Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“ဂရိတ်နီကိုဘာကျွန်းစီမံကိန်းဟာ မဟာဗျူဟာကျပြီး ကာကွယ်ရေးနဲ့အမျိုးသားရေးအတွက် အရေးပါတယ်။ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း ရေကြောင်းနဲ့လေကြောင်းဆက်သွယ်မှုတွေအတွက် ဒီဒေသကို ဗဟိုအချက်အချာဒေသအဖြစ်ပြောင်းလဲပေးသွားမှာဖြစ်တယ်” ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က စက်တင်ဘာလ က ပြော ကြားခဲ့သည်။

ကျွန်းပေါ်ရှိ ဌာနေတိုင်းရင်းသားများအတွက် ‘မဟာဖွံ့ဖြိုးရေးစီမံကိန်း’ ဆိုသည့်ခေါင်းစဉ်အောက်တွင် ‘မျိုး တုံးသတ်ဖြတ်မှု’ ကို ရင်ဆိုင်ကြရလိမ့်မည်ဟု လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Survival International က သတိပေးထားသည်။
👎4👍1
မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) သိမ်းပိုက်ထိန်းချုပ်ထားသော ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ်၊ မောတောင်မြို့အတွင်းသို့ စစ်အုပ်စုတပ်က ပြန်လည်ဝင်ရောက် နေရာယူထားကြောင်း သတင်းရင်းမြစ်နှင့် ဒေသခံထံက သိရသည်။

မြို့အနီးထိ ရောက်ရှိနေသည့် စစ်အုပ်စုတပ်က ယနေ့ (မေလ ၁၉ ရက်နေ့) တွင် မောတောင်မြို့အတွင်း နေရာများသို့ ပြန်လည်ဝင်ရောက်နိုင်သွားခြင်းဟု သိရသည်။

“ အမှန်ပါပဲ။ ကျွန်တော်တို့ ကြည့်နေရတယ်၊ ပစ်မယ်ဆိုရင် ပြည်သူလူထု ဒုက္ခရောက်မှာစိုးလို့ ထိုင်ပဲကြည့်နေရပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

မောတောင်မြို့ခံတဦးကလည်း “ တော်လှန်ရေးတပ်တွေက ဆုတ်ကုန်ပြီ။ သူတို့တွေ မရှိတော့တာ လေးရက်လောက်ရှိပြီ။ သူတို့အလံတွေပါ သိမ်းသွားပြီ။ မောတောင်မြို့ထဲ စစ်ကြောင်းက ရောက်နေပြီ” ဟု ဆိုသည်။

မောတောင်မြို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်က ထိုမြို့ကိုပြန်ရရေး နှစ်ဝက်ခန့်ကြာ မြေပြင်၊ လေကြောင်း ထိုးစစ်များဖြင့် စစ်ကြောင်းထိုးပြီးနောက် ယနေ့တွင် ပြန်လည်ဝင်ရောက်သွားနိုင်ခြင်းဖြစ်သည်။
👎6❤2🔥2😁1
ကဖင်းဓာတ်၏ သက်ရောက်မှုသည် လူတဦးချင်းစီ၏ ပုံမှန်ရှိတတ်သော သွေးပေါင်ချိန်အပေါ်တွင်လည်း မူတည်သည်။ သင့်တွင် သွေးတိုးရောဂါအခံရှိခြင်း၊ နှလုံး သို့မဟုတ် အသည်းရောဂါရှိနှင့်ပြီးသားဆိုလျှင် သွေးပေါင်ချိန်မြင့်တက်လာမှုက အန္တရာယ်ပိုရှိနိုင်သဖြင့် မိမိ၏ကော်ဖီသောက်သုံးမှု ပမာဏနှင့်ပတ်သက်၍ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းက အကောင်းဆုံးဖြစ်သည်။

လေ့လာမှုအရ ပြင်းထန်သွေးတိုးရောဂါရှိပြီး တနေ့လျှင် ကော်ဖီ နှစ်ခွက် သို့မဟုတ် နှစ်ခွက်ထက်ပို၍ သောက်သုံးသူများသည် ကော်ဖီမသောက်သူများနှင့် နှိုင်းယှဉ်ပါက နှလုံးလုပ်ဆောင်ချက် ရုတ် တရက်ရပ်ဆိုင်းခြင်း သို့မဟုတ် လေဖြတ်ခြင်းအပါအဝင် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများဖြင့် သေဆုံးနိုင်ခြေ နှစ်ဆခန့် ပိုမိုမြင့်မားနေကြောင်း တွေ့ရှိရသည်။
👍6
ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲ အဆုံးသတ်ရေးအတွက် ဥရောပက သံတမန်ရေးရာ ကြိုးပမ်းမှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း ဂျာမနီအဓိပတိဟောင်း အန်ဂျလာ မာကဲလ် က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ဥရောပက "သံတမန်ရေးရာ စွမ်းဆောင်ရည်များကို ကောင်းစွာ အသုံးမချနိုင်ခြင်း" အပေါ် များစွာ စိတ်မကောင်းဖြစ်မိကြောင်းနှင့် ရုရှားနှင့် ဆွေးနွေးမှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တဦး တည်းအပေါ်တွင်သာ ပုံအပ်မထားသင့်ကြောင်း မာကဲလ်က ပြောကြားခဲ့သည်။
❤5👍3