Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မဇ္ဈိမ။ ။ မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာခြောက်ရွာအနက် ကျေးရွာ နှစ်ရွာရှိ မီးဘေးသင့်အိမ်ထောင်စု ၂၀၀ ဝန်းကျင်ကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ရပ်ကျေးကူညီရေးအဖွဲ့များက ဆန်၊ ငွေကြေးနှင့် အဝတ်အစားများ နှစ်ရက်ဆက်တိုက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း စလင်းမြို့နယ် (ပကဖ) ထံက သိရသည်။

“မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာ နှစ်ရွာ ရှိ အပြစ်မဲ့ပြည်သူ အိမ်ထောင်စု ၂၀၀ ဝန်းကျင်အား တအိမ်ထောင်လျှင် ဆန် နှစ်ပြည်၊ငွေ ၁၀,၀၀၀ ကျပ်နှင့် အဝတ်အစားများအား ရပ်ကျေး(ပကဖ)ကူညီရေးတာဝန်ခံများ၏ ကူညီထောက်ပံ့မှု့ဖြင့် စလင်းမြို့နယ်(ပကဖ) တာဝန်ခံများနှင့် ရဲဘော်များမှ နှစ်ရက်ဆက်တိုက် သွားရောက်ကူညီထောက်ပံ့ ပေးခဲ့ပါတယ်ဗျ”ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စလင်းမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်းများသည် ပြီးခဲ့သည့် မေလ ၁ ရက်နှင့် ၄ ရက်နေ့များတွင် ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာ ခြောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
👍8❤2😁1
မြန်မာတွင် စစ်အုပ်စုက လွတ်လပ်သော သတင်းဌာနသုံးခု၏ လိုင်စင်များကို မကြာသေးမီက ထပ်မံ ရုပ်သိမ်းလိုက်ခြင်းကြောင့် သတင်းစာလွတ်လပ်ခွင့် ဆက်လက်ပိတ်ပင်ကန့်သတ်ခံနေရမှုအပေါ် စိုးရိမ် ပူပန်ကြောင်း ဂျီနီဗာအခြေစိုက်ကမ္ဘာ့မီဒီယာဘေးကင်းလုံခြုံရေးနှင့် အခွင့်အရေးဆိုင်ရာအဖွဲ့ ဖြစ်သော စာနယ်ဇင်းအထိမ်းအမှတ်လှုပ်ရှားမှုအဖွဲ့ (PEC) က ဖော်ပြလိုက်သည်။

စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနသည် မကြာသေးမီက ဥပဒေပုဒ်မအမျိုးမျိုးကို ကိုးကား၍ မြေလတ် အသံ၊ Red News Agency နှင့် Asia Citizens News Agency တို့၏ ထုတ်ဝေခွင့်များကို ပိတ်ပင်ခဲ့သည်။
👍7🔥2❤1👎1😁1
ဂျာမနီနိုင်ငံ ဂျူလစ်ချ် စူပါကွန်ပျူတာစင်တာ (Jülich Supercomputing Centre - JSC) မှ သုတေသီများနှင့် အမေရိကန် နည်းပညာကုမ္ပဏီ NVIDIA တို့သည် ၅၀-Qubit (Quantum Bit - ကွမ်တမ်ဘစ်) ရှိသော ယူနီဗာဆယ် ကွမ်တမ်ကွန်ပျူတာတခုကို ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝ ပုံတူသရုပ်သကန် (Simulation) ဖန်တီးနိုင်ခဲ့ပြီး၊ ကွမ်တမ်ကွန်ပျူတာ နည်းပညာလောကတွင် ကြီးမားသော မှတ်တိုင်သစ်တခုကို စိုက်ထူနိုင်ခဲ့သည်။ ယင်းအောင်မြင်မှုကို ပြီးခဲ့သည့် စက်တင်ဘာလက ဂျာမနီနိုင်ငံ Forschungszentrum Jülich သုတေသနအင်စတီကျုတွင် တရားဝင်မိတ်ဆက်ခဲ့သည့် ဥရောပ၏ ပထမဆုံးသော Exascale စူပါကွန်ပျူတာ "JUPITER" ကို အသုံးပြု၍ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအောင်မြင်မှုသည် ၂၀၁၉ ခုနှစ်က ဂျပန်နိုင်ငံ၏ K ကွန်ပျူတာကို အသုံးပြု၍ ဂျူလစ်ချ် သိပ္ပံပညာရှင်များ ကိုယ်တိုင် တင်ရှိခဲ့သည့် ယခင် ၄၈-Qubit စံချိန်ကို ကျော်လွန်သွားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ နည်းပညာဆိုင်ရာ အောင်မြင်မှုသည် စံအမှတ်သစ်တခု တင်ရှိနိုင်ခဲ့ရုံသာမက JUPITER စူပါကွန်ပျူတာ၏ ကြီးမားလှသော စွမ်းဆောင်ရည်ကိုပါ ပေါ်လွင်စေပြီး၊ အနာဂတ် ကွမ်တမ် အယ်လ်ဂိုရီသမ်များနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုမြန်ဆန်လာစေနိုင်သည်။
👍8
တရုတ်အစိုးရ၏ လျှို့ဝှက်အေးဂျင့်အဖြစ်ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက်၊ ကာလီဖိုးနီးယားပြည် နယ်၊ အာကေးဒီးယားမြို့တော်ဝန်ရာထူးမှ နုတ်ထွက်သွားခဲ့သည့် အိုင်လင်းဝမ်၏ ဖြစ်ရပ်က တုန်လှုပ် ချောက်ချားဖွယ်အမှန်တရားတခုကို ဖော်ပြခဲ့သည်။

ယင်းမှာ တရုတ်၏ ဩဇာလွှမ်းမိုးရေးစီမံချက်များသည် ဝါရှင်တန်နှင့် လွှတ်တော်အဆောက်အအုံများ အတွင်းတွင်သာ ကန့်သတ်ထားခြင်း မရှိဟူသောအချက်ပင် ဖြစ်သည်။
🔥5👎3❤1
မဇ္ဈိမ ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ စစ်အုပ်စုတပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္ဈိမသို့ ပြောသည်။

ဖလမ်းမြို့ကို စစ်အုပ်စုက ဧပြီလ ၂၅ရက်နေ့တွင် သိမ်းပိုက်ပြီး နောက်ရက်မှစ၍ ဖလမ်း - ဟားခါး လမ်းပိုင်းကို စစ်ကြောင်းထိုးခဲ့ရာ မေလ၁၄ရက်နေ့တွင် ဟားခါးမြို့နယ် ချွန်ကျုံးရွာကိုရောက်ရှိလာပြီးနောက် ယမန်နေ့ (မေလ ၁၅ ရက်) တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ချွန်ကျုံးကိုရောက်တယ်၊ ဆက်မတိုးနိုင်သေးဘူး ၊ ကျနော်တို့တွေက ချုံခိုစောင့်ပြီးတော့ စနိုက်ဘာနဲ့ ပစ်ခဲ့တာ ၁၁ယောက်ကျတာ မျက်မြင်တွေ့ရတယ်” ဟု ဆလိုင်းထက်နီ က မဇ္ဈိမကို ပြောသည်။

ချွန်ကျုံးနှင့် ဟားခါးမြို့သည် ကီလိုမီတာ ၂၀ကျော်ခန့် အကွာအဝေးရှိပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များ ၏ ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် ဟားခါးမြို့သို့ မရောက်ရှိနိုင်သေးဖြစ်နေကြောင်း ၎င်းကဆိုသည်။
👍7❤4🥴1
Sky Aviator မြန်မာလက်နက်ပွဲစားကွန်ရက်သည် ထိုင်းနိုင်ငံတွင် အစုရှယ်ယာဝယ်ယူရန် ကြိုးပမ်း နေမှုမှာ “ကြီးလေး သော ငွေကြေးခဝါချမှုနှင့် ဆက်စပ်သည့် စိုးရိမ်ဖွယ်ရာများ” ဖြစ်ပေါ်စေကြောင်း Justice for Myanmar (JFM) က ယမန်နေ့ (မေလ ၁၅ ရက်) က ထုတ်ပြန်ပြောဆိုသည်။
👍9❤1😁1🤣1