Mizzima
✔
48K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လေယာဉ်၏ ပျံသန်းမှုဆိုင်ရာ အချက်အလက် မှတ်တမ်းတင်စက်မှ တွေ့ရှိချက်များအရ "အမြင့်ပေ ၂၉,၀၀၀ တွင် ပျံသန်းနေစဉ် အင်ဂျင်နှစ်လုံးစလုံး၏ လောင်စာဆီခလုတ်များသည် ပုံမှန်အလုပ်လုပ်နေ သည့် အနေအထားမှ ပိတ်လိုက်သည့် အနေအထားသို့ ပြောင်းလဲသွားခဲ့သည်" ဟု ဖော်ပြထားသည်။

"လောင်စာဆီခလုတ်များ ပိတ်လိုက်ခြင်းကြောင့် အင်ဂျင်အရှိန်များ လျော့ကျသွားခဲ့သည်" ဟု အစီရင်ခံ စာတွင် ဖော်ပြထားသည်။

အမေရိကန်မီဒီယာများက ကိုးကားဖော်ပြသော အချို့သော ကျွမ်းကျင်သူများ၏ အဆိုအရ ပျံသန်းမှု အချက် အလက်များသည် လေယာဉ်မောင်းခန်းအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ရှိနိုင်ကြောင်းနှင့် လောင်စာဆီထောက်ပံ့မှုကို လေယာဉ်မှူး(သို့မဟုတ်) အမှုထမ်းတဦးဦး (သို့မဟုတ်) လေယာဉ်ခန်း အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ တဦးဦးက တမင်တကာ ပိတ်ပစ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုခဲ့ကြသည်။
🔥8❤2👍1
လီယွန်နယ် မက်ဆီက အာဂျင်တီးနား ပရိသတ်တွေအနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ဆက် ရယူနိုင်ဖို့ အိပ်မက်မက်နေကြတာ မှန်ကန်ပေမဲ့ ဗိုလ်စွဲဖို့ “ပိုပြီး ရေပန်းစားတဲ့၊ ပိုပြီး ပုံစံကောင်းရနေတဲ့” ပြင်သစ်နဲ့ စပိန်တို့လို အခြားပြိုင်ဘက်အသင်းတွေရှိတယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

“ဒဏ်ရာပြဿနာတွေ ဒါမှမဟုတ် ပွဲကစားဖို့အတွက် ကြံ့ခိုင်မှု အပြည့်အဝမရှိသေးတဲ့ ကစားသမားတွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ဒီအစုအဖွဲ့က စုစည်းမိသွားတဲ့အခါ အမြဲတမ်း အနိုင်ရလိုစိတ်နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ ဒါက အမှန်တရားပါ။ ဒါကိုလည်း သက်သေပြပြီးသားပါ”လို့ မက်ဆီက Pollo Alvarez နဲ့ပြုလုပ်ခဲ့တဲ့ YouTube အင်တာဗျူးမှာ အာဂျင်တီးနားအသင်းနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
👍12❤2
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၉ မေ ၂၀၂၆ )

ရခိုင်ပြည်နယ်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့အား စစ်အုပ်စုတပ်က မေလ ၇ ရက်နေ့တွင် ဂျက်ဖိုက်တာနှင့် Y 12 လေယာဉ်များဖြင့် တရစပ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်တဦးအပါအဝင် သုံးဦး သေဆုံးကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။
👍4😁2❤1
ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ သောကြာနေ့က ကျင်းပခဲ့တဲ့(၄၈ ) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး မှာ မြန်မာ့အရေးဟာ အဓိက ဆွေးနွေးစရာ အကြောင်းအရာအဖြစ် ဆက်လက် တည်ရှိနေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း အာဆီယံဟာ မြန်မာ စစ်အုပ်စု ခေါင်းဆောင်တွေကို ထိပ်သီး အစည်းအဝေးတွေမှာ ပါဝင်ခွင့် ပိတ်ပင်ထားတာကြောင့် မြန်မာဟာ အာဆီယံ မိသားစုထဲ ပြန်ဝင်ဖို့ အခက်အခဲ တွေ့နေရဆဲပါ။ ဒီတခေါက် အစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင်တွေ မြန်မာအပေါ် ဘယ်လို သဘောထား ရှိကြလဲ၊ မြန်မာ့အရေး ဘာတွေ ပြောဆိုခဲ့ကြပါသလဲ။

အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပိုမို အားကောင်းတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်နေကြောင်းနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြန်လည် စတင်ဖို့ ပြင်ဆင်နေကြောင်း အသီးသီး ထုတ်ဖော်ပြောဆိုကြပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင်က မြန်မာ့အရေးဟာ အာဆီယံအတွက် စမ်းသပ်ချက်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှု၊ ခံနိုင်ရည်ရှိမှုနှင့် အရေးပါမှုတို့အတွက် အဓိကကျတဲ့ စမ်းသပ်ချက်တခုအဖြစ် သူက ပြောဆိုပါတယ်။
👍9❤2🥱1
My india အစီအစဉ် | 08 May 2026
ဒီတပတ်ရဲ့ "My India" အစီအစဉ်မှာတော့ အိန္ဒိယနိုင်ငံရဲ့ စိတ်ဝင်စားဖွယ်ရာ ကဏ္ဍစုံကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
အိန္ဒိယ-သြစတြီးယား ထိပ်သီးတွေ့ဆုံမှုနဲ့ အနောက်အာရှ တည်ငြိမ်ရေးအတွက် အိန္ဒိယရဲ့ သံတမန်ရေး ခြေလှမ်းများ။
ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နေတဲ့ Jodhpur မြို့ရဲ့ ထင်ရှားတဲ့ "အပြာရောင်လမ်းကြား" များရဲ့ လျှို့ဝှက်ချက်။
ဒေလီမြို့ပြနံရံတွေကို အနုပညာနဲ့ အသက်သွင်းနေတဲ့ လူငယ် Street Art ပညာရှင်များ။
Gujarat ပြည်နယ် ဆားကွင်းထဲက ကလေးငယ်တွေအတွက် အိပ်မက်တွေကို သယ်ဆောင်လာတဲ့ "ရွေ့လျားကျောင်းကား" များ။
မွေးရာပါ ကိုယ်လက်အင်္ဂါ မပြည့်စုံပေမဲ့ စိတ်ဓာတ်ခွန်အားနဲ့ ကမ္ဘာ့အမြင့်ဆုံးလမ်းကို စက်ဘီးစီးခဲ့သူ Bindas Govind ရဲ့ စိတ်ဓာတ်တက်ကြွဖွယ် ဇာတ်လမ်း။ Watch —> အိန္ဒိယ၏ နိုင်ငံတကာသံတမန်ရေး၊ Jodhpur မြို့၏ အပြာရောင်အလှနှင့် ဆားကွင်းထဲက ကျောင်းကား | My India - YouTube
👍7❤6
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် တိုးတက်မှုမရှိသည့်အတွက် ဒေသတွင်းခေါင်းဆောင်များက ပိုမိုစိတ်ပျက်လာနေချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အာဆီယံ၏ ရပ်တည်ချက်မှာ ခိုင်ခိုင်မာမာရှိကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်က သောကြာနေ့တွင် ပြောကြားလိုက်သည်။

ဆီဘူးမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဖိလစ်ပိုင်သမ္မတ မားကို့စ်က ဒေါ်အောင်ဆန်းစု ကြည်က သူမ၏ ရပိုင်ခွင့်များ ရရှိရန်နှင့် နိုင်ငံရေးခေါင်းဆောင်တဦးအဖြစ် ပြန်လည်လုပ်ဆောင်နိုင်ခွင့် ရရှိရန်အတွက် အာဆီယံက ဆက်လက်တွန်းအားပေးနေကြောင်း ပြောကြားခဲ့သည်။
👍8🥰3🥱2❤1
မဇ္ဈိမ။ ။ အာဏာသိမ်းစစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ထွက်လာသည့် တရားမဝင် “ဝတ်စုံပြောင်း” အုပ်ချုပ်ရေးအဖွဲ့ကို အသိအမှတ်မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံတကာပါလီမန် အသိုက်အဝန်းသို့ တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့သော (၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်ညီလာခံ (IPU Assembly) သို့ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ပြီးနောက် ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ (မေလ ၉ ရက်) တွင် ထုတ်ပြန်သည်။
ထို့အပြင် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့နှင့် ၎င်းတို့ ဖွဲ့စည်းထားသည့် အတုအယောင်လွှတ်တော်ကို တရားဝင်အသိအမှတ်ပြုမှု မပေးရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
❤6👍4😁1🤣1
ပတ္တယား ကမ်းခြေအပန်းဖြေစခန်းအနီးရှိ တရုတ်နိုင်ငံသား အသက် ၃၁ နှစ်အရွယ် ဆွန်မင်ချန်း၏ နေအိမ်တွင် M16 ရိုင်ဖယ် နှစ်လက်၊ ကျည်ဆံ ရာနှင့်ချီ၊ ရုရှားလုပ် မြေမြှုပ်မိုင်းများ၊ ဒုံးကျည်များ၊ ဓာတ်ဆီနှင့် ငါးကီလိုဂရမ်နီးပါးရှိသော ဖောက်ခွဲရေးပစ္စည်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို သံသယရှိ တရုတ်နိုင်ငံသား၏ ဖုန်းအတွင်း၌ စစ်သုံး ပလတ်စတစ် ဖောက်ခွဲရေးပစ္စည်းများ၏ ဂုဏ်သတ္တိများကို AI Chatbot တွင် ရှာဖွေထားခြင်းနှင့် ၎င်းကိုယ်တိုင် လက်နက်များကို ကိုင်တွယ်နေသည့် ဗီဒီယိုများ တွေ့ရှိရကြောင်း ထိုင်းမီဒီယာများက ဖော်ပြကြရာ "အကြမ်းဖက်မှု" ရည်ရွယ်ချက် ရှိနိုင်သည်ဟု စိုးရိမ်မှုများ မြင့်တက်ခဲ့သည်
👍5😁2❤1👏1
ဥရောပ၊ ပင်လယ်နက်နဲ့ အလယ်အာရှတို့ကို ဆက်သွယ်ပေးမယ့် မဟာဗျူဟာမြောက် ထွက်ပေါက်တစ်ခုအဖြစ် ရည်မှန်းခဲ့တဲ့ အာနာကလီယာ ရေနက်ဆိပ်ကမ်းဟာ အနာဂတ်ရဲ့ တိုက်ကြီးများအကြား ကုန်သွယ်ရေးလမ်းကြောင်းမှာ ဂျော်ဂျီယာကို အဓိကနေရာကနေ ပါဝင်စေဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဒီ စီမံကိန်းဟာ ပြည်တွင်းနိုင်ငံရေး ကစားကွက်တွေ၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရုရှား၊ တရုတ်တို့ရဲ့ ဖိအားတွေကြားမှာ ပိတ်မိနေခဲ့ပါတယ်။

ဒါပေမဲ့ ရည်မှန်းချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး အခုချိန်မှာတော့ ဘာမှ လုပ်လို့မရတဲ့ အခြေအနေရဲ့ ပြယုဂ် ဖြစ်နေပါပြီ။ ဒီလို အလှည့်အပြောင်းဟာ ၂၀၁၉ ခုနှစ်မှာ စခဲ့တာပါ။ အဲဒီချိန်က ဂျော်ဂျီယာအစိုးရဟာ ဆိပ်ကမ်းမှာ ရင်းနှီးမြှုပ်နှံ တည်ဆောက်နေတဲ့ အမေရိကန် ကျောထောက်နောက်ခံပြု လုပ်ငန်းစုနဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဒီ စီမံကိန်းကို အစောကြီးကတည်းက ကန့်ကွက်နေတဲ့ ရုရှားအတွက် အကြိုက် ဖြစ်သွားစေခဲ့ပါတယ်။
❤7🔥3👍1
ပေးချင်တဲ့ သတင်းစကားက ကက်သလစ်ဘာသာ တရုတ်ပြည်မှာ ဆက်ရှိနေချင်တယ်ဆိုရင် နိုင်ငံတော်ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို အကျိုးပြုနိုင်အောင် ပြန်ပြီး ပြုပြင်ပုံဖော်ရမယ် ဆိုတာပါပဲ။

အခု ဖြစ်ရပ်တွေကနေ ထွက်ပေါ်လာတာကတော့ ဧဝံဂေလိတရား ဟောပြောဖို့၊ ခရစ်ယာန် ဓမ္မမင်္ဂလာတွေ ပေးဖို့ ဒါမှမဟုတ် ကမ္ဘာလုံးဆိုင်ရာ အသင်းတော်အပေါ် သစ္စာရှိဖို့ထက် ပါတီရဲ့ လုပ်ငန်းစဉ်တွေကို စည်းကမ်းရှိရှိ အလုပ်အကျွေးပြုဖို့ကိုပဲ အဓိကထားတဲ့ ကက်သလစ်ပုံစံသစ်တခု ဖြစ်နေပါတယ်။

ဘုန်းတော်ကြီးတွေဟာ ဧဝံဂေလိတရားထက် ရှီကျင့်ဖျင်အကြောင်းကို အရင်ဟောဖို့၊ ပုပ်ရဟန်းမင်းကြီးရဲ့ စာချွန်လွှာတွေထက် ပါတီရဲ့ စာရွက်စာတမ်းတွေကို လေ့လာဖို့နဲ့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုကိုပဲ ကျင့်သုံးဖို့ သင်ကြားခံနေရတာပါပဲ။
🔥4😁3🤣1
ပဲခူးတိုင်းထဲက စစ်တောင်းမြစ်တလျှောက် ခြောက်သွေ့တဲ့ မြေပြန့်ဒေသတွေကို ဖြတ်သွားကြည့်ရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သူတို့ အခွင့်အရေးကို အသိအမှတ်ပြုမယ့် ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေတဲ့ အရှေ့ဘက်နယ်စပ်ဒေသတွေနဲ့ မတူကွဲပြားတဲ့ တော်လှန်ရေးစစ်မျက်နှာသစ်တခုကို မြင်တွေ့ရမှာပါ။

စစ်အုပ်စုဟာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ပို တိုးလုပ်လာသလို ပဲခူးတိုင်းထဲက တော်လှန်ရေးလှုပ်ရှားမှုတွေကို ခြေရာခံဖို့ ဒလန်ကွန်ရက်တွေကို အကြီးအကျယ် အသုံးချနေပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံတယ်လို့ သင်္ကာမကင်း ဖြစ်ရတဲ့ ရွာတွေ ထပ်တလဲလဲ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပါတယ်။
👍10❤1😁1
သို့သော် ထို ရောဂါ၏ ပိုး ကူးစက်ချိန်မှ ရောဂါလက္ခဏာ ပြချိန်အထိ ရောဂါပျိုးရက် (Incubation period) မှာ ခြောက်ပတ်အထိ ကြာမြင့်နိုင်သဖြင့် နောက်ထပ် ကူးစက်ခံရသူများ ထပ်မံ တွေ့ရှိလာနိုင်ခြေရှိကြောင်း WHO က ဆိုသည်။

ဟန်တာဗိုင်းရပ်စ်သည် များသောအားဖြင့် ကြွက်များမှတဆင့် ပျံ့နှံ့လေ့ရှိပြီး ကြွက်၏ ဆီး၊ မစင် သို့မဟုတ် တံတွေးတို့ဖြင့် ညစ်ညမ်းနေသော လေကို ရှုရှိုက်မိရာမှ လူများကို ကူးစက်ခြင်းဖြစ်သည်။ ယခု ကူးစက်မှု၏ တရားခံဖြစ်သော အန်းဒီးစ် ဗိုင်းရပ်စ်မျိုးကွဲသည် လူအချင်းချင်း ကူးစက်နိုင်ခြေ အလွန် နည်းပါးသော်လည်း ကူးစက်မှု ရှိကြောင်း ယခင်က မှတ်တမ်းတင်ထားသည်။
👍7❤2
၂၀၂၅ ခုနှစ် အစောပိုင်းက စပရတ်တလေကျွန်းစု၌ ဗီယက်နမ်၏ ကျွန်းတု တည်ဆောက်မှုက တရုတ်ကို အမီလိုက်နိုင်မည့် အခြေအနေရှိခဲ့သော်လည်း၊ အန်တဲလုသန္တာကျောက်တန်းတွင် တရုတ်က ကျွန်းတုတည်ဆောက်ရေးအတွက် မြေဖို့မှုများ ထပ်မံ လုပ်ဆောင်လာခြင်းကြောင့် ကွာဟချက်မှာ ပြန်လည် ကျယ်ပြန့်သွားခဲ့သည်။ တရုတ်၏ စုစုပေါင်း ကျွန်းတုဧရိယာမှာ ၂,၂၀၉ ဟက်တာ ရှိပြီး သန္တာကျောက်တန်းပျက်စီးမှုမှာ ၂,၅၁၈ ဟက်တာအထိ ရှိလာသည်။

ဗီယက်နမ်က ပိုမို ကြီးမားသော သန္တာကျောက်တန်းများတွင် အရေးပါသော အခြေခံ အဆောက်အအုံများ တည်ဆောက်ကာ Grierson၊ Petley နှင့် South ကျောက်တန်းများတွင် ဆိပ်ကမ်းသစ် သုံးခု တည်ဆောက်ထားပြီး ဖြစ်သည်။
❤9👍4🔥2
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ သွေးအစွန်းဆုံး ပဋိပက္ခဖြစ်သည့် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ "ဒီကိစ္စက အဆုံးသတ်ဖို့ နီးကပ်လာပြီလို့ ကျွန်တော် ထင်ပါတယ်" ဟု ပူတင်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့ပြင် ဥရောပအတွက် လုံခြုံရေးဆိုင်ရာ အစီအစဉ်သစ်များကို ညှိနှိုင်းရန် ဆန္ဒရှိကြောင်းနှင့် ၎င်းနှစ်သက်သည့် ညှိနှိုင်းဖက်မှာ ဂျာမနီအဓိပတိဟောင်း ဂဲဟတ် ရှရိုဒါဖြစ်ကြောင်းလည်း ပူတင်က ပြောသည်။

ယခုနှစ် မေလ ၉ ရက် အမျိုးသားအားလပ်ရက် စစ်ရေးပြအခမ်းအနားတွင် ယခင်ကကဲ့သို့ တိုက်ချင်းပစ်ဒုံးကျည်များ၊ တင့်ကားများနှင့် ဒုံးကျည်စနစ်များ ရင်ပြင်အတွင်း ချီတက်မည့်အစား၊ ကရင်မလင် တံတိုင်းရှေ့ရှိ စခရင်ကြီးများတွင် စစ်လက်နက်ပစ္စည်းများ လှုပ်ရှားနေသည့် ဗီဒီယိုဖိုင်များကိုသာ ပြသခဲ့သည်။
👎4🔥3❤1😁1🤣1
ယူကရိန်းအစိုးရ၏ တောင်းဆိုမှုကြောင့် SpaceX ကုမ္ပဏီက ရုရှား၏ Starlink ဂြိုဟ်တုဆက်သွယ်ရေး စနစ်အသုံးပြုခွင့်ကို ယခုနှစ်ဆန်းပိုင်းတွင် ပိတ်ပင်လိုက်ခြင်းကြောင့်၊ ၂၀၂၆ ခုနှစ်တွင်မောင်းသူမဲ့ ရေ ယာဉ်များ (USVs) အသုံးပြု၍ အကြီးစားစစ်ဆင်ရေးတခုပြုလုပ်ရန် ရုရှားက စီစဉ်ခဲ့သော်လည်း ယင်းအစီအစဉ်ပျက်သွားခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ နည်းပညာဆိုင်ရာအကြံပေး ပုဂ္ဂိုလ်ဖြစ်သူ ဆာဟီ ဘက်စခရက်စနော့ဗ်က ပြောကြားခဲ့သည်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ မောင်းသူမဲ့ရေယာဉ်များ၏ ထိရောက်မှုကို ရုရှားက မြင်တွေ့ပြီး နောက် ယူကရိန်း၏ နည်းပညာကို လျင်မြန်စွာ ပုံတူကူးရန် ကြိုးပမ်းလာခဲ့ကြောင်း ၎င်း၏ ပြောကြားခဲ့ သည်။
👍7🔥2
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့က အီသီယိုးပီးယားနိုင်ငံသား သုံး ဦးအား သေဒဏ်စီရင်ခဲ့ပြီးနောက် အကျဉ်းသား ၆၅ ဦးထက်မနည်းမှာလည်း "ချက်ချင်းစီရင်ခံရမည့် အန္တရာယ်" နှင့် ရင်ဆိုင်နေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (Human Rights Watch - HRW) က မကြာသေးမီက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါအဖွဲ့၏ အဆိုအရ ပြစ်ဒဏ်ကျခံနေရသည့် ရွှေ့ပြောင်းအလုပ်သမား အများအပြားမှာ ၂၀၂၀-၂၀၂၂ အီသီယိုးပီးယား ပြည်တွင်းစစ်အတွင်း တီဂရေးဒေသမှ ထွက်ပြေးလာကြသူများ ဖြစ်ကြပြီး၊ အလုပ်အကိုင်ရှာဖွေရန် ဆော်ဒီနိုင်ငံသို့ ရောက်ရှိနိုင်ရေးအတွက် အေဒင်ပင်လယ်ကွေ့ကို ဖြတ်ကျော်ကာ ယီမင်နိုင်ငံမှတဆင့် ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
😱4👍1
အီရန်အနေဖြင့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၌ "သေချာပေါက်" ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အီရန်ဘောလုံးအဖွဲ့ချုပ်က မေလ ၉ ရက်တွင် ပြောသည်။

ထို့ပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံများဖြစ်ကြသည့် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့အနေဖြင့် အီရန်အသင်း၏ ခရီးသွားလာရေးနှင့် ဆက်ဆံခံရမည့် အခြေအနေတို့နှင့်ပတ်သက်ပြီး တီဟီရန်၏ စိုးရိမ်ပူပန်မှုများအပေါ် ထည့်သွင်းစဉ်းစားပေးရေးကိုလည်း အီရန်ဘောလုံးအဖွဲ့ချုပ်က တိုက်တွန်းသည်။

"အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ထဲမှာ စစ်မှုထမ်းခဲ့ဖူးသူတွေ အပါအဝင် ကစားသမားအားလုံးနဲ့ နည်းပြအဖွဲ့ဝင်တွေအနေနဲ့ အခက်အခဲပြဿနာတစုံတရာမရှိဘဲ ဗီဇာ ရရှိသင့်ပါတယ်" ဟု အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မယ်ဒီတာ့ဂျ်က ပြောကြောင်း အီရန်မီဒီယာများတွင် ဖော်ပြသည်။
👍5❤2🔥1
အဆိုပါ အခြေစိုက်စခန်းကို စစ်ပွဲမစတင်မီလေးမှာပင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ကလည်း သိရှိခဲ့ကာ အစ္စရေးအထူးတပ်ဖွဲ့များက အစ္စရေးလေတပ်အတွက် ထောက်ပံ့ရေးဗဟိုချက်အဖြစ် အသုံးပြုခဲ့ကြသည်။

ထိုဒေသအတွင်း ရဟတ်ယာဉ်လှုပ်ရှားမှုများအပါအဝင် သံသယဖြစ်ဖွယ် စစ်ရေးလှုပ်ရှားမှုများကို သိုးကျောင်းသားတဦး မြင်တွေ့ခဲ့ကြောင်း မတ်လအစောပိုင်းတွင် အီရတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီးနောက် အီရတ်တပ်ဖွဲ့များက လာရောက်စစ်ဆေးခဲ့ရာမှ အဆိုပါအခြေစိုက်စခန်းမှာ လူသိလုနီးပါးဖြစ်ခဲ့သည်။ အစ္စရေးသည် အီရတ်တပ်ဖွဲ့များကို အဆိုပါနေရာသို့ မရောက်ရှိနိုင်အောင် လေကြောင်းတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ကာ ဟန့်တားခဲ့သည်။
❤4👍3🔥2