ ပုန်းအောင်းနေခြင်းမျိုး မဟုတ်ဘဲ ကျန်းမာရေးချို့ယွင်းနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ယူဆချက်များမှာလည်း ပိုမိုအားကောင်း လာခဲ့သည်။

♦ ဆောင်းပါးအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မိုဂျ်တာဘာခါမေနီ
#ကောလာဟလ
#ဦးသျှောင်အသစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12❤6🤣2🔥1
အီရန်စစ်ပွဲကို စတင်ခဲ့သည့် ခေါင်းဆောင်များအား တိုက်ရိုက်ရည်ညွှန်း၍ အရှေ့အလယ်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရန် ၎င်း၏ ပြောင်မြောက်သည့် စကားလုံးများဖြင့် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က တနင်္ဂနွေနေ့မိန့်ခွန်းတွင် တောင်းဆိုလိုက်သည်။

“အရှေ့အလယ်ပိုင်းက ခရစ်ယာန်ဘာသာဝင်တွေနဲ့ စေတနာရှင် အမျိုးသား၊ အမျိုးသမီးအားလုံးရဲ့ ကိုယ်စား၊ ဒီပဋိပက္ခအတွက် တာဝန်ရှိသူတွေကို ကျွန်ုပ် မေတ္တာရပ်ခံပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။

“ဆွေးနွေးညှိနှိုင်းမှု လမ်းစတွေ ပြန်ပွင့်လာဖို့အတွက် အပစ်အခတ်ရပ်စဲကြပါ။ အကြမ်းဖက်မှုဆိုတာ ပြည်သူတွေ မျှော်လင့်စောင့်စားနေတဲ့ တရားမျှတမှု၊ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးဆီကို ဘယ်တော့မှ ပို့ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#စစ်ပွဲရပ်စဲရန်
#ပုပ်ရဟန်းမင်းကြီး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤11👍2🤮1
အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု
Mr Nobody Against Putin
👍5🤮1
အကောင်းဆုံးမူရင်းဇာတ်ညွှန်းဆု
Sinners - Ryan Coogler
👍5🤮1