Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"အမေရိကန်နဲ့ အီရန်နိုင်ငံတို့က ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ အရှေ့အလယ်ပိုင်းဒေသက ရန်လိုတိုက်ခိုက်မှုတွေကို အပြီးတိုင် ဖြေရှင်းနိုင်ဖို့အတွက် တော်တော်လေးလည်း ကောင်းမွန်ပြီး အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာကို ဝမ်းမြောက်ဝမ်းသာစွာ သတင်းပေးချင်ပါတယ်” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် စာလုံးကြီးများဖြင့် ရေးသားသည်။

ပါရှန်းပင်လယ်ကွေ့ရှိ စွမ်းအင်နယ်မြေများအပေါ် အကြိမ်ကြိမ် တိုက်ခိုက်ခံရမှုနှင့် အီရန်က အဓိက ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ် ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ထားမှုတို့ကြောင့် ဓာတ်ငွေ့နှင့် ရေနံဈေးနှုန်းများ ထိုးတက်နေပြီး ကမ္ဘာ့စွမ်းအင် အကျပ်အတည်း ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြစဉ် ယခု ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#စွမ်းအင်ကဏ္ဍ
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤8👍5🤣3🔥1🤮1
🔥5👍1
🔥5🤬3👏2👎1
ဝက်စ်ဟမ်းနဲ့ ပြင်သစ်ကွင်းလယ်လူဟောင်း ဒီမီထရီ ပါယက် ကစားသမားဘဝကနေ အနားယူ

The Independent

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဒီမီထရီ ပါယက်ဟာ ၂၁ နှစ်ကြာ ဖြတ်သန်းလာခဲ့တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားယူပြီလို့ အတည်ပြုလိုက်ပါတယ်။

အသက် ၃၈ နှစ်အရွယ် ပါယက်ဟာ ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းနဲ့ လမ်းခွဲပြီးနောက် ၉ လကြာ အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။

ကစားသမားဘဝကနေ အနားယူမယ့် အကြောင်းကို အသင်းဟောင်း မာဆေးလ်နဲ့ လိုင်လီတို့ကစားခဲ့တဲ့ ပြင်သစ်အမှတ်ပေးပွဲ ပထမပိုင်းအပြီး အင်တာဗျူးမှာ ပါယက်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

ပါယက်တယောက် ကစားသမားဘဝ အအောင်မြင်ဆုံး နှစ်ကာလတွေကို နှစ်ကြိမ် ဖြတ်သန်းခဲ့တဲ့ မာဆေးလ်အသင်းရဲ့ အိမ်ကွင်းမှာပဲ အနားယူဖို့ ဆုံးဖြတ်ချက်ကို အတည်ပြုပြောကြားရင်း မျက်ရည်တွေကို မနည်းထိန်းထားခဲ့ရပါတယ်။

ရီယူနီယံကျွန်းမှာ မွေးဖွားခဲ့တဲ့ အဆိုပါကစားသမားဟာ ၂၀၀၅ မှာ နန်တက်စ်အသင်းနဲ့အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တာပါ။ သူဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၃၈ ပွဲ ကစားပေးခဲ့ပြီး ရှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့…
👍8🔥1
အီရန်နှင့် ဆွေးနွေးမှုများပြုလုပ်ခြင်းဖြင့် အစ္စရေးအတွက် ရေရှည်ငြိမ်းချမ်းရေးရရှိစေမည့် သဘောတူညီ ချက်တခု ထွက်ပေါ်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က တနင်္လာနေ့တွင် ပြောကြား လိုက်သည်။

အီရန်နှင့်ရရှိမည့် မည်သည့်သဘောတူညီချက်ကိုမဆို အစ္စရေးက ထောက်ခံဖွယ်ရှိကြောင်းနှင့် မကြာ သေးမီက အစ္စရေးအရာရှိများနှင့် ဆက်သွယ်မှုများကလည်း အပြုသဘောဆောင်ကြောင်း ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရရှိထားတဲ့သဘောတူညီချက်အပေါ် အစ္စရေးက အလွန်ကျေနပ်လိမ့်မယ်လို့ ထင်ပါ တယ်။ ဒါက အစ္စရေးအတွက် ရေရှည်ခိုင်မာပြီး အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေး ဖြစ်လာမှာပါ” ဟု ထရမ့် က ဆိုသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အစ္စရေး
#ငြိမ်းချမ်းရေးအာမခံချက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥4
ပါကစ္စတန်နှင့် တရုတ်ပူးပေါင်းထုတ်လုပ်သည့် JF-17 တိုက်လေယာဉ်များက မကြာခဏ ပြဿနာများ ဖြစ်ပေါ်နေခြင်းကြောင့် ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်တွင် မိတ္ထီလာတွင် ကျင်းပသော အခမ်းအနားတခု တွင် တိုက်လေယာဉ်အသစ်များကို စစ်ကော်မရှင်လေတပ်က တရားဝင်မိတ်ဆက်ခဲ့သည်။

ယင်းအခမ်းအနားမှ ထွက်ပေါ်လာသော ဓာတ်ပုံများအရ တရားဝင်တပ်တော်ဝင်ခဲ့သည့် တိုက်လေယာဉ် လေးစင်းအနက် အဆင့်မြင့် Su-30SME ဘက်စုံသုံး တိုက်လေယာဉ် နှစ်စင်းကို ရှင်းလင်းစွာ မြင်ခဲ့ရသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တိုက်လေယာဉ်
#ရုရှား
#စစ်ကော်မရှင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
❤3👍2🔥2
ကုလသမဂ္ဂ၏ ကမ္ဘာ့ပျော်ရွှင်မှုနေ့အဖြစ် သတ်မှတ်ထားသော မတ်လ ၂၀ ရက်တွင် ထုတ်ပြန်သည့် ၂ဝ၂၆ ခုနှစ်အတွက် ကမ္ဘာ့ပျော်ရွှင်မှုဆိုင်ရာ အစီရင်ခံစာတွင် မြန်မာက အဆင့် ၁၂၉ နေရာတွင်သာ ရပ်တည်ခဲ့ သည်။

နိုင်ငံပေါင်း ၁၄၇ နိုင်ငံအတွက် ထုတ်ပြန်ခဲ့သည့် ယင်းအစီရင်ခံစာတွင် အာဖဂန်နစ္စတန်က အဆင့် ၁၄၇ ဖြင့် အောက်ဆုံးတွင် ရပ်တည်ခဲ့သည်။

နော်ဒစ်နိုင်ငံဖြစ်သည့် ဖင်လန်က ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံဖြစ်ပြီး၊ ယင်းနောက်တွင် တခြားနော်ဒစ်နိုင်ငံ များဖြစ်သည့် အိုက်စလန်နှင့် ဒိန်းမတ်တို့က အစဉ်လိုက်တည်ရှိနေသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ
#မြန်မာ
#အရှေ့တောင်အာရှ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥9👍2❤1
ဂျပန်နိုင်ငံတွင် စစ်ပြီးခေတ် စီးပွားရေးကျဆင်းမှုကို ပထမဆုံး ကြုံတွေ့ခဲ့ရချိန် ၁၉၇၃ ခုနှစ် ရေနံအကျပ်အတည်းကာလကတည်းက အိမ်သာသုံးစက္ကူများကို အလုအယက် ဝယ်ယူစုဆောင်းသည့်အလေ့အထများ စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၁၁ ခုနှစ်က အင်အားပြင်းငလျင်၊ ဆူနာမီဘေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလများအတွင်း၌လည်း အလားတူ လုဝယ်စုဆောင်းသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ဖူးသည်။

X လူမှုကွန်ရက်အသုံးပြုသူတဦးက "အနီးနားက ဆေးဆိုင်မှာ အိမ်သာသုံးစက္ကူတွေ ကုန်သွားပြီ။ အားလုံးက ဝယ်စုနေကြပုံပဲ" ဟု ရေးသားခဲ့သည်။

အခြားသော အင်တာနက်အသုံးပြုသူများ၏ ပို့စ်များတွင်လည်း စုဆောင်းထားသည့် ကြောင်စာများ၊ တကိုယ်ရေသုံးပစ္စည်းများမှစ၍ Suntory ဘီယာဗူးများကို တောင်ပုံရာပုံ စုထားသည့် ဓာတ်ပုံများကို တင်ထားကြသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အိမ်သာသုံးစက္ကူ
#အီရန်စစ်ပွဲ
#ဂျပန်အစိုးရ
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
👍8🔥4❤3
"ကျွန်တော်တို့ လောင်းကစားစွဲလမ်းမှုကို စနစ်တကျ ဆက်လက်တိုက်ဖျက်နေပါတယ်။ ရည်မှန်းချက်ကတော့ စစ်မှုထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို လောင်းကစားကြောင့်ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကနေ အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကာလအတွင်းမှာ နိုင်ငံတော်ကို ကာကွယ်နေသူတွေ လောင်းကစားမှာ ပါဝင်ပတ်သက်မှုကို ကန့်သတ်မယ့် နည်းလမ်းတခုကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့အတူ ပြင်ဆင်နေပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသုံးပြုသူတဦးသည် လောင်းကစားပလက်ဖောင်းတခုသို့ ဝင်ရောက်သည့်အခါ ၎င်းသည် လောင်းကစားခွင့် ကန့်သတ်ခံထားရသူများစာရင်းတွင် ပါဝင်ခြင်း ရှိ၊ မရှိ နှင့် စစ်ဘက်ဆိုင်ရာ အချက်အလက်များဖြင့် စစ်ဆေးခံရမည်ဖြစ်သည်။ အကယ်၍ ကန့်သတ်ထားသူဖြစ်ကြောင်း အတည်ပြုနိုင်ပါက အဆိုပါ ဂိမ်း သို့မဟုတ် လောင်းကစားဝက်ဘ်ဆိုက်သို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်သွားမည် ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#လောင်းကစားစွဲလမ်းမှု
#စစ်မှုထမ်း
#ယူကရိန်း
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
👍6🔥4
မဟာမိတ် အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟု ကတိပြုထားသော် လည်း၊ တိုက်ခိုက်မှုအသစ်များအတွက် အစီအစဉ်များကို ရုတ်တရက် ရွှေ့ဆိုင်းလိုက်ပြီးနောက် အမည်မဖော်လိုသော အီရန်အရာရှိတဦးနှင့် ဆွေးနွေးမှုများက “အလွန်ကောင်းမွန်သည်” ဟု သမ္မတဒေါ်နယ် ထရမ့် က တနင်္လာနေ့တွင် ကြွေးကြော်လိုက်သည်။

သို့သော် အီရန်လွှတ်တော်ဥက္ကဋ္ဌဂါလီဘတ်ဖ်က လက်ရှိတွင် “မည်သည့်ဆွေးနွေးညှိနှိုင်းမှုမျှ” မရှိကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး၊ ထရမ့်က “ဘဏ္ဍာရေးနှင့် ရေနံဈေးကွက်ကို ကစားရန်” ကြိုးပမ်းနေ ခြင်းသာဖြစ်ကြောင်း အခိုင်အမာဆိုခဲ့သည်။

စစ်ပွဲရပ်တန့်ရန် ရည်ရွယ်သည့် အမေရိကန်၏ ဆွေးနွေးညှိနှိုင်းလိုသော တောင်းဆိုချက်များကို မိတ်ဖက် နိုင်ငံအချို့ထံမှ တဆင့်လက်ခံရရှိထားသော်လည်း၊ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း အီရန်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာကာအီကလည်း ပြောကြားခဲ့သည်ဟု အီရန် အစိုးရပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စွမ်းအင်ဈေးကွက်
#ဆွေးနွေးညှိနှိုင်းမှု
#အီရန်အစိုးရ
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
🤣5👍4🔥3❤1
နျူကလီးယားလက်နက်နိုင်ငံတော် ဆိုသည့်အဆင့်အတန်းကို ပိုမိုခိုင်မာအောင်လုပ်ရေးအတွက် နျူကလီး ယားလက်နက်များတိုးချဲ့မှုကိုလုပ်ဆောင်ရေးသည် “လုံးဝတရားမျှတသည်” ဟုလည်းသူကဆက်လက်ပြော ဆိုခဲ့သည်။

ပြုံယမ်းသည် “ကျွန်ုပ်တို့သမ္မတနိုင်ငံအပေါ် မည်သည့်ကျူးကျော်ရန်စမှုကိုမဆို အနည်းငယ်မျှ စဉ်းစားခြင်း တုံ့ဆိုင်းတွေဝေခြင်းမရှိဘဲ အညှာတာကင်းမဲ့စွာလုပ်ဆောင်သွားမည်” ဟုလည်း သူကဆက်လက်ပြောကြားခဲ့ သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နျူအဆင့်အတန်း
#ဆိုးလ်
#ကင်ဂျုံအွန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎3🔥2💩1
"BeiDou စနစ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့တာပါ၊ ဒါဟာ အများပြည်သူသုံး ဒါမှမဟုတ် စီးပွားရေးအရ လူတိုင်းသုံးနိုင်ဖို့အတွက်ပါပဲ" ဟု ၎င်းက 60 Minutes အစီအစဉ်သို့ ပြောပြီး "ဘယ်သူ သုံးခွင့်ရှိတယ်၊ မရှိဘူးဆိုတာကို ကျွန်တော်တို့ ခွဲခြားမထားပါဘူး" ဟု ထပ်လောင်းဆိုသည်။

စစ်ရေးအသုံးစရိတ် ခုနစ် ရာခိုင်နှုန်းနီးပါး တိုးမြှင့်ထားသည့် တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် အမေရိကန်က အရင်းအမြစ်များ ကုန်ဆုံးနေရကာ အင်ဒို-ပစိဖိတ်ဒေသအပေါ် အာရုံစိုက်မှု လျော့နည်းလာချိန်၌ ထိုင်ဝမ်ကို ထိန်းချုပ်ရန် စီစဉ်လာမလားဆိုကာ ခန့်မှန်းတွက်ချက်မှုများ ပိုမို မြင့်တက်နေသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#တရုတ်
#အဆင့်မြင့်ဂြိုဟ်တုစနစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥5👎2