Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
👍3
👍4
👍3
👍4
🥰2👍1
👍3
🥰2👍1
👍1
👍1
👍1
👍1
👍1
👍1
👍1
👍1
👍1🥰1
👍1
မန်စီးတီးအသင်း ၉ ကြိမ်မြောက် လိဂ်ဖလားချန်ပီယံဖြစ်လာ

ဝင်ဘာလေကွင်းမှာကစားခဲ့တဲ့ လိဂ်ဖလား (ကာရာဘောင်ဖလား) ဖိုင်နယ်မှာ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ကစားပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဒါဟာ စီးတီးအတွက် ၉ ကြိမ်မြောက် လိဂ်ဖလား အောင်မြင်မှုဖြစ်ပြီး လီဗာပူးလ်ရဲ့ ၁၀ ကြိမ်ကို လိုက်မီဖို့ တကြိမ်သာလိုပါတော့တယ်။

(Photos: EPA)
👍5❤4🔥1
မက်ဒရစ်ဒါဘီမှာ အနိုင်ရတဲ့ ရီးယဲလ်

စပိန်လာလီဂါ ဒါဘီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်ဟာ ဗီနီစီးယပ်စ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ မြို့ခံပြိုင်ဘက် အက်သလက်တီကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြာင့် ရီးယဲလ်ဟာ လာလီဂါ အမှတ်ပေးဇယားထိပ်က ဘာစီလိုနာ ကို ဆက်လက် ဖိအားပေးထားနိုင်ခဲ့ပါတယ်။
❤6👍4🔥1
ဖရေးပြည်နယ်တွင် ဆီပြတ်လပ်မှုမှာ စိုးရိမ်ရသည့်အဆင့်သို့ ရောက်ရှိနေပြီး အထူးသဖြင့် လောင်း ခရိုင်ရှိ ဆီဆိုင်အတော်များများတွင် ဒီဇယ်ဆီ လုံးဝကုန်ခမ်းသွားခဲ့သည်။

ထိုပြဿနာသည် ဆီဆိုင်တဆိုင်တည်းတွင် ဖြစ်နေခြင်းမဟုတ်ဘဲ ဆီဆိုင်အများအပြားမှာ ဒီဇယ်ကို အကန့်အသတ်ဖြင့် ရောင်းချရာမှ နောက်ဆုံးတွင် လုံးဝရပ်နားထားရသည့် အခြေအနေသို့ ရောက်ရှိလာသည်။

တနင်္ဂနွေနေ့က ဘန်ကောက်နှင့် ပတ်ဝန်းကျင်ရှိ PTT ဆီဆိုင်များတွင် ရိုးရိုးဒီဇယ်ဈေးမှာ တလီတာလျှင် ၃၁ ဒသမ ၁၄ ဘတ်ဖြစ်ပြီး၊ ပရီမီယံဒီဇယ်မှာ ၄၄ ဒသမ ၆၄ ဘတ် ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်းပြည်နယ်များ
#ဒီဇယ်
#လက်ကျန်ဆီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7❤4👎3