Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းခြင်း၊ နာမကျန်းသူများကို အလုပ်ကြမ်းခိုင်းခြင်းများ ပြုလုပ်

ဓာတု

မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ လုပ်ဆောင်နေပြီး မိလ္လာခပ်ခိုင်းခြင်းကဲ့သို့ အလုပ်များ စေခိုင်းနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

အကျဥ်းထောင် ဝန်ထမ်းများကို လာဘ်ထိုးထားသူများ( ထောင်အခေါ် ဘောင်ချာဖြတ်ထားသူများ) က လွဲ၍ လာဘ်ပေးရန် မတတ်နိုင်သည့် ကျန်အကျဉ်းသားကိုလည်း ဖိနှိပ်နေကြောင်း သိရသည်။

“သူငယ်ချင်းရဲဘော် တယောက်က လှမ်းပြောတယ်။ ဒိုက်ဦးထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအမှု အခြေအနေက တော်တော်ဆိုးနေတယ် အဆောင်တွေလည်းပြောင်းတယ်။ နိုင်ကျဉ်းတွေကို မိလ္လာရေတွေ ခပ်ခိုင်းတယ် ။ အလုပ်ကြမ်းတွေမတရားခိုင်းတယ် ။ မတရားနှိပ်စက်ခံရတဲ့ ဒဏ်တွေရှိတဲ့ သူတွေကိုလည်းခိုင်းတယ်။” ဟု အကျဥ်းထောင်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

အကျဥ်းသားအခွင့်အရေးတောင်းဆိုသူများကိုလည်း ခြေကျဉ်းခတ်ကာ တိုက်ပိတ်ထားကြောင်း ၊ ထောင်ပြောင်းရောက်လာသည့် နိုင်ကျဥ်းများ၏ ထောင်ဝင်စာ ပါဆယ်ထုတ်များပါ အစားအသောက်၊ ဆေးဝါးနှင့် စာအုပ်များကိုလည်း…
🤬10👎4🔥2❤1
မန်စီးတီး လိဂ်ဖလား ကိုင်မြှောက်၊ ဆုဖလား ၄၀ ပြည့် ပက်ဂွါဒီယိုလာ ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မီဖို့ ဘယ်လောက်အထိ နီးစပ်သွားပြီလဲ

Marca

မုန်တိုင်းပြီးရင် လေပြေရောက်လာတတ်စမြဲပါ။ ရီးယဲလ်မက်ဒရစ်ကြောင့် ချန်ပီယံလိဂ်ကနေ ခါးသီးစွာ ထွက်ခွာခဲ့ရပြီးနောက်မှာတော့ ပက်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးဟာ အောင်မြင်မှုအသစ်တခုကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒါကတော့ လိဂ်ဖလား (ကာရာဘောင်းဖလား) ချန်ပီယံဆုကို အရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ အဆုံးသတ်မဟုတ်သေးပါဘူး။

ဂွါဒီယိုလာအတွက် နှစ်ထပ်ကွမ်းအောင်ပွဲ

ငါးမိနစ်အတွင်းမှာတင် အိုရွိုင်လီက သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် ၆၁ မိနစ်မှာ ကီပါရဲ့ အမှားကနေတဆင့် ခေါင်းတိုက် သွင်းယူခဲ့သလို၊ ၆၅ မိနစ်မှာလည်း မားသီးယပ်စ် နူးနက်စ်ရဲ့ တိကျတဲ့ ဖြတ်တင်ဘောကနေ နောက်ထပ် ခေါင်းတိုက်ဂိုးတဂိုးကို အပိုင်အဆုံးသတ်ခဲ့တာပါ။

ဒီအောင်ပွဲကြောင့် ပက်ဟာ စီးတီးနည်းပြအနေနဲ့ ငါးကြိမ်မြောက် လိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီးတော့ ဗိုလ်လုပွဲမှာ အာတီတာထက် ပိုကောင်းအောင် လုပ်ပြခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့ နည်းပြသက်တမ်း ၁၇ ရာသီအတွင်းမှာ ၁၆ ရာသီအထိ ဆုဖလားတွေ ရယူနိုင်ခဲ့ပြီး…
❤10🔥1
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခါးကျီးပေါင်းရောဂါကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း ထုတ်ပြန်

မဇ္ဈိမ။ ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ဝေဒနာခံစားရ၍ ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း ယနေ့ ( မတ်လ ၂၃ ရက်) တွင် သတင်းထုတ်ပြန်သည်။

မတ်လ ၂၀ ရက်တွင် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် အိန္ဒိယနိုင်ငံမှ ပါရဂူများနှင့် စစ်ကော်မရှင် ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်နာရီကြာ ထိုခွဲစိတ်ကုသမှု အောင်မြင်ခဲ့၍ ယခု တာဝန်များကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့် ၂၇ ရက်တွင် တပ်မတော်နေ့ ကျင်းပမည်ဖြစ်ပြီး မတ်လ ၃၀ ရက်၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရန်ရှိနေသည်။ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုသမ္မတလောင်းအဖြစ် တင်သွင်းမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#ကျန်းမာရေး
#မင်းအောင်လှိုင်
#ပြည်တွင်းသတင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤮5👍2💩2❤1🔥1
မုံရွာ တွင် စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

MTO

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မုံရွေးတိုးဂိတ်မှ တောပုပျူရွာသို့ ကားသုံးစီးဖြင့် သွားသည့် စစ်ကော်မရှင်တပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဘက်မှ သုံးဦး သေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Brave Heart Army-BHA က ယနေ့ ( မတ်လ ၂၃ ရက်) တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်အတွင်း စစ်ကော်မရှင်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်တွင် မောင်းနှင်နေသော HONDA- FIT ကားပေါ်မှ ပြည်သူတဦး သေဆုံးခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ များ က အသိပေးသည်။

“ အသင့်စောင့်ကြိုပြီး အသာစီးရယူ ပစ်ခတ်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ မျှော်မှန်းသလောက် မဖြစ်ခဲ့ဘူး ။ မုံရွာ-ချောင်းဦ လမ်းပိုင်းပေါ်မှာ ပြည်သူတွေရဲ့ ကားတွေနဲ့ ရောနေတော့ သေချာ စိစစ်ပြီးမှ လုပ်ရတဲ့အပေါ်မှာ ရည်မှန်းသလောက် မရခဲ့တာပါ”ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ခန့်သည် တောပုရွာသို့ ဘောလုံးကန်ရန် အသွား ရွာဆိုင်းဘုတ်အနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BHA ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း…
👍9🔥2🥰1
🔥4😱3🤬1
🔥5🤬1
🔥5😱2👎1🤬1
🔥5🤬3