Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၀ မတ် ၂၀၂၆ )

ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ အကျပ်အတည်းနှင့် ပြည်တွင်းစက်သုံးဆီ ထိန်းချုပ်ကန့်သတ်မှုများ ကြောင့် မြန်မာ့လေကြောင်းလိုင်းများတွင် ဝန်စည်အပို သယ်ယူခွင့်ကို ၁၀ ကီလိုအထိပဲ ကန့်သတ် လိုက်ပြီး လေယာဉ်လက်မှတ်ခဈေးနှုန်းများမှာလည်း သုံးဆခန့်အထိ မြင့်တက်နေကြောင်း ခရီးသည်များထံမှ သိရသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#လောင်စာဆီ
#ပြည်တွင်းစက်သုံးဆီ
#မြန်မာ့လေကြောင်းလိုင်းများ
#အီရန_အစ္စရေး_အမေရိက
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
----------------------------------------
👍3❤2🤮1
နာဆာ၏ ကျူရီယော့စတီအာကာသစူးစမ်းလေ့လာရေးယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်ရှိ ကျောက်တုံးတတုံး ကို မတော် တဆ ဖြတ်မောင်းမိချိန်တွင် ကျောက်တုံးမှာ ကွဲသွားပြီး ကျောက်တုံးအတွင်းပိုင်းမှ အံ့အား သင့်ဖွယ် အဝါရောင်ရတနာများကို တွေ့ရှိခဲ့သည်။

အင်္ဂါဂြိုဟ်ပေါ်တွင် ဆာလဖိတ်ဒြပ်ပေါင်းများကို တွေ့ရလေ့ရှိသော်လည်း၊ ယခုတွေ့ရှိမှုသည် ပထမဆုံး အကြိမ်အဖြစ် သန့်စင်သော ဆာလဖာဒြပ်စင်ပုံစံဖြင့် တွေ့ရှိခြင်းဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အင်္ဂါဂြိုဟ်ပေါ်ရှိ
#ကျူရီယော့စတီယာဉ်
#မတော်တဆ
#ကြိတ်မိရာ
#အံ့အားသင့်ဖွယ်ရာ
#ရှာဖွေတွေ့ရှိ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍12🤮1
အရှေ့အလယ်ပိုင်းရှိ လေတပ်စခန်းသို့ အမေရိကန် F-35 တိုက်လေယာဉ်တစင်း အရေးပေါ်ဆင်းသက် ခဲ့ရပြီး၊ ယင်းမှာ အီရန်၏ ပစ်ခတ်မှုကြောင့် ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်နှစ်ဦးက ဆိုသည်။

ယင်းပဉ္စမမျိုးဆက်ကိုယ်ပျောက်တိုက်လေယာဉ်သည် "အီရန်အား တိုက်ခိုက်နေစဉ်" အရေးပေါ်ဆင်း သက်ခဲ့ရကြောင်း အမေရိကန်ကွပ်ကဲမှုဗဟိုဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တင် ဟော့ကင်းက ပြောကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#တိုက်ခိုက်မှု
#အမေရိကန်
#F_35
#အရေးပေါ်
#ဆင်းသက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍5😱5❤1👎1🤣1
ဆောက်လုပ်ရေးလုပ်ငန်းစုကြီးတခု၏ အမွေဆက်ခံသူဖြစ်သလို ဝါသနာအရ ဂျက်လေယာဉ်မောင်းသူလည်းဖြစ်သည့် အသက် ၅၉ နှစ်အရွယ်ရှိ သန်းကြွယ်သူဌေး ရှေးရိုးစွဲဝါဒီ အနုတင်သည် ယခုအခါ အားနည်းနေသည့် ထိုင်းစီးပွားရေးတိုးတက်စေရန် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

အနုတင်သည် လူထုကြိုက် ချဉ်းကပ်မှုပုံစံကို ဦးစားပေးသူဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လမ်းဘေးစာများ ချက်ပြခြင်း သို့မဟုတ် ၁၉၈၀ ပြည့်လွန်နှစ်များက ထိုင်းပေါ့ပ်သီချင်းများကို ဆက်ဆိုဖုန်းမှုတ်ပြခြင်း စသည့် သာမန်အရပ်သားပုံစံဖြင့် မကြာခဏ ပေါ်ထွက်လာလေ့ရှိသည်။

ဝန်ကြီးချုပ်အဖြစ် ပြန်လည်အတည်ပြုမည့် လွှတ်တော်မဲခွဲမှု မတိုင်မီတွင် အနုတင်က “ပြည်သူတွေကို တတ်နိုင်သမျှ ကာလပတ်လုံး အလုပ်အကျွေးပြုနိုင်ဖို့ ဒီရာထူးမှာ ဆက်ရှိနေချင်ပါတယ်” ဟု သတင်း ထောက်များကို ပြောကြားခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/20/85536

#လူထုကြိုက်
#သန်းကြွယ်သူဌေး
#အနုတင်
#ထိုင်းဝန်ကြီးချုပ်
#အာဏာပြန်ရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍6🔥4👎2❤1
အီရန်စစ်ပွဲတွင် တရုတ်၏ သွယ်ဝိုက်ပါဝင်ပတ်သက်မှုမှာ ပိုမိုထင်ရှားလာပြီး အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်နက်များနှင့်ပတ်သက်၍ စိုးရိမ်မှုအသစ်များ ထွက်ပေါ်လာခြင်း ကြောင့် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခအထိ ကျယ်ပြန့်လာနိုင်ခြေ ပိုမိုမြင့်တက်လာနေသည်။

အီရန်အသုံးပြုနေသည့် အဆင့်မြင့်လက်နက်များသည် တရုတ်နှင့် ဆက်နွှယ်နေကြောင်း ချန်းက ထောက်ပြခဲ့ပြီး၊ ယင်းအချက်က ဒေသတွင်းပဋိပက္ခအရှိန်ကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"အမေရိကန်လေယာဉ်တင်သင်္ဘော အေဘရာဟမ် လင်ကွန်းကို အီရန်က ပစ်ခတ်ခဲ့တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေက တရုတ်လက်နက်တွေပါ။ အီရန်လက်ထဲမှာ ဒီလိုတရုတ်ဒုံးကျည်တွေ အများကြီးရှိနေတာ သိသာပါတယ်" ဟု ဂေါ်ဒန်ချန်းက ပြောကြားခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/20/85539

#အမေရိကန်
#ရေတပ်ကို
#ပစ်မှတ်ထား
#တရုတ်ဒုံးကျည်
#စစ်ပွဲအခြေအနေ
#ပြောင်းလဲသွားနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍13🔥3❤1👎1
တရုတ်နိုင်ငံ၏ ထိပ်တန်းရေဒါဖွံ့ဖြိုးရေးစင်တာဖြစ်သော China Electronics Technology Group Corporation (CETC) ၏ သုတေသနဌာနအမှတ် ၁၄ မှ ဝန်ထမ်း သုံးဦးသည် အီရန်သို့ တင်ပို့ထားသည့် ရေဒါစနစ်များကို နည်းပညာပိုင်းအရ ထိန်းသိမ်းပြုပြင်မှုများ လုပ်ဆောင်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ နည်းပညာရှင်များသည် F-35 ကဲ့သို့သော အဆင့်မြင့် ကိုယ်ပျောက်တိုက်လေယာဉ်များကို ထောက်လှမ်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် ရေဒါပစ္စည်းကိရိယာများကို ပြုပြင်ထိန်းသိမ်းသူများဖြစ်ကြသည်။ သေဆုံးသူများ၏ အမည်နှင့် ၎င်းတို့ အီရန်တွင် အချိန်မည်မျှ တာဝန်ထမ်းဆောင်ခဲ့သည်ကို လျှို့ဝှက်ထားဆဲဖြစ်သော်လည်း သေဆုံးသူများအနက် နှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး ကျန်တဦးမှာ အသက် ၅၀ ဝန်းကျင်ဖြစ်ကြောင်း သတင်းရင်းမြစ်က ထုတ်ဖော်ပြောကြားခဲ့သည်။

“တရုတ်ကွန်မြူနစ်ပါတီက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ အစဉ်တစိုက် လုပ်ဆောင်ပေးနေခဲ့တာပါ။ လက်ရှိ အီရန်မှာ နည်းပညာရှင် ၃၀ လောက်ရှိပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။ သုတေ သနဌာနအမှတ် ၁၄ အပြင် CETC ၏ သုတေသနဌာနအမှတ် ၃၈ နှင့် ၂၂ တို့မှ ဝန်ထမ်းများသည်လည်း အီရန်တွင်…
🔥6❤3👍2👏1🤬1