Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆယ်စုနှစ်နှင့်ချီ လျှို့ဝှက်ထားခဲ့သည့် ယူအက်ဖ်အို (UFO) ဆိုင်ရာ အစီရင်ခံစာမှတ်တမ်းများကို သောကြာနေ့တွင် ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်လိုက်သည်။
"လျှို့ဝှက်ထားခဲ့တဲ့ ဒီမှတ်တမ်းတွေက နှစ်ပေါင်းများစွာ ထင်မြင်ချက်ပေးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခုတော့ အမေရိကန်ပြည်သူတွေ ကိုယ်တိုင်မြင်တွေ့ခွင့်ရမယ့်အချိန် ရောက်ပါပြီ" ဟု ကာကွယ်ရေး ဝန်ကြီး ပိဟက်ဆက်က X လူမှုကွန်ရက်တွင် တင်ထားသည့် ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
စိတ်ဝင်စားဖွယ်ရာ အချက်အလက်များထဲတွင် လပေါ်သို့ ဒုတိယမြောက်ခြေချနိုင်ခဲ့သည့် Apollo 11 မှ အာကာသယာဉ်မှူး ဘတ်ဇ်အယ်ဒရင်၏ ၁၉၆၉ ခုနှစ်က ထွက်ဆိုချက်လည်း ပါဝင်သည်။
👍7
ထိုင်း-မြန်မာနယ်စပ် မောတောင်လမ်းပိုင်း၌ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွား
မဇ္ဈိမ ။ ။ ထိုင်း- မြန်မာနယ်စပ် မောတောင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တနင်္သာရီ- မောတောင်လမ်းပိုင်း၌ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ တတိယအပတ်အတွင်းကစ၍ မြေပြင်မှ အင်အားရာချီ စစ်အင်အားဖြည့်တင်းထားပြီး မောတောင်ဘက်သို့ စစ်ကြောင်းထိုးနေခြင်းကြောင့် တနင်္သာရီ- မောတောင်လမ်းပိုင်းရှိ သိန်ခွန်းနှင့် သဲဖြူရွာအနီးတို့၌ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားလာခြင်းဟု သိရသည်။

“ခပ်စိပ်စိပ်တော့ ပြန်ဖြစ်လာတယ်။ သူတို့ဘက်က အင်အားဖြည့်ထားတယ်။ အခုက သူတို့က မောတောင်လမ်းပိုင်းရော၊ တောလမ်းပိုင်းကိုပါ ပြန်ခွပြီး ထိုးမယ့်သဘောရှိနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
👍6😁2
ယူကရိန်းကလေးငယ်ပေါင်း ၂၆၀ ခန့်ကို ရာဇ၀တ်မှုများ ကျူးလွန်စေရန် ရုရှားအထူးဝန်ဆောင်မှုများ ဌာနက စည်းရုံးသိမ်းသွင်းခဲ့သည်။

"တရားမျှတမှုအတွက် ပူးပေါင်းဆောင်ရွက်စို့ - အရပ်သားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက် တာဝန်ခံမှု" ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ညီလာခံတွင် ယူကရိန်းဒုတိယရှေ့နေချုပ် ဗစ်တာ လိုဟာချော့ဗ်က ယင်းအကြောင်းကို ပြောကြားခဲ့သည်။

"ကလေးသူငယ်တွေကို အသုံးချတဲ့ နည်းလမ်းတွေက ပိုပြီး ဆိုးရွားလာနေပါတယ်။ အစပိုင်းမှာတော့ မော်တော်ယာဉ်တွေကို မီးရှို့တာနဲ့ ရန်သူ့ထံ သတင်းအချက်အလက် ပေးပို့ခိုင်းတာမျိုးကနေ အခုဆိုရင် ကလေးတွေကို အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ဖို့အထိ စည်းရုံးသိမ်းသွင်းလာကြပါတယ်။ ဒီလိုလုပ် ဆောင်တဲ့နေရာမှာ ကလေးတွေကိုယ်တိုင်က အန္တရာယ်ရှိနေပါတယ်။ ဒီနေ့အထိဆိုရင် အသက် ၁၅ နှစ် အောက် ကလေး ၅၀ အပါအဝင် စုစုပေါင်း ကလေးငယ် ၂၆၀ ဦးက အဲဒီလို ရာဇဝတ်မှုတွေမှာ ပါဝင်ပတ် သက်နေပါတယ်။ အငယ်ဆုံးကလေးက အသက် ၁၁ နှစ်ပဲ ရှိပါသေးတယ်" ဟု ၎င်းက ဆိုသည်။
🤬6❤3👎1
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း အီရန်အတွက် ဒရုန်းနှင့် ဒုံးကျည် အစိတ်အပိုင်းများ ရရှိအောင် ကူညီပေးခဲ့သည်ဟု စွပ်စွဲခံထားရသော လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ ၁၀ ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။

ယင်းပိတ်ဆို့မှုက အီရန်အစိုးရကို ထောက်ခံအားပေးနေသည့် ပြည်ပကွန်ရက်များအပေါ် ပိုမိုကျယ် ပြန့်သော အရေးယူဆောင်ရွက်မှုများ ထပ်မံပြုလုပ်လာနိုင်ကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

သောကြာနေ့တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် တရုတ်နှင့် ဟောင်ကောင်အခြေစိုက် လုပ်ငန်းစုများ အပါအဝင် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ ၁၀ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

၎င်းတို့သည် ရှာဟစ်ဒရုန်းများနှင့် ပဲ့ထိန်းဒုံးကျည်များတွင် အသုံးပြုသည့် လက်နက်အစိတ်အပိုင်းများနှင့် ကုန်ကြမ်းပစ္စည်းများကို အီရန်က ရရှိနိုင်ရန် ကူညီပေးခဲ့သည်ဟု စွပ်စွဲခံထားရသည်။
👍10❤2
ထိုင်းထိပ်တန်းဉာဏ်ရည်တု (AI) နည်းပညာကုမ္ပဏီတခုက အလီဘာဘာအပါအဝင် တရုတ်ကုမ္ပဏီ များထံသို့ AI နည်းပညာများတင်ပို့သည့် အကြီးစား မှောင်ခိုကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်နေ ကြောင်း သံသယရှိခြင်းခံနေရကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ဘလွန်းဘတ်သတင်းဌာနက ဖော်ပြခဲ့သည်။

ဘန်ကောက်အခြေစိုက် Obon ကုမ္ပဏီသည် Nvidia မှ အဆင့်မြင့် ချစ်ပ်ပြားများအသုံးပြုထားသည့် Super Micro Computer ၏ AI ဆာဗာများကို တရုတ်၏ Alibaba Group Holding အပါအဝင် အခြား တရုတ်ကုမ္ပဏီများထံသို့ မှောင်ခိုတင်ပို့ရာတွင် ကြားခံအဖြစ် ဆောင်ရွက်ခဲ့သည်ဟု သံသယရှိခြင်းခံနေ ရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
👍8❤1
မဇ္စျိမ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့အား စစ်အုပ်စုတပ်က မေလ ၇ ရက်နေ့တွင် ဂျက်ဖိုက်တာနှင့် Y 12 လေယာဉ်များဖြင့် တရစပ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်တဦးအပါအဝင် သုံးဦး သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

​မေလ ၇ ရက်၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဘက်ရှိ ကင်းမွန်ချောင်းဂျိုင်နှင့် အနီးပတ်ဝန်းကျင်ကျေး ရွာများကို စစ်အုပ်စုက ဂျက်ဖိုက်တာနှစ်စီး၊ Y-12 လေယာဉ်တစီးတို့ဖြင့် မိနစ် ၄၀ ခန့်ကြာအောင် အဆက်မပြတ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

​"နေ့ခင်းကြောင်တောင်ကြီးကို လေယာဉ်သုံးစီးနဲ့ တရစပ်လာပစ်ခဲ့တာ။ ရွာထဲမှာ ဗုံးစတွေထိလို့ ပြည်သူတွေ သေဆုံး ဒဏ်ရာရတာတွေရှိတယ်။ အိမ်တွေလည်း မီးလောင်ပျက်စီးကုန်တယ်၊ လယ်ယာလုပ်ငန်းခွင်က ကျွဲနွားတွေလည်း ဗုံးထိမှန်သေဆုံးခဲ့ရတယ်" ဟု မင်းပြားဒေသခံတဦးက မဇ္ဈိမသို့ ပြောသည်။
🤬6👎2😁1
ဇန်နဝါရီမှ မတ်အတွင်း အခွန်ဆောင်ပြီးနောက် အသားတင်အမြတ်ငွေမှာ ၂၀၂၅ ခုနှစ် ပထမ သုံးလပတ်က ရရှိခဲ့သည့် ဒေါ်လာ ၄ ဒသမ ၇၈ ဘီလီယံထက် ၁၉ ရာခိုင်နှုန်း မြင့်တက်လာကာ ဒေါ်လာ ၅ ဒသမ ၆၉ ဘီလီယံ ရှိကြောင်း Shell ၏ ဝင်ငွေဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု ရလဒ်များနှင့်အတူ Shell က ရှယ်ယာရှင်များ အကျိုးအမြတ် ပိုမို မြင့်မားရန် ရှယ်ယာ ဒေါ်လာ ၃ ဘီလီယံဖိုး ပြန်လည် ဝယ်ယူမည်ဖြစ်ကြောင်းနှင့် အမြတ်ဝေစုများကိုလည်း တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
👍5🤣2
အမေရိကန်တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် မွေးကင်းစကလေးငယ်များ သွေးယိုစိမ့်၍ အသက်ဆုံးရှုံးရ သည့်ဖြစ်စဉ်များမှာ စိုးရိမ်ဖွယ်ရာကောင်းလောက်အောင် မြင့်တက်လာနေသည်ကို ဆရာဝန်များက တွေ့ရှိရပြီး၊ ယင်းမှာ မိဘများအကြား ခေတ်စားလာသည့် အလေ့အထတခုကြောင့် ဖြစ်သည်။

၎င်းတို့၏ အခြေအနေမှာ မွေးဖွားချိန်တွင် ပုံမှန်ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရုံမျှဖြင့် အလွယ်တကူ ကာကွယ်နိုင်သော်လည်း၊ ယခုအခါ မိဘအများအပြားက ယင်းကို ငြင်းဆန်နေကြသည်။

ထိုကလေးငယ်များသည် ဗီတာမင်ကေ ချို့တဲ့ခြင်းကြောင့် သွေးယိုစိမ့်သည့်ရောဂါ (VKDB) ခံစားခဲ့ရခြင်း ဖြစ်ပြီး၊ ယင်းမှာ ဖြစ်ခဲသော်လည်း အသက်အန္တရာယ်ရှိနိုင်သည့် အခြေအနေဖြစ်ကာ ဗီတာမင်ကေ ထိုးဆေးတလုံးတည်းဖြင့် ကာကွယ်နိုင်သောအရာ ဖြစ်သည်။
😱7🔥1
အထူးသဖြင့် အမျိုးသားများက Ray-Ban Meta AI ကဲ့သို့သော စမတ်မျက်မှန်များကို အသုံးပြု၍ အမျိုးသမီးများ၏ လှုပ်ရှားမှုကို ခိုးရိုက်ကူးကာ အကြောင်းအရာ (Content) အဖြစ် အသုံးပြုလေ့ရှိကြကြောင်း တခြားသော စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသည်။

ပို၍ဆိုးရွားသွားသည့်အချက်မှာ အဆိုပါဗီဒီယိုကို ပြန်ဖြုတ်ပေးရန်အတွက် ထိုအမျိုးသားက ငွေကြေးတောင်းခံခဲ့ခြင်း ဖြစ်သည်။ ၎င်းက ဗီဒီယိုဖြုတ်ပေးခြင်းသည် "အခပေးဝန်ဆောင်မှု" တခုဖြစ်သည်ဟု အကြောင်းပြကာ ငွေညှစ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဗီဒီယိုသည် TikTok ၏ နှောင့်ယှက်မှုနှင့် အနိုင်ကျင့်စော်ကားမှုဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သဖြင့် တိုင်ကြားခံရပြီးနောက် ဖယ်ရှားခံခဲ့ရပြီး အဆိုပါအမျိုးသား၏ အကောင့်မှာလည်း ပိတ်ပင်ခံခဲ့ရသည်။ သို့သော်လည်း ထိုရုပ်သံဖိုင်မှာ အခြားသော လူမှုကွန်ရက်စာမျက်နှာတခုတွင် ပြန်လည်ပျံ့နှံ့လာခဲ့သည်။
👍7😱1
Mizzima Weekly Sports အစီအစဉ် I 9 May 2026

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ်ဖြစ်ပါတယ်။
ဒီတပတ်မှာတော့
- ကိုပါလီဘာတေးဒိုးစ်ပြိုင်ပွဲမှာ စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဝါရင့်ဂိုးသမား ဖေဘီယို
- ကမ္ဘာ့အကောင်းဆုံးအသင်း ဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်း ပီအက်စ်ဂျီ သက်သေပြ
- အီးမရိတ်စ်ကွင်းကြီး တုန်ဟည်းနေအောင် အားပေးခဲ့တဲ့ ပရိသတ်တွေက ‘စံနှုန်းတွေကို သတ်မှတ်ပေးခဲ့တာပါ’ - အာတီတာ
- ပရီးမီးယားလိဂ်ဖလားက စီးတီး လက်ထဲမရှိတော့ဘူးလို့ ဂွာဒီယိုလာ ဝန်ခံ
- အီတလီချန်ပီယံဆုကို ၆ ရာသီအတွင်း ၃ ကြိမ် ဆွတ်ခူးတဲ့ အင်တာမီလန်
စတဲ့အကြောင်းတွေ အပါအဝင် စိတ်ဝင်စားဖွယ် နောက်ဆုံးရ အားကစားသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။

#MizzimaWeeklySports #FootballNewsBurmese #ArsenalUCL #ManCity #InterMilan
👍6❤1🍌1
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်း သို့မဟုတ် ဒီပဲယင်းလုပ်ကြံမှု၏ (၂၃) နှစ်ပြည့် အမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးအဖွဲ့ဝင် ဦးကျော်ဇင်ဝင်းနှင့် Mizzima TV တို့၏ အထူးတွေ့ဆုံမေးမြန်းခန်း ဖြစ်သည်။ စည်းရုံးရေးခရီးစဉ်အစမှ လုပ်ကြံမှုဖြစ်ပွားချိန်အထိ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်မှန်များ၊ ပြည်သူလူထု၏ ထောက်ခံအားပေးမှုများနှင့် စစ်အာဏာရှင်တို့၏ စီစဉ်ထားသော တိုက်ခိုက်မှုများအကြောင်းကို အသေးစိတ် တင်ဆက်ထားသည်။

00:00 - နိဒါန်းနှင့် ဒီပဲယင်းလုပ်ကြံမှု (၂၃) နှစ်ပြည့်
01:42 - ချင်းပြည်နယ်မှ ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးစဉ်
02:39 - အသက်ငယ်ဆုံး အနီးကပ်လုံခြုံရေးအဖွဲ့ဝင် ဖြစ်လာပုံ
04:08 - ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုနှင့် ကြိုဆိုမှုများ
06:46 - ကြံ့ခိုင်ရေးအသင်း၏ နှောင့်ယှက်မှုများ စတင်လာခြင်း
09:54 - စစ်ကိုင်းတိုင်းအတွင်းမှ သတိပေးချက်များနှင့် စိုးရိမ်မှုများ
11:20 - ဒီပဲယင်းသို့ မဝင်ရောက်မီ နောက်ဆုံးအခြေအနေ

#ဒီပဲယင်း #ဒေါ်အောင်ဆန်းစုကြည် #မြန်မာ့နိုင်ငံရေး #MizzimaTV #သမိုင်းဖြစ်ရပ်မှန် #DepayinMassacre
👍9❤2
အထူးသဖြင့် တရုတ်နှင့် ဆက်နွှယ်နေသည့် နိုင်ငံခြားသားအချို့သည် သီရိလင်္ကာ၏ ဗီဇာနှင့် ကုမ္ပဏီ မှတ်ပုံတင်စနစ်ရှိ အားနည်းချက်များကို အခွင့်ကောင်းယူကာ တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်းများ တည်ထောင်နေကြကြောင်း လွှတ်တော်အမတ် အမီလာ ပရာဆတ်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

သီရိလင်္ကာသည် တောင်အာရှဒေသတွင် "တရုတ်နှင့် ဆက်နွှယ်နေသည့် ဆိုင်ဘာရာဇဝတ်မှု ဗဟိုချက်" အဖြစ် တဖြည်းဖြည်း နာမည်ထွက်လာနေကြောင်း ၎င်းက သတိပေးခဲ့သည်။
👎6👍1
လေယာဉ်၏ ပျံသန်းမှုဆိုင်ရာ အချက်အလက် မှတ်တမ်းတင်စက်မှ တွေ့ရှိချက်များအရ "အမြင့်ပေ ၂၉,၀၀၀ တွင် ပျံသန်းနေစဉ် အင်ဂျင်နှစ်လုံးစလုံး၏ လောင်စာဆီခလုတ်များသည် ပုံမှန်အလုပ်လုပ်နေ သည့် အနေအထားမှ ပိတ်လိုက်သည့် အနေအထားသို့ ပြောင်းလဲသွားခဲ့သည်" ဟု ဖော်ပြထားသည်။

"လောင်စာဆီခလုတ်များ ပိတ်လိုက်ခြင်းကြောင့် အင်ဂျင်အရှိန်များ လျော့ကျသွားခဲ့သည်" ဟု အစီရင်ခံ စာတွင် ဖော်ပြထားသည်။

အမေရိကန်မီဒီယာများက ကိုးကားဖော်ပြသော အချို့သော ကျွမ်းကျင်သူများ၏ အဆိုအရ ပျံသန်းမှု အချက် အလက်များသည် လေယာဉ်မောင်းခန်းအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ရှိနိုင်ကြောင်းနှင့် လောင်စာဆီထောက်ပံ့မှုကို လေယာဉ်မှူး(သို့မဟုတ်) အမှုထမ်းတဦးဦး (သို့မဟုတ်) လေယာဉ်ခန်း အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ တဦးဦးက တမင်တကာ ပိတ်ပစ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုခဲ့ကြသည်။
🔥8❤2👍1