Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆောက်လုပ်ရေးလုပ်ငန်းစုကြီးတခု၏ အမွေဆက်ခံသူဖြစ်သလို ဝါသနာအရ ဂျက်လေယာဉ်မောင်းသူလည်းဖြစ်သည့် အသက် ၅၉ နှစ်အရွယ်ရှိ သန်းကြွယ်သူဌေး ရှေးရိုးစွဲဝါဒီ အနုတင်သည် ယခုအခါ အားနည်းနေသည့် ထိုင်းစီးပွားရေးတိုးတက်စေရန် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

အနုတင်သည် လူထုကြိုက် ချဉ်းကပ်မှုပုံစံကို ဦးစားပေးသူဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လမ်းဘေးစာများ ချက်ပြခြင်း သို့မဟုတ် ၁၉၈၀ ပြည့်လွန်နှစ်များက ထိုင်းပေါ့ပ်သီချင်းများကို ဆက်ဆိုဖုန်းမှုတ်ပြခြင်း စသည့် သာမန်အရပ်သားပုံစံဖြင့် မကြာခဏ ပေါ်ထွက်လာလေ့ရှိသည်။

ဝန်ကြီးချုပ်အဖြစ် ပြန်လည်အတည်ပြုမည့် လွှတ်တော်မဲခွဲမှု မတိုင်မီတွင် အနုတင်က “ပြည်သူတွေကို တတ်နိုင်သမျှ ကာလပတ်လုံး အလုပ်အကျွေးပြုနိုင်ဖို့ ဒီရာထူးမှာ ဆက်ရှိနေချင်ပါတယ်” ဟု သတင်း ထောက်များကို ပြောကြားခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/20/85536

#လူထုကြိုက်
#သန်းကြွယ်သူဌေး
#အနုတင်
#ထိုင်းဝန်ကြီးချုပ်
#အာဏာပြန်ရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍6🔥4👎2❤1
အီရန်စစ်ပွဲတွင် တရုတ်၏ သွယ်ဝိုက်ပါဝင်ပတ်သက်မှုမှာ ပိုမိုထင်ရှားလာပြီး အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်နက်များနှင့်ပတ်သက်၍ စိုးရိမ်မှုအသစ်များ ထွက်ပေါ်လာခြင်း ကြောင့် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခအထိ ကျယ်ပြန့်လာနိုင်ခြေ ပိုမိုမြင့်တက်လာနေသည်။

အီရန်အသုံးပြုနေသည့် အဆင့်မြင့်လက်နက်များသည် တရုတ်နှင့် ဆက်နွှယ်နေကြောင်း ချန်းက ထောက်ပြခဲ့ပြီး၊ ယင်းအချက်က ဒေသတွင်းပဋိပက္ခအရှိန်ကို ပိုမိုမြင့်တက်လာစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"အမေရိကန်လေယာဉ်တင်သင်္ဘော အေဘရာဟမ် လင်ကွန်းကို အီရန်က ပစ်ခတ်ခဲ့တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်တွေက တရုတ်လက်နက်တွေပါ။ အီရန်လက်ထဲမှာ ဒီလိုတရုတ်ဒုံးကျည်တွေ အများကြီးရှိနေတာ သိသာပါတယ်" ဟု ဂေါ်ဒန်ချန်းက ပြောကြားခဲ့သည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/20/85539

#အမေရိကန်
#ရေတပ်ကို
#ပစ်မှတ်ထား
#တရုတ်ဒုံးကျည်
#စစ်ပွဲအခြေအနေ
#ပြောင်းလဲသွားနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍13🔥3❤1👎1
တရုတ်နိုင်ငံ၏ ထိပ်တန်းရေဒါဖွံ့ဖြိုးရေးစင်တာဖြစ်သော China Electronics Technology Group Corporation (CETC) ၏ သုတေသနဌာနအမှတ် ၁၄ မှ ဝန်ထမ်း သုံးဦးသည် အီရန်သို့ တင်ပို့ထားသည့် ရေဒါစနစ်များကို နည်းပညာပိုင်းအရ ထိန်းသိမ်းပြုပြင်မှုများ လုပ်ဆောင်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ နည်းပညာရှင်များသည် F-35 ကဲ့သို့သော အဆင့်မြင့် ကိုယ်ပျောက်တိုက်လေယာဉ်များကို ထောက်လှမ်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် ရေဒါပစ္စည်းကိရိယာများကို ပြုပြင်ထိန်းသိမ်းသူများဖြစ်ကြသည်။ သေဆုံးသူများ၏ အမည်နှင့် ၎င်းတို့ အီရန်တွင် အချိန်မည်မျှ တာဝန်ထမ်းဆောင်ခဲ့သည်ကို လျှို့ဝှက်ထားဆဲဖြစ်သော်လည်း သေဆုံးသူများအနက် နှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး ကျန်တဦးမှာ အသက် ၅၀ ဝန်းကျင်ဖြစ်ကြောင်း သတင်းရင်းမြစ်က ထုတ်ဖော်ပြောကြားခဲ့သည်။

“တရုတ်ကွန်မြူနစ်ပါတီက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ အစဉ်တစိုက် လုပ်ဆောင်ပေးနေခဲ့တာပါ။ လက်ရှိ အီရန်မှာ နည်းပညာရှင် ၃၀ လောက်ရှိပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။ သုတေ သနဌာနအမှတ် ၁၄ အပြင် CETC ၏ သုတေသနဌာနအမှတ် ၃၈ နှင့် ၂၂ တို့မှ ဝန်ထမ်းများသည်လည်း အီရန်တွင်…
🔥6❤3👍2👏1🤬1
၂၀၂၅ ခုနှစ်တွင် တဦးချင်း သုံးစွဲနိုင်မှု ဝင်ငွေသည် ငါး ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး နှစ်နှစ်ဆက်တိုက် တိုးတက်မှုနှုန်း နှေးကွေးခဲ့သည်။ တရုတ်နိုင်ငံရှိ ဝန်ထမ်း ၅၁ ရာခိုင်နှုန်းမှာ ပြီးခဲ့သည့်နှစ်က လစာမတိုးကြဘဲ ထိုသို့ လစာ မတိုးသည့် ရာခိုင်နှုန်းသည် အာရှတွင် အမြင့်ဆုံးနှုန်း ဖြစ်နေကြောင်း Hays ဝန်ထမ်း ရှာဖွေရေးကုမ္ပဏီ၏ စစ်တမ်းအရ သိရသည်။

စစ်တမ်းကောက်ယူခဲ့သည့် တရုတ်နိုင်ငံသား ထက်ဝက်ခန့်က ယခုနှစ်လည်း ၎င်းတို့၏ လစာက မပြောင်းလဲဘဲ ရှိမည် သို့မဟုတ် လစာ လျော့ကျသွားမည်ဟု ထင်မြင်ယူဆထားကြသည်။ တဖက်တွင်လည်း အလုပ်လက်မဲ့ ဖြစ်နေသည့် လူငယ်နှုန်းထားက ၁၆ ရာခိုင်နှုန်းခန့် ရှိနေသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/20/85548

#အီရန်စစ်
#တရုတ်
#ကုန်ဈေးနှုန်း
#ကျဆင်းမှု
#ဆိုးရွားသော
#ငွေကြေးဖောင်းပွမှု
#ကူးပြောင်းသွား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍6🔥2👏1
"ကျွန်ုပ်တို့၏ ခေတ်ကာလသည် အပြောင်းအလဲမြန်ပြီး လွန်ခဲ့သော ၁၀ နှစ်ကထက်ပင် မိသားစုများ အပေါ် ဘာသာရေးအရ အထူးဂရုစိုက်ရန် ပိုမိုလိုအပ်လာပြီဖြစ်သည်" ဟု ဗာတီကန်မှ ထုတ်ပြန်သော ၎င်း၏ သတင်း စကားတွင် ရေးသားထားသည်။

ယင်းစာတမ်း၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပုပ်ရဟန်းမင်းကြီး လီယိုက ယင်းစာသားသည် "အိမ်ထောင် ရေးမေတ္တာနှင့် မိသားစုဘဝအတွက် တောက်ပသော မျှော်လင့်ချက်သတင်းစကား" ဖြစ်သည် ဟု မိန့်ကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နောက်အိမ်ထောင်ပြုခြင်း
#ဖရန်စစ်
#အငြင်းပွားဖွယ်ရာ
#လမ်းညွှန်ချက်
#ပုပ်ရဟန်းမင်းကြီး
#လီယို
#ချီးကျူး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍9❤2😁1🤮1