Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၄ မတ် ၂၀၂၆ )

အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်ထံ ရဟတ်ယာဉ်အစိတ်အပိုင်းများနှင့် လေယာဉ်ပစ္စည်းများ တင်သွင်းခဲ့သည့် မြန်မာစစ်လက်နက်ပွဲစား Synpex Shwe ကုမ္ပဏီသည် ကမ္ဘာတဝန်း လက်နက် ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေကြောင်း Justice For Myanmar (JFM) က ယမန်နေ့ ( မတ်လ ၂၃ ရက်) တွင် ထုတ်ပြန်ထားသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#လက်နက်ကုန်သွယ်ရေး
#Synpex_Shwe
#ဒဏ်ခတ်ပိတ်ဆို့
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
----------------------------------------
❤6👍2😁2
ဓာတ်ပုံ - ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် Yangon International Mobility Show ကားပြပွဲသို့သွားတက်ပြီး မြန်မာစစ်ကော်မရှင် စီးပွားဖက်များနှင့် မိတ်ဖွဲ့ဆက်ဆံသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆောန်နစ်ခ် သည် မြန်မာပြည်သူများ၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။ (U.S. Embassy Rangoon)
👍6🤣3👎1😁1

👍5👎1😁1🤣1

👍4🤣2👎1😁1
ထိုင်းနိုင်ငံ၏ တောမီးလောင်ကျွမ်းမှုနှင့် မြူခိုးထူထပ်မှု အခြေအနေမှာ စိုးရိမ်စရာဖြစ်နေဆဲ ဖြစ်ပြီး ဂြိုဟ်တုအချက်အလက်များအရ မတ်လ ၂၃ ရက်နေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် မီးလောင်ကျွမ်းသည့်နေရာပေါင်း ၁,၄၈၈ ခု ရှိခဲ့ကာ အများစုမှာ သစ်တောဧရိယာများတွင် ဖြစ်သည်။

၎င်းသည် ဂေဟစနစ်များအတွက် ကြီးထွားလာနေသော ခြိမ်းခြောက်မှုဖြစ်သလို လေထုအတွင်း PM2.5 အဆင့် အမှုန်အမွှားညစ်ညမ်းမှု ပိုမိုဆိုးရွားလာခြင်းကိုလည်း မီးမောင်းထိုးပြနေသည်။

မြန်မာနိုင်ငံသည် မီးလောင်သည့်နေရာ ၆,၅၈၁ ခုဖြင့် ထိခိုက်မှု အများဆုံးနိုင်ငံ ဖြစ်နေပြီး ၎င်းနောက်တွင် လာအိုနိုင်ငံက ၁,၈၅၀ ခုဖြင့် ဒုတိယလိုက်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်း
#တောမီးလောင်ကျွမ်း
#မြန်မာ
#အများဆုံးဖြစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
🔥5❤3👍1👏1
စစ်တွေနှင့်ကျောက်ဖြူတွင် တိုက်ပွဲပြင်းထန်ပြီး ရွှေမင်းဂံရေတပ်မှ စစ်အုပ်စုတပ်သားအများအပြားသေဆုံးဟုဆို

ဓာတု

မဇ္ဈိမ ။ ။ ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်- ဇင်ချောင်းကြားတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်(AA)တို့နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်းစစ်ရေးသတင်းအရင်းမြစ်များထံကသိရသည်။

ရေတပ်အခြေစိုက်စခန်း(ရတခ)ဖြစ်သည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းတွင်အထိုင်ချထားသော စစ်ကော်မရှင်တပ်သားများကို ယမန်နေ့ (မတ်လ ၂၃ ရက်) နံနက် ၉နာရီဝန်းကျင်တွင် AA က လက်နက်ကြီး၊စနိုက်ပါများဖြင့် တိုက်ခိုက်ခြင်းကြောင့် စစ်ကော်မရှင်တပ်သား ၃၀ ဦးအထက်သေဆုံးကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်က မဇ္ဈိမသို့ ပြောသည်။

“မင်းဂံရေတပ်စခန်းဘက်ကို ချောင်းတဖက်ကမ်းကနေပစ်တာ ဇော်မတက်တို့ ရဲရိုးပြင်တို့ဘက်ကနေပေါ့ ၊မနေ့ကပစ်လိုက်တာ ၃၀ကျော် ၄၀ လောက်သေတယ်။ စခန်းထဲ ၈၀ ယောက်လောက်ရှိတာ၊ပစ်တာလည်း သိပ်မဝေးဘူး ပေနဲ့ကြည့်မယ်ဆို ပေ ၄၀၀-၅၀၀ လောက်ကနေပစ်တာ”ဟု ၎င်းက ပြောသည်။

စစ်တွေမြို့နယ်တွင် မြို့အနီးရွှေမင်းဂံဆိပ်ကမ်းနှင့် စစ်တွေမြို့အစွန်အဖျားနေရာများတွင်သာတိုက်ပွဲဖြစ်ပွားနေပြီး…
🔥9❤7👍4😁1🤣1