Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
🤣3
👍8🔥1
https://www.youtube.com/watch?v=9q_4hJjKvHM
အရှေ့အလယ်ပိုင်းအရေးနှင့် ပတ်သက်၍ မြန်မာဆိုရှယ်မီဒီယာ အသုံးပြုသူများကြား ပျံ့နှံ့နေသည့် သတင်းတုများ
👍6🔥1
တိဗက် အဝေးရောက်အစိုးရသည် အီရန်စစ်ပွဲ အရှိန်မြင့်လာနိုင်သည့် ဘေးအန္တရာယ်များကို စောင့်ကြည့်လျက်ရှိပြီး ထိုပဋိပက္ခကြောင့် ဒေသတွင်း၌ အမေရိကန်၏ အာရုံစိုက်မှု လျော့ပါးသွားနိုင်ပြီး တရုတ်အတွက် အခွင့်သာမှု ရသွားစေနိုင်သည်ဆိုပြီး တိဗက် အဝေးရောက်အစိုးရ အကြီးအကဲ ပန်ပါဆာရင် က ယူဆထားသည်။

အီရန်စစ်ပွဲ အရှိန်မြင့်လာခြင်းကြောင့် ဟိမဝန္တာကုန်းမြင့်ဒေသနှင့် အခြားသော ဒေသတွင်း ပဋိပက္ခဇုန်များ၌ တရုတ်အနေဖြင့် ယင်း၏အကျိုးစီးပွားများကို ခိုင်မာအောင် လုပ်ဆောင်ရန် အခွင့်အရေးရသွားမည်လားဆိုသည်ကို ၎င်းတို့ ဗဟိုတိဗက်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ပန်ပါဆာရင်က ပြောသည်ဟု Bloomberg သတင်းဌာနကို ကိုးကား၍ UNN က ဖော်ပြသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/16/85141

#ပဋိပက္ခ
#အီရန်
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🤣2
မြင်းခြံခရိုင်တွင် ၂ လအတွင်း စစ်ကော်မရှင်တပ်၏ ဗုံးကြဲမှုကြောင့် လူ ၁၀၀ ကျော်သေဆုံး၊ မီးရှို့မှုကြောင့် အိမ် ၄,၀၀၀ ကျော်ပြာကျ

ဓာတု

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးပြီး မီးတင်ရှို့ခြင်းကြောင့် အိမ်ခြေ ၄,၀၀၀ ကျော်ပြာကျကြောင်း သိရသည်။

အဆိုပါစာရင်းများမှာ စစ်ကော်မရှင်၏ ရွေးကောက်ပွဲနောက်ဆုံးပိုင်းအပြီး ယခုနှစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစ၍ လက်ရှိ မတ်လ ဒုတိယအပတ်အထိ မဇ္ဈိမသတင်းဌာနနှင့် မြင်းခြံမြို့နယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကော်မတီမှ လက်လှမ်းမီသလောက်ကောက်ယူထားသော စာရင်းများဖြစ်သည်။

သို့သော် စာရင်းများမှာ မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်း အဆိုပါအဖွဲ့မှတာဝန်ရှိသူတဦးက မဇ္ဈိမသို့ပြောသည်။ “ဗုံးကြဲလို့မီးလောင်တာနဲ့တင် အိမ်ပေါင်း ၂၀၀ ကျော်ပျက်စီးတယ်။ အိမ်ခြေ ၄,၀၀၀ အထက်ဆိုတာက ရွာတွေကို မီးလိုက်ရှို့တဲ့စာရင်းပါ၊ အဲ့ဒီအထဲ ဘုရားစေတီပုထိုး၊ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတချို့လည်းပါတယ်။ သေဆုံးတဲ့ ၁၀၀ ကျော်မှာ လသားအရွယ်လည်းပါတယ်။ နောက်…
🤬8❤2👍2👎2
အခြေအနေအား စောင့်ကြည့်ရန်နှင့် အကူအညီများပေးအပ်ရန် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့သည်။ အခြေအနေ ပြန်လည်တည်ငြိမ်သွားပြီးနောက် ဒုက္ခသည်များက မြန်မာဘက်ခြမ်းရှိ ၎င်းတို့၏ စခန်းများသို့ ပြန်သွားကြကြောင်း သိရသည်။

သီးခြားဖြစ်ရပ်အနေဖြင့် မြန်မာစစ်တပ်မှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးကျည်က ဖလူးလေးကျေးရွာရှိ ကာစီနိုရုံအနီးမှ ထမင်းစားဆောင်ကို ထိမှန်ခဲ့ရာ တရုတ်နိုင်ငံသား လေးဦး (အမျိုးသား သုံးဦးနှင့် အမျိုးသမီး တဦး) သေဆုံးပြီး၊ အခြားတရုတ်နိုင်ငံသားများနှင့် နိုင်ငံခြားသား ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်များက ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်နိုင်ငံသား
#ထိုင်းနယ်စပ်
#မြန်မာစစ်တပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥4🤬1
https://www.youtube.com/watch?v=TRqUsyPmNn4
မတ်လ ၁၆ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ စျေးနှုန်းများ
👍5🔥3❤1
https://www.youtube.com/watch?v=YGtYAbno47A
မတ်လ ၁၆ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရငွေစျေးနှုန်းများ
❤4👍4🔥1
https://www.youtube.com/watch?v=voLnTl7jG8c
မတ်လ ၁၆ ရက် ၊ ည ၇ နာရီ ၊ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်
👍5🔥3
https://www.youtube.com/watch?v=NWQBOAhICHA
မတ်လ ၁၆ ရက်နေ့ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
👍4🔥4
တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ပိုမို ငါတကောကောလာသော ရပ်တည်ချက်များက ကျွန်ုပ်တို့ခေတ်ကာလ၏ အရေးကြီးဆုံး ပထဝီနိုင်ငံရေး စိန်ခေါ်မှုတခု ဖြစ်လာသည်။ ပဋိပက္ခ၏ ဗဟိုချက်တွင် ရှိနေသည်က ဗီယက်နမ်နိုင်ငံ ဖြစ်ပြီး ဗီယက်နမ်သည် မြောက်ဘက်အိမ်နီးချင်း၏ လွှမ်းမိုးမှုကို ရာစုနှစ်ပေါင်းများစွာ တွန်းလှန်လာခဲ့သည့် နိုင်ငံဖြစ်သလို ယခုအခါတွင် ပေကျင်း၏ ရန်လိုသော ပင်လယ်ရေကြောင်း ချဲ့ထွင်မှုနှင့် ရင်ဆိုင်နေရသည်။

တရုတ်နှင့် ဗီယက်နမ်တို့အကြား ဆက်ဆံရေး ယိုယွင်းလာခြင်းမှာ နှစ်နိုင်ငံကြား သဘောကွဲမှုသက်သက်မဟုတ်ဘဲ အရှေ့တောင်အာရှတခွင် မတည်ငြိမ်မှုများကို ဖြစ်လာစေနိုင်သည့် ရှေ့ပြေးနိမိတ်ဖြစ်ကာ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်၊ နိုင်ငံတကာဥပဒေနှင့် ဒေသတွင်း လုံခြုံရေးတို့အတွက် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုများလည်း ရှိလာနိုင်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တောင်တရုတ်ပင်လယ်ကစားကွက်
#အချုပ်အခြာအာဏာ
#ဗီယက်နမ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7❤5👍4
https://www.youtube.com/watch?v=raAfxXsa_4A
တအာင်းဘာသာနဲ့ တင်ဆက်ပေးနေတဲ့ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ် I 16 March 2026
👍5🤮1
https://www.youtube.com/watch?v=aGgAR6l72hs
၁၀၂၇ အသီးအပွင့်ကြားက မဟာမိတ်ပြိုကွဲမှုအစ (Editorial Talk)
🤮5👎2👍1
နွေဦးတော်လှန်ရေး၏ အဓိက ရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်အတွက် တစိုက်မတ်မတ် ဦးတည်ကာ တစ်သံတည်းထွက်အောင် ဆောင်ရွက်ပေးကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အကြံပြု ပြောဆိုသည်။

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်လွှတ်တော်ကို အသိအမှတ်မပြုကြောင်း ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၊ နဝမအကြိမ် အစည်းအဝေးသို့ သဝဏ်လွှာပေးပို့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အကြမ်းဖက်စစ်အုပ်စု
#နေ့စဉ်မှတ်စု
#နွေဦးတော်လှန်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤9👍3🤮1