Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
https://www.youtube.com/watch?v=6VWFuG_t_lo
Surin ဘုရားကျောင်း ၃ ခုကို ထိုင်းနိုင်ငံပိုင်အဖြစ်စာရင်းသွင်းခြင်း တရားမဝင်ဟု ကမ္ဘောဒီးယား ပြော
👍5❤1👏1
https://www.youtube.com/watch?v=7ckworGiiG4
ရေနံပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော ကျူးဘားသို့ CIA ညွှန်မှူး သွားရောက်
👍3👏1
အမေရိကန်ရဲ့ ထိုင်ဝမ်မူဝါဒ ပြောင်းလဲမှာမဟုတ်ကြောင်း ရူဘီယို အလေးပေး ပြော

RtiMyanmar

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ဟာ မနေ့က (မေလ ၁၄ ရက်) ပေကျင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုအတွင်းမှာ အမေရိကန်ရဲ့ ထိုင်ဝမ်အပေါ် ထားရှိတဲ့ မူဝါဒတွေဟာ အခုထက်ထိ ပြောင်းလဲခြင်းမရှိသေးကြောင်းနဲ့ လက်ရှိအခြေအနေကို ပြောင်းလဲပစ်တာမျိုးဟာ အမေရိကန်ရော တရုတ်အတွက်ပါ အကျိုးမရှိနိုင်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

ဒီပြောကြားချက်အပေါ် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ကျားလုန် က ဒီနေ့မှာပဲ ကျေးဇူးတင်စကား ဆိုလိုက်ပြီး ထိုင်ဝမ်အနေနဲ့ ကိုယ်တိုင်ကာကွယ်နိုင်စွမ်းကို ဆက်လက်မြှင့်တင်သွားမှာဖြစ်သလို အမေရိကန်အပါအဝင် စိတ်တူကိုယ်တူ ဒီမိုကရေစီနိုင်ငံတွေနဲ့အတူ ဒေသတွင်း တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ထရမ့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ မနေ့က တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး ဒီနေ့မှာလည်း အလုပ်သဘော နေ့လယ်စာစားပွဲတွေ ရှိနေတာကြောင့် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သူတို့နှစ်ဦးရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။
👍10❤3
အဆိုပါ စောင့်ကြည့်သည် ဆိုသည့် နေရာ ဆိုသည်မှာ အီရန်၏ အဆင့်မြင့်သန့်စင်ပြီး ယူရေနီယံအများစုကို သိုလှောင်ထားသည်ဟု ယူဆရသော အစ္စဖာဟန် နျူကလီးယား နည်းပညာစင်တာကို ထရမ့်က ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

“အဲ့ဒီမှာ လှုပ်ရှားတဲ့သူ မှန်သမျှကို ကျွန်တော်တို့ သိတယ်။ လူတယောက်ချင်းရဲ့ နာမည်ကိုတောင် ကျွန်တော်တို့ လှမ်းဖတ်လို့ ရတယ်။ တကယ်လို့ သူ့နာမည်က မိုဟာမက် အစချီတဲ့ နာမည် ဖြစ်နေမယ်ဆိုရင်ပေါ့၊ သူတို့ထဲက အများစုက မိုဟာမက်တွေပဲ၊ ဒါကို ခန့်မှန်းကြည့်ရင် ၅၀ ရာခိုင်နှုန်းလောက် မှန်နိုင်တယ်။ သူ့ရဲ့ ရင်ထိုးနာမည်ကတ်ပြားပေါ်က နာမည်ကို အာကာသထဲကနေ အမိအရ ဖတ်နိုင်ပါတယ်။ ဒါက တကယ့်ကို အံ့သြစရာကောင်းတဲ့ အရာပါ။ အဲ့ဒီနေရာနားကို လာတဲ့သူမှန်သမျှကို ကျွန်တော်တို့ မှတ်တမ်းတင်ထားပြီးသားပါ” ဟု ထရမ့်က ပြောသည်။
👍7❤1😱1
👍5❤1
မဇ္ဈိမ။ ။ Sky Aviator မြန်မာလက်နက်ပွဲစားကွန်ရက်သည် ထိုင်းနိုင်ငံတွင် အစုရှယ်ယာဝယ်ယူရန် ကြိုးပမ်းနေမှုမှာ “ကြီးလေးသော ငွေကြေးခဝါချမှုနှင့် ဆက်စပ်သည့် စိုးရိမ်ဖွယ်ရာများ” ဖြစ်ပေါ်စေကြောင်း Justice for Myanmar (JFM) က ယမန်နေ့ (မေလ ၁၅ ရက်) က ထုတ်ပြန်ပြောဆိုသည်။

အဆိုပါ လက်နက်ပွဲစားကွန်ရက်သည် အမည်ခံပိုင်ဆိုင်မှုအစီအမံတခုကို အသုံးပြုပြီး ထိုင်းစတော့အိတ်ချိန်း (SET) စာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC) တွင် ကြီးမားသော အစုရှယ်ယာ ပမာဏတရပ်ကို ဝယ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း JFM က ဖော်ပြသည်။

“Sky Aviator လက်နက်ပွဲစားကွန်ရက်က အဆိုပါ ရင်းနှီးမြှုပ်နှံမှုအား အပြီးသတ်ဆောင်ရွက်ကာ ACC ကုမ္ပဏီတွင် အကြီးဆုံးရှယ်ယာရှင်အုပ်စု ဖြစ်လာမည့်အခြေအနေအား အရေးယူတားဆီးရန်နှင့် ထိုင်းနိုင်ငံဘဏ္ဍာရေးစနစ်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်မှာ ထိုင်းအာဏာပိုင်များအပေါ် တာဝန်ကျရောက်လာပြီ ဖြစ်သည်” ဟု JFM က ပြောသည်။

ထိုရင်းနှီးမြှုပ်နှံမှုကို မကြာသေးမီကမှ တည်ထောင်သည့် ထိုင်းကုမ္ပဏီနှစ်ခုဖြစ်သော Sky Avia ထရေးဒင်း ကုမ္ပဏီလီမိတက်နှင့် Heli Asia ထရေးဒင်း ကုမ္ပဏီလီမိတက်တို့မှတဆင့် သီးသန့်ရှယ်ယာ လွှဲပြောင်းရောင်းချမှုပုံစံဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီနှစ်ခု၏ စင်ကာပူမိခင်ကုမ္ပဏီများကို မြန်မာစစ်အုပ်စု အသုံးပြုနေသည့် အဓိက စစ်လက်နက်ပွဲစားများထဲမှ တဦးဖြစ်သည့် ဦးကျော်မင်းဦးက ၂၀၂၂ ခုနှစ်တွင် ၎င်း၏ကာလရှည် အမည်ခံဒါရိုက်တာထံ စာရွက်စာတမ်းပေါ်တွင် ရှယ်ယာများ လွှဲပြောင်းခဲ့ခြင်းမတိုင်မီအထိ အပြည့်အဝပိုင်ဆိုင် ဦးဆောင်ခဲ့ကြောင်း JFM က ဆိုသည်။
👍7❤2
ရုရှား၏ "ကျူးကျော်စစ် စစ်ဆင်ရေးသစ်များ" ၌ ပါဝင်လာအောင် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုအား စည်းရုံးရန် ရုရှားက လူကာရှန်ကို ကို ထပ်မံ ဆက်သွယ်နေသည်ကို ယူကရိန်းက သိရှိထားကြောင်း ၎င်းက ပြောသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အရင်းနှီးဆုံး မဟာမိတ်များထဲမှ တဦးဖြစ်သူ လူကာရှန်ကိုက ၂၀၂၂ ဖေဖော်ဝါရီ၌ ၎င်း၏ အိမ်နီးချင်းနိုင်ငံငယ် ယူကရိန်းအား ရုရှားက ကျူးကျော်တိုက်ခိုက်မှုတွင် တစိတ်တပိုင်းအဖြစ် ၎င်း၏ နယ်မြေကို အသုံးပြုခွင့်ပေးခဲ့သော်လည်း တိုက်ခိုက်ရာ ဘီလာရုစ်တပ်ဖွဲ့ဝင်များကိုမူ စေလွှတ်ခဲ့ခြင်း မရှိပေ။
👍3😁2
သမ္မတကတော် မီလန်နီယာထရမ့်က သမ္မတအိမ်တော်ဝင်းအတွင်း ပျားအုံအသစ်များ ထပ်မံထည့် သွင်းပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာ သောကြာနေ့တွင်၊ ပျားကောင်ရေ ထောင်ပေါင်း များစွာသည် မြောက်မြက်ခင်းပြင်သို့ အစုလိုက်အပြုံလိုက် ရောက်ရှိလာခဲ့သဖြင့် အိမ်ဖြူတော်တွင် မထင်မှတ်ထားဘဲ ဆူညံပွက်လောရိုက်ခဲ့သည်။

မြောက်မြက်ခင်းပြင်ရှိ သတင်းထောက်များအခြေစိုက်ရာ ပက်ဘဲလ်ဘိချ်မီဒီယာဧရိယာအနီး၊ အိမ်ဖြူ တော်ဝင်းအနောက်ဘက်ပိုင်းတွင် ပျားအုပ်ကြီးကို စတင်တွေ့ရှိခဲ့သည်။
👍4😁2❤1😱1