Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒဏ်ရာရနေသည့် ဂျာမန်သိုးထိန်းခွေးနားတွင် တခြားခွေးများက ကပ်လိုက်နေပြီး ခဏခဏ လှည့်ကြည့်နေခြင်းမှာ ဒဏ်ရာရအဖွဲ့ဝင်ကို ကာကွယ်ပေးနေခြင်းဖြစ်သည်ဟု လူမှုကွန်ရက်အသုံးပြုသူများက ဆိုကြသည်။

တချို့ကလည်း ရှေ့ကနေ ဦးဆောင်နေသည့် ကော့ဂီလေးကို သဘောကျနေကြသည်။ မည်သူမျှ ကျန်မနေခဲ့အောင် နောက်ကို လှည့်ကြည့်ပြီး ဦးဆောင်နေသည့် သတ္တိရှိသည့် ခေါင်းဆောင်လေးအဖြစ် မြင်နေကြခြင်းဖြစ်သည်။

သို့သော် အမှန်တရားမှာ အဆိုပါအချက်များလောက် ရင်ခုန်စရာ မကောင်းလှပေ။

အဆိုပါခွေးအားလုံးမှာ အဝေးပြေးလမ်းနှင့် ကီလိုမီတာ အနည်းငယ်အကွာရှိ ရွာသားများ၏ ခွေးများသာ ဖြစ်ကြောင်း တရုတ်အစိုးရပိုင် City Evening News ၏ စုံစမ်းဖော်ပြခဲ့သည်။ ဂျာမန်သိုးထိန်းခွေးမလေးမှာ ရာသီလာချိန် ဖြစ်နေခြင်းကြောင့် တခြားခွေးများက နောက်မှ လိုက်ပါနေခြင်းဖြစ်ကြောင်း ပိုင်ရှင်များက ပြောကြားသည်။

အဆိုပါကျေးရွာရှိ ခွေးအများစုမှာ လွှတ်ကျောင်းထားသည့် ခွေးများဖြစ်ပြီး မိတ်လိုက်ရာသီအတွင်း တရက်၊ နှစ်ရက်ခန့် ပျောက်ဆုံးသွားတတ်ခြင်းမှာ ထုံးစံပင်ဖြစ်ကြောင်း Cover News က ဖော်ပြခဲ့သည်။ ယခုအခါ အဆိုပါ ခွေးခုနစ်ကောင်လုံး နေအိမ်များသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ…
👍7😁3
၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန်၊ ခြေစစ်ပွဲ Play off ဖိုင်နယ်မှာ တွေ့ဆုံမယ့် အသင်းများ

ဘော့စနီးယား vs အီတလီ
ဆွီဒင် vs ပိုလန်
ကိုဆိုဗို vs တူရကီ
ချက် vs ဒိန်းမတ်

၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန်၊ ခြေစစ်ပွဲ Play off ဆီမီးဖိုင်နယ်ရလဒ်များ

တူရကီ ၁-၀ ရိုမေးနီးယား
ယူကရိန်း ၁-၃ ဆွီဒင်
ပိုလန် ၂-၁ အယ်လ်ဘေးနီးယား
ချက် ၂ (၄)-၂ (၃) အိုင်ယာလန်
အီတလီ ၂-၀ မြောက်အိုင်ယာလန်
ဒိန်းမတ် ၄-၀ မြောက်မက်ဆီဒိုးနီးယား
ဆလိုဗက်ကီးယား ၃-၄ ကိုဆိုဗို
ဝေးလ်စ် ၁ (၂)-၁ (၄) ဘော့စနီးယား
❤8👍4🔥1👏1
အီရန်သည် ဟော်မုဇ်ရေလက်ကြားအတွင်းရှိ ရေနံတင်သင်္ဘောများကို အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်မှ ထိန်းချုပ်ထားသော ကျဉ်းမြောင်းသည့် ရေလမ်းကြောင်းအသစ်မှ အတင်းအကျပ် ဖြတ်သန်းခိုင်းနေပြီး သင်္ဘောအချို့သည် ဖြတ်သန်းခအတွက် ဒေါ်လာသန်းနှင့်ချီ၍ ပေးဆောင်နေရကြောင်း NBC News က ဖော်ပြသည်။

Lloyd’s List ၏ ခြေရာခံမှတ်တမ်းများအရ မတ်လ ၁၃ ရက်နေ့မှစ၍ အနည်းဆုံး သင်္ဘော ၂၅ စီးခန့်သည် အဆိုပါ လမ်းကြောင်းသစ်ကို အသုံးပြုခဲ့ကြသည်။ ထိုလမ်းကြောင်းသည် ဘန်ဒါအဘတ်စ်ဆိပ်ကမ်းရှိ အီရန်၏ အဓိကရေတပ်စခန်းနှင့် မိုင် ၂၀ အကွာအဝေးအတွင်း၌သာ ရှိပြီး သင်္ဘောများထဲတွင် မတ်လ ၂၃ ရက်နေ့က ဖြတ်သန်းခဲ့သည့် Bright Gold အမည်ရှိ တရုတ်ရေနံတင်သင်္ဘောတစီးလည်း ပါဝင်ခဲ့သည်။

အဆိုပါ လမ်းဖြတ်သန်းခကောက်ခံမှုကို တရားဝင်ဖြစ်စေရန် အီရန်လွှတ်တော်က ဥပဒေကြမ်းတရပ် ပြင်ဆင်နေကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများကလည်း ဖော်ပြထားကြသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဟော်မုဇ်ရေလက်ကြား
#ရေနံတင်သင်္ဘော
#တီဟီရန်အကောက်ဂိတ်
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
👎6❤5🤣3🔥2
အီရန်စစ်ပွဲ၏ ရိုက်ခတ်မှုဒဏ်ကို ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံအားလုံးခံစားရမည်ဖြစ်သော်လည်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင် ဗြိတိန်က အထိနာဆုံးဖြစ်လိမ့်မည်ဟု စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ ထုတ်ပြန်ချက်တွင် ခန့်မှန်းထားသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)၏ နောက်ဆုံးထုတ်ပြန်သော စီးပွားရေး အစီရင်ခံစာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ခန့်မှန်းခဲ့သည့် စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုဆိုင်ရာ အချက်အလက်များကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ဗြိတိန်စီးပွားရေးအလားအလာကို သိသိသာ သာ လျှော့ချသတ်မှတ်လိုက်သည်။

ယခုအခါ OECD က ဗြိတိန်၏ ယခုနှစ်ငွေကြေးဖောင်းပွမှုနှုန်းသည် လေးရာခိုင်နှုန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားပြီး ယခင်ခန့်မှန်းချက်ထက် ၁ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲ
#ဗြိတိန်
#စီးပွားရေးတိုးတက်မှု
#ငွေကြေးဖောင်းပွမှု
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
🔥8👍3
"ဆက်လက် ဆွေးနွေးနေပါတယ်၊ သတင်းမှား မီဒီယာတွေနဲ့ အခြား သူတွေရဲ့ ဆန့်ကျင်ဘက် လွဲမှားတဲ့ ပြောဆိုချက်တွေ ရှိနေပေမဲ့ ဆွေးနွေးမှုတွေကတော့ အရမ်းကို အဆင်ပြေနေပါတယ်" ဟု သူ၏ Truth Social ပို့စ်တွင် ထပ်လောင်းဆိုသည်။

အီရန်ဘက်ကမူ အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေခြင်း မရှိကြောင်း ပြောဆိုထားသည်။

စစ်ပွဲအတွင်း အီရန် အဆင့်မြင့်အရာရှိ အများအပြား သေဆုံးခဲ့ပြီးနောက် အမေရိကန်အနေဖြင့် အီရန်ရှိ မည်သူနှင့် ညှိနှိုင်းနေသည်ဆိုသည်ကိုမူ ထရမ့်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စွမ်းအင်စက်ရုံများ
#အရှေ့အလယ်ပိုင်း
#အီရန်
#ထရမ့်
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
👍8❤3😁1🤮1💩1
🔥6👎2
🔥4👎2
🔥4👎2
အီရန်ရေတပ်ဗိုလ်ချုပ် အလီရီဇာ တန်ဆီရီဟာ အခြားသော အီရန်ရေတပ် အဆင့်မြင့်အရာရှိများနှင့်အတူ "ဗုံးကြဲတိုက်ခိုက်ခံရပြီး သေဆုံးသွားပြီ" ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က ကြာသပတေးနေ့တွင် ကြေညာခြင်း ဖြစ်သည်။

တန်ဆီရီဟာ "ဟော်မုဇ်ရေလက်ကြားကို ဗုံးကြဲခြင်းနှင့် ပိတ်ဆို့ခြင်းဟူသော အကြမ်းဖက်လုပ်ရပ်အတွက် တိုက်ရိုက်တာဝန်ရှိသူဖြစ်သည်" ဟု ကက်ဇ်က ဆိုသည်။

ဖိအားများ တိုး၍ ရင်ဆိုင်နေရသော်လည်း အမေရိကန်အနေဖြင့် ကမ္ဘာ့ ရေနံနှင့် ဓာတ်ငွေ့ ငါးပုံတပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ ချုပ်ကိုင်ထားမှုကို မဖြိုခွင်းနိုင်သေးပေ။ ယင်းသို့ ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာတဝှမ်းတွင် လောင်စာဆီ ပြတ်လပ်မည်ကို စိုးရိမ်လာကြပြီး စျေးနှုန်းများလည်း ထိုးတက်သွားသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အစ္စရေး
#အီရန်ရေတပ်ဗိုလ်ချုပ်
#ဟော်မုဇ်ရေလက်ကြား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍10🤣2👏1
ယခုနှစ်နွေရာသီမှစတင်၍ အမေရိကန်စက္ကူငွေကြေးများပေါ်တွင် သမ္မတဒေါ်နယ်ထရမ့်၏ လက်မှတ် ပါရှိလာတော့မည်ဖြစ်ပြီး၊ ယင်းသည် အမေရိကန်ငွေကြေးတွင် တာဝန်ထမ်းဆောင်ဆဲ သမ္မတတဦးက ပထမဆုံးလက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြား လိုက်သည်။

အမေရိကန်ဒင်္ဂါးပြားများပေါ်တွင် သက်ရှိထင်ရှားရှိသူများ၏ ရုပ်ပုံကို အသုံးပြုခြင်းအား တားမြစ်ထား သည့် ဥပဒေများကြောင့် ဒေါ်နယ်ထရမ့်၏ ရုပ်ပုံပါသော တဒေါ်လာတန် ဒင်္ဂါးပြား ထုတ်ဝေရန် ကြိုးပမ်း မှုမှာ မအောင်မြင်ခဲ့ပေ။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အမေရိကန်ဒေါ်လာ
#ထရမ့်လက်မှတ်
#၁၆၅နှစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎5👍4🔥2❤1
မလှိုင်မြို့နယ်တွင် စစ်ကော်မရှင်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကြဲမှု ဒေသခံ ၄ ဦးသေဆုံး

MTO

မဇ္ဈိမ ။ ။ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ကျေးရွာတရွာကို စစ်ကော်မရှင်တပ်ဖွဲ့ က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ လေးဦး သေဆုံးခဲ့ပြီး ကလေး ငယ် တဦးထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူထုသတင်းကွန်ရက် -မလှိုင်အဖွဲ့ ထံမှ သိရသည်။

မလှိုင်မြို့အနောက်ဖက် ညောင်ကုန်းကျေးရွာကို မတ်လ ၂၆ ရက်နေ့ ၊ မွန်းလွဲ ၂နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စက်တပ်လေထီး နှစ်စီးဖြင့် ဗုံးသီး လေး လုံး ကြဲချ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း လူထုသတင်းကွန်ရက်-မလှိုင်အဖွဲ့ တာဝန်ရှိသူ တဦးက မဇ္ဈိမသို့ ပြောသည်။

“ဒေသခံပြည်သူတွေကတော့ ဒါကပထဦးဆုံး ကြုံရတာဆိုတော့ ထိတ်လန့်ကြောက်ရွံ့မှုတွေဖြစ်ကုန်တာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး တဦးနှင့် အမျိုးသား သုံး ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ နေအိမ် ရှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း နှင့် မီးတိုင်များပျက်စီးသွားသည့်အတွက် လျှပ်စစ်မီးများလည်းပြတ်တောက်နေကြောင်း…
🤬7❤3👍1👎1😁1
ရှီကျင့်ဖျင်အစိုးရက တရုတ်ကမ်းရိုးတန်းတခုလုံးတွင် ရေကြောင်းပြည်သူ့စစ်များကို စနစ်တကျ ဖွဲ့စည်း နေခြင်းက ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ၎င်း၏ စစ်အင်အားချဲ့ထွင်မှုကို ပံ့ပိုးပေးရန်အတွက် ပိုမိုကျယ်ပြန့် သော မဟာဗျူဟာကို ဖော်ဆောင်နေခြင်းဖြစ်သည်။

ယခုအခါ တရုတ်က ထိုင်ဝမ်ကို ပြည်မကြီးဘက်မှသာမက ပစိဖိတ်သမုဒ္ဒရာဘက်မှပါ ဖိအားပေးနိုင် သည့် အနေအထားတွင် ရှိနေပြီး တဆက်တည်းမှာပင် ပထမကျွန်းဆက်နှင့် ဒုတိယကျွန်းဆက်ကြား ရေပြင်များသို့ အမေရိကန်တို့ ဝင်ရောက်ခွင့်မရအောင် ပိတ်ဆို့တားဆီးရန် ကြိုးပမ်းနေသည်။

ထိုသို့သော မဟာဗျူဟာ အောင်မြင်စေရန်အတွက် တရုတ်က နောက်ကျောဘက်ကို လုံခြုံအောင် ဦးစွာ ဆောင်ရွက်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အရှေ့တရုတ်ပင်လယ်အတွင်းရှိ ဂျပန်၏ ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို ကန့်သတ်ထိန်းချုပ်ရန်ပင် ဖြစ်သည်။

အကယ်၍ ရေကြောင်းပြည်သူ့စစ်များကို အသုံးပြု၍ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဂျပန်ပင်လယ်ပြင် အခြေစိုက် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တို့၏ လှုပ်ရှားမှုများကို နှောင့်ယှက်ခြင်းနှင့် နှောင့်နှေးအောင် လုပ်ဆောင်နိုင်ပါက၊ တရုတ်က ထိုရေပြင်များအား ပိုမိုစိုးမိုးနိုင်မည်ဖြစ်သည်။…
👎4❤3👍3🔥2
ရခိုင်ကို အခြေတည်ထားသော ထို ဗဟိုချက်သည် ကုန်သွယ်ရေးနှင့် စွမ်းအင်စီးဆင်းမှု အာမခံချက် ရှိနေရန်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေပြင်အာဏာစက် ဖြန့်ကြက်နိုင်ရန် တရုတ်က မျှော်လင့်ထားသော နေရာဖြစ်သည်။

တပြိုင်နက်တည်းမှာပင် အမေရိကန်က ရခိုင်ပြည်နယ် အများစုကို ထိန်းချုပ်ထားပြီး ကျောက်ဖြူဆိပ်ကမ်းအတွက် ရတက်မအေးရအောင် စိန်ခေါ်နိုင်စွမ်း ရှိနေသည့် ရက္ခိုင့်တပ်တော် (AA) အပါ အဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ထောက်ခံအားပေးတော့မည့် အရိပ် အယောင်များ ပြသနေသည်။

ရက္ခိုင့်တပ်တော်၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ပြည်တွင်းတိုက်ပွဲမှာ ယခုအခါ ကမ္ဘာ့ မဟာဗျူဟာ အကျိုးစီးပွားများနှင့် ရောယှက်နေရာ နိုင်ငံတကာ၏ ရည်မှန်းချက်များက ပြည်တွင်းပဋိပက္ခကို မည်သို့ ထပ်ဆင့်ပြီး ပို၍ ရှုပ်ထွေးစေလာမလဲဆိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာနေသည်။

မြန်မာ့ပြည်တွင်းစစ်သည် နိုင်ငံနယ်နိမိတ်အတွင်း၌သာ အကန့်အသတ် ရှိနေတော့မည် မဟုတ်ဘဲ၊ အမေရိကန်၊ တရုတ်နှင့် ရုရှားတို့၏ ရည်မှန်းချက်များ ထိပ်တိုက်တွေ့ရာ ခတ်ကွင်းတခု ဖြစ်လာပြီး ရခိုင်ပြည်နယ်ကို နောက်ထပ် ပထဝီနိုင်ငံရေး အားပြိုင်ရာ ဗဟိုချက်အဖြစ် တည်လာကျတော့မည် ဖြစ်သည်။…
👍10👎1🔥1🥴1
ယခုနောက်ဆုံး ဗြိတိသျှတို့၏နှိမ်နင်းမှုတွင် လန်ဒန်မြို့လယ် ဝက်စ်မင်စတာ ရှိ ပေါင် ၉ သန်း (ဒေါ်လာ ၁၂ သန်း) တန် မိုးထိတိုက်တလုံးကိုသိမ်းဆည်းလိုက်ခြင်းလည်းပါဝင်သည်။

ဤအရေးယူမှုများသည် “ရှင်းလင်းသောသတင်းစကား” ကို ပေးခဲ့သည်ဟု အငယ်တန်းနိုင်ငံခြားရေးဝန်ကြီး စတီဖင်ဒေါင်တီ (Stephen Doughty) ကပြောသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အရှေ့တောင်အာရှ
#အွန်လိုင်း
#ငွေလိမ်ကွန်ရက်
#နှိမ်နင်းရေး
#ယူကေ
#အရှိန်မြှင့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍10❤2🤮1
“အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သူစွမ်းဆောင်နိုင်တဲ့အကန့်အသတ်ထက်ကျော်လွန်လုပ်ဆောင်နေရပါပြီ အစိုးရက စစ်တပ်ကို စစ်မြေပြင်မှာဒဏ်ရာရအောင်ပစ်ထားနေပါတယ်” ဟု လာပစ်ကပြောသွားခဲ့သည်။

ဤရှေးရိုးစွဲအစွန်းရောက်ဂျူးပါတီ၏ထောက်ခံမှုကို အာဏာတည်မြဲရေးအတွက်အားကိုးနေရသည့် ဝန်ကြီး ချုပ် ဘင်ဂျမင်နေတာညာဟု က ဤဥပဒေကျင့်သုံးရေးကို နည်းပရိယယ်မျိုးစုံသုံး၍ အချိန်ဆွဲနေခဲ့သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#စစ်ပွဲအပေါ်
#အစ္စရေး
#နိုင်ငံရေး
#ညီညွတ်မှု
#အက်ကြောင်းထင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
❤4👍4🔥3
လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၄,၀၀၀ ကျော်သေဆုံး ၊ လေယာဉ်ဆီဖြတ်တောက်ရန် အရေးပေါ်တောင်းဆို

မောင်ခက်နွေ

မဇ္ဈိမ ။ ။ စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ် ပြုလုပ်ခဲ့မှုကြောင့် မွေးကင်းစကလေးငယ်အပါ အရပ်သား ၄,၂၉၉ ဦး သေဆုံးခဲ့ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign)က ယမန်နေ့ ( မတ်လ ၂၆ ရက် ) က ထုတ်ပြန်သည်။

ထို့ကြောင့် စစ်ကော်မရှင်ထံ လေယာဥ်ဆီတင်ပို့ရောင်းချမှုများ အရေးပေါ်တားဆီးပေးရန် အာဆီယံ၊ အီးယူ၊ ယူကေနှင့် နိုင်ငံတကာအစိုးရများထံ Blood Money Campaign က ထုတ်ပြန်တောင်းဆိုသည်။

နိုင်ငံရေးနှင့် စစ်ရေး လေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက “အခုနောက်ပိုင်းမှာဆိုရင် ဒီ စစ်ကိုင်း၊ အညာဒေသဘက်မှာဆိုရင်တော့ ဒီ Jet Fighter လေကြောင်းတိုက်ခိုက်မှု အပြင်ပေါ့ဗျာ ။ ဒီ လောင်စာဆီ အရမ်းကြီးမြင့်တော့ လောင်စာဆီ ချွေတာနိုင်တဲ့ ဒီ Gyrocopter တို့၊ Paramotor တို့၊ နောက်ဆုံး ဒီ လောင်စာဆီ လုံးဝသုံးစရာမလိုတဲ့ Suicide Drone တွေပေါ့နော်။ ဒါမျိုးတွေနဲ့ပါ အသုံးပြုပြီးတော့ ဒီ တိုက်ခိုက်လာတာကို တွေ့ရတယ်ဗျ” ဟု…
👍12❤2😁1
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) က အမျိုးသမီးကဏ္ဍတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိ၊ မရှိ ဆုံးဖြတ်ရန်အတွက် လိင်အမျိုးအစားစစ်ဆေးခြင်းကို ပြန်လည်ကျင့်သုံးတော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ယင်းလုပ်ဆောင်ချက်သည် အမျိုးသမီးအဖြစ် လိင်ပြောင်းလဲထားသူများကို အမျိုးသမီးအားကစားပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်လိုက်ခြင်းလည်း ဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အိုလံပစ်
#အမျိုးသမီး
#အားကစားနည်းများ
#လိင်
#ပြောင်းထားသူများ
#ပိတ်ပင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍7👏2😁1🤮1