Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဓာတ်ပုံ - ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် Yangon International Mobility Show ကားပြပွဲသို့သွားတက်ပြီး မြန်မာစစ်ကော်မရှင် စီးပွားဖက်များနှင့် မိတ်ဖွဲ့ဆက်ဆံသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆောန်နစ်ခ် သည် မြန်မာပြည်သူများ၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။ (U.S. Embassy Rangoon)
👍6🤣3👎1😁1
ဓာတ်ပုံ - ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် Yangon International Mobility Show ကားပြပွဲသို့သွားတက်ပြီး မြန်မာစစ်ကော်မရှင် စီးပွားဖက်များနှင့် မိတ်ဖွဲ့ဆက်ဆံသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆောန်နစ်ခ် သည် မြန်မာပြည်သူများ၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။ (U.S. Embassy Rangoon)
👍5👎1😁1🤣1
ဓာတ်ပုံ - ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် Yangon International Mobility Show ကားပြပွဲသို့သွားတက်ပြီး မြန်မာစစ်ကော်မရှင် စီးပွားဖက်များနှင့် မိတ်ဖွဲ့ဆက်ဆံသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆောန်နစ်ခ် သည် မြန်မာပြည်သူများ၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။ (U.S. Embassy Rangoon)
👍4🤣2👎1😁1
ထိုင်းနိုင်ငံ၏ တောမီးလောင်ကျွမ်းမှုနှင့် မြူခိုးထူထပ်မှု အခြေအနေမှာ စိုးရိမ်စရာဖြစ်နေဆဲ ဖြစ်ပြီး ဂြိုဟ်တုအချက်အလက်များအရ မတ်လ ၂၃ ရက်နေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် မီးလောင်ကျွမ်းသည့်နေရာပေါင်း ၁,၄၈၈ ခု ရှိခဲ့ကာ အများစုမှာ သစ်တောဧရိယာများတွင် ဖြစ်သည်။

၎င်းသည် ဂေဟစနစ်များအတွက် ကြီးထွားလာနေသော ခြိမ်းခြောက်မှုဖြစ်သလို လေထုအတွင်း PM2.5 အဆင့် အမှုန်အမွှားညစ်ညမ်းမှု ပိုမိုဆိုးရွားလာခြင်းကိုလည်း မီးမောင်းထိုးပြနေသည်။

မြန်မာနိုင်ငံသည် မီးလောင်သည့်နေရာ ၆,၅၈၁ ခုဖြင့် ထိခိုက်မှု အများဆုံးနိုင်ငံ ဖြစ်နေပြီး ၎င်းနောက်တွင် လာအိုနိုင်ငံက ၁,၈၅၀ ခုဖြင့် ဒုတိယလိုက်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်း
#တောမီးလောင်ကျွမ်း
#မြန်မာ
#အများဆုံးဖြစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
🔥5❤3👍1👏1
စစ်တွေနှင့်ကျောက်ဖြူတွင် တိုက်ပွဲပြင်းထန်ပြီး ရွှေမင်းဂံရေတပ်မှ စစ်အုပ်စုတပ်သားအများအပြားသေဆုံးဟုဆို

ဓာတု

မဇ္ဈိမ ။ ။ ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်- ဇင်ချောင်းကြားတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်(AA)တို့နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်းစစ်ရေးသတင်းအရင်းမြစ်များထံကသိရသည်။

ရေတပ်အခြေစိုက်စခန်း(ရတခ)ဖြစ်သည့် စစ်တွေရွှေမင်းဂံဆိပ်ကမ်းတွင်အထိုင်ချထားသော စစ်ကော်မရှင်တပ်သားများကို ယမန်နေ့ (မတ်လ ၂၃ ရက်) နံနက် ၉နာရီဝန်းကျင်တွင် AA က လက်နက်ကြီး၊စနိုက်ပါများဖြင့် တိုက်ခိုက်ခြင်းကြောင့် စစ်ကော်မရှင်တပ်သား ၃၀ ဦးအထက်သေဆုံးကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်က မဇ္ဈိမသို့ ပြောသည်။

“မင်းဂံရေတပ်စခန်းဘက်ကို ချောင်းတဖက်ကမ်းကနေပစ်တာ ဇော်မတက်တို့ ရဲရိုးပြင်တို့ဘက်ကနေပေါ့ ၊မနေ့ကပစ်လိုက်တာ ၃၀ကျော် ၄၀ လောက်သေတယ်။ စခန်းထဲ ၈၀ ယောက်လောက်ရှိတာ၊ပစ်တာလည်း သိပ်မဝေးဘူး ပေနဲ့ကြည့်မယ်ဆို ပေ ၄၀၀-၅၀၀ လောက်ကနေပစ်တာ”ဟု ၎င်းက ပြောသည်။

စစ်တွေမြို့နယ်တွင် မြို့အနီးရွှေမင်းဂံဆိပ်ကမ်းနှင့် စစ်တွေမြို့အစွန်အဖျားနေရာများတွင်သာတိုက်ပွဲဖြစ်ပွားနေပြီး…
🔥9❤7👍4😁1🤣1
ထိုင်ဝမ်က ခက်ခဲစွာ လျှောက်လှမ်းနေရသည်။ သမ္မတထရမ့်၏ အပေးအယူဆန်သော ချဉ်းကပ်ပုံက ကုန်ကျစရိတ်ကို ထိုင်ဝမ်က သိသိသာသာ ပိုမိုကျခံရန်နှင့် ရလဒ်များဖော်ပြရန် တောင်းဆိုနေသလို၊ တဖက်တွင်လည်း ဥရောပသည် ဒီမိုကရေစီတန်ဖိုးများနှင့် စီးပွားရေးအကျိုးစီးပွားများအကြား ဝေခွဲမရဖြစ်နေသည်။

တရုတ်၏ ဖိအားပေးမှုများသည် စစ်ရေးလေ့ကျင့်မှုများ၊ ဗီဇာကန့်သတ်မှုများနှင့် စီးပွားရေးအရ တွန်း အားပေးမှုများမှတဆင့် ပိုမိုဆိုးရွားလာနေသည်။

♦ ဆောင်းပါးအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်ဝမ်
#တရုတ်
#အန္တရာယ်လမ်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥6👏2❤1
၉ နှစ်တာ အောင်မြင်မှုတွေနဲ့အတူ ဆာလာ ရာသီကုန်မှာ လီဗာပူးလ်ကနေ ထွက်ခွာမည်

AFP

မိုဟာမက်ဆာလာဟာ ဒီရာသီကုန်မှာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မယ်လို့ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာလာဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ အန်ဖီးလ်ကို ရောက်ရှိလာခဲ့တာပါ။ သူဟာ လီဗာပူးလ်အတွက် ၄၃၅ ပွဲ ကစားပေးခဲ့ပြီး ၂၅၅ ဂိုး သွင်းယူပေးခဲ့တာကြောင့် အသင်းသမိုင်းတလျှောက် ဂိုးသွင်းအများဆုံးစာရင်းမှာ အီယန်ရပ်ရှ် နဲ့ ရော်ဂျာဟန့် တို့ပြီးရင် တတိယနေရာမှာ ရပ်တည်နေသူ ဖြစ်ပါတယ်။

ဆာလာဟာ လီဗာပူးလ်နဲ့အတူ ၂၀၁၉-၂၀ နဲ့ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့သလို၊ ၂၀၁၉ ချန်ပီယံလိဂ်ဖလားကိုလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း လေးကြိမ်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လီဗာပူးလ်ကစားသမားဘဝ အောင်မြင်မှုတွေထဲမှာ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊ FA ဖလား တကြီမ်စီနဲ့ လိဂ်ဖလား နှစ်ကြိမ်လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ဒဏ်ရာရရှိနေတဲ့ ဆာလာအနေနဲ့ ယခုရာသီမှာ ပရီးမီးယားလိဂ် ငါးဂိုးသာ သွင်းယူထားပါတယ်။ ပြီးခဲ့တဲ့ ချန်ပ…
👍9🔥2❤1
ဟောင်ကောင်တွင် အစိုးရကို ဆန့်ကျင်သူများအပေါ် ပိုမိုတင်းကျပ်စွာ ဖိနှိပ်သည့်အနေဖြင့်၊ မြို့ပြလုံခြုံ ရေးဥပဒေကို ဖောက်ဖျက်သည်ဟု သံသယရှိခံရသူများ၏ လက်ကိုင်ဖုန်းနှင့် ကွန်ပျူတာများ၏ လျှို့ဝှက်နံပါတ်များကို ဟောင်ကောင်ရဲတပ်ဖွဲ့က တောင်းခံနိုင်ပြီဖြစ်သည်။

ငြင်းဆန်မှုပါက ထောင်ဒဏ် တနှစ်နှင့် ဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ တသိန်းအထိ ချမှတ်နိုင်သလို၊ သတင်းအချက်အလက် အမှားပေးခြင်း (သို့မဟုတ်) လှည့်ဖျားခြင်းများအတွက် ထောင်ဒဏ်သုံးနှစ်နှင့် ဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ ငါးသိန်းအထိလည်း ချမှတ်နိုင်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဟောင်ကောင်
#ဥပဒေအသစ်
#လျှို့ဝှက်နံပါတ်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥10👍2💩1
ဆော်ဒီအာရေဗျနိုင်ငံ၏ ခေါင်းဆောင်အဖြစ်တာဝန်ယူဆောင်ရွက်နေသော အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကို ဆက်လက်ဆင်နွှဲရန် သမ္မတထရမ့်ကို တိုက်တွန်းလျက်ရှိကြောင်းနှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ဆင်ရေးသည် အရှေ့အလယ်ပိုင်းဒေသကို တကျော့ပြန် ပုံဖော်ရန်အတွက် "သမိုင်းဝင်အခွင့်အရေး" တခုဖြစ်သည်ဟု ဆိုကြောင်း အမေရိကန်အရာရှိများ၏ ဆွေးနွေးမှုများကို သိရှိထားသူများက ပြောသည်။

အကယ်၍ ပဋိပက္ခမှာ ရေရှည်ကြန့်ကြာသွားပါက အီရန်သည် ဆော်ဒီ၏ ရေနံအခြေခံအဆောက်အအုံများကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်လာနိုင်ပြီး အမေရိကန်မှာလည်း အဆုံးမရှိသော စစ်ပွဲအတွင်း ပိတ်မိသွားမည်ကို ဆော်ဒီနှင့် အမေရိကန်အစိုးရနှစ်ရပ်လုံးမှ အဆင့်မြင့်အရာရှိအချို့က စိုးရိမ်နေကြသည်။

သမ္မတထရမ့်က စစ်ပွဲကို အရှိန်လျှော့ချလိုသည့် သဘောထားရှိကြောင်း ပြသခဲ့သော်လည်း အိမ်ရှေ့မင်းသား မိုဟာမက်က ထိုသို့လုပ်ဆောင်ခြင်းသည် အမှားတခုဖြစ်လိမ့်မည်ဟု တုံ့ပြန်ပြောကြားခဲ့ကြောင်း ဆွေးနွေးမှုများကို သိရှိထားသူများက ဆိုသည်။ ထို့ပြင် တီဟီရန်ရှိ အီရန်အစိုးရကို အားနည်းသွားစေရန်အတွက် အီရန်၏ စွမ်းအင်အခြေခံအဆောက်အအုံများကို …
❤9👍7🔥3👏1
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ထံ ငြိမ်းချမ်းရေးအစီအစဉ်တရပ် ပေးပို့ခဲ့ပြီး၊ တလနီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်နိုင်ရန် အင်္ဂါနေ့တွင် အကောင်းမြင်မျှော်လင့်ချက်ဖြင့် ပြောကြားနေချိန်၌ အီရန်အစိုးရကလည်း 'ရန်လိုမှု မရှိသော' ရေနံတင်သင်္ဘောများကို အရေးပါလှသည့် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့်ပြုကြောင်း ကြေညာခဲ့သည်။

ယင်းမှာ သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်မည့် အလားအလာများမှာ အကြမ်းဖက်မှုအသစ်များနှင့်အတူ ပေါ်ထွက်လာခြင်းဖြစ်သည်။ အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ပြီး၊ အစ္စရေးကလည်း ဘက်ပေါင်းစုံမှ ဆက်လက်ဖိအားပေးနေကာ လက်ဘနွန်တောင်ပိုင်းရှိ နယ်မြေ ဒေသတခုကို သိမ်းပိုက်စိုးမိုးရန် ကြွေးကြော်ထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ရေနံတင်သင်္ဘောများ
#ငြိမ်းချမ်းရေးအစီအစဉ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍4🔥4❤3🥰1
အီရန်နှင့် အမေရိကန်တို့အကြား ဆွေးနွေးမှုများကို ယခုသီတင်းပတ်နှောင်းပိုင်းတွင် ပါကစ္စတန်နိုင်ငံ၌ ပြုလုပ်မည်ဟု မျှော်လင့်ရကြောင်း အစ္စရေးအရာရှိက ပြောကြားခဲ့သည်။ သို့သော် အမေရိကန်က အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်နှင့် ဆက်သွယ်မှုများနှင့်ပတ်သက်၍ အစ္စရေးအား အကြောင်းကြားခြင်း မရှိသေးပေ။

အီရန်တာဝန်ရှိသူများက ဆွေးနွေးညှိနှိုင်းမှု ဖြစ်နိုင်ခြေကို လူသိရှင်ကြား ငြင်းဆိုခဲ့သည်။ အီရန်အနေဖြင့် "လာမည့်ရက်ပိုင်းအတွင်း အံ့အားသင့်စရာများ ပြင်ဆင်ထားကြောင်း" နှင့် ယင်းက ရလဒ်ကို ရှင်းလင်းသွားစေမည်ဖြစ်ကြောင်း အီရန်စစ်ဘက်အရာရှိတဦးက အစိုးရနှင့် နီးစပ်သော Tasnim သတင်းဌာနသို့ ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲ
#အမေရိကန်
#တိုက်ခိုက်မှုအရှိန်မြှင့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7❤1👎1😱1