Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
https://www.youtube.com/watch?v=pXK2GqsYASM
မတ်လ ၂၆ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ စျေးနှုန်းများ
👍3🤮1
အီရန်အပေါ် ထရမ့်၏ တိုက်ခိုက်မှုကြောင့် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ ပြဿနာများသည် ပြင်းထန်လှသကဲ့သို့ ကြိုတင်ခန့်မှန်းနိုင်သည့် အရာများလည်း ဖြစ်သည်။ အမေရိကန်အနေဖြင့် ၎င်းတို့၏ အဓိက ရည်မှန်းချက်ဖြစ်သော အစိုးရအပြောင်းအလဲကို ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ရုံသာမက ယခုအခါ အီရန်တွင် အာဏာရလာသော အစိုးရသစ်မှာ ယခင်အစိုးရထက်ပင် ပိုမိုအစွန်းရောက်သည့် လမ်းစဉ်ကို ကျင့်သုံးနေသည်ကို တွေ့ရသည်။

သမ္မတ ထရမ့်က အီရန်ကို တိုက်ခိုက်ရန် ၎င်း၏ ဆုံးဖြတ်ချက်ကို အောင်ပွဲတခုအဖြစ် ပုံဖော်ရန် ကြိုး ပမ်းနေသော်လည်း အမှန်တကယ်တွင်မူ အောင်ပွဲဟုခေါ်ရန် လုံးဝမဖြစ်နိုင်ပေ။ ဤစစ်ပွဲသည် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ မဟာဗျူဟာမြောက် ရပ်တည်ချက်ကိုသာမက ထောက်လှမ်းရေး အသိုက်အဝန်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုများသာ ဖြစ်လာဖွယ်ရှိနေသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်

#အီရန်
#အမေရိကန်
#အရေးယူမှုများ
#နိုင်ငံရေး
#ရည်ရွယ်ချက်
#ထောက်လှမ်းရေး
#အားနည်းချက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍7❤1😍1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၆ မတ် ၂၀၂၆ )

အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အဖြစ်ပြောင်းလဲ ဖွဲ့စည်းလိုက်ကြောင်း မတ် ၂၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

#NLA
#NUG
#ကာကွယ်ရေးဝန်ကြီးဌာန
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
-----------------------------------------
👍6❤2🤮1
ထို ရေလမ်းကြောင်း တိုက်ခိုက်မှု၏ အဓိက ရည်ရွယ်ချက်တချက်မှာ ရုရှား၏ လက်နက်မှောင်ခိုကူးမှုကို ကန့်သတ်ရန်ဖြစ်သော်လည်း အစ္စရေးဘက်ကမူ ရုရှားနှင့် ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလို၍ ထိုအချက်ကို လူသိရှင်ကြား ဝန်ခံပြောကြားခြင်း မရှိကြောင်း သတင်းကဆိုသည်။

ကက်စပီယံပင်လယ်ကမ်းခြေ Bandar Anzali ဆိပ်ကမ်းမြို့ရှိ အီရန်ရေတပ်သင်္ဘောများကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့၌ အစ္စရေးလေတပ်က လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် အီရန်ရေတပ်မှ တိုက် ခိုက်ရေးသင်္ဘော တစင်း၊ ဒုံးကျည်တင်သင်္ဘော လေးစင်းနှင့် အခြားအရန်သင်္ဘောများ၊ ကင်းလှည့်သင်္ဘောများအပြင် ကွပ်ကဲရေးစင်တာတခုနှင့် သင်္ဘောကျင်းတခုတို့ ပျက်စီးသွားကြောင်း အစ္စရေးစစ်တပ် (IDF) က ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကက်စပီယံပင်လယ်
#အစ္စရေး
#တိုက်ခိုက်မှုများ
#ရုရှား_အီရန်
#လက်နက်
#မှောင်ခိုလမ်းကြောင်း
#ပြတ်တောက်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍8❤1🤮1
မြဝတီတောင်ဘက်ခြမ်း စစ်ကော််မရှင်လေကြောင်းက ဗုံးကြဲ

YT

မဇ္ဈိမ။ ။ မြဝတီမြို့နယ် တောင်ဘက်ခြမ်း၊ ထိုင်း- မြန်မာနယ်စပ်အနီးရှိ မင်းလက်ပံ၊ ဖလူး ဒေသတဝိုက်အား ယနေ့ (မတ်လ ၂၆ ရက်)၌ စစ်ကော်မရှင်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက လေယာဉ်သုံးကြိမ်ခန့် ပတ်ဝဲပြီးနောက် ဖလူး၊ ကျွန်းတောနှင့် ရသေ့ဂူအနီးတဝိုက်အား လေကြောင်းမှ ဗုံးကြဲသွားခြင်းဟု သိရသည်။

“ လေယာဉ်သုံး၊ လေးခေါက် ပတ်ပြီး ဗိုလ်ကလနကုန်းရယ် ရသေ့ဂူဘက်ရယ် အဲ့ဒီဘက်ကိုပဲ ကြဲသွားတယ်။ အဲ့ဒီနေရာတွေက မကြာခဏ အကြဲခံရတယ်။ အဲ့ဒီနားတွေမှာက တိုက်ပွဲတွေ အများဆုံးဖြစ်တာပဲ” ဟု မင်းလက်ပံ သတင်းရင်းမြစ်က ပြောသည်။

စစ်ကော်မရှင်တပ်က မြေပြင်စစ်ကြောင်း၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်း၊ လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင်ရန် ကြိုးစားနေသည့် မြဝတီမြို့နယ်တောင်ဘက်ခြမ်း၊ ဖလူး၊ မင်းလက်ပံဒေသတဝိုက်၌ စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်က ထိုဒေသတကြောကို အပြည့်အဝ ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၅ခုနှစ် အောက်တိုဘာလအတွင်ကစ၍…
👎6❤2🤬2
တရုတ်ကွန်မြူနစ်ပါတီအတွင်းရှိ ဝါဒဖြန့်ချိရေး ဗဟိုဌာနနှင့် ပြည်သူ့ရှေ့ဆောင်လုပ်ငန်းဌာနတို့က "ဝါဒမှိုင်းတိုက် စစ်ဆင်ရေး" (Cognitive Warfare) တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဝါဒဖြန့်ချိရေး ဗဟိုဌာနက ဝါဒဖြန့်စာသားများကို ရေးသားထုတ်ဝေပြီး၊ နောက်က ပြည်သူ့ရှေ့ဆောင်လုပ်ငန်းဌာနက ပစ်မှတ်ထားသော လူမှုအဖွဲ့အစည်းများအတွင်း ထောက်ခံသူများစုဆောင်းကာ သဘောထားကွဲလွဲမှုများ ပေါ်ပေါက်အောင် လုပ်ဆောင်သည်။

အဆင့်မြင့် AI နည်းပညာများဖြင့် ဂျပန်ဘာသာစကားကို ပိုမို တိကျစွာ ရေးသားတင်ပြနိုင်လာခြင်းကြောင့် တရုတ်၏ သတင်းအချက်အလက် ဝါဒဖြန့်နိုင်စွမ်းမှာ လျင်မြန်စွာ တိုးတက်လာနေကြောင်း ကာဝါရှီးမားက သတိပေး စကားပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်
#ဆိုရှယ်မီဒီယာ
#ဝါဒမှိုင်းတိုက်
#စစ်ဆင်ရေး
#လွှမ်းမိုးရန်
#ကြိုးပမ်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍5❤2👎2🤩1
❤3👍2🔥2
👍4❤2🔥2
👍4❤2🔥2
👍4❤2🔥2
👍4❤2🔥2
ပြည်ပထွက်ခွာခွင့် လိမ်လည်တင်ပြပါက အမည်ပျက်စာရင်းသွင်းမည်ဟု စစ်ကော်မရှင် ပြော

001

မဇ္ဈိမ။ ။ အလုပ်သမားများ ပြည်ပထွက်ခွာခွင့်နှင့် ပတ်သက်ပြီး လိမ်လည်တင်ပြပါက ကာလသတ်မှတ်ချက် တခုဖြင့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းနှင့် အမည်ပျက်စာရင်း (Blacklist) သွင်းခြင်း လုပ်ဆောင်မည်ဟု စစ်ကော်မရှင် အလုပ်သမားဝန်ကြီးဌာန၏ Safe Migration တယ်လီဂရမ်ချန်နယ်တွင် မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်သည်။

မမှန်မကန် တင်ပြလာသူနှင့် နောက်ကွယ်မှ ပါဝင်ကူညီသည့် သက်ဆိုင်ရာအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို စုံစမ်းဖော်ထုတ်ပြီး ၁၉၉၉ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ အပါအဝင် ဥပဒေ စည်းမျဥ်းစည်းကမ်းများအရ အရေးယူမည်ဟုလည်း ဖော်ပြသည်။

အချို့အလုပ်သမားသစ်များသည် သတ်မှတ်ထား
သည့် စနစ်တကျ စုဆောင်းခြင်း၊ ပြည်ပသို့မထွက်ခွာမီ သင်တန်းတက်ရောက်ခြင်းနှင့် ဆေးစစ်ခံခြင်းလုပ်ငန်းစဥ်များကို ကျော်လွှားနိုင်ရန်အတွက် ခွင့်ပြန်အလုပ်သမားအဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန်ကြိုးစားလာသည်ကို တွေ့ရကြောင်း စစ်ကော်မရှင်က ဆိုသည်။

"၎င်းတို့သည် ခွင့်ပြန်အလုပ်သမားများအတွက် သတ်မှတ်ထားသော လမ်းကြောင်းကို အလွဲသုံးစားပြု၍ တရားမဝင်ထွက်ခွာရန် ကြိုးစားခြင်းများ…
👎5🔥2🤬1
သို့ရာတွင် နိုင်ငံတဝန်း စက်သုံးဆီအတွက် မသေချာ မရေရာမှုများ ရှိနေရာ လက်ရှိအချိန်အထိ ဘတ်စ်ကားလက်မှတ် ထက်ဝက်ခန့်သာ ရောင်းချရသေးကြောင်း ခရီးသည်ယာဉ် ဝန်ဆောင်မှု လုပ်ငန်းများက The Straits Times သို့ ပြောသည်။ ယခင် နှစ်များကမူ ယခုကဲ့သို့ ပွဲတော်နီးလာသော အချိန်မျိုးတွင် လက်မှတ် ၈၀ ရာခိုင်နှုန်းခန့်အထိ ရောင်းချပြီးလေ့ ရှိသည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များကလည်း အခြေအနေကို စောင့်ကြည့်နေသည်။ နိုင်ငံအနှံ့ ပြေးဆွဲနေသော ခရီးသည်တင်ကား အစီးရေ အနည်းဆုံး ၁၅,၀၀၀ ရှိကာ အဖွဲ့ဝင် ၅၀၀ ရှိသည့် ထိုင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းက အဖွဲ့ဝင် ကားလိုင်းလုပ်ငန်းရှင်များအနေဖြင့် ဆွန်ခရန် ရက်နီးမှ ကားလက်မှတ်များ ထုတ်ရောင်းရန် စီစဉ်ထားကြောင်း ပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စက်သုံးဆီအရေး
#ရတက်မအေး
#ဆွန်ခရန်ပွဲ
#ကားလက်မှတ်
#ဖြတ်သူနည်း
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-----------------------------------------
👍6🔥2
ဒူးဒဏ်ရာနဲ့ ပတ်သက်ပြီး အခြေအနေအမှန်ကို ရှင်းလင်းပြောကြားလာတဲ့ အမ်ဘာပေ

AFP

ရီးယဲလ်မက်ဒရစ်မှာ ဒူးဒဏ်ရာကို မှားယွင်းစစ်ဆေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကီလီယန် အမ်ဘာပေက ပယ်ချလိုက်ပြီး သူ့ရဲ့ဒဏ်ရာအခြေအနေကို ရှင်းလင်းပြောကြားသွားသလို၊ လာမယ့်ခြေစမ်းပွဲတွေမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှုအပြည့်ရှိနေပြီလို့လည်း အတည်ပြုသွားခဲ့ပါတယ်။

ဒဏ်ရာရနေတဲ့ ဒူးမဟုတ်ဘဲ တခြားတဖက် (ဒူးအမှား) ကို ရီးယဲလ်မက်ဒရစ်က စစ်ဆေးခဲ့မိလို့ ကာလအတန်ကြာ နားခဲ့ရတယ်ဆိုတဲ့ သတင်းတွေကို ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

“ဒူးအမှားကို စစ်ဆေးခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်တွေက မမှန်ပါဘူး” လို့ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဖောက်စ်ဘတ်မြို့မှာ ကစားမယ့် ဘရာဇီးနဲ့ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့ပါတယ်။ “အခုလို အခြေအနေမျိုး ဖြစ်သွားရတာက ကျွန်တော့်မှာလည်း သွယ်ဝိုက်ပြီး တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မှာ ဘာတွေဖြစ်နေလဲဆိုတာကို အချိန်မီ ထုတ်ဖော်မပြောတဲ့အခါ ထင်ကြေးအမျိုးမျိုး ပေးစရာ ဖြစ်သွားစေလို့ပါ”

ဒီတပတ်အစောပိုင်းမှာ RMC Sport…
❤5👍2🤮1