Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဘန်ကောက်မြို့၊ ရတ်ချာသီဝီခရိုင်ရှိ မက္ကဆန်ဘူတာအနီးတွင် ကုန်တင်ရထားတစင်းနှင့် ခရီးသည် ဘတ်စ်ကားတစီး ယနေ့ (မေလ ၁၆ ရက်) မွန်းလွဲပိုင်းက တိုက်မိရာ အနည်းဆုံး လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

ရတ်ချာသီဝီခရိုင်ရုံး၏ အဆိုအရ မီးလောင်မှုနှင့်အတူ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားကြောင်း အခင်းဖြစ်ရာဆီ ရောက်ရှိလာသည့် ဖာရာထိုင်း မီးသတ်နှင့် ကယ်ဆယ်ရေးစခန်းမှ တပ်ဖွဲ့ဝင်များက သတင်းပို့ကြောင်း သိရသည်။
😢3
ထရမ့်၏ သောကြာနေ့က အဆုံးသတ်သော တရုတ်ဆီ နိုင်ငံတော် ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က တရုတ်၏ နယ်မြေအဖြစ် အပိုင်ပြုဆိုထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီ ထိုင်ဝမ်ကျွန်းနိုင်ငံကို ထောက်ခံခြင်းမပြုရန် ထရမ့်အား ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

ထိုင်ဝမ်ဆီ အမေရိကန်၏ လက်နက်ရောင်းချမှုကိစ္စနှင့် ပတ်သက်ပြီး ရှီကျင့်ဖျင်နှင့် ဆွေးနွေးမည်ဟု ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ထရမ့်က ပြောခဲ့ခြင်းမှာ ထိုင်ဝမ်ဆီ လက်နက်ရောင်းချမှု၌ တရုတ်နှင့် တိုင် ပင်ဆွေးနွေးမည်မဟုတ်ဟူသော အမေရိကန်၏ ယခင် ရပ်တည်ချက်မှ သွေဖည်ခြင်းပဲ ဖြစ် သည်။
👍6😁1😱1
"ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ လွတ်လပ်ရေး ရအောင် လုပ်ပေးဖို့ ကြိုးစားနေမှာ မဟုတ်ပါဘူး၊ ပြီးတော့ သိတဲ့အတိုင်း စစ်ပွဲတခုဆင်နွှဲဖို့ ကျွန်တော်တို့ မိုင်ပေါင်း ၉,၅၀၀ အကွာအဝေးအထိ သွားရမှာလေ၊ ကျွန်တော် အဲဒါမျိုးကို မလိုလားဘူး" ဟု ထရမ့်က ပြောပြီး၊ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံးအနေဖြင့် "စိတ်အေးအေးထားကြရန်" လိုလားကြောင်း ထည့်သွင်းဆိုသည်။

အမေရိကန်၏ ထိုင်ဝမ်ဆီ လက်နက်ရောင်းချမှု မှန်သမျှကို အစဉ်တစိုက် ဆန့်ကျင်လာခဲ့သည့် တရုတ်သို့ ခရီးစဉ် မသွားရောက်မီ၊ ထရမ့်အစိုးရအဖွဲ့က ထိုင်ဝမ်အား အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့် တန်ဖိုးရှိသော လက်နက်ရောင်းချမှု အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြထားသည်။
👍5💩2
မဇ္ဈိမ။ ။ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်ခြောက်ဦးနှင့် သေနတ် ၁၄ လက် ကို တမူးခရိုင် ကွပ်ကဲရေး တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့မှုအပေါ် NUG-MOD ထံ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ရှစ်လကြာသည်အထိ ထူးခြားမှု မရှိသေးကြောင်း ရွှေဘိုခရိုင် တပ်ရင်းမှူး ကိုလက်ျာက ပြောသည်။

ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အဖွဲ့များ ဖြစ်သည်။ ရွှေဘိုခရိုင် အမှတ် (၉၇၀၆) တပ်ရင်းမှ လက်နက်များကို ပြုပြင်ရန် တမူးခရိုင်အတွင်းသို့ ယူဆောင်လာစဉ် ထိုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
👍6😁1
ပြည်ပရောက်နိုင်ငံသားများကို ငွေပြန်ပို့ရန် စစ်အုပ်စုက ဖိအားပေးသည့် စည်းမျဉ်းများချမှတ်ပြီးနောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ပြန်ပို့ငွေများသည် မြန်မာ၏ အကြီးမားဆုံးနိုင်ငံခြားငွေရင်းမြစ်တခု ဖြစ်လာခဲ့ကြောင်း Bloomberg သတင်းဌာနက မြင်တွေ့ခဲ့ရသည့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက် အလက်များတွင် ဖော်ပြထားသည်။

အများပြည်သူသို့ ထုတ်ပြန်ထားခြင်းမရှိသော အချက်အလက်များတွင် ၂၀၂၅ ခုနှစ်တွင် လုပ်သားများ၏ လွှဲပို့ငွေသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံအထိ ရှိခဲ့ပြီး ယင်းမှာ နိုင်ငံခြားငွေစီးဝင် မှုစုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းခန့် ရှိသည်။
😁3👎1😢1
မဇ္ဈိမ။ ။တနင်္သာရီတိုင်း မြိတ်မြို့နယ်၌ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မေလ ၁၇ ရက်) နံနက် ၈ နာရီအချိန်ခန့်က မြိတ်မြို့နယ် ကလွင်စုံခေါင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာလမ်းရှိ စက်သုံးဆီဆိုင် ဆီဂိုဒေါင်တွင် ဆီဘောက်ဆာကားသို့ ဆီဖြည့်ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ဆီလာဖြည့်သူတဦးနှင့် ဆီဆိုင်မှ အလုပ်သမားနှစ်ဦး သေဆုံးကာ အခြားတဦး ထိခိုက်ဒဏ်ရာ ရထားခြင်းဟု သိရသည်။

“ ဆီကားထဲ ဆီကဲ့နေရင်းနဲ့ ဖြစ်တာလို့ကြားပါတယ်။ ထိတာက ပရဟိတအသင်းက တယောက်၊ ဆီဂိုဒေါင်အလုပ်သမား နှစ်ယောက်၊ ဆိုင်ကယ် ဆီလာဖြည့်တဲ့သူက တယောက်၊ စုစုပေါင်း လေးယောက်။ နှစ်ယောက်က နေရာမှာ သေတာ၊ တယောက်က ဆေးရုံရောက်မှသေတာ။ ကျန်တဲ့တယောက်က စောင့်ကြည့်လူနာပါ” ဟု မြိတ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
😱4❤3👎1
ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုက အမေရိကန်-တရုတ် ဆက်ဆံရေးတွင် "အလွန်ကောင်းမွန်သော ညှိနှိုင်းရေးဖဲချပ်" တခုဖြစ်သည်ဆိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မကြာသေးမီက ပြောကြားချက်ကြောင့် (ပေကျင်းအစိုးရက ၎င်းတို့ပိုင်နက်အဖြစ် အခိုင်အမာပြောဆိုထားသည့်) ဒီမိုကရေစီနည်းကျ အုပ်ချုပ်သော ထိုင်ဝမ်တွင် စိုးရိမ်ပူပန်မှုများကို ပိုမိုမြင့်တက်လာစေခဲ့သည်။

လများစွာကြာ ကြန့်ကြာနေခဲ့သည့် ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမှု အစီအစဉ်ကို အတည်ပြုပေးမည်လားဟု မေးမြန်းရာတွင် ထရမ့်က ယင်းမှာ တရုတ်အပေါ်တွင် မူတည်ကြောင်း ဖြေကြားသည်။

"ကျွန်တော် အဲဒါကို ခေတ္တဆိုင်းငံ့ထားပါတယ်၊ ဒါက တရုတ်အပေါ်မှာပဲ မူတည်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက ကျွန်တော်တို့အတွက် အလွန်ကောင်းတဲ့ ညှိနှိုင်းရေးဖဲချပ်တခုပါပဲ။ လက်နက်တွေ အများကြီးလေ" ဟု ၎င်းက ပြောသည်။
👍5🔥1😁1
ရုရှားသမ္မတ ပူတင်က လာမည့်သီတင်းပတ်အတွင်း ပေကျင်းမြို့သို့ နှစ်ရက်ကြာ ခရီးစဉ်သွားရောက်ပြီး တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့က စနေနေ့တွင် ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်သို့ နိုင်ငံတော်အဆင့်ခရီးစဉ်သွားရောက်မှုပြီးဆုံးပြီးနောက် ၂၄ နာရီမပြည့်မီ ရုရှား၏ ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ ထရမ့်သည် တရုတ်တွင် ရှီကျင့်ဖျင်နှင့်တွေ့ဆုံကာ ကုန်သွယ်ရေးကိစ္စရပ်များနှင့် အီရန်စစ်ပွဲအခြေအနေများကို ဆွေးနွေးခဲ့သည်။
🔥7
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်အပြီးတွင် အိမ်ဖြူတော်ဝန်ထမ်းများနှင့် ခရီးစဉ်အတူလိုက်ပါလာသည့် သတင်းထောက်များ အပါအဝင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Air Force One လေယာဉ်ပေါ်သို့ မတက်မီ တရုတ်အရာရှိများ ထုတ်ပေးထားသည့် ပစ္စည်းအားလုံးကို စွန့်ပစ်ခဲ့ကြသည်။

အဆိုပါ စွန့်ပစ်ခဲ့သည့် ပစ္စည်းများထဲတွင် ယာယီသုံးဖုန်းများ၊ သတင်းထောက်ကတ်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင် ရင်ထိုးတံဆိပ်များ၊ လက်ဆောင်များနှင့် အထိမ်းအမှတ် အမှတ်တရပစ္စည်းများ ပါဝင်သည်။ "တရုတ်နိုင်ငံမှ မည်သည့်ပစ္စည်းကိုမျှ" လေယာဉ်ပေါ်သို့ ယူဆောင်ခွင့်မပြုဆိုသော ညွှန်ကြားချက်နှင့်အတူ ထိုပစ္စည်းများကို စုပြီး လေယာဉ်လှေကားခြေရင်းရှိ အမှိုက်ပုံးတခုထဲသို့ ထည့်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

စောင့်ကြည့်ထောက်လှမ်းမှု အန္တရာယ်မြင့်မားသည်ဟု သတ်မှတ်ထားသော နိုင်ငံများသို့ သွားရောက်သည့် ခရီးစဉ်များအတွက် ယခုကဲ့သို့ စွန့်ပစ်ခြင်းမှာ ထောက်လှမ်းရေး တန်ပြန်ကာကွယ်ရေးဆိုင်ရာ စံလုပ်ထုံးလုပ်နည်း တစိတ်တပိုင်း ဖြစ်ကြောင်း အရာရှိများနှင့် လုံခြုံရေးကျွမ်းကျင်သူများက ပြောသည်။
👏8👍2🤣2
မဇ္ဈိမ။ ။ မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာခြောက်ရွာအနက် ကျေးရွာ နှစ်ရွာရှိ မီးဘေးသင့်အိမ်ထောင်စု ၂၀၀ ဝန်းကျင်ကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ရပ်ကျေးကူညီရေးအဖွဲ့များက ဆန်၊ ငွေကြေးနှင့် အဝတ်အစားများ နှစ်ရက်ဆက်တိုက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း စလင်းမြို့နယ် (ပကဖ) ထံက သိရသည်။

“မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာ နှစ်ရွာ ရှိ အပြစ်မဲ့ပြည်သူ အိမ်ထောင်စု ၂၀၀ ဝန်းကျင်အား တအိမ်ထောင်လျှင် ဆန် နှစ်ပြည်၊ငွေ ၁၀,၀၀၀ ကျပ်နှင့် အဝတ်အစားများအား ရပ်ကျေး(ပကဖ)ကူညီရေးတာဝန်ခံများ၏ ကူညီထောက်ပံ့မှု့ဖြင့် စလင်းမြို့နယ်(ပကဖ) တာဝန်ခံများနှင့် ရဲဘော်များမှ နှစ်ရက်ဆက်တိုက် သွားရောက်ကူညီထောက်ပံ့ ပေးခဲ့ပါတယ်ဗျ”ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စလင်းမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်းများသည် ပြီးခဲ့သည့် မေလ ၁ ရက်နှင့် ၄ ရက်နေ့များတွင် ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာ ခြောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
👍8❤2😁1
မြန်မာတွင် စစ်အုပ်စုက လွတ်လပ်သော သတင်းဌာနသုံးခု၏ လိုင်စင်များကို မကြာသေးမီက ထပ်မံ ရုပ်သိမ်းလိုက်ခြင်းကြောင့် သတင်းစာလွတ်လပ်ခွင့် ဆက်လက်ပိတ်ပင်ကန့်သတ်ခံနေရမှုအပေါ် စိုးရိမ် ပူပန်ကြောင်း ဂျီနီဗာအခြေစိုက်ကမ္ဘာ့မီဒီယာဘေးကင်းလုံခြုံရေးနှင့် အခွင့်အရေးဆိုင်ရာအဖွဲ့ ဖြစ်သော စာနယ်ဇင်းအထိမ်းအမှတ်လှုပ်ရှားမှုအဖွဲ့ (PEC) က ဖော်ပြလိုက်သည်။

စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနသည် မကြာသေးမီက ဥပဒေပုဒ်မအမျိုးမျိုးကို ကိုးကား၍ မြေလတ် အသံ၊ Red News Agency နှင့် Asia Citizens News Agency တို့၏ ထုတ်ဝေခွင့်များကို ပိတ်ပင်ခဲ့သည်။
👍7🔥2❤1👎1😁1