Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တရုတ်နိုင်ငံ၏ ထိပ်တန်းရေဒါဖွံ့ဖြိုးရေးစင်တာဖြစ်သော China Electronics Technology Group Corporation (CETC) ၏ သုတေသနဌာနအမှတ် ၁၄ မှ ဝန်ထမ်း သုံးဦးသည် အီရန်သို့ တင်ပို့ထားသည့် ရေဒါစနစ်များကို နည်းပညာပိုင်းအရ ထိန်းသိမ်းပြုပြင်မှုများ လုပ်ဆောင်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ နည်းပညာရှင်များသည် F-35 ကဲ့သို့သော အဆင့်မြင့် ကိုယ်ပျောက်တိုက်လေယာဉ်များကို ထောက်လှမ်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် ရေဒါပစ္စည်းကိရိယာများကို ပြုပြင်ထိန်းသိမ်းသူများဖြစ်ကြသည်။ သေဆုံးသူများ၏ အမည်နှင့် ၎င်းတို့ အီရန်တွင် အချိန်မည်မျှ တာဝန်ထမ်းဆောင်ခဲ့သည်ကို လျှို့ဝှက်ထားဆဲဖြစ်သော်လည်း သေဆုံးသူများအနက် နှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး ကျန်တဦးမှာ အသက် ၅၀ ဝန်းကျင်ဖြစ်ကြောင်း သတင်းရင်းမြစ်က ထုတ်ဖော်ပြောကြားခဲ့သည်။

“တရုတ်ကွန်မြူနစ်ပါတီက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ အစဉ်တစိုက် လုပ်ဆောင်ပေးနေခဲ့တာပါ။ လက်ရှိ အီရန်မှာ နည်းပညာရှင် ၃၀ လောက်ရှိပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။ သုတေ သနဌာနအမှတ် ၁၄ အပြင် CETC ၏ သုတေသနဌာနအမှတ် ၃၈ နှင့် ၂၂ တို့မှ ဝန်ထမ်းများသည်လည်း အီရန်တွင်…
🔥6❤3👍2👏1🤬1
၂၀၂၅ ခုနှစ်တွင် တဦးချင်း သုံးစွဲနိုင်မှု ဝင်ငွေသည် ငါး ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး နှစ်နှစ်ဆက်တိုက် တိုးတက်မှုနှုန်း နှေးကွေးခဲ့သည်။ တရုတ်နိုင်ငံရှိ ဝန်ထမ်း ၅၁ ရာခိုင်နှုန်းမှာ ပြီးခဲ့သည့်နှစ်က လစာမတိုးကြဘဲ ထိုသို့ လစာ မတိုးသည့် ရာခိုင်နှုန်းသည် အာရှတွင် အမြင့်ဆုံးနှုန်း ဖြစ်နေကြောင်း Hays ဝန်ထမ်း ရှာဖွေရေးကုမ္ပဏီ၏ စစ်တမ်းအရ သိရသည်။

စစ်တမ်းကောက်ယူခဲ့သည့် တရုတ်နိုင်ငံသား ထက်ဝက်ခန့်က ယခုနှစ်လည်း ၎င်းတို့၏ လစာက မပြောင်းလဲဘဲ ရှိမည် သို့မဟုတ် လစာ လျော့ကျသွားမည်ဟု ထင်မြင်ယူဆထားကြသည်။ တဖက်တွင်လည်း အလုပ်လက်မဲ့ ဖြစ်နေသည့် လူငယ်နှုန်းထားက ၁၆ ရာခိုင်နှုန်းခန့် ရှိနေသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/20/85548

#အီရန်စစ်
#တရုတ်
#ကုန်ဈေးနှုန်း
#ကျဆင်းမှု
#ဆိုးရွားသော
#ငွေကြေးဖောင်းပွမှု
#ကူးပြောင်းသွား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍6🔥2👏1
"ကျွန်ုပ်တို့၏ ခေတ်ကာလသည် အပြောင်းအလဲမြန်ပြီး လွန်ခဲ့သော ၁၀ နှစ်ကထက်ပင် မိသားစုများ အပေါ် ဘာသာရေးအရ အထူးဂရုစိုက်ရန် ပိုမိုလိုအပ်လာပြီဖြစ်သည်" ဟု ဗာတီကန်မှ ထုတ်ပြန်သော ၎င်း၏ သတင်း စကားတွင် ရေးသားထားသည်။

ယင်းစာတမ်း၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပုပ်ရဟန်းမင်းကြီး လီယိုက ယင်းစာသားသည် "အိမ်ထောင် ရေးမေတ္တာနှင့် မိသားစုဘဝအတွက် တောက်ပသော မျှော်လင့်ချက်သတင်းစကား" ဖြစ်သည် ဟု မိန့်ကြားခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နောက်အိမ်ထောင်ပြုခြင်း
#ဖရန်စစ်
#အငြင်းပွားဖွယ်ရာ
#လမ်းညွှန်ချက်
#ပုပ်ရဟန်းမင်းကြီး
#လီယို
#ချီးကျူး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍9❤2😁1🤮1
🔥3👍1
🔥3👍1
🔥3👍1
🔥3👍1
🔥3👍1
🔥3👍1
🔥3👍1
🔥4👍1
🔥3👎1
🔥3👎1
အီရန်နှင့် စစ်ပွဲစတင်ကတည်းက ရန်သူ့ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့သည့် Reaper တိုက်ခိုက်ရေးဒရုန်း ၁၀ စင်း အပါအဝင် အမေရိကန်စစ်ဘက်လေယာဉ် ၁၆ စင်းထက်မနည်း ဆုံးရှုံးခဲ့ရပြီး အခြားလေယာဉ် ခြောက်စင်းမှာလည်း တိုက်ခိုက်မှုများ သို့မဟုတ် မတော်တဆမှုများကြောင့် ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။

ဆုံးရှုံးမှုအများစုမှာ မတော်တဆမှုများကြောင့် ဖြစ်ပြီး ကူဝိတ်နိုင်ငံတွင် မဟာမိတ်အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် အမေရိကန် F-15 တိုက်လေယာဉ် သုံးစင်း ပျက်ကျခဲ့ကာ ဆီဖြည့်နေစဉ်အတွင်း KC-135 ဆီတင်လေယာဉ်တစင်း ပျက်စီးသွားခဲ့သည်။ အဆိုပါ ဆီတင်လေယာဉ်ပေါ်ပါရှိသည့် လေယာဉ်အမှုထမ်း ခြောက်ဦးစလုံး ထိုမတော်တဆမှုတွင် သေဆုံးခဲ့သည်။

အခြား KC-135 လေယာဉ် ငါးစင်းမှာလည်း ဆော်ဒီအာရေဗျရှိ လေယာဉ်ကွင်းတခုတွင် ရပ်နားထားစဉ် အီရန်၏ ဒုံးကျည်ထိမှန်မှုကြောင့် ပျက်စီးသွားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲ
#အမေရိကန်
#စစ်လေယာဉ်ဆုံးရှုံးမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14❤2💔2👎1🔥1
🤬13🔥2❤1👎1
ယခုအချိန်အထိ အီရန်ရေပိုင်နက်အတွင်းမှ သင်္ဘော အနည်းဆုံး ကိုးစီး ဖြတ်သန်းသွားခဲ့ပြီ ဖြစ်ကြောင်း Lloyd’s List က ဖော်ပြခဲ့သည်။

"အီရန်ဟာ ဒီရေလမ်းကြောင်းအပေါ်မှာ သိသိသာသာ ထိန်းချုပ်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ကုန်စည်တွေကို အဆင်ပြေပြေ သယ်ယူနိုင်ခဲ့သလို အခုလည်း သူတို့နဲ့ ရင်းနှီးတဲ့ အာရှမိတ်ဖက်နိုင်ငံတွေကို ရွေးချယ်ပြီး ဖြတ်သန်းခွင့်ပေးနေတာပါ" ဟု မက်သရူးက ဆိုသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ဂ်ချီက "ဟော်မုဇ်ရေလက်ကြားကို ဖွင့်ထားပါတယ်၊ ဒါပေမဲ့ ရန်သူတွေအတွက်တော့ ပိတ်ထားဆဲပါ" ဟု တနင်္လာနေ့က ပြောကြားခဲ့ပြီးနောက် လမ်းကြောင်းသစ်သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ဟော်မုဇ်ရေလက်ကြား
#သင်္ဘောကုမ္ပဏီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎7🔥4