Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အီရန်စစ်ပွဲကို စတင်ခဲ့သည့် ခေါင်းဆောင်များအား တိုက်ရိုက်ရည်ညွှန်း၍ အရှေ့အလယ်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရန် ၎င်း၏ ပြောင်မြောက်သည့် စကားလုံးများဖြင့် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က တနင်္ဂနွေနေ့မိန့်ခွန်းတွင် တောင်းဆိုလိုက်သည်။

“အရှေ့အလယ်ပိုင်းက ခရစ်ယာန်ဘာသာဝင်တွေနဲ့ စေတနာရှင် အမျိုးသား၊ အမျိုးသမီးအားလုံးရဲ့ ကိုယ်စား၊ ဒီပဋိပက္ခအတွက် တာဝန်ရှိသူတွေကို ကျွန်ုပ် မေတ္တာရပ်ခံပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက မိန့်ကြားခဲ့သည်။

“ဆွေးနွေးညှိနှိုင်းမှု လမ်းစတွေ ပြန်ပွင့်လာဖို့အတွက် အပစ်အခတ်ရပ်စဲကြပါ။ အကြမ်းဖက်မှုဆိုတာ ပြည်သူတွေ မျှော်လင့်စောင့်စားနေတဲ့ တရားမျှတမှု၊ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးဆီကို ဘယ်တော့မှ ပို့ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#စစ်ပွဲရပ်စဲရန်
#ပုပ်ရဟန်းမင်းကြီး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤11👍2🤮1
အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု
Mr Nobody Against Putin
👍5🤮1
အကောင်းဆုံးမူရင်းဇာတ်ညွှန်းဆု
Sinners - Ryan Coogler
👍5🤮1
အကောင်းဆုံးမှီငြမ်းဇာတ်ညွှန်းဆု
One Battle After Another - Paul Thomas Anderson
👍5🤮1
အကောင်းဆုံးဇတ်ဝင်တေးသီချင်းဆု

Golden - KPop Demon Hunters (by EJAE, Mark Sonnenblick, Joong Gyu Kwak, Yu Han Lee, Hee Dong Nam, Jeong Hoon Seo and Teddy Park)
🥰4❤2🤮1
အကောင်းဆုံးနောက်ခံတေးဂီတဆု
Sinners - Ludwig Goransson
👍5🤮1
အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု (Best cinematography)
Sinners - Autumn Durald Arkapaw
👍5🔥1🤮1
အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု
One Battle After Another - Andy Jurgensen
👍5🤮1
အကောင်းဆုံးအသံဆု

F1 - Gareth John, Al Nelson, Gwendolyn Yates Whittle, Gary A Rizzo and Juan Peralta
👍5🤮1
အကောင်းဆုံးအထူးပြုလုပ်ချက်ဆု (Best visual effects)

Avatar: Fire and Ash - Joe Letteri, Richard Baneham, Eric Saindon and Daniel Barrett
👍6🤮1
အကောင်းဆုံးအဝတ်အစားဒီဇိုင်းဆု
Frankenstein - Tamara Deverell and Shane Vieau
🥰4🤮1
အကောင်းဆုံးသရုပ်ဆောင်ရွေးချယ်မှုဆု (Best casting)
One Battle After Another - Cassandra Kulukundis
🥰4❤1🤮1
အကောင်းဆုံး make-up နှင့် hairstyling ဆု
Frankenstein - Mike Hill, Jordan Samuel and Cliona Furey
👍4🤮1
အကောင်းဆုံး costume design ဆု
Frankenstein - Kate Hawley
👍4🤮1
အကောင်းဆုံးအန်နမေးရှင်းရုပ်ရှင်တိုဆု
The Girl Who Cried Pearls
👍5🤮1
အကောင်းဆုံးရုပ်ရှင်တိုဆု (ပူးတွဲ)
The Singers
Two People Exchanging Saliva
👍5🤮1
အကောင်းဆုံးမှတ်တမ်းရုပ်ရှင်တိုဆု
All the Empty Rooms
👍5🤮1
"ကျွန်တော်တို့ ကျွန်းကို လုံးဝကို ဖျက်ဆီးပစ်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့သိတဲ့အတိုင်း စွမ်းအင်အဆောက်အအုံတွေနဲ့ ပတ်သက်တာကိုတော့ ကျွန်တော် ဘာမှမလုပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေကို ပြန်တည်ဆောက်ဖို့က နှစ်နဲ့ချီပြီး ကြာနိုင်လို့ပဲ။" ဟု ထရမ့်က ပြောသည်။

ထရမ့်သည် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အခြားနိုင်ငံများ ပါဝင်ကူညီကြရန် စနေနေ့ အစောပိုင်းက ထပ်မံတိုက်တွန်းခဲ့ပြီး၊ အီရန်စစ်ပွဲအတွင်း အဆိုပါနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ခါ့ဂ်ကျွန်း
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤣5👍3
အမေရိကန်-အစ္စရေးနှင့် အီရန် စစ်ပွဲကြောင့် အီရန်နှင့် ပင်လယ်ကွေ့နိုင်ငံများအကြား ဆက်ဆံရေးကို "အလေးအနက် ပြန်လည်သုံးသပ်ရန်" လိုလိမ့်မည် ဖြစ်ကြောင်းနှင့် ဒေသ သာယာဝပြောလာစေရန် ပြင်ပအင်အားစုများ၏ သြဇာကို ကန့်သတ်ရမည်ဖြစ်ကြောင်း ဆော်ဒီအာရေးဗျနိုင်ငံဆိုင်ရာ အီရန်သံအမတ်က ရိုက်တာသတင်းဌာနကို မတ်လ ၁၅ ရက်တွင် ပြောသည်။

စစ်ပွဲကြောင့် ဆက်ဆံရေး ထိခိုက်မည်ကို စိုးရိမ်ပူပန်သလားဆိုပြီး မေးမြန်းမှုကို အီရန်သံအမတ် အလီရီဇာ အန်ယာတီက ဖြေကြားရာတွင် "ဒါက မေးသင့်တဲ့ မေးခွန်းတခုပါ။ အဖြေကလည်း ရိုးရိုးရှင်းရှင်းပဲ ဖြစ်နိုင်ပါတယ်၊ ကျွန်တော်တို့ဟာ အိမ်နီးချင်းတွေဖြစ်လို့ တဦးကို တဦး ပစ်ပယ်ထားလို့ မရပါဘူး။ ကျွန်တော်တို့အနေနဲ့ အလေးအနက် ပြန်လည်သုံးသပ်မှုတွေ လိုပါလိမ့်မယ်" ဟု ပြောသည်။

ဆော်ဒီ အရှေ့ဘက်ကမ်းရိုးတန်းရှိ Ras Tanura ရေနံချက်စက်ရုံနှင့် ယူအေအီး နယ်စပ်အနီး သဲကန္တာရထဲရှိ Shaybah ရေနံမြေကို ဒရုန်းများဖြင့် ဒါဇင်နှင့်ချီ တိုက်ခိုက်ရန် ကြိုးပမ်းမှုများအပါအဝင် ဆော်ဒီ၏ ရေနံအခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများအတွက် အီရန်တွင် တာဝန်ရှိသည်ဆိုခြင်းကို အလီရီဇာ အန်ယာတီက ငြင်းဆိုသည်။

♦ သတင်းအပြည့်အစုံကို…
❤6🔥1🤣1