Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“ရထားနှင့် ဘတ်စ်ကားတိုက်မိသည့်” မတော်တဆမှုဖြစ်ပွားပြီးနောက် မြန်မာအမျိုးသားတဦးသည် ပျောက်ဆုံးနေသော ဇနီးဖြစ်သူအကြောင်း သတင်းပို့စဉ် ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့သည်။
ဇနီးဖြစ်သူသည် လိုင်းကားနံပါတ်(၂၀၆ )ကို စီးသွားခဲ့ပြီးနောက် အဆက်အသွယ်ပြတ်နေကာ လက်ရှိတွင် မည်သို့ဖြစ်ပျက်နေသည်ကို မသိရသေးဘဲ ဆက်သွယ်၍လည်း မရဘဲ ဖြစ်နေသည်။
😱5🔥4❤1
တရုတ်အစိုးရ၏ လျှို့ဝှက်အေးဂျင့်အဖြစ်ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက်၊ ကာလီဖိုးနီးယားပြည် နယ်၊ အာကေးဒီးယားမြို့တော်ဝန်ရာထူးမှ နုတ်ထွက်သွားခဲ့သည့် အိုင်လင်းဝမ်၏ ဖြစ်ရပ်က တုန်လှုပ် ချောက်ချားဖွယ်အမှန်တရားတခုကို ဖော်ပြခဲ့သည်။ 
ယင်းမှာ တရုတ်၏ ဩဇာလွှမ်းမိုးရေးစီမံချက်များသည် ဝါရှင်တန်နှင့် လွှတ်တော်အဆောက်အအုံများ အတွင်းတွင်သာ ကန့်သတ်ထားခြင်း မရှိဟူသောအချက်ပင် ဖြစ်သည်။
🔥4😱3
အီလွန်မတ်စ်၏ Grok ကမ္ဘာမှာမူ လုံးဝရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။ ခိုးမှု၊ ရဲစခန်းကို မီးရှို့မှုနှင့် ကိုယ်ထိလက်ရောက် စော်ကားမှုများ အပါအဝင် ရာဇဝတ်မှုပေါင်း ၂၀၄ ခုအထိ ရှိခဲ့ပြီး အေးဂျင့် ၁၀ ဦးစလုံး သေဆုံးသွားခဲ့သည်။

Google ၏ Gemini ကမ္ဘာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို ဖန်တီးခဲ့သည်။

OpenAI ၏ စမ်းသပ်မှုတွင်မူ အပြောသာရှိပြီး လက်တွေ့လုပ်ဆောင်မှု မရှိခဲ့ပေ။ ယင်းသည် ကောင်းမွန် စွာ လည်ပတ်နိုင်သော လူ့အဖွဲ့အစည်းတခုကို မတည်ဆောက်နိုင်ခဲ့ဘဲ အေးဂျင့်များအားလုံး သေဆုံးသွား ခဲ့သည်။

Emergence AI ကုမ္ပဏီက စမ်းသပ်မှုဆိုင်ရာ ဗီဒီယိုအကျဉ်းချုပ်တွင် ပြောကြားချက်အရ အံ့ဩစရာ အကောင်းဆုံးအချက်မှာ အေးဂျင့်များကို ရာဇဝတ်မှုမကျူးလွန်ရန် ရှင်းလင်းသော စည်းကမ်းချက်များ သတ်မှတ်ပေးထားသော်လည်း ယင်းတို့က ထိုစည်းကမ်းအားလုံးကို ချိုးဖောက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းအခြေအနေကို မော်ဒယ်မျိုးစုံ ရောနှောထားသည့် ကမ္ဘာတွင် အဆိုးဝါးဆုံးပုံစံဖြင့် တွေ့ရှိခဲ့ရသည်။
❤6👍4