Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဗကသသည် အတိတ်က အမှားများအတွက် ပြည်သူလူထုကို တောင်းပန်ကာ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
အခမ်းအနားတွင် ဗကသ အလံတော်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်များ၊ ကျောင်းသားများကို အလေးပြုခဲ့ပြီး ၁၉၃၆ ခုနှစ် သပိတ်မှောက်တိုက်ပွဲ သမိုင်းကြောင်းများကို ပြန်လည်ဖတ်ကြားခဲ့ကြသည်။
“အခုလို နှစ် (၉၀) ပြည့် အချိန်မှာတော့ အဲဒီအဆင်မပြေမှုတွေနဲ့ မကျေလည်မှုတွေအားလုံးကို ချန်ထားခဲ့ချင်ပါပြီ။ ဗကသများအဖွဲ့ချုပ်အနေနဲ့ အမှားအယွင်းတွေရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ သက်ဆိုင်သူအားလုံးကို လေးလေးနက်နက် တောင်းပန်အပ်ပါတယ်။ ဗကသများအဖွဲ့ချုပ်အပေါ်ရှိတဲ့ အမှားအယွင်းတွေ အားလုံးကိုလည်း ခွင့်လွှတ်ပြီး ချန်ထားခဲ့ပါပြီ။ မိတ်ဆွေတွေကြား ပဋိပက္ခတွေ အဆင်မပြေတာတွေကို ဆက်လက် သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ်ဆိုတဲ့ တိုက်ပွဲဝင်စိတ်ကိုပဲ ဗကသရဲ့ မျိုးဆက်သစ်အားလုံးကို လက်ဆင့်ကမ်းခဲ့ချင်ပါတယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
👍11😁1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၈ မေ ၂၀၂၆ )
အာဆီယံ ထိပ်သီး အစည်းအဝေးများနှင့် တရားဝင် အစည်းအဝေးများတွင် မြန်မာခေါင်းဆောင်များ တက်ရောက်ရန် လက်ခံဖို့ အာဆီယံအနေဖြင့် အသင့်မဖြစ်သေးကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတုဆီရီ မိုဟာမက် ဟာဆန်က ပြောသည်။
👏6👍2😁1
အထိမ်းအမှတ် အခမ်းအနားများကို နှောင့်ယှက်ရန် ယူကရိန်း၏ ကြိုးပမ်းမှု မှန်သမျှက ကိယက်ဗ်မြို့တော်ဆီ အပြင်းအထန် ဒုံးကျည် တိုက်ခိုက်မှုများကို ရင်ဆိုင်ရစေမည်ဟု ရုရှားက သတိပေးပြီး၊ ဖြစ်လာနိုင်သည့် လက်တုံ့ပြန်မှုများ မတိုင်မီ ယူကရိန်းမြို့တော်မှ ထွက်ခွာကြရန် နိုင်ငံခြား သံတမန်များကို ရုရှားက ပြောထားသည်။
ရုရှားတပ်ဖွဲ့များက သောကြာနေ့ ညပိုင်းတွင် ယူကရိန်းတပ်စခန်းများကို ဆက်လက် တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဆိုပြီး၊ ယင်းမှာ ရုရှားအနေဖြင့် “ရှေ့တန်းတွင် အပစ်အခတ် ရပ်စဲရန် ဟန်ပြတောင် မလုပ်ဆောင်ခြင်း” ကို ပြသနေသည်ဟု ပြောသည်။
👍7👏1
၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်း ‘Dai Dai’ ကို ရှာကီရာ မိတ်ဆက်
Reuters
ကိုလံဘီယာအဆိုတော် ရှာကီရာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်တဲ့ “Dai Dai" ကို ကြာသပတေးနေ့မှာ ထုတ်ပြလိုက်ပါတယ်။
အသက် ၄၉ နှစ်အရွယ် ရှာကီရာဟာ နိုင်ဂျီးရီးယားအဆိုတော် Burna Boy နဲ့ တွဲဖက်ဆိုထားတဲ့ ဒီသီချင်းကို အမြည်းပြသတဲ့အနေနဲ့ ဘရာဇီးလ်နိုင်ငံ၊ မာရာကာနာကွင်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတခုကို Instagram မှာ တင်ခဲ့ပါတယ်။ ဒီသီချင်းကိုတော့ မေလ ၁၄ ရက်နေ့မှာ ဖြန့်ချိသွားမှာပါ။
👍6❤3
အမေရိကန်တွင်ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းမှာ ဒေါ်လာ ၁,၀၀၀ ကျော်အထိ မြင့်မားနေမှုအပေါ် သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်လိုက်ပြီး၊ ၎င်းကိုယ်တိုင်ပင် ထိုဈေးနှုန်းပေး၍ ပွဲကြည့်မည်မဟုတ်ကြောင်း ကြာသပတေးနေ့က ထုတ်ဝေသည့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။
စျေးနှုန်းများ အဆမတန် မြင့်မားနေကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကို ထရမ့်က ဖိအားပေး ပြောကြားခဲ့သည်။
“အဲဒီလောက်ဈေးကြီးမယ်မှန်း ကျွန်တော်မသိခဲ့ဘူး” ဟု ဘီလျံနာတဦးဖြစ်သူ ထရမ့် က New York Post သို့ ပြောကြားခဲ့ပြီး “ပွဲကို သွားကြည့်ချင်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် အဲဒီဈေးနှုန်းမျိုး ပေးပြီးတော့ မကြည့်ချင်ပါဘူး” ဟု ၎င်းက ပြောဆိုခဲ့သည်။
👏8👍2🔥1
ဒေသန္တရ ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ အီဝမ် ရမ်ဒါနီက တောင်တက်သမားများအနက် ကိုးဦးမှာ စင်ကာပူနိုင်ငံသားများဖြစ်ပြီး ကျန်ရှိသူများမှာ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ကြောင်း Reuters သတင်းဌာနသို့ ပြောသည်။ မီးတောင်ပေါက်ကွဲမှုကြောင့် ပိတ်မိနေသည့် တောင်တက်သမား ၂၀ ဦးကို ရှာဖွေရန် ရဲတပ်ဖွဲ့ဝင်များအပါအဝင် ကယ်ဆယ်ရေးဝန်ထမ်း အများအပြားကို စေလွှတ်ထားကြောင်းလည်း ၎င်းက ဆိုသည်။
အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီက မီးတောင်အနီးရှိ Garmin စက်တခုမှ အရေးပေါ်အကူအညီတောင်းခံသည့် အချက်ပြမှုကို စတင် သိရှိခဲ့ပြီးနောက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၅ မိနစ်ခန့်တွင် အရေးပေါ်သတိပေးချက်ကို ပထမဆုံး လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
😱4❤1👍1🔥1
စစ်တပ်ရဲ့ အနေအထားနဲ့ အကျိုးစီးပွားတွေကို အမြစ်ခိုင်စေတာမို့ ၂၀၁၀ တုန်းက ရွေးကောက်ပွဲဟာ ၂၀၂၁ အာဏာသိမ်းမှုအတွက် လမ်းခင်းပေးထားသလို၊ ၂၀၂၅-၂၀၂၆ ဒီမိုကရေစီ နည်းမကျတဲ့ ရွေးကောက်ပွဲတွေကတဆင့် ဗိုလ်ချုပ်ကြီးတွေအတွက် အာဏာကို ပြန်လည် ရယူနိုင်ဖို့ ဖြစ်လာစေတာပါ။
ပေါ်ထွက်လာတဲ့ အုပ်ချုပ်ရေး ယန္တရားတွေ၊ လူမှုရေးနဲ့ ပညာရေး အစီအစဉ်တွေ၊ ပြီးတော့ ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်း ဖော်ဆောင်မှုတွေဟာ လက်ရှိ ကာလကို အရင်က တော်လှန်ရေးကာလတွေနဲ့ ကွဲပြားသွားစေပြီး စစ်တပ်အနေနဲ့ နိုင်ငံကို ပြန်လည်ထိန်းချုပ်ဖို့ ပိုခက်ခဲစေပါတယ်။
ဆောင်းပါးရှင် ဒေါက်တာ ဟန်တာမာစတန်သည် 9DASHLINE ၏ အဖွဲ့ဝင်တဦးဖြစ်ပြီး မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) ရှိ အရှေ့တောင်အာရှအစီအစဉ်၏ တွဲဖက်သုတေသနပညာရှင်တဦးလည်း ဖြစ်သည်။ သြစတြေးလျအမျိုးသားတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ဖြင့် ပါရဂူဘွဲ့ (PhD) ရရှိထားသူဖြစ်သည်။
👍8😁1😢1
အနာဂတ်အတွက် ကျွန်ုပ် အစိုးရိမ်ဆုံးအချက်မှာ ရေရှည်ရိုက်ခတ်မှုပင် ဖြစ်သည်။ မိခင်ဘာသာစကားကို ထဲထဲဝင်ဝင် သင်ယူခွင့်မရဘဲ ကြီးပြင်းလာမည့် မျိုးဆက်တခုအတွက် ဝတ်ပြုခြင်း၊ ရွတ်ဖတ်ခြင်းနှင့် ဓမ္မသဘင်များကဲ့သို့သော "ပုံသဏ္ဌာန်" များ ကျန်ရှိနေနိုင်သော်လည်း၊ ယင်းတို့၏ အောက်ခြေတွင် ရှိနေသော နက်နဲပြတ်သားသည့် "ဓမ္မအသိနှင့် ကျင့်စဉ်" အနှစ်သာရများမှာမူ ပျောက်ကွယ်သွားနိုင် ပါသည်။
ဆရာနှင့် တပည့်ကြား တိုက်ရိုက်လက်ဆင့်ကမ်းသည့် စနစ်ပျောက်ကွယ်သွားမည့် အန္တရာယ်ရှိနေသည်။ ပြည်တွင်းပြည်ပရှိ တိဘက်လူမျိုးများသည် ကျမ်းစာများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် သိမ်းဆည်းခြင်း၊ အိမ်တွင် မိခင်ဘာသာစကား သင်ကြားခြင်း၊ ပြည်ပတွင် ကျောင်းများတည်ထောင်ခြင်းနှင့် နိုင်ငံတကာ တွင် စည်းရုံးလှုံ့ဆော်ခြင်းစသည့် နည်းလမ်းမျိုးစုံဖြင့် တိတ်တဆိတ် ခုခံနေကြသော်လည်း အင်အားမမျှ မှုမှာ လက်တွေ့ဖြစ်ရပ်ပင် ဖြစ်ပါသည်။
👎4👍2
ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်ဖျက်သင်္ဘောသုံးစင်း တိုက်ခိုက်ခံရပြီးနောက် အီရန်စစ်ဘက် ပစ်မှတ်များကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ကြာသပတေးနေ့က ထုတ်ပြန် လိုက်သည်။
အမေရိကန်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရန်ဘက်က စွပ်စွဲထားသည်။
👍7🔥1
မြန်မာနိုင်ငံသည် ငါးနှစ်ကြာ ဘေးဖယ်ခံထားရရာမှ ဒေသတွင်းအဖွဲ့အစည်းနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ကြိုးပမ်းနေစဉ်အတွင်း မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးနှင့် အွန်လိုင်း မှတဆင့် တွေ့ဆုံရန် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီခဲ့ကြကြောင်း အာဆီယံအတွင်းရေးမှူးချုပ်က ကြာသပတေးနေ့ (မေလ ၇ ရက်) တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ပြုလုပ်သော အင်တာဗျူးတွင် အတွင်းရေးမှူးချုပ် ကာအိုကင်ဟောင်က ပြည်တွင်းစစ်ဒဏ် ခံနေရသည့် မြန်မာနိုင်ငံသည် ၁၁ နိုင်ငံပါဝင်သော အာဆီယံအုပ်စုနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လိုကြောင်း အရိပ်အယောင်ပြသခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများက ပဋိပက္ခများ လျှော့ချရေး၊ ဆွေးနွေးညှိနှိုင်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးတို့တွင် တိုးတက်မှုများကို မြင်တွေ့လိုနေကြကြောင်း ဆိုသည်။
👎5🔥3❤1💩1
ထရမ့်က "အပစ်အခတ်ရပ်စဲရေးက စတင်နေပါပြီ။ ဒါဟာ အသက်ဝင်နေပါပြီ" ဟု ABC News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထပ်မံပြောကြားခဲ့သည်။
အမေရိကန်ရေတပ်၏ ဖျက်သင်္ဘော သုံးစီးမှာ အီရန်တပ်ဖွဲ့များ၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပစ်ခတ်မှုကို ခံခဲ့ရသော်လည်း ထိမှန်ခြင်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် အမေရိကန်တပ်ဖွဲ့များက အီရန်ပစ်မှတ်များကို "မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်း" ဖြစ်ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးစစ်ဌာနချုပ် (CENTCOM) က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။
👍7🤣2❤1👏1
မြန်မာနိုင်ငံဘက်က ၎င်းတို့၏ အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များကို အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့်ပြုရန် တောင်းဆိုထားသော်လည်း ယင်း ကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူညီခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
“အခုလို အခြေအနေတွေ ဆက်ဖြစ်နေတာကို ကျွန်တော်တို့ စိတ်မကောင်းပါဘူး၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းလိုက်တဲ့ အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဘုံသဘောတူညီချက် ငါး ရပ် (5PC) ကို အပြည့်အဝ လိုက်နာစေချင်ပါတယ်” ဟု မိုဟာမတ်က ပြောသည်။
👍12😁1🤣1
ကျန်းမာရေးဝန်ကြီးဌာနကသီးခြားပြုလုပ်ခဲ့သောကြေညာချက်များတွင် နာဘာတီယာ (Nabatieh) ခရိုင်ရှိ ကျေးရွာ သုံးရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာတွင် ကလေး နှစ်ဦးအပါအဝင် လူ ၁၁ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
အစ္စရေး၏တိုက်ခိုက်မှုမှ “မည်သည့်အကြမ်းဖက်သမားမှကင်းလွတ်ခွင့်ရမည်မဟုတ်” ဟု ဝန်ကြီးချုပ် ဘင်ဂျ မင် နေတာညာဟု က နောက်ပိုင်းတွင်ပြောကြားခဲ့ပြီး “အစ္စရေးနိုင်ငံကိုခြိမ်းခြောက်သူမည်သူမဆို” အလား တူဖြစ်ရပ်နှင့်ကြုံတွေ့ရမည်ဟုလည်း ကတိပြုပြောကြားထားသည်။
👎5🔥2
ယခုခရီးစဉ်သည် ပီညာ သမ္မတဖြစ်လာပြီးနောက် ထိုင်ဝမ်သို့ ဒုတိယအကြိမ်မြောက် လာရောက်ခြင်းဖြစ်သည်။ ပါရာဂွေးသည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းနှင့် တရားဝင်သံတမန်အဆက်အသွယ်ရှိနေသေးသည့် ၁၂ နိုင်ငံအနက် တနိုင်ငံဖြစ်သည်။
"ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ သံတမန်ရေးရာ ထုံးတမ်းစဉ်လာတွေထက် အများကြီး ပိုပါတယ်။ ဒါကို ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အောင်မြင်မှုတွေနဲ့ နှစ်နိုင်ငံစလုံးအတွက် စစ်မှန်တဲ့ အခွင့်အလမ်းတွေကနေတဆင့် သက်သေပြနေပါတယ်" ဟု ပီညာက ဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ပါရာဂွေးအနေဖြင့် "သမိုင်းကြောင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်သင့်" ကြောင်းနှင့် "ထိုင်ဝမ်အာဏာပိုင်တွေနဲ့ သံတမန်ဆက်ဆံရေးလို့ ခေါ်ဆိုနေတာတွေကို ဖြတ်တောက်သင့်" ကြောင်း ကြာသပတေးနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။
👍9
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ထို မှတ်ချက်များအတိုင်းပင် ထပ်တူပြု ပြောလာပြီး ထိုင်းနိုင်ငံကလည်း ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း အရိပ်အမြွက် ပြောသည်။
သို့ရာတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတုဆီရီ မိုဟာမက် ဟာဆန်ကမူ အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် တရားဝင် အစည်းအဝေးများတွင် မြန်မာ အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များ တက်ရောက်ရန် လက်ခံဖို့ အာဆီယံအနေဖြင့် အသင့်မဖြစ်သေးကြောင်း ပြောသည်။
👍6👎2