Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အီရန်၏ တောင်းဆိုချက်များတွင် အထူးသဖြင့် စစ်လျော်ကြေးပေးရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ထိန်းချုပ်ထားရန်တို့မှာ အိမ်ဖြူတော်က လက်ခံနိုင်ဖွယ်မရှိသောအချက်များ ဖြစ်သည်။

အမေရိကန်နှင့် အီရန်တို့အကြား မည်သည့်ဆွေးနွေးပွဲမဆို ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

အီရန်သည် ပင်လယ်ကွေ့အာရပ် အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း ဖိအားပေးမှုများ ဆက်လက် လုပ်ဆောင်နေသည်။ ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ ရေနံထွက်ရှိရာ အရှေ့ပိုင်းပြည်နယ်အတွင်း ဒရုန်းအနည်းဆုံး ရှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ ဘာရိန်းတွင်လည်း ဒုံးကျည်သတိပေးဥဩသံများ ထွက်ပေါ်ခဲ့သည်။

ကူဝိတ်က ဒရုန်းအများအပြားကို ပစ်ချနိုင်ခဲ့သော်လည်း ဒရုန်းတစင်းမှာ ကူဝိတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လောင်စာဆီသိုလှောင်ကန်ကို ထိမှန်ခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အမေရိကန်
#အပစ်ရပ်စဲရေးအစီအစဉ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥8❤2👍1👏1🤬1

#အပစ်ရပ်စဲရေး
#အရှေ့အလယ်ပိုင်းစစ်ပွဲ
#အီရန်
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
🔥8❤1😱1
ဆယ်စုနှစ်များစွာတိုင် စစ်ရေးမဟာမိတ်ဖွဲ့ခြင်းနှင့် အင်အားကြီးမားသော တပ်ဖွဲ့ဖြန့်ကြက်မှုများဖြင့် ဒေသတွင်းလုံခြုံရေးကို ပုံဖော်ခဲ့သည့် အမေရိကန်နှင့်မတူဘဲ တရုတ်နိုင်ငံသည် မတူညီသော လမ်းစဉ်တခုကို လျှောက်လှမ်းခဲ့သည်။ တရုတ်၏ ချဉ်းကပ်ပုံမှာ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ စွမ်းအင်သဘောတူညီချက်များနှင့် သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းမှုများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

ဤနည်းဗျူဟာသည် ဆွန်ဇူး၏ စစ်မဟာဗျူဟာ သွန်သင်ချက်များ၌ တွေ့ရှိရသော သွယ်ဝိုက်သောအာဏာ အယူအဆနှင့် ဆင်တူနေပြီး တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုဘဲ သြဇာအာဏာကို ချဲ့ထွင်နိုင်ခြင်းပင် ဖြစ်သည်။ သို့သော် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် ဆင်နွှဲနေသော စစ်ဆင်ရေးများသည် တရုတ်ဘက်က ဂရုတစိုက် တည်ဆောက်ထားသော ဤချိန်ခွင်လျှာကို ပျက်ပြားသွားစေရန် ခြိမ်းခြောက်နေသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#အမေရိကန_အစ္စရေး
#လျှို့ဝှက်ချက်များ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7👍4❤3
အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲသည် စတုတ္ထမြောက်သီတင်းပတ်သို့ ရောက်ရှိလာချိန်တွင် အီရန်၏ ဒုံးကျည်လက်ကျန်များကို ဖျက်ဆီးနိုင်ခဲ့ပြီဟု အမေရိကန်နှင့် အစ္စရေးက ကြွေးကြော်နေသော်လည်း အီရန်ဒုံးကျည်များက အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

မတ်လ ၁၄ ရက်က အိမ်ဖြူတော်၏ လူမှုကွန်ရက်စာမျက်နှာတွင် "အီရန်၏ တာဝေးပစ်ဒုံးကျည် စွမ်းဆောင်ရည်မှာ လက်တွေ့တွင် ပျက်စီးသွားပြီ" ဟု ဖော်ပြခဲ့သော်လည်း၊ အီရန်က အင်္ဂါနေ့တွင် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ခြင်းကြောင့် ၁၀ ရက်ကျော်ကြာသည့်တိုင် ဒုံးကျည်လက်ကျန်ရှိနေသေးကြောင်း သက်သေပြနေသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#လက်နက်အင်အား
#ပြန်လည်ဖြည့်တင်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤣4👍2🔥2👎1😱1
"သံအမတ်ကြီးနဲ့ တွေ့ပြီး တင်းမာတဲ့ အသုံးအနှုန်းတွေ မပြောဖို့ တောင်းဆိုချင်တာပါ။ တကယ်လို့ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေပြပြီး သူ့ကို အံ့သြသွားအောင် လုပ်ချင်တာပါ" ဟု သံသယရှိသူက ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုခဲ့ကြောင်း ဂျပန်မီဒီယာများတွင် ဖော်ပြထားသည်။ ထို့ပြင် အခင်းဖြစ်ပွားရာနေရာ၌ ဓားတချောင်းကိုလည်း တွေ့ရှိခဲ့ပြီး ဂျပန် ကြည်းတပ်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (GSDF) ကလည်း အဆိုပါသံသယရှိသူမှာ စစ်သည်တဦးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက တရုတ်အနေဖြင့် "အလွန်အမင်း တုန်လှုပ်ရကြောင်း" နှင့် "ဂျပန်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း" ပြောကြားခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်သံရုံး
#ဂျပန်စစ်သား
#ကျူးကျော်ဝင်ရောက်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤣5👍4😢1
ကုန်ကျစရိတ်ဖိအားများအပြင် ယခုကဲ့သို့ စျေးနှုန်း မြှင့်တင်ရခြင်းမှာ ပြည်တွင်းဈေးနှုန်းကို အိမ်နီးချင်းနိုင်ငံများ၏ ဈေးနှုန်းနှင့် ပိုမိုကိုက်ညီစေရန်လည်း ရည်ရွယ်သည်။ ဥပမာအားဖြင့် မလေးရှားတွင် မတ် ၁၆ ရက်က တလီတာလျှင် ၃၂ ဒသမ ၄၀ ဘတ်နှုန်း ရှိခဲ့သော ဒီဇယ်ဈေးကို ၃၉ ဒသမ ၅၄ ဘတ်သို့ တိုးမြှင့်ခဲ့သည်။

ပြည်တွင်းဈေးနှုန်းကို အလွန်အမင်း လျော့နည်းခြင်းက နယ်စပ်ဖြတ်ကျော် ဆီမှောင်ခိုကူးခြင်းနှင့် အမြတ်ထုတ်ရန် သိုလှောင်ခြင်းတို့ ဖြစ်စေလိမ့်မည်ဟု ကော်မတီက ဆိုသည်။ ယခုနောက်ဆုံး ဈေးထိန်းညှိခြင်းဖြင့် ထိုသို့သော လုပ်ရပ်များကို တားဆီးနိုင်မည်ဖြစ်ကာ နိုင်ငံတော်အရင်းအမြစ်များ တရားမဝင် အမြတ်ထုတ်သူများထံသို့ စီးဆင်းမသွားစေရန် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စစ်ပွဲ
#ရေနံဈေး
#ထိုင်းစက်သုံးဆီဈေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍8🔥2❤1👏1
🔥6👎2
🤬5👎2🔥1
🤬5🔥2👎1
🤬5🔥2👎1
ဗီဒီယိုတွင် မြွေက ကားစတီယာရင်ကို ဖြတ်ကျော်ကာ ယာဉ်မောင်း၏ ပေါင်ပေါ်သို့ လျှောဆင်းသွားသည်ကို တွေ့ရသည်။ ကားမောင်းနေသည့် သူငယ်ချင်း တွန်ကို ငြိမ်ငြိမ်နေရန်နှင့် ကားကို လမ်းဘေးသို့ ထိုးရပ်ရန် နိုက်က ပြောဆိုနေသံကိုလည်း ကြားရသည်။

ကားရပ်ပြီးနောက် နိုက်က အရင်ဆုံး ထွက်သွားပြီး တွန်ကို ငြိမ်ငြိမ်လေးနေရန် မှာကာ ဘေးကင်းပြီဟု ယူဆရသည်နှင့် တွန်ကို ကားထဲမှ အမြန်ထွက်ခိုင်းပြီး ၎င်းကိုယ်တိုင် ကားထဲတွင် မြွေကို လိုက်ရှာတော့သည်။

မြွေဟောက်ကို နောက်ခန်း ထိုင်ခုံကြမ်းပြင်ပေါ်တွင်တွေ့ပြီး နိုက်က လက်ဗလာဖြင့်ပင် ကားထဲမှ ဖယ်ထုတ်ခဲ့သည်။ ထို့နောက် လူသွားလမ်းပေါ် သယ်ဆောင်သွားကာ မြွေကို အဖြူရောင် ပိတ်အိတ်ထဲ ဂရုတစိုက် ထည့်သွင်းပြီး အိတ်ကို ကျပ်ကျပ်တည်းတည်း ချည်နှောင်လိုက်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မြွေဟောက်
#ထိုင်း
#ကား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
😱7👍3❤1🔥1