Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
👍1
👍1
👍1🥰1
👍1
မန်စီးတီးအသင်း ၉ ကြိမ်မြောက် လိဂ်ဖလားချန်ပီယံဖြစ်လာ

ဝင်ဘာလေကွင်းမှာကစားခဲ့တဲ့ လိဂ်ဖလား (ကာရာဘောင်ဖလား) ဖိုင်နယ်မှာ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ကစားပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဒါဟာ စီးတီးအတွက် ၉ ကြိမ်မြောက် လိဂ်ဖလား အောင်မြင်မှုဖြစ်ပြီး လီဗာပူးလ်ရဲ့ ၁၀ ကြိမ်ကို လိုက်မီဖို့ တကြိမ်သာလိုပါတော့တယ်။

(Photos: EPA)
👍5❤4🔥1
မက်ဒရစ်ဒါဘီမှာ အနိုင်ရတဲ့ ရီးယဲလ်

စပိန်လာလီဂါ ဒါဘီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်ဟာ ဗီနီစီးယပ်စ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ မြို့ခံပြိုင်ဘက် အက်သလက်တီကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြာင့် ရီးယဲလ်ဟာ လာလီဂါ အမှတ်ပေးဇယားထိပ်က ဘာစီလိုနာ ကို ဆက်လက် ဖိအားပေးထားနိုင်ခဲ့ပါတယ်။
❤6👍4🔥1
ဖရေးပြည်နယ်တွင် ဆီပြတ်လပ်မှုမှာ စိုးရိမ်ရသည့်အဆင့်သို့ ရောက်ရှိနေပြီး အထူးသဖြင့် လောင်း ခရိုင်ရှိ ဆီဆိုင်အတော်များများတွင် ဒီဇယ်ဆီ လုံးဝကုန်ခမ်းသွားခဲ့သည်။

ထိုပြဿနာသည် ဆီဆိုင်တဆိုင်တည်းတွင် ဖြစ်နေခြင်းမဟုတ်ဘဲ ဆီဆိုင်အများအပြားမှာ ဒီဇယ်ကို အကန့်အသတ်ဖြင့် ရောင်းချရာမှ နောက်ဆုံးတွင် လုံးဝရပ်နားထားရသည့် အခြေအနေသို့ ရောက်ရှိလာသည်။

တနင်္ဂနွေနေ့က ဘန်ကောက်နှင့် ပတ်ဝန်းကျင်ရှိ PTT ဆီဆိုင်များတွင် ရိုးရိုးဒီဇယ်ဈေးမှာ တလီတာလျှင် ၃၁ ဒသမ ၁၄ ဘတ်ဖြစ်ပြီး၊ ပရီမီယံဒီဇယ်မှာ ၄၄ ဒသမ ၆၄ ဘတ် ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်းပြည်နယ်များ
#ဒီဇယ်
#လက်ကျန်ဆီ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7❤4👎3
ရုရှားနှင့် ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နေတိုး (NATO) စစ်ဌာနချုပ်အကြီးအကဲ ဖြစ်သည့် ရေတပ်ဗိုလ်ချုပ်ကြီး ပီယဲလ်ဗန်ဒီယေး ဦးဆောင်သည့် အဖွဲ့သည့် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် မြို့သို့ ရောက်ရှိလာကြောင်း ယူကရိန်းအဆင့်မြင့်အရာရှိတဦးက တနင်္ဂနွေနေ့တွင် ပြောကြားလိုက် သည်။

"တင်းပြည့်စစ်ပွဲစတင်ပြီးနောက်ပိုင်း နေတိုးစစ်ဌာနချုပ်တခုမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယူကရိန်းသို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပြီး၊ ယင်းကိုယ်စားလှယ်အဖွဲ့ကို မဟာမိတ်တပ် ပေါင်းစုပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဆင့်မြင့်စစ်ဌာနချုပ် (SACT) ၏ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ပီယဲလ်ဗန်ဒီယေးက ဦးဆောင်လာခြင်းဖြစ်ကြောင်း” ယူကရိန်းသမ္မတရုံး ဒုတိယအကြီးအကဲ ပါဗလို ပါလီဆာက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နေတိုး
#စစ်ဌာနချုပ်အကြီးအကဲ
#ယူကရိန်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍15🔥1
ယူကရိန်းသည် ဒရုန်းရန်ကာကွယ်ရေးကျွမ်းကျင်သူ ၂၀၀ ကျော်နှင့်အတူ ၎င်းတို့၏ ပြည်တွင်းထုတ်ဒရုန်းဟန့်တားရေးစနစ်များကို အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းတခုတို့သို့ စေလွှတ်ထားကြောင်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက မတ်လအစောပိုင်းတွင် New York Times သို့ ပြောကြားခဲ့သည်။

ဒရုန်းခြိမ်းခြောက်မှုကို ကာကွယ်ရာတွင် ယူကရိန်း၏ ကျွမ်းကျင်မှုများကို ဒေသတွင်းရှိ အခြားနိုင်ငံအများအပြားကလည်း စိတ်ဝင်စားနေကြပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း ထိုကိစ္စနှင့်ပတ်သက်၍ ဇယ်လန်းစကီးနှင့် ဆွေးနွေးရန် အထူးတောင်းဆိုထားကြောင်း အစ္စရေးသတင်းဌာန Ynet က ဖော်ပြခဲ့သည်။

ကြားဖြတ်ဟန့်တားရေးဒရုန်းများသည် Shahed ကဲ့သို့သော ခြိမ်းခြောက်မှုများကို သမားရိုးကျ လေကြောင်းရန်ကာကွယ်ရေးစနစ်များထက် ကုန်ကျစရိတ် အဆပေါင်းများစွာ သက်သာစွာဖြင့် ချေမှုန်းနိုင်သည်။

အမေရိကန်ထုတ် Patriot စနစ်သုံး PAC-3 ဒုံးကျည်တစင်းလျှင် အမေရိကန်ဒေါ်လာ လေးသန်းနီးပါး ကုန်ကျသော်လည်း ယူကရိန်းထုတ် ‘Sting’ သို့မဟုတ် ‘Octopus’ ကဲ့သို့သော ကြားဖြတ်ဟန့်တားရေးဒရုန်း…
👍15❤1🔥1
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော ပြင်းထန်သည့်စစ်ပွဲအတွင်း အစ္စရေးဘက် တွင် ထိခိုက်သေဆုံးမှု သီတင်းသုံးပတ်ကြာ နည်းပါးခဲ့သော်လည်း၊ အစ္စရေးတောင်ပိုင်း သဲကန္တာရမြို့ ဖြစ်သော အာရတ်ဒ်မြို့သို့ အီရန်က ပစ်လွှတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်များ၏ ပြင်းထန်သော ပေါက်ကွဲ မှုများက အခြေအနေအရပ်ရပ်ကို သတိပြုမိစေရန် ဆိုးရွားသော သတိပေးချက်တခု ဖြစ်လာခဲ့သည်။

“အရင်က တခါမှမကြားဖူးတဲ့ အရမ်းတုန်လှုပ်စရာကောင်းတဲ့ ပေါက်ကွဲသံကြီးပါပဲ။ ဒါက တကယ့်ကို အံ့ဩစရာကောင်းတဲ့ အသက်ဘေးက လွတ်မြောက်မှုဖြစ်ပြီး လူတွေသေဆုံးမှုမရှိတာကိုပဲ ဘုရား သခင်ကို ကျေးဇူးတင်ရမှာပါ" ဟု အသက် ၃၉ နှစ်အရွယ် ဒေးဗစ်က ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အစ္စရေး
#လေကြောင်းကာကွယ်ရေးစနစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🤬3❤1🔥1
စထရာ့စ်ဘော့မြို့ ဖြစ်ရပ်သည် တရုတ်အစိုးရ၏ နိုင်ငံရေးရပ်တည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အကြောင်းအရာများကို ဆင်ဆာဖြတ်ရန် နိုင်ငံခြားအစိုးရများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ တက္ကသိုလ် များနှင့် ပုဂ္ဂလိကကဏ္ဍများအပေါ် တရုတ်သံတမန်ရေးရာအဖွဲ့များက ဖိအားပေးလေ့ရှိသည့် ပိုမိုကျယ် ပြန့်သော လုပ်ဆောင်ချက်များကို ဖော်ပြနေသည်။

တရုတ်အစိုးရ၏ ယင်းကဲ့သို့ ကြိုးပမ်းမှုများသည် ထိုင်ဝမ်၏ ကိုယ်ပိုင်လက္ခဏာ ဖော်ပြမှုများ၊ ဝီဂါနှင့် တိဘက်အရေးဖော်ပြချက်များနှင့် တရုတ်အစိုးရက လက်မခံသော အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို အဓိကပစ်မှတ်ထားလေ့ရှိသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စထရာ့စ်ဘော့မြို့
#တရုတ်
#ထိုင်ဝမ်အနုပညာ
#နိုင်ငံရေးရပ်တည်ချက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍14❤1🔥1
ဓာတ်ပုံ- စစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်နေသည့် အညာမြေတပ်ပေါင်းစု ရဲဘော်များ။ စစ်ကိုင်းတိုင်း ၊ မြိုင်မြို့နယ် ၊ ကန်နီကျေးရွာရှိ အထိုင်တပ်စခန်းမှ ပတ်ကင်းထွက်လာသည့် စစ်ကော်မရှင်တပ်ကို မတ်လ ၂၂ ရက်တွက် တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်သုံးဦးသေဆုံးကြောင်း အညာမြေတပ်ပေါင်းစုထံမှ သိရသည်။ ( အညာမြေတပ်ပေါင်းစု)
👍12😁2🥰1
ဓာတ်ပုံ- စစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်နေသည့် အညာမြေတပ်ပေါင်းစု ရဲဘော်များ။ စစ်ကိုင်းတိုင်း ၊ မြိုင်မြို့နယ် ၊ ကန်နီကျေးရွာရှိ အထိုင်တပ်စခန်းမှ ပတ်ကင်းထွက်လာသည့် စစ်ကော်မရှင်တပ်ကို မတ်လ ၂၂ ရက်တွက် တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်သုံးဦးသေဆုံးကြောင်း အညာမြေတပ်ပေါင်းစုထံမှ သိရသည်။ ( အညာမြေတပ်ပေါင်းစု)
❤7👍4😁2🥰1
ဓာတ်ပုံ- စစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်နေသည့် အညာမြေတပ်ပေါင်းစု ရဲဘော်များ။ စစ်ကိုင်းတိုင်း ၊ မြိုင်မြို့နယ် ၊ ကန်နီကျေးရွာရှိ အထိုင်တပ်စခန်းမှ ပတ်ကင်းထွက်လာသည့် စစ်ကော်မရှင်တပ်ကို မတ်လ ၂၂ ရက်တွက် တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်သုံးဦးသေဆုံးကြောင်း အညာမြေတပ်ပေါင်းစုထံမှ သိရသည်။ ( အညာမြေတပ်ပေါင်းစု)
👍9🤣2🥰1😁1
ဓာတ်ပုံ- စစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်နေသည့် အညာမြေတပ်ပေါင်းစု ရဲဘော်များ။ စစ်ကိုင်းတိုင်း ၊ မြိုင်မြို့နယ် ၊ ကန်နီကျေးရွာရှိ အထိုင်တပ်စခန်းမှ ပတ်ကင်းထွက်လာသည့် စစ်ကော်မရှင်တပ်ကို မတ်လ ၂၂ ရက်တွက် တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်သုံးဦးသေဆုံးကြောင်း အညာမြေတပ်ပေါင်းစုထံမှ သိရသည်။ ( အညာမြေတပ်ပေါင်းစု)
👍10🤣2🥰1😁1
အလွန် ဈေးပေါသော ဒရုန်းများဖြင့် တိုက်ခိုက်မှုကို ကာကွယ်ရန် ဈေးကြီးပြီး အဆင့်မြင့်သော လက်နက်များကို အသုံးပြုနေရခြင်းသည် စစ်ပွဲ၏ ထူးခြားချက်တခု ဖြစ်လာခဲ့သည်။ ယခု ဘာရိန်းဖြစ်ရပ်က ထိုသို့သော မဟာဗျူဟာ၏ အန္တရာယ်နှင့် ကန့်သတ်ချက်များကို မီးမောင်းထိုးပြနေသည်။

အီရန်ကို အမေရိကန်က ဖေဖော်ဝါရီ ၂၈ ရက်၌ စတင်တိုက်ခိုက်သည့် ပထမဆုံးနေ့တွင် အီရန် မိန်းကလေးကျောင်း တကျောင်း တိုက်ရိုက်ထိမှန်ခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးသူများက ထို တိုက်ခိုက်မှုမှာ အမေရိကန် တပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည့် ပစ်မှတ်အချက်အလက်များက အချိန်နှင့် တပြေးညီ မွမ်းမံပြင်ဆင်ခြင်း မရှိသော ကြောင့် ဖြစ်နိုင်သည်ဟု ယူဆထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဘာရိန်း
#အမေရိကန်
#Patriot_ဒုံးကျည်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7👎3❤1
အီရန်က မိုင်ပေါင်း ၂,၀၀၀ ကျော် (ကီလိုမီတာ ၃,၂၀၀ ကျော်) ဝေးကွာသော ချားဂိုးစ်ကျွန်းစုရှိ ဒီရေဂိုဂါစီယာကျွန်းရှိ စစ်စခန်းကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ကျန်တစင်းမှာ "ပစ်မှတ်သို့ မရောက်ဘဲ ပျက်ကျခဲ့သည်" ဟု ရိဒ်က ပြောသော်လည်း အခြေစိုက်စခန်းနှင့် မည်မျှ နီးကပ်စွာ ကျရောက်ခဲ့သည်ကိုမူ ဖြေဆိုရန် ငြင်းသည်။

ဗြိတိန်က ပဋိပက္ခများ လျော့ပါးရန် ကြိုးပမ်းနေပြီး စစ်ပွဲအတွင်း ပိုမို နက်ရှိုင်းစွာ ပါဝင်မည်မဟုတ်ကြောင်း ရိဒ်က ပြောကြားကာ "ပဋိပက္ခ လျှော့ချရေးအပေါ် ကျွန်တော်တို့ အလေးအနက် ထားမှုကို တရွေးသားမျှ ပျက်ပြားစေမှာ မဟုတ်ဘူး" ဟု Sky News သို့ ပြောခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ဗြိတိန်
#ရည်ရွယ်ချက်မရှိနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8😁2
သို့သော်ထိုရေခဲပြင်ကြီး၏ သုံးပုံတပုံမှာ အလွန်အန္တရာယ်ရှိသည့်ဇုန်အတွင်းကျရောက်နေပြီး လျင်မြန်စွာပူနွေး လာနေသည်။

၁၉၇၅ ခုနှစ်ကတည်းကဆိုလျှင် ထိုဒေသသည်ရေခဲထုအထူ ၂၇ မီတာ (၈၉ ပေ) ဆုံးရှုံးသွားခဲ့ရပြီးဖြစ်သည်ဟု လေ့လာမှုများကဆိုသည်။​

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဟိမဝန္တာ
#အရည်ပျော်မှု
#ရေခဲတောင်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥4❤1😭1
“ရာသီဥတုအခြေအနေအခြေအနေ ကောင်းလာတာကို အခွင့်ကောင်းယူပြီး ရုရှားတွေက သူတို့ထိုးစစ်ကို အရှိန်မြှင့်ဖို့ကြိုးပမ်းလာတာကို ကျွန်တော်တို့ ဒီအပတ်ထဲမှာ တွေ့ရတယ်” ဟု ယူကရိန်းကြည်းတပ် စစ်ဦးစီးချုပ် အိုလက်ဆန်ဒါဆာစ်ကီး (Oleksandr Syrsky)နှင့် တွေ့ဆုံအပြီး သူက လူမှုကွန်ရက်ပေါ်တွင်ရေးထားသည်။

ရုရှားသည် ၂၀၁၄ ခုနှစ်ကတည်းကသိမ်းပိုက်ထားသော ကရိုင်းမီးယားဒေသအပါအဝင် ယူကရိန်းနယ်မြေ ငါးပုံတပုံ ကို ယခုအခါ သိမ်းပိုက်ထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရုရှား
#ဇယ်လန်းစကီး
#အရှိန်မြှင့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥2
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ရာမှ စတင်ခဲ့သည့် စစ်ပွဲကြောင့် လက်ရှိတွင် ပိတ်ဆို့နေသော ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ရန် သမ္မတထရမ့်က အီရန်အား ၄၈ နာရီ အချိန်ပေးထားသည်။

"အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေအပေါ် အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေ တကယ် ဖြစ်လာမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို အပြီးတိုင် ပိတ်ပစ်မှာဖြစ်ပြီး ပျက်စီးသွားတဲ့ ကျွန်တော်တို့ရဲ့ ဓာတ်အားပေးစက်ရုံတွေကို ပြန်မတည်ဆောက် မပြီးမချင်း ပြန်ဖွင့်ပေးမှာမဟုတ်ဘူး" ဟု စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးဌာနချုပ် Khatam Al-Anbiya က နိုင်ငံပိုင်ရုပ်သံမှတဆင့် ထုတ်ပြန်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်
#ဟော်မုဇ်ရေလက်ကြား
#အီရန်စစ်တပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12🔥3