Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အီးစီးကရက် (E-cigarettes) နှင့် Vape တို့က ထိုင်းနိုင်ငံတွင် လုံးဝ တရားမဝင်ပါ။ ယင်းတို့ကို သယ်ဆောင်လာပါက ဒဏ်ငွေ အမြောက်အမြား ပေးဆောင်ရမည်ဖြစ်ပြီး မပေးဆောင်ပါက ရာဇဝတ်မှုဖြင့် စွဲဆိုခံရမည် ဖြစ်သည်။

၂၀၂၆ ခုနှစ် ပြဋ္ဌာန်းချက်အရ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟု သံသယရှိပါက လက်ပ်တော့ သို့မဟုတ် ဖုန်းများကို စစ်ဆေးရန် တာဝန်ရှိသူများတွင် တောင်းဆိုပိုင်ခွင့် ရှိသည်။ အလုပ်နှင့်ပတ်သက်သော အီးမေးလ်များ သို့မဟုတ် အစီအစဉ်များကို တွေ့ရှိပါက ပြည်ဝင်ခွင့် ငြင်းပယ်ခံရနိုင်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ပြည်ဝင်ခွင့်
#ထိုင်းနိုင်ငံ
#ငြင်းပယ်ခံရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10🔥1
အီရန်ပိုင်ခါ့ဂ်ကျွန်းအား အမေရိကန်က စစ်ရေးအရ တိုက်ခိုက်လာပါက ပင်လယ်နီနှင့် ဘာအယ်လ် မန်ဒက်ရေလက်ကြားတို့တွင် လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားသွားနိုင်ကြောင်း အီရန်က သတိပေး လိုက်သည်။

ထို့ပြင် အီရန်က ဒေသတွင်းစွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ထပ်မံတိုက်ခိုက်ခြင်း အပါအဝင် ပဋိပက္ခများအရှိန်အဟုန်မြင့်တက်လာနိုင်ကြောင်း အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်(IRGC) နှင့် ဆက်နွှယ်သည့် တက်စနင်းမ်သတင်းဌာနက စစ်ဘက်သတင်းရင်းမြစ်တခုကို ကိုးကား၍ ဖော်ပြခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဘာအယ်လ်မန်ဒက်ရေလက်ကြား
#အီရန်
#ခါ့ဂ်ကျွန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😁11👍3❤1🔥1
ဂျပန်အစိုးရအဖွဲ့သည် အဆိုပါစီမံကိန်းကို မတ်လကုန်ပိုင်းတွင် အတည်ပြုရန် မျှော်လင့်ထားပြီး၊ ငါးနှစ်လျှင် တကြိမ်ခန့် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

၂၀၂၅ ခုနှစ် ဧပြီလအထိ စာရင်းများအရ ဂျပန်နိုင်ငံတွင် ပဲ့ထိန်းဒုံးကျည် ပေါက်ကွဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည့် ယာယီခိုလှုံရာနေရာပေါင်း ၆၁,၀၀၀ ခန့် သတ်မှတ်ထားသော်လည်း ၎င်းတို့အနက် ၄,၀၀၀ ခန့်သာ မြေအောက်အဆောက်အအုံများတွင် တည်ရှိသည်။

အဆိုပြုချက်အရ မြေအောက်ဈေးဝယ်စင်တာများ၊ မြေအောက်ဘူတာရုံများနှင့် ကားပါကင်များ အပါအဝင် မြေအောက်အဆောက်အအုံ ပိုင်ရှင်များအား နာရီအနည်းငယ်မှ ရက်အနည်းငယ်အထိ ကြာမြင့်နိုင်သည့် ရေတိုအရေးပေါ် အခြေအနေများအတွက် လုံလောက်သော ရိက္ခာများနှင့် လျှပ်စစ်ပစ္စည်းများကို အသင့်ပြင်ဆင်ထားရန် တောင်းဆိုသွားမည်ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဂျပန်
#ဘူတာရုံများ
#အရေးပေါ်ဘန်ကာများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥1
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း အခြေအနေဆိုးရွားလာမှုတခု အဖြစ်၊ အစ္စရေး၏ အဓိကနျူကလီးယားစခန်းတည်ရှိရာ တောင်ပိုင်းရှိ ဒီမိုနာမြို့နှင့် အနီးရှိ အာရတ်ဒ် မြို့များကို အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး ကယ်ဆယ်ရေးသမားများက ပြောကြားလိုက်သည်။

ယင်းတိုက်ခိုက်မှုများသည် စနေနေ့အစောပိုင်းက အီရန်၏ နတန်ဇ် နျူကလီးယားသန့်စင်စက်ရုံတိုက် ခိုက်ခံရမှုအပေါ် "လက်တုံ့ပြန်မှု" ဖြစ်ကြောင်း အီရန်အစိုးရပိုင်ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အစ္စရေး
#နျူကလီးယားသုတေသနစင်တာ
#အီရန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10❤4🔥2
အီရန်သည် အစ္စရေးနှင့် အမေရိကန်တို့ကို ထိပ်တိုက်ရင်ဆိုင်ရာတွင် တကိုယ်တည်း ရပ်တည်နေခြင်း မဟုတ်ပေ။ အီရန်၏ အာခံမှု နောက်ကွယ်၌ ကမ္ဘာ့အခင်းအကျင်းသစ်ကို ပြန်လည်ပုံဖော်ရန် ကြံရွယ်နေသော အင်အားကြီးနှစ်နိုင်ငံ ဖြစ်သည့် တရုတ်နှင့် ရုရှားတို့၏ မသိသာသော်လည်း ထိရောက်သည့် ပံ့ပိုးကူညီမှုများ ရှိနေသည်။

အမေရိကန်အတွက် စိန်ခေါ်မှုမှာ အီရန်၏ အာခံမှုတခုတည်းမဟုတ်ဘဲ ထိုအာခံမှုကို ရေရှည်တည်တံ့အောင် ပြုလုပ်ပေးနေသည့် ပိုမိုကျယ်ပြန့်သော နောက်ခံယန္တရားပင်ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အမေရိကန်
#အစ္စရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
💩6❤5👍3👎1
🔥6👍3👎2
ဂျပန်အစိုးရ တာဝန်ရှိဦးကမူ ရေလက်ကြားပိတ်ဆို့မှုကို ဖြေလျှော့ရန် "အီရန်နှင့် တိုက်ရိုက်ညှိနှိုင်းခြင်း" က "အထိရောက်ဆုံးနည်းလမ်း" ဖြစ်ကြောင်းနှင့် တဖက်တွင်လည်း အမေရိကန်ကို ရန်စသလို မဖြစ်စေရန် သတိပြုဖို့ လိုအပ်ကြောင်း ပြောခဲ့သည်။

အိန္ဒိယ၊ ပါကစ္စတန်နှင့် တူရကီကဲ့သို့သော နိုင်ငံများမှ သင်္ဘောများလည်း ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာနေကြောင်း သတင်းများအရ သိရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ဂျပန်သင်္ဘောများ
#ဟော်မုဇ်ရေလက်ကြား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤣7👍2🔥2
ရေယုန်ကာကွယ်ဆေးသည် ရေယုန်ရောဂါကို ကာကွယ်ပေးရုံသာမက နှလုံးရောဂါနှင့် မှတ်ဉာဏ်ချို့ယွင်းမှုကဲ့သို့သော ဝေဒနာများ ဖြစ်ပွားနိုင်ခြေကိုပါ လျှော့ချပေးနိုင်ကြောင်း ခိုင်မာသော အထောက်အထားများ ထပ်မံရရှိလာခြင်း ဖြစ်သည်။

"ဒီကာကွယ်ဆေးက နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ သေဆုံးနိုင်ခြေတွေကို လျှော့ချပေးနိုင်တဲ့ နှလုံး ရောဂါကာကွယ်ရေး အာနိသင်ရှိတယ်ဆိုတာ ထပ်တလဲလဲ တွေ့ရှိရပါတယ်" ဟု ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ရစ်ဗာဆိုက်မှ သုတေသနဦးဆောင်သူ ဒေါက်တာ ရောဘတ် ငုယင်က ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နှလုံးရောဂါ
#သုတေသန
#ကာကွယ်ဆေးတမျိုး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11❤4🔥1
TNLA နှင့် MNDAA ကြား ငြိမ်းချမ်းရေးထိန်းသိမ်းရန် NUCC တိုက်တွန်း

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် TNLA နှင့် MNDAA တို့ကြား လောက်ကိုင်မြို့ဆွေးနွေးပွဲအပြီး အပစ်ရပ်ရေး သဘောတူညီချက်ရသည့် အပေါ် NUGက ကြိုဆိုပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆက်လက်ထိန်းသိမ်းကြရန် NUCC က တိုက်တွန်းလိုက်သည်။

မတ်လ ၁၇ ရက်မှ ၂၀ ရက် အထိ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA )နှင့် ကိုးကန့်တပ် (MNDAA) ခေါင်းဆောင်များသည် လောက်ကိုင်မြို့၌ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

“အားလုံးကလည်းပဲ စိုးရိမ်ပူပန်နေကြတဲ့ ကိစ္စပေါ့ဗျာ။ အဲဒီတော့ ဒီကိစ္စအပေါ်မှာလည်းပဲ တော်လှန်ရေးအကျိုးစီးပွားကို ရှေးရှုပြီးတော့ ဒီ သိပ်မကြာလိုက်ဘဲနဲ့ ပေါ့နော် ။ အရမ်းကြီး မကြာသွားဘဲနဲ့ အချင်းချင်း ပြေလည်မှုရသွားတာဟာလည်းပဲ ဒါ အစဉ်အလာကောင်းတခု၊ နမူနာကောင်းတခု ဖြစ်ပါတယ်။ အဲတော့ ဒါကို ဆက်ပြီးတော့ ထိန်းသိမ်းသွားနိုင်ကြလိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ် ”ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) ၏ ကောင်စီဝင် ဦးတိုးကျော်လှိုင်က မဇ္ဈိမကို ပြောသည်။

တော်လှန်ရေးအတွက် အရေးကြီးသည့်…
👍13🤮1
"အီရန်အနေနဲ့ အခုအချိန်ကစပြီး ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို ခြိမ်းခြောက်မှုကင်းကင်းနဲ့ အပြည့်အဝ ပြန်ဖွင့်မပေးဘူးဆိုရင် အမေရိကန်ဟာ အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအသီးသီးကို အကြီးဆုံးတခုကနေ စပြီးတော့ တိုက်ခိုက်ချေမှုန်းပစ်မှာ ဖြစ်ပါတယ်" ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အီရန်သည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အမေရိကန်-ဗြိတိန် စစ်အခြေစိုက်စခန်းဖြစ်သော ဒီယေဂိုဂါစီယာ (Diego Garcia) အားပစ်မှတ်ထား၍ ကီလိုမီတာ ၄,၀၀၀ အကွာအဝေးထိ ရောက်ရှိနိုင်သော ပဲ့ထိန်းဒုံးကျည် နှစ်စင်း ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်ဦးစီးချုပ် အီယယ်လ်ဇမီရ်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန်မှ တာဝေးပစ်ဒုံးကျည်များကို အသုံးပြုခြင်းမှာ "ပထမဆုံးအကြိမ်" ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထရမ့်
#အီရန်လျှပ်စစ်ဓာတ်အားပေးစက်ရုံ
#ဟော်မုဇ်ရေလက်ကြား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12❤2🤣1
တရားခံများက စာရွက်စာတမ်းအတုများကို အသုံးပြုခြင်း၊ စာရင်းစစ်ဆေးမှုများကို ကျော်ဖြတ်ရန် ပစ္စည်းအတုများကို ပြသခြင်းနှင့် ၎င်းတို့၏ မရိုးသားသော လုပ်ဆောင်မှုများနှင့် အမှန်တကယ် ဝယ်ယူသူစာရင်းကို ဖုံးကွယ်ရန် ကြားခံကုမ္ပဏီတခုကို အသုံးပြုခဲ့ကြသည်ဟု FBI ၏ လက်ထောက်ညွှန်ကြားရေးမှူး ဂျိမ်းဘာနယ်ကယ်က သတင်းထုတ်ပြန်ရာတွင် ဆိုသည်။

အမေရိကန်နှင့် တရုတ်တို့မှာ AI နယ်ပယ်တွင် အသာစီးရရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြရာ ဒုတိယကမ္ဘာစစ်အတွင်း ပထမဆုံး နျူကလီးယားဗုံးကို တီထွင်နိုင်ရန် အမေရိကန်နှင့် ဂျာမနီတို့အကြား လက်နက်ပြိုင်ဆိုင်မှုကို ပြန်လည် အမှတ်ရစေသည့် တွန်းတွန်းထိုးထိုး ယှဉ်ပြိုင်မှုပဲ ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်
#ဉာဏ်ရည်တုနည်းပညာ
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10🤣3👎1👏1
အရပ်သားများကို ဗုံးကြဲရန် ၃ လအတွင်း လေယာဥ်ဆီ ကန်ဒေါ်လာ ၄ သန်းကျော်ဖိုး စစ်ကော်မရှင် သုံးစွဲဟု BMC ပြော

001

မဇ္ဈိမ။ ။ အရပ်သားများကို လေကြောင်းမှ ဗုံးကြဲ သတ်ဖြတ်ရန် စစ်ကော်မရှင်က သုံးလအတွင်း အမေရိကန်ဒေါ်လာ ၄,၀၀၀,၀၀၀ ကျော်တန်ဖိုးရှိ လေယာဥ်ဆီများ သုံးစွဲခဲ့ကြောင်း သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign)က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

သွေးစွန်းငွေ လှုပ်ရှားမှု အဖွဲ့၏ ၂၀၂၅ ဇွန် ၁၆ မှ စက်တင်ဘာ ၁၆ ထိ လေ့လာတွေ့ရှိချက်အရ သုံးလအတွင်း တိုက်လေယာဉ်အုပ်စုတစုတည်းအတွက် လေယာဉ်ဆီ အင်ပီယီရယ်ဂါလံ (IG) ၁ ဒသမ ၉၄ သန်းကျော် သုံးစွဲခဲ့ပြီး ကုန်ကျငွေပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၆ သန်းကျော်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

လေယာဥ်ဆီ ၁ အင်ပီယီရယ်ဂါလံ (1 IG) တွင် လီတာအားဖြင့် လေးလီတာခွဲကျော် ရှိသည်။

"လေယာဉ်ဆီသုံးစွဲမှု အရေအတွက်တွေဟာ မှတ်တမ်းတင်ထားတဲ့ ပျံသန်းမှုတွေအပေါ် အခြေခံထားတာဖြစ်ပြီး လေယာဉ်မှာ တပ်ဆင်သယ်ဆောင်တဲ့ အလေးချိန်ပေါ်မူတည်ပြီး လေယာဉ်ဆီက ပိုမိုအသုံးပြုရပါသေးတယ်"ဟု BMC က ထုတ်ပြန်ချက်တွင် ပြောသည်။

စစ်ကော်မရှင်၏ တိုက်လေယာဥ်များထဲတွင် ဆီအသုံး အများဆုံးသည် ရုရှားထုတ်…
👎15❤3🔥1
အီရန်နိုင်ငံအတွင်းမှ သတင်းအချက်အလက်များ ရရှိနိုင်မှုမှာ အကန့်အသတ်ဖြင့် အနည်းငယ်သာ ရှိရာ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ လက်နက်တိုက်၊ နျူကလီးယား သို့မဟုတ် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ မည်မျှအထိ ပျက်စီးသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ထို့ပြင် အီရန်ကို မည်သူက အမှန်တကယ် ဦးဆောင်နေသည်ကိုပင် မသိရဘဲ နိင်ငံဦးသျှောင် မိုဂျ်တာဘာ ခါမေနီကလည်း ရာထူးခန့်အပ်ခံရပြီးကတည်းက လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း မရှိသေးပေ။

အီရန်က ၎င်း၏ အာကာသစီမံကိန်းမှ အာကာယာဉ် ပစ်လွှတ်သည့် ဒုံးယာဉ်ကို အသုံးပြုပြီး ဒုံးကျည်များကို ရနိုင်သလောက် ကြံဖန်ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ပြောခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဗြိတိန်
#အမေရိကန်
#စစ်စခန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8👎2🔥1🤣1
“ရေနံချက်စက်ရုံတွေ မီးလောင်တာရယ်၊ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုတိုင်းဟာ ရုပ်ကြွင်းလောင်စာအပေါ် အခြေခံတဲ့ ပထဝီနိုင်ငံရေးဆိုတာ နေပျော်တဲ့ ကမ္ဘာမြေနဲ့ ပြဒါးတလမ်း သံတလမ်းပဲဆိုတာ ပြသနေတာပါ၊ ရုပ်ကြွင်းလောင်စာ အကျိုးစီးပွားက နိုင်ငံခြားရေးမူဝါဒအပေါ်မှာ လွှမ်းမိုးထားတာဟာ ရာသီဥတု အကျပ်အတည်းကို ပိုပြီး ကြီးမားသထက် ကြီးမားစေတဲ့ အမြန်ဆုံး နည်းလမ်းဖြစ်တယ်ဆိုတာ ဒီ စစ်ပွဲက ထပ်ပြီး သက်သေပြလိုက်တာပါ” ဟု ၎င်းက ဆိုသည်။

စစ်ပွဲ၏ ထိတ်လန့်စရာအကောင်းဆုံး မြင်ကွင်းတခုမှာ တီဟီရန်မြို့ပတ်ပတ်လည်ရှိ အဓိက လောင်စာဆီ သိုလှောင်ရုံ လေးခုကို အစ္စရေးက ဗုံးကြဲလိုက်၍ လောင်စာဆီ လီတာ သန်းပေါင်းများစွာ မီးလောင်ကျွမ်းခဲ့ပြီးနောက် မြို့ပေါ်တွင် တိမ်မည်းများ ဖုံးလွှမ်းကာ မိုးမည်းများ ရွာသွန်းခဲ့ခြင်း ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စစ်ပွဲ
#အမေရိကန်-အီရန်
#ကာဗွန်ဒိုင်အောက်ဆိုဒ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😱8❤5👍3🔥1
တတိယအဆင့် စမ်းသပ်မှုတွင် သွေးကြောကျဉ်းရောဂါရှိသူ သို့မဟုတ် အန္တရာယ်ရှိသော အခြေအနေရှိသူ လူပေါင်း ၂,၉၀၉ ဦး ပါဝင်ခဲ့သည်။ သုံးပုံနှစ်ပုံကို Enlicitide တိုက်ကျွေးပြီး ကျန်ရှိသူများကို အာနိသင်မရှိသော ဆေးတု (Placebo) ပေးခဲ့သည်။

၂၄ ပတ်အကြာတွင် Enlicitide သောက်သူများသည် ဆေးတုသောက်သူများနှင့် နှိုင်းယှဉ်ပါက LDL ကိုလက်စထရော ၆၀ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်ကို တွေ့ရသည်။ ထို့ပြင် ဤဆေးသည် နှလုံးသွေးကြောရောဂါနှင့် ဆက်စပ်နေသော အခြားအရေးကြီးသည့် အညွှန်းကိန်းများကိုလည်း လျှော့ချပေးနိုင်ခဲ့သည်။ တနှစ်ကြာစောင့်ကြည့်ခဲ့ရာတွင် ရလဒ်မပြောင်းလဲကြောင်း တွေ့ရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#Enlicitide
#ကိုလက်စထရော
#လျှော့ချ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14❤5🤮1