Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အမေရိကန် အစ္စရေး နှင့် အီရန်တို့ဖြစ်ပွားနေသောစစ်ပွဲတွင် စွမ်းအင် နှင့် ရေသန့်စက်ရုံများကိုတိုက်ခိုက်ခြင်းမှ “တရားဝင်ဆိုင်းငံ့ထား” ကြရန် ဥရောပသမဂ္ဂက ကြာသပတေးနေ့က တိုက်တွန်းလိုက်သည်။

“ဟော်မုဇ်ရေလက်ကြားအတွင်း ဝင်ထွက်သွားလာနေခြင်းကို တားဆီးခြင်း နှင့် ခုတ်မောင်းသွားလာမှုများကို ခြိမ်းခြောက်သည့်လုပ်ဆောင်မှုအားလုံးကို” ရှုတ်ချကြောင်းလည်း အီးယူခေါင်းဆောင်များကထပ်မံပြောဆို ထားကြသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#EU
#ရေသန့်စက်ရုံများ
#အရှေ့အလယ်ပိုင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🤣3❤1🔥1
ပြင်ဆင်ထားသောအထွေထွေလိုင်စင်အရ မတ်လ ၁၂ ရက်နေ့က ပင်လယ်ပြင်တွင်းရောက်ရှိနေပြီးဖြစ်သော ရု ရှားရေနံတင်သင်္ဘောများပေါ်ရှိရေနံများရောင်းချခွင့်ကိုဝါရှင်တန်ကဆက်လက်ခွင့်ပြုပေးထားသည်။ သို့သော် သူတို့၏ရန်ဘက်ဖြစ်သော ကျူးဘားနှင့်မြောက်ကိုရီးယားတို့ကိုမူ ဆက်လက်ပိတ်ပင်ထားမည်ဟုဆိုသည်။

ဤဆောင်ရွက်ချက်သည် ယူကရိန်းကို ကျူးကျော်ခဲ့သည့်အတွက် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ခံထားရသော ရုရှားနိုင်ငံကို ယာယီဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကျူးဘား
#မြောက်ကိုရီးယား
#ရုရှားရေနံတင်သင်္ဘောများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8❤1😁1🤮1
စက်သုံးဆီဈေးနှုန်းများ ကျပ် ၁၀၀၀ ဝန်းကျင် ထပ်မံမြင့်တက်

001

မဇ္ဈိမ။ ။ နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် ယနေ့ (မတ် ၂၀)၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀ ဝန်းကျင် ထပ်မံမြင့်တက်လာကြောင်း စစ်ကော်မရှင်၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ သတ်မှတ်ချက်အရ သိရသည်။

အဆိုပါ ကော်မတီ သတ်မှတ်ချက်အရ ဓာတ်ဆီ 92 တလီတာလျှင် ကျပ် ၈၀၀ နီးပါး ၊ 95 တလီတာလျှင် ကျပ် ၉၀၀ ကျော်နှင့် ဒီဇယ်တလီတာလျှင် ကျပ် ၁,၂၀၀ ကျော် ထပ်မံ မြင့်တက်လာသည်ကို တွေ့ရသည်။

ထို့ကြောင့် စစ်ကော်မရှင် ရုံးစိုက်ရာ နေပြည်တော်တွင်လည်း ယမန်နေ့ (မတ် ၁၉) က 92 တလီတာလျှင် ကျပ် ၂,၉၁၀ ၊ 95 တလီတာလျှင် ကျပ် ၃,၀၁၀ ရှိခဲ့ရာမှ ယနေ့ 92 တလီတာလျှင် ကျပ် ၃,၆၉၀ နှင့် 95 တလီတာလျှင် ကျပ် ၃,၉၃၀ ရောက်ရှိလာသည်။

ပရီမီယံ ဒီဇယ်မှာလည်း ယမန်နေ့က တလီတာလျှင် ကျပ် ၃,၆၄၀ ရှိရာမှ ယနေ့ ၄,၉၀၀ အထိ စစ်ကော်ရှင်၏ ကော်မတီက တိုးမြှင့် သတ်မှတ်ထားသည်။

စက်သုံးဆီဈေးနှုန်းများသည် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ဓာတ်ဆီ 92 တလီတာလျှင် ကျပ် ၂,၃၀၀ ကျော်မှ ၂,၄၀၀ ကျော်အတွင်းသ…
🔥9❤1👎1
အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားများ စစ်မှုထမ်းကြရန် CNF တိုက်တွန်း

ပါခွီး

(မဇ္ဈိမ) ။ ။ အရွယ်ရောက်ပြီးသူချင်းအမျိုးသားပြည်သူတရပ်လုံး အမျိုးသားရေးအသိ ၊ အမျိုးသားရေးတာဝန်ဖြင့် ချင်းတော်လှန်ရေးတွင် စစ်မှုထမ်းကြရန် ချင်းအမျိုးသားတပ်ဦး(CNF) တိုက်တွန်းလိုက်သည်။

ချင်းလူမျိုးတိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာသည့် ယနေ့(မတ်လ၂၀ရက်) တွင်ကျရောက်သည့် (၃၈နှစ်) မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ဒီလိုပါ၊ ကျွန်တော်တို့ တော်လှန်ရေးလိုအပ်ချက်အရ အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းဖို့ တိုက်တွန်းတာဖြစ်ပါတယ်။ ဒါက စစ်မှုမထမ်းမနေရ ဆိုတာမျိုးထက်၊ အမျိုးသားရေးတော်လှန်ရေး အခြေအနေအရ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ခံယူပြီးတော့ ကျွန်တော်တို့ စစ်မှုထမ်းဖို့ တိုက်တွန်းတာဖြစ်ပါတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္ဈိမကို ပြောသည်။

အရွယ်ရောက်ပြီးသူတိုင်းစစ်မှုထမ်းရေးသည် ချင်းပြည်ကောင်စီ(CC) မှ ချမှတ်ထားသော သဘောထားဖြစ်သဖြင့် ကောင်စီဝင်ဖြစ်သော CNF အနေဖြင့်လည်းတ…
👍18❤2🔥1🥴1
သက်ဆိုင်ရာ ကျေးရွာများကို ယခုအခါ ပိတ်ဆို့ထားပြီး ဖြစ်စဉ်နှင့် ပတ်သက်သည့် ဗီဒီယို အများအပြားကို တရုတ်နိုင်ငံတွင်းရှိ အွန်လိုင်း လူမှုကွန်ရက်များမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သိရသည်။

အစိုးရက အစပိုင်း၌ လမ်းဖောက်လုပ်ရန်အတွက် မြေယာများ သိမ်းယူမည်ဟု ရွာသားများကို ပြောကြားခဲ့သော်လည်း အမှန်တကယ်တွင် ထို နေရာ၌ မီးသင်္ဂြိုဟ်စက် တည်ဆောက်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း နောက်ပိုင်းမှ သိရှိခဲ့ရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကွမ်တုံ
#မီးသင်္ဂြိုဟ်စက်
#စီမံကိန်းကို
#ကန့်ကွက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍6🔥3
သို့သော် ပြေပြေလည်လည် အခြေအနေကနေ စိတ်မသက်သာစရာအဖြစ် ပြောင်းလဲသွာသည်မှာ အီရန်အပေါ် ထိုးစစ်ဆင်မှုများကို ဂျပန်ကဲ့သို့သော မဟာမိတ်နိုင်ငံများအား ဘာကြောင့် ကြိုတင် အကြောင်းမကြားသနည်းဟူသော မေးခွန်းကို ထရမ့်က ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ကာ အရွှန်းဖောက် ဖြေကြားလိုက်ချိန်တွင် ဖြစ်ပေါ်လာခဲ့သည်။

"ကျွန်တော်တို့က အလစ်အငိုက် တိုက်ချင်လို့ ဘယ်သူ့ကိုမှ ကြိုမပြောခဲ့တာပါ၊ အလစ်အငိုက် တိုက်တဲ့အကြောင်းကို ဂျပန်ထက် ဘယ်သူက ပိုသိဦးမှာလဲ၊ ခင်ဗျားတို့ကကော ပုလဲဆိပ်ကမ်းအကြောင်း ကျွန်တော့်ကို ဘာလို့ ကြိုမပြောခဲ့တာလဲ၊ ဟုတ်တယ်မလား" ဟု ဂျပန်ဝန်ကြီးချုပ်ဘက် လှည့်ကြည့်ပြီး ထရမ့်က ပြောဆိုလိုက်သည်။ ထရမ့်၏ ထို ပြောစကား ကြားပြီး ဝန်ကြီးချုပ် တာကာအီချီမှာ အပြုံးများ ပျောက်ကွယ်သွားကာ မျက်မှောင်ကြုတ်သွားတော့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တွေ့ဆုံပွဲ
#ပုလဲဆိပ်ကမ်း
#ဗုံးကြဲမှု
#ထရမ့်
#ပြက်လုံးထုတ်
#တာကာအီချီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
😁8👍4❤2🤣1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၀ မတ် ၂၀၂၆ )

ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ အကျပ်အတည်းနှင့် ပြည်တွင်းစက်သုံးဆီ ထိန်းချုပ်ကန့်သတ်မှုများ ကြောင့် မြန်မာ့လေကြောင်းလိုင်းများတွင် ဝန်စည်အပို သယ်ယူခွင့်ကို ၁၀ ကီလိုအထိပဲ ကန့်သတ် လိုက်ပြီး လေယာဉ်လက်မှတ်ခဈေးနှုန်းများမှာလည်း သုံးဆခန့်အထိ မြင့်တက်နေကြောင်း ခရီးသည်များထံမှ သိရသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#လောင်စာဆီ
#ပြည်တွင်းစက်သုံးဆီ
#မြန်မာ့လေကြောင်းလိုင်းများ
#အီရန_အစ္စရေး_အမေရိက
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
----------------------------------------
👍3❤2🤮1
နာဆာ၏ ကျူရီယော့စတီအာကာသစူးစမ်းလေ့လာရေးယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်ရှိ ကျောက်တုံးတတုံး ကို မတော် တဆ ဖြတ်မောင်းမိချိန်တွင် ကျောက်တုံးမှာ ကွဲသွားပြီး ကျောက်တုံးအတွင်းပိုင်းမှ အံ့အား သင့်ဖွယ် အဝါရောင်ရတနာများကို တွေ့ရှိခဲ့သည်။

အင်္ဂါဂြိုဟ်ပေါ်တွင် ဆာလဖိတ်ဒြပ်ပေါင်းများကို တွေ့ရလေ့ရှိသော်လည်း၊ ယခုတွေ့ရှိမှုသည် ပထမဆုံး အကြိမ်အဖြစ် သန့်စင်သော ဆာလဖာဒြပ်စင်ပုံစံဖြင့် တွေ့ရှိခြင်းဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အင်္ဂါဂြိုဟ်ပေါ်ရှိ
#ကျူရီယော့စတီယာဉ်
#မတော်တဆ
#ကြိတ်မိရာ
#အံ့အားသင့်ဖွယ်ရာ
#ရှာဖွေတွေ့ရှိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍12🤮1
အရှေ့အလယ်ပိုင်းရှိ လေတပ်စခန်းသို့ အမေရိကန် F-35 တိုက်လေယာဉ်တစင်း အရေးပေါ်ဆင်းသက် ခဲ့ရပြီး၊ ယင်းမှာ အီရန်၏ ပစ်ခတ်မှုကြောင့် ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်နှစ်ဦးက ဆိုသည်။

ယင်းပဉ္စမမျိုးဆက်ကိုယ်ပျောက်တိုက်လေယာဉ်သည် "အီရန်အား တိုက်ခိုက်နေစဉ်" အရေးပေါ်ဆင်း သက်ခဲ့ရကြောင်း အမေရိကန်ကွပ်ကဲမှုဗဟိုဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တင် ဟော့ကင်းက ပြောကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#တိုက်ခိုက်မှု
#အမေရိကန်
#F_35
#အရေးပေါ်
#ဆင်းသက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍5😱5❤1👎1🤣1
ဆောက်လုပ်ရေးလုပ်ငန်းစုကြီးတခု၏ အမွေဆက်ခံသူဖြစ်သလို ဝါသနာအရ ဂျက်လေယာဉ်မောင်းသူလည်းဖြစ်သည့် အသက် ၅၉ နှစ်အရွယ်ရှိ သန်းကြွယ်သူဌေး ရှေးရိုးစွဲဝါဒီ အနုတင်သည် ယခုအခါ အားနည်းနေသည့် ထိုင်းစီးပွားရေးတိုးတက်စေရန် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

အနုတင်သည် လူထုကြိုက် ချဉ်းကပ်မှုပုံစံကို ဦးစားပေးသူဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လမ်းဘေးစာများ ချက်ပြခြင်း သို့မဟုတ် ၁၉၈၀ ပြည့်လွန်နှစ်များက ထိုင်းပေါ့ပ်သီချင်းများကို ဆက်ဆိုဖုန်းမှုတ်ပြခြင်း စသည့် သာမန်အရပ်သားပုံစံဖြင့် မကြာခဏ ပေါ်ထွက်လာလေ့ရှိသည်။

ဝန်ကြီးချုပ်အဖြစ် ပြန်လည်အတည်ပြုမည့် လွှတ်တော်မဲခွဲမှု မတိုင်မီတွင် အနုတင်က “ပြည်သူတွေကို တတ်နိုင်သမျှ ကာလပတ်လုံး အလုပ်အကျွေးပြုနိုင်ဖို့ ဒီရာထူးမှာ ဆက်ရှိနေချင်ပါတယ်” ဟု သတင်း ထောက်များကို ပြောကြားခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/20/85536

#လူထုကြိုက်
#သန်းကြွယ်သူဌေး
#အနုတင်
#ထိုင်းဝန်ကြီးချုပ်
#အာဏာပြန်ရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍6🔥4👎2❤1