Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မတ္တရာနယ် မိုးကြိုးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲရာ နေအိမ် ၄ လုံးပျက်စီး

MTO

မဇ္ဈိမ။ ။ မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်း မိုးကြိုးရွာကို စစ်ကော်မရှင်တပ်ဖွဲ့ က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ် လေးလုံး မီးလောင်ပျက်စီးသွားကြောင်း Wetlet Informational Network အဖွဲ့ က သတင်းထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၁၈ ရက်) ညနေ ၆ နာရီ ဝန်းကျင်အချိန်တွင် စိန်ပန်းကုန်းကျေးရွာအထိုင်ချ စစ်ကော်မရှင်တပ်ဖွဲ့ က တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ စိန်ပန်းကုန်းက အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး နောက်ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲတော့တာပဲ “ ဟု ဒေသခံ တဦးက ယနေ့(မတ်လ ၁၉ ရက်)တွင် ပြောသည်။

မတ်လ ၁၇ ရက်နေ့ကလည်း စိန်ပန်းကုန်းကျေးရွာမှ စစ်ကော်မရှင်တပ်ဖွဲ့သည် ဧရာ၀တီမြစ်အနောက်ဘက်ကျွန်းပေါ်သို့ ရောက်ရှိလာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်.

အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်မှ နှစ်ဦး သေဆုံးပြီ…
👎9❤2🔥2😁1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၉ မတ် ၂၀၂၆ )

မြန်မာနိုင်ငံရှိ ပဋိပက္ခနယ်မြေများနှင့် ဆက်နွှယ်နေသည့် အမှုတခုအား အိန္ဒိယအာဏာပိုင်များက စုံစမ်း စစ်ဆေးနေစဉ် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ယူကရိန်းနိုင်ငံသား ခြောက်ဦးမှာ တရားမဝင်လုပ်ရပ်များ တွင် ပါဝင်ပတ်သက်နေသည့် သက်သေအထောက်အထားမရှိကြောင်းဆိုကာ ယူကရိန်းက စွပ်စွဲချက်များ ကို ပယ်ချလိုက်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပဋိပက္ခနယ်မြေ
#တရားမဝင်လှုပ်ရှားမှု
#လက်နက်ကိုင်အဖွဲ့အစည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
--------------------------------------------
👍8😁1🤮1
ထိုင်းလွှတ်တော်သစ်က အနုတင်ချာဝီရာကူးလ် (Anutin Charnvirakul) ကို ဝန်ကြီးချုပ်သစ်အဖြစ် ကြာသပတေး နေ့တွင် ရွေးကောက်တင်မြှောက်ရန်ရှိသည်။

ဤအရှေ့တောင်အာရှနိုင်ငံ၏အစိုးရသစ်သည် အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို ကိုင်တွယ်ရမည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းထိုင်းမှိုင်းနေခြင်း၊ အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားနေသော နယ်စပ်တင်းမာမှုပြဿနာများကိုလည်းကိုင်တွယ်ရမည် ဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်း
#လွှတ်တော်သစ်
#အနုတင်
#ဝန်ကြီးချုပ်
#ရွေးကောက်တင်မြှောက်ရန်ရှိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
👍7🔥2❤1🤣1
အီရန်၏ အဓိကသဘာဝဓာတ်ငွေ့သိုက်တခု တိုက်ခိုက်ခံရပြီးနောက်၊ ပင်လယ်ကွေ့တလျှောက်ရှိ စွမ်း အင်ဆိုင်ရာ အဆောက်အအုံများကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဖျက်အားပြင်းသော တိုက် ခိုက် မှုများ ထပ်မံလုပ်ဆောင်မည်ဟု ခြိမ်းခြောက်လိုက်သည်။

အီရန်၏ ဆောက်သ်ပါးစ်သဘာဝဓာတ်ငွေ့သိုက် တိုက်ခိုက်ခံရပြီးနောက် စွမ်းအင်ကဏ္ဍအပေါ် ထပ်မံ တိုက်ခိုက်လာမှုမှန်သမျှကို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု အီရန်အစိုးရက ပြောကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စွမ်းအင်ပစ်မှတ်များ
#တိုက်ခိုက်ပြီးနောက်
#ဖျက်အားပြင်း
#တိုက်ခိုက်မှုများ
#ထပ်မံပြုလုပ်မည်
#အီရန်
#ခြိမ်းခြောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
❤5👎5🔥3😁1
ဖိလစ်ပိုင်အသင်း ဥဇဘက်ကစ္စတန်ကို အနိုင်ယူပြီး ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလား ဝင်ခွင့်ရ

AFP

ကြာသပတေးမနက် ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အမျိုးသမီးအာရှဖလား Playoffs ရှုံးထွက်အဆင့်ပွဲစဉ်မှာ ဖိလစ်ပိုင်အသင်းက ဥဇဘက်ကစ္စတန်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလား ဝင်ခွင့်ရရှိသွားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ၊ ဂိုးလ်ကို့စ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖိလစ်ပိုင်က ငါးမိနစ်အတွင်း နှစ်ဂိုးသွင်းခဲ့တာပါ။ ပွဲချိန် ၄၇ မိနစ်မှာ အန်ဂျလာဘတ်က ဗော်လီကန်သွင်းပြီး အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ အဲဒီနောက် ဂျက်ကလင်း ဆာဝီစကီးက ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးဆီကို ဒုတိယမြောက်အကြိမ်အဖြစ် တက်လှမ်းနိုင်စေမယ့် ဒုတိယဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

အမျိုးသမီးအာရှဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်ထားနိုင်တဲ့ ဩစတြေးလျ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း လာမယ်နှစ် ဘရာဇီးလ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်ပါတယ်။

အာရှတိုက်ရဲ့ နောက်ဆုံးလက်ကျန်ဝင်ခွင့် တနေရာအတွက် မြောက်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြောက်ကိုရီးယားက ၄-၀ ဂိုးပြတ်နဲ့…
👍10🔥3❤1😁1
တရုတ်စစ်အသုံးစရိတ်များ တိုးမြှင့်လာခြင်းက ၎င်းတို့ကျင့်သုံးနေသည်ဆိုသော ‘ခုခံကာကွယ်ရေးမူဝါဒ’ နှင့် ကိုက်ညီမှုမရှိပေ။

ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပသော အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးတွင် ၂၀၂၆ ခုနှစ်အတွက် စစ်အသုံးစရိတ်ကို ၇ ဒသမ ၀ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟု တရုတ်ဝန်ကြီးချုပ် လီချန်းက ပြောကြားခဲ့သည်။

တရုတ်ကာကွယ်ရေးကဏ္ဍအတွက် ယွမ် ၁ ဒသမ ၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၇၅ ဘီလီယံ) သုံးစွဲသွားမည်ဖြစ်ကြောင်း လီချန်းက ပြောကြားခဲ့သည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ခုခံကာကွယ်ရေး
#မူဝါဒ
#ကျင့်သုံးနေ
#တရုတ်
#စစ်အသုံးစရိတ်
#လျင်မြန်စွာ
#မြင့်တက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
--------------------------------------------
❤8🔥5👎2
အဂတိလိုက်စားမှုကို အရေးယူရန် တာဝန်ပေးထားသော CCDI မှာ ပါတီ၏ အခက်အလက်တခုသာ ဖြစ်နေပြီး ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီနှင့် ရှီကျင့်ဖျင်ထံ တိုက်ရိုက် အစီရင်ခံရသည်။ CCDI ကိုယ်တိုင်၌ တရားစီရင်ပိုင်ခွင့် အာဏာမရှိပေ။ အမျိုးသား ကြီးကြပ်မှု ဥပဒေအရ ဖော်ဆောင်ထားသော 'လျူကျိ' (liuzhi) ယန္တရား (အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး) အရ အရေးယူမည့်သူကို ခေါ်ယူထိန်းသိမ်းခြင်းအား တရားစွဲဆိုခြင်း မရှိဘဲ၊ ရှေ့နေရှေ့ရပ်နှင့် တိုင်ပင်ခွင့် မရှိဘဲ၊ စောင့်ကြည့်စစ်ဆေးမှု မရှိဘဲ လပေါင်းများစွာ ချုပ်နှောင်ထားခွင့် ပြုထားသည်။ ထို ယန္တရားဖြင့် စစ်ဆေးမှုများတွင် ဝန်ခံမှုနှုန်းက ၁၀၀ ရာခိုင်နှုန်းနီးပါးပဲ ဖြစ်သည်။ ၂၀၁၇ မှစကာ CCDI ၏ အတွင်းရေးမှူးကိုယ်တိုင်မှာ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင် ဖြစ်လာ၍ CCDI သည် နိုင်ငံရေး ဩဇာလွှမ်းမိုးမှုမှ ကင်းလွတ်သည်ဆိုခြင်းမှာ သီအိုရီအရသာ ရှိတော့သည်။

အဂတိ တိုက်ဖျက်ရေး၌ ထောက်တိုင်ပြုထားသော ကိုယ်ကျင့်တရားဆိုင်ရာ အာဏာစက်မှာ ၂၀၂၅ မတ်လ၌ အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၏ လျှို့ဝှက်အဆင့် လျှော့ချပြီး ထုတ်ပြန်လိုက်သည့် အစီရင်ခံစာကြောင့် ပိုမို ပျက်စီးသွားခဲ့သည်။…
🔥8❤2👎1
အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ဆက်နွှယ်နေသော Fars သတင်းဌာနက ဗိုလ်ချုပ်ကြီး အီဘရာဟင် ဂျာဘာရီသည် IRGC တပ်မှူးအကြံပေးဖြစ်ကြောင်း အစောပိုင်းက ဖော်ပြခဲ့သော်လည်း အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီးသည် “IRGC တွင် မည်သည့်တာဝန်မှ ထမ်းဆောင်နေခြင်းမရှိကြောင်း” ချေပလိုက်သည်။

“အမေရိကန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း” နှင့် “ အီရန် လက်နက်ဂိုဒေါင်များအတွင်း ဒုံးကျည်များ၊ ဒရုန်းများနှင့် စစ်လက်နက်ပစ္စည်းများ အပြည့်ရှိနေသည်” ဟု ဂျာဘာရီက Al Jazeera နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဂျာဘာရီသည် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းများတွင် ထွက်ပေါ်လာခဲ့ပြီး အမေရိကန်၊ အစ္စရေးနှင့် အီရန်၏ အိမ်နီးချင်းအာရပ်နိုင်ငံများကို ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#ဗိုလ်ချုပ်ကြီး
#အီရန်စစ်ဦးစီးချုပ်ရုံး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤4😁4👍2🔥2