Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မဇ္ဈိမ ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ စစ်အုပ်စုတပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္ဈိမသို့ ပြောသည်။

ဖလမ်းမြို့ကို စစ်အုပ်စုက ဧပြီလ ၂၅ရက်နေ့တွင် သိမ်းပိုက်ပြီး နောက်ရက်မှစ၍ ဖလမ်း - ဟားခါး လမ်းပိုင်းကို စစ်ကြောင်းထိုးခဲ့ရာ မေလ၁၄ရက်နေ့တွင် ဟားခါးမြို့နယ် ချွန်ကျုံးရွာကိုရောက်ရှိလာပြီးနောက် ယမန်နေ့ (မေလ ၁၅ ရက်) တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ချွန်ကျုံးကိုရောက်တယ်၊ ဆက်မတိုးနိုင်သေးဘူး ၊ ကျနော်တို့တွေက ချုံခိုစောင့်ပြီးတော့ စနိုက်ဘာနဲ့ ပစ်ခဲ့တာ ၁၁ယောက်ကျတာ မျက်မြင်တွေ့ရတယ်” ဟု ဆလိုင်းထက်နီ က မဇ္ဈိမကို ပြောသည်။

ချွန်ကျုံးနှင့် ဟားခါးမြို့သည် ကီလိုမီတာ ၂၀ကျော်ခန့် အကွာအဝေးရှိပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များ ၏ ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် ဟားခါးမြို့သို့ မရောက်ရှိနိုင်သေးဖြစ်နေကြောင်း ၎င်းကဆိုသည်။
👍7❤4🥴1
Sky Aviator မြန်မာလက်နက်ပွဲစားကွန်ရက်သည် ထိုင်းနိုင်ငံတွင် အစုရှယ်ယာဝယ်ယူရန် ကြိုးပမ်း နေမှုမှာ “ကြီးလေး သော ငွေကြေးခဝါချမှုနှင့် ဆက်စပ်သည့် စိုးရိမ်ဖွယ်ရာများ” ဖြစ်ပေါ်စေကြောင်း Justice for Myanmar (JFM) က ယမန်နေ့ (မေလ ၁၅ ရက်) က ထုတ်ပြန်ပြောဆိုသည်။
👍9❤1😁1🤣1
“ရထားနှင့် ဘတ်စ်ကားတိုက်မိသည့်” မတော်တဆမှုဖြစ်ပွားပြီးနောက် မြန်မာအမျိုးသားတဦးသည် ပျောက်ဆုံးနေသော ဇနီးဖြစ်သူအကြောင်း သတင်းပို့စဉ် ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့သည်။
ဇနီးဖြစ်သူသည် လိုင်းကားနံပါတ်(၂၀၆ )ကို စီးသွားခဲ့ပြီးနောက် အဆက်အသွယ်ပြတ်နေကာ လက်ရှိတွင် မည်သို့ဖြစ်ပျက်နေသည်ကို မသိရသေးဘဲ ဆက်သွယ်၍လည်း မရဘဲ ဖြစ်နေသည်။
😱5🔥4❤1
တရုတ်အစိုးရ၏ လျှို့ဝှက်အေးဂျင့်အဖြစ်ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက်၊ ကာလီဖိုးနီးယားပြည် နယ်၊ အာကေးဒီးယားမြို့တော်ဝန်ရာထူးမှ နုတ်ထွက်သွားခဲ့သည့် အိုင်လင်းဝမ်၏ ဖြစ်ရပ်က တုန်လှုပ် ချောက်ချားဖွယ်အမှန်တရားတခုကို ဖော်ပြခဲ့သည်။ 
ယင်းမှာ တရုတ်၏ ဩဇာလွှမ်းမိုးရေးစီမံချက်များသည် ဝါရှင်တန်နှင့် လွှတ်တော်အဆောက်အအုံများ အတွင်းတွင်သာ ကန့်သတ်ထားခြင်း မရှိဟူသောအချက်ပင် ဖြစ်သည်။
🔥4😱3