Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“ရထားနှင့် ဘတ်စ်ကားတိုက်မိသည့်” မတော်တဆမှုဖြစ်ပွားပြီးနောက် မြန်မာအမျိုးသားတဦးသည် ပျောက်ဆုံးနေသော ဇနီးဖြစ်သူအကြောင်း သတင်းပို့စဉ် ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့သည်။
ဇနီးဖြစ်သူသည် လိုင်းကားနံပါတ်(၂၀၆ )ကို စီးသွားခဲ့ပြီးနောက် အဆက်အသွယ်ပြတ်နေကာ လက်ရှိတွင် မည်သို့ဖြစ်ပျက်နေသည်ကို မသိရသေးဘဲ ဆက်သွယ်၍လည်း မရဘဲ ဖြစ်နေသည်။
😱5🔥4❤1
တရုတ်အစိုးရ၏ လျှို့ဝှက်အေးဂျင့်အဖြစ်ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက်၊ ကာလီဖိုးနီးယားပြည် နယ်၊ အာကေးဒီးယားမြို့တော်ဝန်ရာထူးမှ နုတ်ထွက်သွားခဲ့သည့် အိုင်လင်းဝမ်၏ ဖြစ်ရပ်က တုန်လှုပ် ချောက်ချားဖွယ်အမှန်တရားတခုကို ဖော်ပြခဲ့သည်။ 
ယင်းမှာ တရုတ်၏ ဩဇာလွှမ်းမိုးရေးစီမံချက်များသည် ဝါရှင်တန်နှင့် လွှတ်တော်အဆောက်အအုံများ အတွင်းတွင်သာ ကန့်သတ်ထားခြင်း မရှိဟူသောအချက်ပင် ဖြစ်သည်။
🔥4😱3
အီလွန်မတ်စ်၏ Grok ကမ္ဘာမှာမူ လုံးဝရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။ ခိုးမှု၊ ရဲစခန်းကို မီးရှို့မှုနှင့် ကိုယ်ထိလက်ရောက် စော်ကားမှုများ အပါအဝင် ရာဇဝတ်မှုပေါင်း ၂၀၄ ခုအထိ ရှိခဲ့ပြီး အေးဂျင့် ၁၀ ဦးစလုံး သေဆုံးသွားခဲ့သည်။

Google ၏ Gemini ကမ္ဘာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို ဖန်တီးခဲ့သည်။

OpenAI ၏ စမ်းသပ်မှုတွင်မူ အပြောသာရှိပြီး လက်တွေ့လုပ်ဆောင်မှု မရှိခဲ့ပေ။ ယင်းသည် ကောင်းမွန် စွာ လည်ပတ်နိုင်သော လူ့အဖွဲ့အစည်းတခုကို မတည်ဆောက်နိုင်ခဲ့ဘဲ အေးဂျင့်များအားလုံး သေဆုံးသွား ခဲ့သည်။

Emergence AI ကုမ္ပဏီက စမ်းသပ်မှုဆိုင်ရာ ဗီဒီယိုအကျဉ်းချုပ်တွင် ပြောကြားချက်အရ အံ့ဩစရာ အကောင်းဆုံးအချက်မှာ အေးဂျင့်များကို ရာဇဝတ်မှုမကျူးလွန်ရန် ရှင်းလင်းသော စည်းကမ်းချက်များ သတ်မှတ်ပေးထားသော်လည်း ယင်းတို့က ထိုစည်းကမ်းအားလုံးကို ချိုးဖောက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းအခြေအနေကို မော်ဒယ်မျိုးစုံ ရောနှောထားသည့် ကမ္ဘာတွင် အဆိုးဝါးဆုံးပုံစံဖြင့် တွေ့ရှိခဲ့ရသည်။
❤6👍4
မဇ္ဈိမ။ ။ ရန်ကုန်မြို့တွင် မေလ ၁ ရက်မှ ၁၇ ရက်အထိ နှစ်ပတ်ကျော်အတွင်း လူ ဦးရေ ၄၀ခန့် ဖမ်းဆီးခံရကြောင်း ရန်ကုန်မြို့ကင်းထောက်ကွန်ရက်အဖွဲ့ (Rangoon Scout Network - RSN) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများအနက် ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းဆီးခံရသူ ၁၀ ဦး၊ ညဘက် လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၁၅ ဦးရှိပြီး စစ်မှုထမ်းစာရင်းဖြင့် နေအိမ်တွင်းသို့ ဝင်ရောက်ဖမ်းဆီးသူ ၁၀ ဦးထက်မနည်း ရှိကြောင်း RSN မှ တာဝန်ရှိသူ တဦးက မဇ္ဈိမသို့ ပြောသည်။

"ခု မေလ လဝက်လောက်အတွင်းမှာ အဖမ်းအဆီးဖြစ်စဉ်တွေ ပြန်များလာတယ်ဗျ။ စုစုပေါင်း အယောက် ၄၀ လောက်ရဲ့ ဖြစ်စဉ်ကို သိလိုက်ရပါတယ်။ ခုတလော ဧည့်စာရင်း စစ်တာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်ဗျ။ ရက် ၁၀၀ စီမံကိန်းကြောင့်လည်း ပါမယ်ထင်တယ်။ စစ်မှုထမ်းသင်တန်းအတွက် လူလိုနေလို့ လိုက်စစ်ပြီး ဆွဲချင်တာလည်း ပါလောက်မယ်။ တချို့ဆို ဧည့်စာရင်း တရက်ပဲ စွန်းတာတောင် မရပါဘူး၊ ရုံးကို ဖမ်းခေါ်သွားတယ်။ ပိုက်ဆံတောင်းတယ်၊ တချို့ပြန်လွတ်တယ်၊ တချို့က သတင်း အစအန ပြန်မကြားရတော့ပါဘူးဗျ" ဟု ၎င်းက ဆိုသည်။
🤬7❤1👍1👎1
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်အုပ်စုရေတပ်သည် ခရီးသွားစက်လှေ နှစ်စီးနှင့် လှေပေါ်ပါသူ ရှစ်ဦးကို မေလ ၁၆ ရက်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများနှင့် ယနေ့( မေလ ၁၈ ရက်) နေ့လယ်ပိုင်းအထိ အဆက်အသွယ်မရ၍ မိသားစုဝင်များက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

“ဒီဘက်မှာ စစ်ကောင်စီနေဗီတွေက အပြစ်မဲ့ခရီးသွားတွေကို မကြာခဏဆိုသလို ဖမ်းဆီးတာတွေ လုပ်နေတာ။ အခု ဖမ်းဆီးခံရတဲ့သူတွေ ဘယ်မှာချုပ်နှောင်ခံထားရလဲ၊ အသက်အန္တရာယ် ကင်းရဲ့လားဆိုတာ မိသားစုဝင်တွေက အရမ်းပူပန်နေကြတယ်” ဟု ဒေသခံက ဆိုသည်။

မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ စက်လှေဖြင့် ထင်းတင်ရန်သွားစဉ် အမ်းမြို့နယ်၊ ရွှေကျွန်းကြီးနား၌ ကျောက်ချရပ်နားထားသည့် စစ်အုပ်စု ရေတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူတို့က(ဖမ်းဆီးခံရသူတွေ) မိသားစုစားဝတ်နေရေးအတွက် ထင်းနဲ့မီးသွေး သွားရှာကြတာပါ။ အခုလို အလုပ်သွားလုပ်တဲ့ အရပ်သားတွေကိုပါ လိုက်ဖမ်းနေတော့ ကျွန်တော်တို့မှာ အပြင်ထွက်ဖို့တောင် မရဲတော့ဘူး။ ဝမ်းရေးအတွက် ရှာဖွေစားသောက်ရတာ တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ကြောက်လန့်နေရတယ်” ဟု ကျွန်းသာယာရွာသား တဦးက မဇ္ဈိမကို ပြောသည်။
🤬5👍1👎1
မဇ္ဈိမ။ ။ အနောက်တောင် မုတ်သုံလေ အားကောင်းနေမှုကြောင့် နိုင်ငံတဝန်းတွင် ပုံမှန်နေ့အပူချိန်အောက် ကျဆင်းနိုင်ကာ ဒေသအများစုတွင် မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MSLHA) က သတင်းထုတ်ပြန်သည်။
ယနေ့ထုတ်ပြန်သည့် မေလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရက်သတ္တပတ်မိုးလေဝသ ခန့်မှန်းချက်၌ ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။
အဆိုပါ ကာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနိုင်ပြီး အနောက်တောင် မုတ်သုံလေသည် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်များတွင် အားကောင်းနေနိုင်ကြောင်း ဆိုသည်။
မုတ်သုံလေအားကောင်းမှုနှင့်အတူ လေစီးကြောင်းများကြောင့် မြန်မာနိုင်ငံဒေသအများစုတွင် မိုးရွာသွန်းနိုင်ကြောင်း MSLHA က ဖော်ပြသည်။ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း အသိပေးသည်။
👍8
ဒေလီမြို့တွင် မြန်မာအခြေစိုက် မူးယစ်မှောင်ခိုသမားတဦးကို မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) က ဖမ်းဆီးရမိခဲ့ပြီး၊ အရှေ့မြောက်ပိုင်းပြည်နယ် ငါးခုကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ရူပီး ၁၁၅ ကုဋေခန့် တန်ဖိုးရှိ မက်သာဖက်တမင်းနှင့် ဘိန်းဖြူများ မှောင်ခိုသွင်းနေသည့် နယ်စပ်ဖြတ်ကျော်ဂိုဏ်းကြီး တခုကို ချေမှုန်းနိုင်ခဲ့သည်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို(NCB) သည် ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ထောက်လှမ်းခြင်း၊ သတင်းအချက်အလက်စုဆောင်းခြင်းနှင့် ပြည်နယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းကို ဒီလီမြို့တွင် ဖမ်းဆီးနိုင်ခဲ့သည်။
❤4👍3👏2
“အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို လက်နက်ဆက်လက်ရောင်းချရေးနဲ့ ထိုင်ဝမ် အမေရိကန်လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းအောင်ပြုလုပ်ရေးဟာ လိုအပ်ရုံတင်မကဘူး၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းထားဖို့ အရေးကြီးတဲ့အချက်လည်းဖြစ်တယ်” ဟု လိုင် က ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။

အကဲဆတ်သည့် ပြဿနာအပေါ် ခြေလှမ်းမှားလျှင် “ပဋိပက္ခ” ပေါ်ပေါက်နိုင်သည်ဟု တရုတ်ခေါင်းဆောင်က ထရမ့်ကို ပြောခဲ့သည်။
👍7👏2